• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်သူများ ကျပ်တည်းနေ၍ ဆန်ရောင်းပေးခြင်း ဖြစ်ဟု ကြံ့ခိုင်ရေး ဆို

by မိုးမိုး
28 November 2018
in သတင်း
A A
ပြီးခဲ့သည့်လက ပျဉ်းမနားမြို့နယ် ရွာသစ် ကျေးရွာ၌ ကြံ့ခိုင်ရေး ပါတီ ဆန်ရောင်းပေး နေစဉ်  /  ထက်နိုင်ဇော် / ဧရာဝတီ

ပြီးခဲ့သည့်လက ပျဉ်းမနားမြို့နယ် ရွာသစ် ကျေးရွာ၌ ကြံ့ခိုင်ရေး ပါတီ ဆန်ရောင်းပေး နေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

24k
VIEWS
Share on FacebookShare on Twitter

ယခု အစိုးရ လက်ထက်တွင် ပြည်သူများ စားဝတ်နေရေး ကျပ်တည်းပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခြေ ခံ စားသောက်ကုန်များ လိုက်လံ၍ ရောင်းချရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ပြည်ထောင်စု နယ်မြေ ဥက္ကဋ္ဌ ဦးဝေလွင်က ပြောသည်။

နိုဝင်ဘာ၂၈ ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ပြည်ထောင်စု နယ်မြေ ရုံးခန်းမ၌ ကျင်းပသည့် ဗဟို အမျိုးသမီး ညီ လာခံ အကြို အမျိုးသမီး နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်လာစဉ် မီဒီယာများကို ပြောခြင်း ဖြစ်သည်။

ဦးဝေလွင်က“ဆန်ရောင်းရတဲ့ အဓိက ရည်ရွယ်ချက်က ရပ်ရွာမှာ ရှိတဲ့ သူတွေကို သက်သာ စေချင်တယ်။ အခုက ကျပ်ကျပ် တည်းတည်း ဖြစ်နေကြတယ်။ ရပ်ရွာအထိကို လိုက်ရောင်းပြီး ကား၊ စက်သုံးဆီ၊ လုပ်အားခများကို စိုက်ထုတ်ပြီး လက်ကား ဈေးနဲ့ပဲ ရောင်းချပေးပါတယ်”ဟုပြောသည်။

နေပြည်တော် ကောင်စီ နယ်မြေ အတွင်း၌ ဆန်ဈေးနှုန်း မြင့်တက် ပြောင်းလဲလာပါကလည်း ယခု ပေါက်ဈေး အတိုင်း နွေစပါး ပေါ်ချိန် အထိ ရောင်းချပေးနိုင်ရန် အတွက် ကြိုတင် စုဆောင်းထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

နေပြည်တော် ၈ မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၉၀ ကျော်၌ ပြီးခဲ့သည့် ယခုလမှ စ၍ ဆန် ၁ ပြည်ကို ပေါက်ဈေး ငွေကျပ် ၁၄၀၀ ခန့် ရှိသည့် မနောသုခ ဆန်ကို တပြည် ၁၁၀၀ ဖြင့် ဆန်အိတ်ပေါင်း ၂၀၀၀ နီးပါးခန့် ရောင်းချပေးခဲ့သည့် အပြင် ဆီ ၅၀ သား တဘူးကို ၁၁၀၀ ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ နောက်ပိုင်း၌ ငါးခြောက်၊ ကြက်သွန်နီ အစရှိ သည့် မီးဖိုချောင်သုံး ပစ္စည်းများပါ ထည့်သွင်း ရောင်းချသွားမည်ဟု ကြံ့ခိုင်ရေး ပါတီက သိရသည်။

နိုင်ငံအတွင်း ပြည်သူလူထု စားဝတ်နေရေးနှင့် ကဏ္ဍပေါင်းစုံ၌ ဖွံံ့ဖြိုးတိုးတက်မှု မရှိဘဲ ကျဆင်းသထက် ကျဆင်းလာခြင်း ကြောင့် လက်ရှိ အစိုးရမှာ ကျပ်တည်းနေသည့် ပြည်သူများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် အတွက် အတိုက်ခံ ပါတီ အနေဖြင့် ကြံ့ခိုင်ရေးပါတီမှ ယခုကဲ့သို့ ရောင်းချပေးနေရခြင်း ဖြစ်ကြောင်း ဦးဝေလွင်က ပြောဆိုသည်။

“တို့တပ်မတော်မှာ ရှိတယ်။ စည်းရုံးရင်း စစ်တိုက်၊ စစ်တိုက်ရင်း စည်းရုံး ဆိုပြီး ပြောတာကိုး။ အခု ပါတီထဲရောက်တော့ စစ်တော့ တိုက်လို့ မရတော့ဘူး။ ဆန်ရောင်းရတဲ့ ဘဝ ရောက်လာပြီ။ အဲဒီတော့ ဆန်ရောင်းရင်း စည်းရုံး၊ စည်းရုံးရင်း ဆန် ရောင်း အဲဒီလို လုပ်ရမယ်”ဟု ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ ဆန်အသစ်များ ပေါ်လာပြီ ဖြစ်သော်လည်း ဆန်ဈေးနှုန်းမှာ အနည်းငယ် အတက်ဘက်သို့ ရောက်ရှိနေကြောင်း ဈေးကွက် အတွင်းက သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ကိုနေလင်းဇင်က“ဆန်အသစ်ဈေးက အစိုဓာတ်ရှိတဲ့ အတွက် သိပ်မဝယ်ချင်ကြဘူး။ အဲဒီတော့ ဆန်အသစ် ဈေးက ဈေးကောင်းမရတဲ့ သဘော ဖြစ်တာပါ။ နိုဝင်ဘာလ လယ်ထဲမှာ ဆန်ဈေးက နည်းနည်း ပြန်လှုပ်လာပါတယ်။ ဆန်သစ်က ဈေးကျတာပါ။ ဆန်သစ်ပေါ်ရင် ကုန်သည်တွေက ဈေးနှိမ် ဝယ်တာ တော့ မဟုတ်ပါဘူး။ လူတွေရဲ့ စားသုံးမှုက အဟောင်းကို ဈေးပိုပေးပြီး ဝယ်တာပါ။ ပြီးခဲ့တဲ့ လက ကျပ်၂၄၀၀၀ လောက် ရှိတဲ့ ဆန်တအိတ်ကို ၂ သောင်းလောက် ဖြစ်သွားတယ်။ အခု ဆန်ဈေးက နည်းနည်း ပြန်တက်လာတယ်။ ၂၁၀၀၀ လောက် ပြန်ဖြစ်လာပြီ”ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီမှ ပျဉ်းမနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က“ဒီလို ရောင်းတာ ပြည်သူ့ အတွက် ကောင်းပါတယ်။ စပါးဈေးတက်လို့ ကုန်ဈေးနှုန်း တက်တာလေ။ ၇၀ ရာခိုင်နှုန်း ရှိတဲ့ ကျေးလက် တောင်သူ စပါးဈေးတက် တယ်လေ။ ဆန်ဈေးကတော့ လက်လုပ်လက်စားတွေ အတွက် ရိုက်ခတ်မှာပဲ။ တဘက်ကမ်းပြိုရင် တဘက်ကတော့ သောင်ထွန်းမှာပဲ။ ဒါက နိုင်ငံရေး လက်နက် မဟုတ်ပါဘူး”ဟု ပြောဆိုသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
324
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
156
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ဖြစ်ပေါ်နေသော အခက်အခဲများမှ ပြည်သူများ သက်သာရာ ရစေရန်အတွက်ဟု ဆိုကာ ကြံ့ခိုင်ရေး ပါတီဝင်များက ဥတ္တရသီရိ၊ ပုဗ္ဗသီရိ နှင့် ပျဉ်းမနား မြို့နယ်တို့တွင် ကားဖြင့် ဆန်နှင့်ဆီများ တင်ဆောင်ကာ လိုက်လံ ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့ ရွာသစ် ကျေးရွာမှ ဒေါ်ဝင်းဝင်းအေးကလည်း“ကြံ့ခိုင်ရေး ပါတီဝင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အခုလို လာ ရောင်းပေးတော့ အိမ်ရှင်မတွေ အတွက် အိမ်စရိတ် သက်သာတဲ့အတွက် ဝယ်ကြတာပဲ။ ပါတီတွေ ဘာတွေ ခွဲခြားနေလို့ မရတော့ဘူး။ ဈေးသက်သာတာကို ကြည့်ရမယ်လေ”ဟု ဆိုသည်။

ကြံ့ခိုင်ရေး ပါတီ၏ ပျဉ်းမနားမြို့နယ် ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက“အထိုက်အလျောက် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေ အရ ကျေးရွာတွေ ဆိုလို့ရှိရင် ကုန်ဈေးနှုန်းကြီးတဲ့ အတွက် ပြည်သူတွေဟာ အခက်အခဲလေးတွေ ရှိတာပေါ့။ ဒီအခက် အခဲ လေး တွေကို တဖက်တလမ်းက ဖြေရှင်းပေးရာ ရောက်အောင်ဆိုပြီး မြို့ပေါ် ပွဲရုံမှာ ပေါက်တဲ့ဈေး အတိုင်း ကူညီပြီး လုပ် ပေးတာ”ဟု ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက ကြံ့ခိုင်ရေး ပါတီထက် မဲအပြတ်အသတ် အသာရရှိခဲ့ပြီး အစိုးရ ဖွဲ့နိုင်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီ အနေဖြင့် မဲအသာရရှိစေရန် အတွက် ယခုအချိန်ကတည်းက ကြိုတင်ပြင် ဆင်၍ စည်းရုံး ဆောင်ရွက်သင့်ကြောင်း ဒု ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ ဦးဝေလွင်က ပြောဆိုသွားသည်။

Your Thoughts …
Tags: ကြံ့ခိုင်ရေး ပါတီ
မိုးမိုး

မိုးမိုး

...

Similar Picks:

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

by ဧရာဝတီ
8 October 2022
11k

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်

ယနေ့ နေပြည်တော်တွင် တွေ့ရသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး  / ထက်နိုင်ဇော် / ဧရာဝတီ

အမျိုးသားရေး တံတိုင်းများ ပြိုလဲကုန်ပြီဟု ကြံ့ခိုင်ရေးခေါင်းဆောင် ပြော

by ထက်နိုင်ဇော်
14 September 2019
27.6k

ယနေ့ ပါတီ၏ ၅ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယနေ့ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် တွေ့ ရသည့် ဦးသန်းဌေး / သီဟလွင် / ဧရာဝတီ

တိုင်းလုံးကျွတ် ရှုံးတာဟာ ကျနော်တို့ချည်းပဲ ညံ့လို့တော့ မဟုတ်ဘူး

by ထက်နိုင်ဇော်
10 November 2020
135.9k

အတိုက်အခံ ကြံ့ခိုင်ရေးပါတီကမူ ရလဒ်ကို လက်မခံသေးဘဲ မဲမသမာမှုများ ရှိနေသဖြင့် ပြန်လည် စိစစ် ပေးရန် တောင်းဆိုထားသည်။ ကော်မရှင်ဘက်ကမူ မနက်ဖြန် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရန် ရှိနေသည်

နေပြည်တော်တွင် ကျင်းပသည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး  / ဧရာဝတီ

ငြိမ်းချမ်းရေး ခရီး အနီးအဝေး (၂)

by ထက်မြက်
14 July 2019
13.7k

ငြိမ်းချမ်းရေးကို အင်အား ကောင်းသူများက အမှန်တကယ် လိုလားကြမည် ဆိုလျှင် အင်အားကောင်းသည့် ဘက်က စိတ်သဘောထားကြီးစွာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသူများ ဖြစ်ကြောင်း ပြသဖို့ လိုသည်။

မင်းဘူးခရိုင်တွင် ကျင်းပသည့် လူထု တွေ့ဆုံပွဲမှ ဦးသန်းဌေး  / USDP

အာဏာပြန်ရပါက ကမ္ဘာ့အလယ်တွင် ရင်ကော့ လက်မထောင်နိုင်စေရမည်ဟု ကြံ့ခိုင်ရေး ပြော

by ထက်နိုင်ဇော်
5 October 2018
23.8k

လာမည့် ကာလတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အာဏာပြန်ရရှိပါက ကမ္ဘာတွင် မြန်မာဟု လက်မထောင်၊ ရင်ကော့ နိုင်စေရမည်ဟု ယင်း ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆို လိုက်သည်။

ကြံ့ခိုင်ရေး ပါတီ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့် / မိုးမိုး / ဧရာဝတီ

ကာ/လုံ အစည်းအဝေးတွင် သမ္မတ ဆုံးဖြတ်ချက် အားလုံး နာခံရမည်ဟု ကြံ့ခိုင်ရေး ပြော

by မိုးမိုး
12 October 2019
18.1k

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ် ချက်ကို လိုက် နာရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

Next Post
သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဝီရသူ  / ဇာနည်မာန် / ဧရာဝတီ

အထက်တန်းကျောင်း ထူထောင်မည့် အစီအစဉ် အစိုးရဟန့်တားဟု ဦးဝီရသူ မိန့်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းနှိမ်နင်းရေး စစ်ဆင်ရေးတခုတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေး ထုတ်လုပ်ရေး စခန်း / ကာကွယ်ရေးဝန်ကြီးဌာန

မူးယစ်ဆေး သံသရာထဲက ဘယ်လိုရုန်းထွက်ကြမလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved