• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

by မေရီခိုင်
29 July 2024
in စီးပွားရေး, သတင်း
A A
မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ဩဇာရှိသည့် ချင်းအရပ်ဘက် ဗဟိုလောင်တလိုင် လူငယ်အဖွဲ့(CYLA)က ကုန်ပစ္စည်းတင်ပို့သည့် လမ်းကို ပိတ်ထားစဉ်(CYLA)

4.7k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှ မြန်မာဘက်သို့ လောင်စာဆီ တင်ပို့ခွင့် ပိတ်ပင်ခံထားရသဖြင့် ကုန်သွယ်မှုအရ နစ်နာသည်ဆိုကာ ယင်းခရိုင်ရှိ စက်သုံးဆီရောင်းဝယ်သူများက အိန္ဒိယပြည်မမှ လောင်စာဆီမှာယူ မှုကို ယနေ့မှစ၍ ခေတ္တရပ်ဆိုင်းလိုက်သည်။

ထိုပိတ်ပင်မှုကို မီဇိုရမ်ပြည်နယ်မှ ဩဇာရှိသည့် ချင်းအရပ်ဘက် ဗဟိုလောင်တလိုင် လူငယ်အဖွဲ့(CYLA)က မတူပီ ဒေသမှ အာရက္ခတပ်တော် (AA) တို့ ထွက်ခွာသွားရေး ဖိအားပေးသည့် အနေဖြင့် ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သို့ တင်ပို့မည့် ကုန်သည်များ၏ ဒီဇယ်ပေပါနှစ်ဆယ်ခန့်ကို ဇူလိုင် ၁၅ရက်က ဒယ်လိုင်ရွာအနီး တားမြစ် ခဲ့သည်။

ထိုအတွက် ဇူလိုင် ၂၄ ရက်က လောင်တလိုင်ရှိ Mizofed၊ Mavula၊ Lyno၊ F. Rothuama၊ BZ, B. Sangchem စသည့် စက်သုံးဆီဆိုင် ၆ ဆိုင်က တရားမျှတမှု မရှိသည့် ကန့်သတ်ပိတ်ပင်မှုနှင့် ခွဲခြားဆက်ဆံခံရမှုများ အတွက် ဟုဆိုကာ သဘောထားပူးတွဲထုတ်ပြန်ခဲ့သလို နောက်တနေ့တွင် ဗဟိုလောင်တလိုင် လူငယ်အဖွဲ့(CYLA) နှင့် စက်သုံးဆီ လုပ်ငန်းရှင်များကြား ဆွေးနွေးခဲ့သည်။

လောင်တလိုင် ဒေသခံတဦးက “ဒီကိစ္စကို CYLA နဲ့ သူတို့ ပြန်ဆွေးနွေးနေကြတယ်။ ဘယ်လိုဆက်ဖြစ်လာ မလဲတော့ မသိဘူး။ စက်သုံးဆီကတော့ မြန်မာပို့ရင်တော့ CYLA က ဖမ်းတယ်။ မြန်မာဘက်က ဝယ်အားကလည်းများတယ်လေ အခုလို မရောင်းရတော့ သူတို့အရောင်းစံချိန်ကျတာလည်း အမှန်ပဲ။ ကုန်စည်တွေတော့ အရင်တိုင်း အရောင်းဝယ် ပြန်ဖြစ်နေကြတယ်၊ အများစုဝယ်ကြတာ ရခိုင်တွေပဲ” ဟု ပြောသည်။

အလားတူ ဇူလိုင် ၁၆ ရက်ကလည်း လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ချီမလားရှီဗားကိုပလ်ရတ်ဒီ (Mr. Cheemala Siva Gopal Reddy) က ခရိုင်အတွင်း စက်သုံးဆီ တရားမဝင်ရောင်းဝယ်မှုများ မပြုလုပ်ရန်နှင့် မြန်မာ ဘက်ကို စက်သုံးဆီရောင်းချခြင်း မပြုလုပ်ရန် သတိပေးပြောဆိုထားသည်။

ယခုလို ပိတ်ပင်မှုကြောင့် လောင်တလိုင်ခရိုင် စက်သုံးဆီရောင်းဝယ်သည့် ကုန်သယ်များအနေဖြင့် နစ်နာမှုများ ရှိခဲ့ သလို ရေနံဈေးကွက်ရှာဖွေရေး (OMC) မှသတ်မှတ်ထားသော လစဉ်အရောင်းအား မပြည့်မီနိုင်သည့် အနေအထား ရှိနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ စက်သုံးဆီဆိုင်တဆိုင်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက် ချင်းအဖွဲ့ Central Young Lai Association (CYLA) အနေဖြင့် ယခုအခါ
လောင်စာဆီမှအပ ကုန်ပစ္စည်းများကို ပလက်ဝနယ်စပ်လမ်းကြောင်း ပြန်လည် တင်သွင်းခွင့်ကို ခွင့်ပြုထားပြီး
၎င်းတို့၏နယ်စပ်ဂိတ်၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ကုန်စည်စီးဆင်းမှု ၁ လကျော် ရပ်ဆိုင်းခဲ့ရသည့် ပလက်၀မြို့နယ်တွင် လက်ရှိအချိန်ထိ အခြေခံလူသုံးကုန်နှင့် စား သောက်ကုန်၊ ဆေးဝါးများ ပြန်ဝယ်ယူ၍ မရနိုင်သေးကြောင်း ဒေသခံများက ပြောသည်။

မြို့ပေါ်တွင် ဆန်ဝယ်မရ၍ ဇာတိကျေးရွာများဆီ ပြန်လည် အခြေချနေထိုင်နေရကြောင်း ပလက်၀ဒေသခံတဦးက ဧရာ ဝတီသို့ ပြောသည်။

“ကျနော်တို့မှာ ကျောက်တော်ကလည်း မရ၊ လောင်တလိုင်ကလည်း မရ အဲဒီလို ဖြစ်နေပြီ။ လမ်းပန်းဆက်သွယ်ရေး တွေလည်း မကောင်းဘူး။ မိုးတွင်းဆို မြေပြိုတာလည်း ရှိတယ်။ ကုန်ပစ္စည်းတွေ မှာထားတာလည်း တော်တော် မရောက်နိုင်ဘူး။ ကုန်စည်တွေ ပြန်ဖွင့်လိုက်ပြီလို့ ပြောပေမယ့် ဆေးဝါးတွေက ဝယ်လို့မရသေးဘူး။ စက်သုံးဆီ မရ တော့ ခြေကျင်ပဲသွားလာရတယ်။ မြို့ပေါ်မှာ ဆန်ဝယ်မရလို့ အရင်က နေခဲ့တဲ့ ကိုယ့်ရွာတွေမှာ ပြန်နေပြီး တောင်ယာ စိုက်တဲ့သူတွေလည်း ရှိတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ ပလက်၀- ကျောက်တော်လမ်းပိတ်လိုက်သည့်အတွက် ဓာတ်ဆီ၊ ဒီဇယ်၊ ဆန်၊ ဆီ၊ ဆား အပါအဝင် စားသောက်ကုန်နှင့် ဆေးဝါးအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းများကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ ဝယ်ယူသုံးစွဲရပြီး မြန်မာဘက်ကမူ အာဏာမသိမ်းခင်က ပြောင်းနှင့်ပဲ တင်ပို့သော်လည်း ယခုအခါ တင်ပို့နိုင်ခြင်း မရှိတော့ပေ။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
98
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
26

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
44

ဆက်စပ်ဖတ်ရှုရန်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

ရိခေါရ်ဒါရ်ဂိတ် အိန္ဒိယပိတ်၍ မြန်မာကုန်စည်တို့ သောင်တင်

Your Thoughts …
Tags: CYLAချင်းပြည်နယ်ပလက်ဝလောင်စာဆီအိန္ဒိယ
မေရီခိုင်

မေရီခိုင်

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

by ဧရာဝတီ
14 January 2024
18.8k

စစ်တပ်ထဲသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်သည်

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

Next Post
ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် "ရာဇာကာများ"

လားရှိုးမြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)

လားရှိုးမြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved