• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

SSA တောင်ပိုင်းတပ်တွေ ရှမ်းပြည်မြောက်ပိုင်း ရောက်လာတဲ့အခါ

by လဝီဝမ်
7 December 2018
in သူ့အတွေး သူ့အမြင်
A A
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ / Reuters

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ / Reuters

18.5k
VIEWS
Share on FacebookShare on Twitter

ဘုံရန်သူ ဖြစ်သည့် မြန်မာ့တပ်မတော်ကို အတူတကွ ပူးပေါင်းတိုက်ခိုက်ရမည်ဟု ကြွေးကြော်ခဲ့ကြလင့်ကစား သူတို့၏ အရင်းအမြစ်များနှင့် အားထုတ်မှုများကို အသုံးပြု၍ အချင်းချင်း ပြန်လည် တိုက်ခိုက်နေကြသည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ အကြား ပဋိပက္ခကို ကျနော်တို့ ဝမ်းနည်းစွာ မြင်တွေ့နေကြရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ နောက်ဆုံး လတ်တလောပေါ်ပေါက်ခဲ့သည့် တိုက်ခိုက်မှုတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် တဦး အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီးအသက် ၂ နှစ်သာ ရှိသေးသည့် ကလေးတဦးနှင့် တခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တပ်သားများ ရှိနေသည်ဟု မှားယွင်းယူဆကာ အိမ်တလုံးထဲကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု SSPP က စွပ်စွဲထားသည်။ သို့သော်လည်း အဆိုပါ အိမ်တွင် SSPP တပ်သားများရှိမနေဘဲ အရပ်သား မိသားစုတခုသာလျှင် တိုက်ခိုက်မှု ကိုခံစားခဲ့ရကြောင်း ပေါ်ထွက် လာခဲ့သည်။

ပုံမှန်အားဖြင့် မြန်မာ့တပ်မတော်က အရပ်သားများကို ထိခိုက်နစ်နာစေသည့် အခါ သူတို့၏ လုပ်ရပ်များအတွက် ပြင်းထန်သည့် ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်ရလေ့ရှိပါသည်။ RCSS နှင့် SSPP တို့ အကြား လတ်တလော ဖြစ်ရပ်များ နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ လုပ်ရပ်များနှင့် သူတို့ မှားယွင်းမှု၏ ဝမ်းနည်းဖွယ်ရာ နောက်ဆက်တွဲများနှင့် ပတ်သက်၍ လူအနည်းငယ်မျှကသာ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြစ်တင်ခဲ့ကြသည်။

အရပ်သားများကို ကာကွယ်ပေးသင့်ပါသည်။ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က ဖြစ်စေ အရပ်သားများကို ထိခိုက်နစ်နာ စေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပါသည်။ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။ အဆိုပါ လုပ်ရပ်များအတွက် စစ်ပွဲရာဇဝတ်မှုအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲခြင်းအပါအဝင် ကြီးမားသော အနုတ်သဘော သက်ရောက်မှုများ ရှိနိုင်ပါသည်။

လက်နက်ကိုင်အဖွဲ့တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ရှမ်းပြည်နယ်အတွင်းရှိ မည်သည့် လူ့အခွင့်အရေး အဖွဲ့အစည်းတခု သို့မဟုတ် နိုင်ငံရေးပါတီတခုကမျှ လူသိရှင်ကြား ပြစ်တင်ဝေဖန်သည့် ကြေညာချက်တခု ထုတ်ပြန်ခဲ့ခြင်း မရှိပါ။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် SSPP နှင့် RCSS တို့ထံသို့ စာတစောင် ရေးသားပေးပို့၍ အရပ်သားများကို ပစ်မှတ်ထားခြင်းမှ ရှောင်ရှားရန် သူတို့ကို သတိပေးခဲ့သည်။

SNLD အဖွဲ့ဝင်များ အပါအဝင် ရှမ်းအသိုင်းအဝိုင်း ခေါင်းဆောင် တချို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ခုအကြား ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုကို စားပွဲဝိုင်းသို့ ဆောင်ယူနိုင်ရန် ကြိုးစားခဲ့ကြပြီး ဖြစ်သည်။ အဖွဲ့များမှ ကိုယ်စားလှယ်များ ယခု အချိန်အထိ ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများက အရှိန် မြင့်တက်၍သာ လာခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းနှင့် တအာင်း (ပလောင်) တိုင်းရင်းသားအဖွဲ့များ အသိုင်းအဝိုင်းတခု အတွင်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် အတူ နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် RCSS တို့ အကြားတွင် လက်နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်လာသည့် အချိန်မှစ၍ နယ်မြေကတည်ငြိမ်မှု မရှိတော့ပါ။

လက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေးပျက်ပြားရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး ရှမ်းနှင့် တအာင်း (ပလောင်) အသိုင်းအဝိုင်းများ အကြားတွင် အမုန်းတရား ဖြစ်စေခဲ့သည်။ ရှမ်းတိုင်းရင်းသားများက RCSS ဘက်မှ ရပ်တည်၍ တအာင်း (ပလောင်) တိုင်းရင်းသားတို့က TNLA ကိုထောက်ခံခဲ့ကြသည်။ သဟဇာတဖြစ်စွာဖြင့် ကာလကြာမြင့်စွာ နေထိုင်ခဲ့ကြသော တအာင်း (ပလောင်) နှင့် ရှမ်းတိုင်းရင်းသားတို့မှာ ယခုအခါတွင် တဖက်နှင့်တဖက် ယုံကြည်မှုများ ပျောက်ဆုံးခဲ့ကြသည်။

ရှမ်းပြည်နယ်အတွင်း လတ်တလော ဆက်တိုက် ဖြစ်ပေါ်နေသည့် ပဋိပက္ခများက ယခုအခါ ၄ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တအာင်း (ပလောင်) နှင့် ရှမ်းတိုင်းရင်းသားများ အပါအဝင် ဒေသခံပြည်သူများ၏ အသက်များ ဆုံးရှုံးခဲ့ရသည်။ ဒေသခံ ပြည်သူများမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြားမှ စစ်ပွဲ၏ သားကောင်များ ဖြစ်ကြပါသည်။ သူတို့၏ ကျေးရွာများအတွင်း သို့မဟုတ် အနီးမှ တိုက်ပွဲများကြောင့် ထွက်ပြေးကြရလေ့ရှိပါသည်။ လုံခြုံမှုကို သူတို့ မခံစားကြရပါ။ သူတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးရခြင်းနှင့် အတူသူတို့၏ လယ်ယာများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သူတို့ ဘဝ ရှင်သန်ရပ်တည်ရေးအတွက် စိုက်ပျိုးရန် အခက်အခဲများ ရင်ဆိုင်ကြရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြိုင်ဘက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ပဋိပက္ခ မြင့်တက်လာသည့်အခါ မီဒီယာ များသည်ပင် သတင်းရေးသားဖော်ပြရန် အခက်အခဲဖြစ်ရပါသည်။ လတ်တလော ဥပမာတခု ပြရလျှင် နမ္မတူမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားတဦး အောက်တိုဘာလအတွင်းက အသတ်ခံခဲ့ရပြီး RCSS က သတ်ဖြတ်ခြင်း ဖြစ်သည်ဟု သူ၏ မိသားစုက စွပ်စွဲခဲ့သည်။ သို့သော်လည်း များမကြာမီပင် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သော ရှမ်းတိုင်းရင်းသားတချို့က သူတို့၏ ရှမ်းတိုင်းရင်းသားများကို TNLA က သတ်ဖြတ်သောအခါ သတင်း ရေးသားခြင်းမရှိကြောင်း ကျနော့်ကို အပြစ်တင်ခဲ့ ကြပါသည်။

မူလအားဖြင့် TNLA က RCSS ၏ တခုတည်းသော ရန်သူဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သူတို့ လှုပ်ရှားရန် ကြိုးစား သည့်အခါတွင် တိုက်ခိုက်လေ့ရှိပါသည်။ သို့သော်လည်း ယခုအခါ RCSS တွင် နောက်ထပ် ပြိုင်ဘက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ရှိလာသည်။ TNLA နှင့် မဟာမိတ်ပြုထားသည့် SSPP ဖြစ်သည်။ SSPP က TNLA နှင့် ပူးပေါင်း၍ RCSS ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
128
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k

RCSS နှင့် SSPP တို့ ၂ ခုစလုံးသည် ရှမ်းတိုင်းရင်းသားအဖွဲ့များ ဖြစ်ကြသော်လည်း သူတို့၏ အခြေစိုက်မှုများက သီးခြားစီ တည်ရှိခဲ့ကြသည်။ RCSS က ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေပြု၍ SSPP က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေချ သည်။ မိုင်ပေါင်းရာနှင့် ချီ၍ ဝေးပါသည်။

RCSS က TNLA ကို တိုက်ခိုက်ခြင်းအပေါ် ရှမ်းတိုင်းရင်းသားတချို့က ထောက်ခံခဲ့ကြသော်လည်း ရှမ်းတိုင်းရင်းသားအဖွဲ့ ၂ ခုအကြားမှ တိုက်ပွဲကို ထောက်ခံသူ မရှိသလောက်ပင်ဖြစ်ပါသည်။ ထိုအချိန်မှာပင် ဒေသတွင်းမှ ပဋိပက္ခကို မီးထိုးသလို ဖြစ်စေသည့်တိုင် RCSS က ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရွှေ့ပြောင်းလာခြင်းကို အမျိုးသားရေးစိတ် ပြင်းထန်သော ရှမ်းတိုင်းရင်းသားများက ဆက်လက်ထောက်ခံခဲ့ကြသည်။

RCSS နှင့် TNLA ကြား ပထမဆုံးတိုက်ခိုက်မှုသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက နမ့်ခမ်း မြို့နယ်တွင် ပေါ်ပေါက်လာ ခဲ့သည်။ မြောက်ပိုင်းတွင် စစ်သင်တန်းတက်ပြီး တောင်ပိုင်းရှိ သူတို့ ဌာနချုပ်ဖြစ်သော လွိုင်တိုင်လန်း (Loi Tai Leng) သို့ ပြန်လာသည့် တပ်ဖွဲ့ဝင်များကို TNLA က ခြုံခို တိုက်ခိုက်ခဲ့သည်ဟု RCSS က စွပ်စွဲခဲ့သည်။

ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ရှမ်းပြည်နယ်အတွင်းတွင် မည်သည့်နေရာ၌ မဆို စစ်စခန်းချခွင့် ရှိသည်ဟု RCSS က အမြဲတမ်း ပြောကြားခဲ့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းသည် မည်သည့် အချိန်တွင်မျှ သူတို့၏ အဓိကအခြေချသည့် နေရာမဟုတ်ခဲ့ပါ။

၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးခဲ့ပြီးနောက် သူတို့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တဖြည်းဖြည်းချင်း နေရာစတင် သိမ်းပိုက်လာခဲ့သည်။ အဆိုပါ လုပ်ရပ်ကို မြန်မာ့တပ်မတော်က ကျောထောက်နောက်ခံ ပေးထားခြင်း ဖြစ်သည်ဟု TNLA က စွပ်စွဲခဲ့သည်။

၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် အချိန်မှစ၍ TNLA က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေချခဲ့ပြီး မြန်မာ့တပ်မတော်က သူတို့ကို ထိုးစစ်ဆင်မှုများ ပုံမှန်ပြုလုပ်ခဲ့သည်။ သို့သော်လည်း TNLA ၏ တုန့်ပြန်မှုက ပါးနပ် လိမ္မာခဲ့သည်။ ပျောက်ကျား ဗျူဟာများကို အသုံးပြု၍ မြန်မာ့တပ်မတော်၏ တပ်သားအများအပြားကို သေဆုံးစေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် သူတို့၏ တိုက်ခိုက်မှုက မထိရောက်ကြောင်း သတိပြုမိပြီးနောက် မြန်မာ့ တပ်မတော်က သူတို့၏ ကျဆုံးမှု များကို လျှော့ချရန် အားထုတ်မှုတခု အနေဖြင့် RCSS ကို လူသားဒိုင်းတမျိုးအဖြစ် အသုံးပြုသည့် မူဝါဒတရပ်ကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်ဟု TNLA က ယုံကြည်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ RCSS ဘာကြောင့် ဝင်ရောက်လာသလဲ

RCSS မြောက်ပိုင်းသို့ ရွေ့လျားလာခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် အများအပြား ရှိပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းက မြန်မာနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး၏ အဓိကနေရာတခု ဖြစ်လာသည်။ အထူးသဖြင့်
တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (One belt, One road) ကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်သွယ်မည့် ရထားလမ်းတခု တည်ဆောက်ရန် စီစဉ်ထားသည်။ RCSS ၏ စီးပွားရေး အကျိုးစီးပွားကTNLA နှင့် SSPP တပ်ဖွဲ့များကို တိုက်ခိုက်ရခြင်း၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းတခု ဖြစ်သည်။

ထိုအချက်အပြင် TNLA ကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဖိအားပေး ဖယ်ထုတ်နိုင်ခြင်းက သူတို့အတွက် ထိန်းချုပ်ရာ နယ်မြေ ပိုမိုကျယ်ဝန်း လာစေလိမ့်မည်ဟု RCSS က မြင်ထားသည်။ အကယ်၍ TNLA ကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဖယ်ရှားနိုင်ခဲ့လျှင် RCSS အနေဖြင့် မြန်မာ့တပ်မတော်နှင့် ခိုင်မာသော ဆက်ဆံမှုတခု တည်ဆောက်နိုင်ပြီး မြန်မာ့ တပ်မတော်က သူတို့၏ နယ်စပ်စီးပွားရေးရာ ကိစ္စများကို ကာကွယ်ပေးနိုင်လိမ့်မည် ဟု မျှော်လင့်ထားပုံ ရသည်။

RCSS က တရုတ်နယ်စပ်တွင် အခြေစိုက်စခန်း တခုရှိ၍ ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်းနယ်စပ်တွင် နောက်ထပ် အခြေစိုက် စခန်း တခုရှိသော ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ စနစ်ကိုလည်း သဘောကျသည်။ UWSA က တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမှ အကျိုးအမြတ်များရရှိနေပြီး အကျိုးဆက်အနေဖြင့် သူတို့တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် အင်အားအကောင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ ရှိနေသည်။

အကယ်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကြီးမားသော အခြေခံစခန်းတခု ရယူနိုင်ခဲ့လျှင် RCSS က တရုတ်နိုင်ငံနှင့် မိတ်ဆွေ ဖြစ်လာမည် ဖြစ်သည်။ တိုးတက်လာသည့် နယ်စပ်ကုန်သွယ်ရေးက သူတို့ကို UWSA ၏ အင်အားထက် သာအောင် ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

နောက်ဆုံးတွင် RCSS ၏ အားထုတ်မှုများက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိန်းချုပ်ဧရိယာ ပိုမိုရရှိရန် ကြိုးစားသည်နှင့် အမျှ ပြိုင်ဘက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြားမှ တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မှ အရပ်သားများ အနေဖြင့် ထိခိုက်နစ်နာမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပို၍ ပို၍ ခံစားကြရဖွယ်ရာ ရှိပါသည်။

(Human Casualties Will Be the Cost of War as RCSS Moves North  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: RCSSSSATNLAရှမ်းပြည်မြောက်ပိုင်း
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္မဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန် /  မိုးမိုး  / ဧရာဝတီ

အာရှကြီးပွားတိုးတက်ရေး လိမ်လည်မှု ပန်းပဲတန်း ရဲတပ်ဖွဲ့ စတင် ကိုင်တွယ်

ရန်ကုန်တွင် ကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖိုရမ်  / ထက်ဝေ / ဧရာဝတီ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဟု ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved