• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်း အစိုးရ ပြင်သစ် ချေးငွေ အစီရင်ခံစာ လွှတ်တော် နာယကထံ တင်ပြထား

by မိုးမိုး
7 December 2018
in သတင်း
A A
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု မြင်ကွင်း  / ဧရာဝတီ

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု မြင်ကွင်း / ဧရာဝတီ

5.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီး အတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AFD)ထံမှ ချေးငွေ ယူရို သန်း ၇၀ နှင့် ပတ်သက် သည့် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြထားကြောင်း ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ပြောသည်။

ဦးအောင်မင်းက“တင်ပြီးပါပြီ။ လွှတ်တော်မှာ မဆွေးနွေးသေးဘဲနဲ့ ပြောလို့ မရပါဘူး။ ရန်ကုန်တိုင်း အစိုးရ တင်ပြချက် တွေလည်း ပြောလို့ မရသေးပါဘူး”ဟု ဒီဇင်ဘာ ၆ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန် မီဒီယာ များအား ပြောသည်။

ယခင် ပြည်ထောင်စု လွှတ်တော် အစည်းဝေးတွင် ရန်ကုန်တိုင်း အတွင်း စီမံကိန်း လုပ်ငန်း ဆောင်ရွက်ရန် ပြင်သစ် ချေး ငွေ ယူရိုသန်း ၇၀ နှင့် ပတ်သက်၍ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက် သဘောထား မှတ်ချက် အစီရင်ခံစာကို တင်ပြရန် အစီအစဉ် ပါဝင်ခဲ့သော်လည်း လွှတ်တော် ကျင်းပချိန်တွင် ဝေငှခဲ့သည့် အစီအစဉ် စာရွက်တွင်မှု ယင်း အစီအစဉ် ပါဝင်ခြင်း မရှိတော့ပေ။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ နိုဝင်ဘာ ၂၈ ရက် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် ပတ်သက်၍ အချက် အလက် တောင်းခံရာ ပြည့်စုံစွာ မပေးနိုင်ဘဲ ဒီဇင်ဘာ ၃ ရက် ဒုတိယ အကြိမ် အစည်း အဝေးတွင်သာ အချက်အလက် အပြည့်အစုံ ပေးနိုင်ခဲ့ကြောင်း ဦးအောင်မင်းက ပြောသည်။

ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ ပေးသော အချက်အလက်များသည် အစီရင်ခံစာ သုံးသပ်ရန် အတွက် လုံလောက်မှု ရှိခဲ့ပြီး အချက်အလက် အပေါ် အခြေခံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ဒီအစီ ရင်ခံစာမှာ ဘာတွေ ပါသလဲ၊ အစီရင်ခံစာသည် ဘယ်လောက် Confirm (ပြည့်စုံ ခိုင်မာ) ဖြစ်သလဲ ဒါကိုပဲ အဓိက ကြည့်တာ ဖြစ်တယ်။ အထူးသဖြင့် ဖြစ်နိုင်ခြေ လေ့လာမှု (Fesibility Study) အပေါ် မူတည်တာပါ”ဟု ၎င်းက ပြောဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း ကမူ လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းထားပြီး အစီ အစဉ်တွင် မပါဝင်သည့် အပေါ်“ဒါနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပေးဖို့ အခုအချိန်က သူတို့ သုံးသပ်နေတဲ့ အချိန် ဖြစ်နေတဲ့ အတွက် ဒါလုပ်ဖို့ မလုပ်ဖို့ မဲခွဲဆုံးဖြတ်ဖို့က အဆင်သင့် မဖြစ်သေးလို့ ဒီမှာ မထည့်တဲ့သဘောဖြစ်မှာပါ”ဟု ပြောသည်။

ပြင်သစ် ချေးငွေမှာ ရန်ကုန်တိုင်းအတွင်း သယ်ယူ ပို့ဆောင်ရေး၊ မြစ်ကမ်းပါး တလျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြ ယဉ်ကျေး မှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာဗျူဟာ
စီမံကိန်းများ ဆောင်ရွက်ရန် အတွက် ဖြစ်သည် ဟု ဆိုထားသည်။

ချေးငွေဖြင့် လုပ်ဆောင်မည့် လုပ်ငန်းများမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက လုပ်ဆောင်ရမည့် ကိစ္စ ရပ်များသာ ဖြစ်ပြီး နိုင်ငံတွင် ယင်းကိစ္စထက် အရေးကြီးသည့် ကိစ္စရပ်များစွာ ရှိနေသေးကြောင်း၊ ချေးငွေဖြစ် သည့် အတွက် အတိုးပေးဆောင်ရမည် ဖြစ်သောကြောင့် ချေးယူမည် ဆိုပါကလည်း လူထု လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် စီမံကိန်းမျိုးသာ ဖြစ်သင့်ကြောင်း ကိုယ်စားလှယ်များက ထောက်ပြ ဝေဖန်ထားသည်။

အဆိုပါ ယူရိုသန်း ၇၀ ရယူရန် ကိစ္စမှာ အစိုးရက ကမ်းလှမ်းခဲ့ခြင်း မဟုတ်ဘဲ ပြင်သစ် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီမှ ကမ်း လှမ်းခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မြို့တော်ဝန် ဦးမောင်မောင်စိုး က“သူတို့က ဒီလို လုပ်ချင်တယ် ကမ်းလှမ်းလာတာ။ ကျနော်တို့က ဒီလို လုပ်ချင်တယ် ဆိုပြီး တောင်းတာ မဟုတ်ဘူး။ တောင်းလည်း ပေးချင်မှ ပေးတာလေ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သူတို့ရဲ့ အလားအလာ ရှိတယ် ဆိုရင်တော့ ချေးငွေ ပေးကြတာ။ အဲ့ဒီ ချေးငွေမှာမှ သူတို့က ကူညီထောက်ပံ့ငွေ (Grant) ပါ ပေးထားတဲ့ အတွက်ကြောင့် ကိုယ့်နိုင်ငံကို ချေးမယ့် ငှားမယ့်သူ ရှိပါသေးလားဆိုတဲ့ သဘောပါ။ နိုင်ငံတိုင်းကို မချေးပါဘူး။ ဖွံ့ဖြိုး ဆဲ နိုင်ငံကလည်း ကိုယ် လိုအပ်တာလောက်ပဲ ချေးမှာ။ မလိုဘဲချေးလို့ ပြောလို့ရမှာ မဟုတ်ဘူး”ဟု ပြောသည်။

အဆိုပါ ချေးငွေ ရယူရန် နိုဝင်ဘာ ၁၂ ရက်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

Your Thoughts …
Tags: ပြင်သစ်ချေးငွေ
မိုးမိုး

မိုးမိုး

...

Similar Picks:

ရန်ကုန်မြို့ သာကေတ သီတာ ၂ ဓာတ်အားလိုင်း ပြုပြင်မှုများ ပြုလုပ်နေစဉ်  / YESC

လျှပ်စစ်မီး လုံလောက်ရေး ပြင်သစ် ချေးငွေရယူရန် လွှတ်တော် အတည်ပြု

by မိုးမိုး
17 May 2019
6.8k

လျှပ်စစ်မီး လုံလောက်စွာ ရရှိနိုင်ရန် အတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက တင်ပြ တောင်းခံထား သည့် ပြင်သစ် နိုင်ငံမှ ယူရိုသန်း ၃၅.၇ သန်း ချေးယူရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင်...

အထပ်မြင့်များနှင့် တွေ့ရသော ရန်ကုန်မြို့လယ် မြင်ကွင်း  / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်မြို့ပြ စီမံကိန်း အတွက် ပြင်သစ် ချေးငွေ ရယူရေး ခေတ္တ ဆိုင်းငံ့

by ကျော်မျိုး
27 November 2018
17.5k

ရန်ကုန်မြို့ပြ စီမံကိန်း အတွက် ပြင်သစ် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (FDA) ထံမှ ချေးငွေ ယူရို သန်း ၇၀ ရယူရန် လွှတ်တော်၏ အဆုံးအဖြတ်ပေးမည့် အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ လိုက်ကြောင်း

အထပ်မြင့် တိုက်များဖြင့် ပြည့်နှက်နေသည့် ရန်ကုန်မြို့  / ဧရာဝတီ

ရန်ကုန်ဖွံ့ဖြိုးရေး ပြင်သစ်ချေးငွေကိစ္စ ထပ်မံ ဆိုင်းငံ့ခံရ

by မိုးမိုး
11 December 2018
8.6k

ရန်ကုန်ဖွံ့ဖြိုးရေးအတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AFD) အား ဆိုင်းငံ့ထားရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကေ်ာမတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။

Next Post
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ / Reuters

SSA တောင်ပိုင်းတပ်တွေ ရှမ်းပြည်မြောက်ပိုင်း ရောက်လာတဲ့အခါ

အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္မဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန် /  မိုးမိုး  / ဧရာဝတီ

အာရှကြီးပွားတိုးတက်ရေး လိမ်လည်မှု ပန်းပဲတန်း ရဲတပ်ဖွဲ့ စတင် ကိုင်တွယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved