• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝအနီး မြန်မာ-အိန္ဒိယ နယ်စပ်ကို အိန္ဒိယတပ်များ ပိတ်ဆို့ထား

by မိုးမြင့်
19 February 2019
in သတင်း
A A
၂၀၁၅ ခုနှစ် မြန်မာနယ်ခြားအနီး မြင်တွေ့ရသော အိန္ဒိတပ်မတော် တပ်ဖွဲ့ဝင်များ / Reuters

၂၀၁၅ ခုနှစ် မြန်မာနယ်ခြားအနီး မြင်တွေ့ရသော အိန္ဒိတပ်မတော် တပ်ဖွဲ့ဝင်များ / Reuters

36.8k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြားတိုက်ပွဲများ ပြင်းထန်လာစဉ် အိန္ဒိတပ်မတော်မှ ခြေလျင်တပ်ခွဲ အနည်းဆုံး ၂ ခွဲကို ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည့် ပလက်ဝ မြို့နယ်နှင့် နယ်စပ် မီဇိုရမ်ပြည်နယ်တွင် ချထားလိုက်သည်။

ထိုတပ်ဖွဲ့များသည် မီဇိုရမ်ပြည်နယ် အနောက်တောင်ဖက် လောင့်တလိုင်ခရိုင်တွင် တပ်စွဲထားသည်ဟု အာသံထရီဗျူး သတင်းစာက ဖေါ်ပြသည်။ ရည်ရွယ်ချက်မှာ AA တပ်ဖွဲ့ဝင်များ အိန္ဒိယပိုင်နက်အတွင်း ဝင်မလာရေးနှင့် တိုက်ပွဲကြောင့် ထွက်ပြေးလာသူများကို မကူညီနိုင်ရေးဖြစ်သည်။ အစိုးရတပ်များနှင့် AA သည် ကုလားတန်မြစ်တလျှောက် မြန်မာပိုင်နက် ပလက်ဝတွင် ယခုလအစောပိုင်းမှ စတင်ပြီး တိုက်ပွဲများဖြစ်နေသည်ဟု ထိုသတင်းကဖေါ်ပြသည်။

အိန္ဒိယတပ်ဖွဲ့များသည် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က နယ်စပ်သို့ ရောက်ရှိလာသည်ဟု ထိုသတင်းက ဆိုသည်။

အိန္ဒိယ စစ်တပ်သည် တပ်ဖွဲ့ဝင် ၅၀၀ ကျော်ကို မီဇိုရမ်ရှိ ပါဗာနှင့် လန်းပခ်ကျေးရွာများကြား အနည်းဆုံး ၂၂ ကီလိုမီတာရှည်သော နယ်စပ်တွင် ချထားလိုက်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခ က ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ဧရာဝတီသို့ အတည်ပြုပြောသည်။

မကြာသေးမီနှစ်များအတွင်းနယ်စပ်တွင် အိန္ဒိယတပ်များ အလုံးအရင်းချထားသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း ဦးခိုင်သုခက မှတ်ချက်ချသည်။ အိန္ဒိတပ်သည် မြန်မာတပ်နှင့်ပူးပေါင်းပြီး AA ကို ဆန့်ကျင်နေသည်ဟူသည့် ကျယ်ပြန့်သော သံသယများရှိကြသည်။

“အိန္ဒိယအတွက် ကျနော်ပြောချင်တဲ့ သတင်းစကားကတော့ နိုင်ငံတကာရာဇဝတ်ခုံရုံးက အလိုရှိနေတဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ လုံးဝ မသင့်တော်ဘူး ဆိုတာပဲ။ နိုင်ငံတကာတရားရုံး ရာဇဝတ်ကောင်တွေနဲ့ အိန္ဒိယဟာ မပူးပေါင်းသင့်ဘူးဆိုတာပဲ” ဦးခိုင်သုခက ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို ရည်ညွှန်းပြောဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
391
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
56

မြန်မာနှင့် အိန္ဒိယ စစ်ဘက်ထိပ်တန်းအရာရှိများသည် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟူသော အတည်မပြုနိုင်သည့် သတင်းများသည် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ သို့သော် ဧရာဝတီသတင်းဌာနက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ဖုန်းဖြင့်ဆက်သွယ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

မြန်မာ့တပ်မတော်က AA ကိုဆင်နွှဲသော စစ်ဆင်ရေးများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ လူ ၁၇၅၀ ခန့် အိန္ဒိယတွင် ခိုလှုံဖူးကြောင်း မီဇိုရမ်ပြည်နယ်မှ သတင်းများက ဆိုသည်။ ၎င်းတို့အနက် ၂၀၀ ခန့်သည် ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ မီဇိုရမ်တွင် ဆက်လက်ခိုလှုံနေပြီး ဒေသတွင်းတွင် ယခင်မကြုံဖူးသော တိုက်ပွဲများကို စိုးရိမ်၍ မြန်မာရှိ ၎င်းတို့၏ ကျေးရွာများကိုပြန်ရန် ငြင်းဆန်နေသည်ဟုလည်း ဆိုသည်။

မကြာသေးမီက AA နှင့် အစိုးရတပ်များ၏ တိုက်ပွဲများအတွင်း ပလက်ဝဒေသခံများသည် နယ်စပ်ကိုကျော်ကာ မီဇိုရမ်သို့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ထွက်ပြေးရသည်ဆိုသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

အိန္ဒိယက မြန်မာနယ်စပ်တွင် အင်အားတိုးမြှင့်ချထားခြင်းသည် မြန်မာနှင့်အိန္ဒိယ စစ်တပ်များအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာသည်ဟု ယူဆရချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ နှောင်းပိုင်းက မြန်မာ့တပ်မတော်သည် စစ်ကိုင်းတိုင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ်ပလန်(NSCN-K) ၏ဌာနချုပ်ကို ခုခံမှုမရှိဘဲ သိမ်းယူခဲ့သည်။

NSCN-K သည် အိန္ဒိယ အစိုးရတပ်များကို တိုက်ခိုက်နေသော အာသံနှင့် မဏိပူရ်မှ အိန္ဒိယ စစ်သွေးကြွများကို ခိုလှုံခွင့်ပေးပြီး ၂ ဖက် အပစ်အခတ်ရပ်စဲရေးကို ချိုးဖေါက်သည်ဟု မြန်မာစစ်ဘက်က လွန်ခဲ့သောအပတ်က ကြေညာသည်။ NSCN-K အဖွဲ့ဝင် ၆ ဦးနှင့် ကသည်း ၂ ဦးကို ဖမ်းခဲ့သည်ဟုလည်း ကြေညာခဲ့သည်။ NSCN-K သည် မြန်မာစစ်ဘက်နှင့် ၂၀၁၂ ခုနှစ်က ဒေသတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒေသတွင်းတွင် အစိုးရတပ်များနှင့် ကြီးမားသော စစ်ပွဲ မဖြစ်ပွားတော့ပေ။ NSCN-K ခေါင်းဆောင်များက စွပ်စွဲချက်များကို ငြင်းဆန်သည်။

ထို့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ကက်ရှ်မီးယားတွင် အသေခံဖေါက်ခွဲ တိုက်ခိုက်သောကြောင့် သေဆုံးသော အိန္ဒိယ တပ်ဖွဲ့ဝင်များအတွက် ဝမ်းနည်းကြောင်း ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

၎င်းတို့သည် မြန်မာ့တပ်မတော်ကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ရေဆိုးချောင်းကျေးရွာတွင် တိုက်ခိုက်ခဲ့ပြီး မြန်မာ စစ်သား ၁၀ ဦးသေဆုံးကြောင်း AA တရားဝင် သတင်းစာမျက်နှာက ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင်ကြေညာသည်။ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၌ စစ်သားများကို တင်ဆောင်လာသော ကားကို မိုင်းခွဲတိုက်ခိုက်ပြီး အများအပြားဒဏ်ရာရကာ စစ်တွေဆေးရုံတွင် ကုသမှုခံယူနေကြောင်းလည်း ထုတ်ပြန်သည်။ စစ်တပ်က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အရပ်သားများ ဟန်ဆောင်စေကာ ပုဂ္ဂလိကယာဉ်ဖြင့် ပို့ဆောင်သည်ဟု AA က စွပ်စွဲ ရှုတ်ချခဲ့သည်။

ရခိုင်မြောက်ပိုင်းလက်နက်ကိုင် ပဋိပက္ခကြောင့် လူ ၆ ထောင်ကျော် နေရပ်စွန့်ခွာရကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) မှလွဲ၍ မည်သည့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီကိုမဆို စစ်ဘက်က ပိတ်ပင်ထားသည်။

ယခုအပတ်အထိ ဒေသခံပြည်သူ ၄၀ ကျော်မှာ မတရားသင်းကြေညာခံထားရသော AA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ ဖမ်းဆီးခံထားရသည်။

(Moe Myint ၏  Indian Troops Seal Off India-Myanmar Border  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: ပလက်ဝမြန်မာ-အိန္ဒိယ နယ်စပ်အိန္ဒိယတပ်
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

by ဧရာဝတီ
14 January 2024
18.8k

စစ်တပ်ထဲသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်သည်

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

by စောလွင်
27 June 2024
6k

စစ်ကောင်စီက လမ်းကြောင်းများပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ အတွက် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ၊ ဆေးဝါးများအတွက် အိန္ဒိယကုန်ပစ္စည်းများကို အဓိက အားထားနေရခြင်းဖြစ်ပြီး CYLA က လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲကို ရခိုင်ပြည်သူများ ပိုမိုခံစားရသောကြောင့် AA...

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ

by ဧရာဝတီ
27 December 2023
4.9k

ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်ရေးဗျူဟာကို ကျော်လွှားနိုင်ရန် ကုလားတန် မြစ်ကြောင်းတလျောက်ရှိ စစ်ကောင်စီအမာခံစခန်းများကို AA တိုက်ခိုက်ဖြိုဖျက်၍ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်တခု ဖန်တီး ရယူနိုင်မည်လား

မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

by မေရီခိုင်
29 July 2024
4.7k

ယခုလို ပိတ်ပင်မှုကြောင့် လောင်တလိုင်ခရိုင် စက်သုံးဆီရောင်းဝယ်သည့် ကုန်သယ်များအနေဖြင့် နစ်နာမှုများ ရှိခဲ့ သလို ရေနံဈေးကွက်ရှာဖွေရေး (OMC) မှသတ်မှတ်ထားသော လစဉ်အရောင်းအား မပြည့်မီနိုင်သည့် အနေအထား ရှိနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

by ဧရာဝတီ
14 November 2023
3.6k

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ အထိုင်ချဗျူဟာတပ်စခန်း နှစ်ခုအား ယနေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်နေကြောင်း သိရသည်။

Next Post
ရှာရွတ်ခန်းရဲ့ သမီးလေး ဆူဟာနာခန်း

EXO အဖွဲ့ဝင် Suho နဲ့ တွဲချင်တယ်ဆိုတဲ့ ရှာရွတ်ခန်းရဲ့ သမီး ဆူဟာနာခန်း

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက  လှေစီးဘင်္ဂါလီဒုက္ခသည်များကို စောင့်ကြည့်လျက်ရှိသည် / Reuters

မလေးရှား ထွက်မည့် ဒုက္ခသည်လှေများ ဘင်္ဂလားဒေ့ရှ် စောင့်ကြပ်တားဆီးနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved