• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရတပ်များကို မပို့ရန် ကားလိုင်းများအား AA သတိပေး

by မိုးမြင့်
20 February 2019
in သတင်း
A A
အမ်းမြို့  စစ်ဆေးရေးဂိတ်တွင် တွေ့ရသော ခရီးသည်တင်ကားများ / မင်းအောင်ခိုင် / ဧရာဝတီ

အမ်းမြို့ စစ်ဆေးရေးဂိတ်တွင် တွေ့ရသော ခရီးသည်တင်ကားများ / မင်းအောင်ခိုင် / ဧရာဝတီ

25k
VIEWS
Share on FacebookShare on Twitter

အစိုးရတပ်များသည် ပဋိပက္ခ ဒေသတွင် တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ရာတွင် စစ်ကားများကိုသာမက ပုဂ္ဂလိက ကားများကိုပါ အသုံးပြုနေသောကြောင့် ရခိုင်ပြည်နယ်မှ ပုဂ္ဂလိက ကားလိုင်းများအား ထိုသို့ မလုပ်ရန် ရက္ခိုင့်တပ်မတော် (AA) က ပြီးခဲ့သည့် တနင်္လာနေ့က သတိပေးလိုက်သည်။

မကြာသေးမီ ကာလအတွင်း အစိုးရတပ်များနှင့် AA တို့သည် နေ့စဉ်နီးပါးတိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ ၎င်းတို့အဖွဲ့ကို ခြေမှုန်းရန် အစိုးရတပ်များသည် ထိုဒေသသို့ ခြေမြန်တပ်များ ထပ်မံပို့ဆောင်နေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း AA က သတိပေးထားသည်။

ထပ်မံပို့ဆောင်လိုက်သည့် အစိုးရတပ်များမှာ မြန်မာနိုင်ငံအောက်ပိုင်း အခြေစိုက် အမှတ် ၂၂၊ ၅၅ နှင့် ၉၉ လက်အောက်ခံ တပ်များဖြစ်သည်။

ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် ခရီးသည်နှင့်ပတ်သက်သော အချက်အလက်များကို အီးမေးလ် သို့မဟုတ် လူမှုကွန်ရက် တခုဖြစ်သည့် Viber မှတဆင့် AA သို့ အချိန်မီ သတင်းပေးပို့ရမည်ဟုလည်း AA က ကြေညာသည်။

ထိုအမိန့်ကို လိုက်နာခြင်းမရှိသော အဝေးပြေးကားပိုင်ရှင်များအတွက် တာဝန်ယူမည်မ ဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ ရခိုင်ပြည်သူများအနေဖြင့် ဒေသတွင်းတွင် ညအချိန် ခရီးသွားခြင်းနှင့် စစ်သားများလိုက်ပါလာသော ပုဂ္ဂလိကယာဉ်များတွင် လိုက်ပါခြင်းမှ ရှောင်ရှားရန်လည်း သတိပေးသည်။

တနင်္ဂနွေနေ့က ပုဏ္ဏားကျွန်းတွင် အဝေးပြေး ကားနှစ်စင်းကို မိုင်းခွဲတိုက်ခိုက်ခြင်းသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်းလည်း AA ကကြေညာပြီး ထိုကားများသည် စစ်တွေမှ အစိုးရတပ်များကို ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ပို့ဆောင်ပေးသော ကားများဖြစ်ကြောင်းလည်း ပြောသည်။

လူမှုကွန်ရက်စာမျက်နှာများထက်တွင် အဝေးပြေးကားနှစ်စင်း မိုင်းထိသည့်ပုံများကို ဧရာဝတီ သတင်းဌာနက ကြည့်ရှုခဲ့ရသည်။ ဒဏ်ရာရသော ခရီးသည်များကို ဆေးကုသရေးအတွက် ပို့ဆောင်ရန် ထိုကားနှစ်စင်းအနက်တစင်းကို စစ်တွေသို့ ပြန်သွားစေခဲ့သည်ဟု AA က ယခင်ထုတ်ပြန်သော ကြေညာချက်တခုတွင် ဖော်ပြထားသည်။

အစိုးရတပ်များသည် စစ်ရေး သယ်ယူပို့ဆောင်ရန် ကစ္ဆပနဒီနှင့် ရွှေလမင်း ကားလိုင်းများမှ ကားများကို ငှားရန်ခဲ့ကြောင်းနှင့် လမ်းခရီးတွင် ကစ္ဆပနဒီလိုင်းမှ ယာဉ်အမှတ် 9I 4701 သည် ပုဏ္ဏားကျွန်းတွင် AA က ထောင်ထားသော မိုင်းထိကြောင်း စစ်တွေရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသတင်းရင်းမြစ်များက ဧရာဝတီ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ကစ္ဆပနဒီယာဉ်လိုင်းပိုင်ရှင်ကို ဧရာဝတီက အင်္ဂါနေ့က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း သူနှင့် သူ့ယာဉ်လိုင်းလုံခြုံရေးအတွက် တစုံတရာ ဝေဖန်ပြောဆိုခြင်း မရှိပါ။

“ခုလိုအချိန်မှာ ကျနော်တို့လို စီးပွားရေးလုပ်ငန်းတွေအတွက် အန္တရာယ်ရှိနေလို့ ကျနော် ဘာမှမပြောချင်ဘူး” ဟု ပြောသည်။

ယာဉ်၏ လုံခြုံရေးနှင့် အပျက်အစီးကို တာဝန်မယူလျှင် သူ၏ယာဉ်လိုင်းသည် အစိုးရအရာရှိများ၊ တပ်ဖွဲ့များ ပို့ဆောင်ပေးခြင်းကို စိတ်မဝင်စားကြောင်း၊ ရန်ကုန်နှင့် စစ်တွေယာဉ်လိုင်းတွင် ကားအစင်းပေါင်းများစွာ ပြေးဆွဲနေသော အောင်သစ္စာ အဝေးပြေးလိုင်းလုပ်ကိုင်သူ ကိုမောင်မောင်နိုင်ကပြောသည်။

“ကျနော် သိသလောက်တော့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုက အရပ်သားတွေကို ပစ်မှတ်ထားတာ မဟုတ်ဘူး” ဟု ကိုမောင်မောင်နိုင် ပြောသည်။

တနင်္လာနေ့က ပြုလုပ်သည့် ဧရာဝတီ သတင်းဌာန မြန်မာပိုင်းနှင့်တွေ့ဆုံမေးမြန်းမှုတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထိုမိုင်းခွဲတိုက်ခိုက်မှုကို ငြင်းဆိုသည်။

AA နှင့် အစိုးရတပ်များသည် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းတလျှောက်တွင်လည်း ပြီးခဲ့သည့်အင်္ဂါနေ့က တနေကုန် တိုက်ပွဲများ ဖြစ်ပွားကြသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
36
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
903
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
58

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်များတွင် အစိုးရတပ်များနှင့် AA တပ်များ၏ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာသောကြောင့် အိန္ဒိယ စစ်တပ်သည် မီဇိုရမ်ပြည်နယ်နှင့် မြန်မာနယ်စပ်တွင် လွန်ခဲ့သော အပတ်ကုန်က တပ်ဖွဲ့ဝင် ၅၀၀ ခန့် ချထားခဲ့သည်။

လွန်ခဲ့သော တလခွဲအတွင်း ရခိုင်ပြည်နယ်မှ တိုက်ပွဲများကြောင့် ဒေသခံ ၆ ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးရသည်။ WFP နှင့် ICRC မှအပ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များကို အစိုးရတပ်များက ပိတ်ပင်ထားသောကြောင့် ၎င်းတို့အများစုသည် ဒေသခံကယ်ဆယ်ရေးအဖွဲ့များ၏ လူသားချင်းစာနာမှုအကူအညီကိုသာ အားထားနေရသည်။

(Moe Myint ၏ AA Warns Private Bus Companies Not to Transport Gov’t Troops ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: AAတိုက်ပွဲပုဂ္ဂလိက ကားလိုင်းမိုင်း
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro စမတ်ဖုန်း

အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro ကို မိတ်ဆက်

၁၉၈၆ ခုနှစ်က တွေ့ရသည့် အန်ဒရူး ရေးနက်နှင့် ၂၀၀၉ခုနှစ်က ထုပ်ဝေခဲ့သည့် သူ၏စာအုပ်

မြန်မာ့ပန်းချီသမိုင်း ပြုစုခဲ့သူ အင်ဒရူး ရေးနက် ကွယ်လွန်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved