• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် ယာယီ စစ်ဗျူဟာ စခန်းကို AA က ဝင်သိမ်းပြီး စစ်သုံ့ပန်း ၁၁ ယောက်ကို ဖမ်းသွား

by မိုးမြင့်
12 March 2019
in သတင်း
A A
ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားသောတိုက်ပွဲတွင် ဗိုလ်ကြီးအောင်ချမ်းမိုးအပါအဝင် တပ်မတော်သားတဒါဇင်ကျော် ကျဆုံးသွားခဲ့သေးသည်။  / AA info desk

ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားသောတိုက်ပွဲတွင် ဗိုလ်ကြီးအောင်ချမ်းမိုးအပါအဝင် တပ်မတော်သားတဒါဇင်ကျော် ကျဆုံးသွားခဲ့သေးသည်။ / AA info desk

105.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အနီး မတ်လ ၉ ရက်နေ့ကဖြစ်ပွားသောတိုက်ပွဲတွင် ယာယီ စစ်ဗျူဟာကွပ်ကဲမှု အခြေစိုက်စခန်းတခုကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်မတော် ( AA ) က မတ်လ ၁၁ ရက်နေ့ ညပိုင်းတွင်ကြေညာသည်။ သိမ်းပိုက်အပြီး စခန်းကို မထိန်းထားဘဲ ပြန်လည်ဆုတ်ခွာသွားရာ စစ်သုံ့ပန်းများကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးထားသော သုံ့ပန်းများသည် လတ်တလော ပလက်ဝ အထက်ပိုင်းတွင် ချထားသော အမှတ် ၅ ခြေမြန်တပ်မ၏ ကွပ်ကဲမှုအောက်မှ ဂွတောင်ပိုင်း အခြေစိုက် ခြေလျင်တပ်ရင်း ၅၆၃ မှဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခ ကဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ သူတို့ကို အစာမှန်မှန်ကျွေးပြီး ကောင်းကောင်းထားတယ်” ဟု ဦးခိုင်သုခကပြောသည်။

AA သည် မြန်မာ့တပ်မတော်သားများကို ဖမ်းထားကြောင်းနှင့် ၎င်းတို့ကို နိုင်ငံတကာကြက်ခြေနီသို့ လွှဲပေးမည် သို့မဟုတ် မည်သို့လုပ်ရမည်ကို အဆင့်မြင့်ခေါင်းဆောင်များ စဉ်းစားနေကြောင်း ဦးခိုင်သုခ ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
61
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

ဖမ်းမိသူများတွင် အဆင့်မြင့် အရာရှိများ ပါ မပါ သူမပြောပေ။ သုံ့ပန်းများအားလုံးသည် စစ်သားများချည်း ဖြစ်သည် သို့မဟုတ် အရပ်သားများ ပါဝင်သည်ကိုလည်း မပြောပေ။

အစိုးရနှင့် AA က ထုတ်ပြန်သော မြေပုံများအရ ထိုတိုက်ပွဲသည် ဘူးသီးတောင်နှင့် ပလက်ဝအကြား ပြန်ဆို ကျေးရွာအနီးတွင် ဖြစ်ပွားသည်ဟု ဧရာဝတီက သိရသည်။ ယုံကြည်ဖွယ်ရာ သတင်းရင်းမြစ်များ၏ အဆိုအရ ပူးတွဲလုံခြုံရေးစခန်းတွင်ရှိနေသော ရွာသား ၂ ဦးလည်း စစ်သား ၉ ဦးနှင့်အတူ အဖမ်းခံရသည်ဟု သိရသည်။

တပ်မတော်သား အလောင်းတလောင်း၊ မြေတူးစက် ၁၆ စီး၊ တိုယိုတာကားတစီး၊မြေသယ်ယာဉ်တစီး၊ ၆၀ မမ နှင့် ၈၀ မမ မော်တာများ သိမ်းဆည်းမိသည်ဟု AA ကကြေညာသည်။ တပ်မတော်သည် တိုက်ပွဲအတွင်း ရဟတ်ယာဉ်များကို ၂၅ မိနစ်ကြာသုံးပြီး တိုက်သည်ဟု AA က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံပိုင်သတင်းစာများက AA တပ်ဖွဲ့ဝင် ၂၀၀ ခန့်သည် မတ်လ ၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ တည်ဆောက်ဆဲ နယ်စပ်စည်းရိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်နက်မှ ဝင်တိုက်သည်ဟု ဆိုသည်။

ထိုဆောက်လုပ်ရေးလုက်ငန်းခွင်သည် နယ်ခြားမှတ်တိုင် ၆၇ နှင့် ၆၈ ကြားတွင်ရှိပြီး မည်သည့်တပ်ရင်း သို့မဟုတ် နယ်ခြားစောင့်တပ်ကို ချထားကြောင်း ဖေါ်ပြခြင်းမရှိပေ။ နိုင်ငံပိုင် သတင်းစာများ၏ အဆိုအရ အလုပ်သမားများကို ဘေးကင်းစွာ ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။

အလုပ်သမားအရေအတွက်ကို ဖေါ်ပြခြင်းမရှိဘဲ နယ်စပ်စည်းရိုးဆောက်နေသည်ဟုသာ ဖေါ်ပြသည်။ မြန်မာအစိုးရသည် ၂၀၁၀ ခုနှစ်မှ စတင်ပြီး ခြံစည်းရိုးတည်ဆောက်ကာ လက်ရှိအချိန်တွင် မိုင် ၁၂၀ ပြီးစီးပြီဟုဆိုသည်။

ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ချင်းပြည်နယ် ပလက်ဝတွင် ဖြစ်ပွားသော ရက္ခိုင့်တပ်မတော် ( AA) နှင့် ဖြစ်ပွားသောတိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်မှ ဗိုလ်ကြီးတဦးအပါအဝင် တပ်မတော်သားတဒါဇင်ကျော် ကျဆုံးသွားခဲ့သေးသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူအခြေစိုက် အမှတ် ၅၄၂ ခြေလျင်တပ်ရင်းမှ ကျဆုံးသည့်တပ်ဖွဲ့ဝင်များတွင် ဗိုလ်ကြီးအောင်ချမ်းမိုးလည်း ပါဝင်သည်။

ထိုနောက်ဆုံးသတင်းများကို AA က ၎င်းတို့၏ တရားဝင် အင်တာနက်စာမျက်နှာမှ သောကြာနေ့မွန်းလွဲပိုင်းတွင် ဗိုလ်ကြီးအောင်ချမ်းမိုးအပါအဝင် ကျဆုံးသူ တပ်မတော်သားများ၏ တပ်ဖွဲ့ဝင်ကတ်များ၊ တံဆိပ်များ၊ တပ်ဖွဲ့အမှတ်အသားများနှင့် ၉ မမ ပစ္စတိုတလက်တို့ကို ပြသပြီး ထုတ်ပြန်ကြေညာခဲ့သည်။

မတ်လ ၄ ရက်နေ့ကမြောက်ဦးမြို့နယ်တွင် ဖြစ်ပွားသောတိုက်ပွဲများအတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် ၃၀ ကျော်ကို AA က သတ်ဖြတ်ခဲ့သည်။ မြောက်ဦးမြို့နယ်အတွင်း တပ်အင်အားဖြည့်တင်းရေး၏ အစိတ်အပိုင်းအဖြစ် ရောက်လာသော စစ်သားများကို သယ်ဆောင်လာသည့် သစ်သားမော်တော်ဘုတ် ၂ စင်းကို AA တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း AA က ကြေညာသည်။

AA ၏ အဆိုအရ တပ်မတော် အမှတ် ၅၅ ခြေမြန်တပ်မ ဌာနချုပ်သည် ပလက်ဝရှေ့တန်းစစ်မျက်နှာသို့ တပ်များကို ပို့ဆောင်နေပြီး အမှတ် ၂၂၊ ၃၃၊ ၆၆၊ နှင့် ၉၉ ခြေမြန်တပ်များကို ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ချထားပြီးဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် တပ်မတော်သည် ရခိုင်ပြည်နယ်သို့ တပ်သား အနည်းဆုံး ၁ သောင်း စေလွှတ်ထားသည်ဟု AA က ခန့်မှန်းသည်။

Your Thoughts …
Tags: AAစစ်သုံ့ပန်းတပ်မတော်
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
မာသာထရီဇာ အတ္ထုပ္ပတ္တိရုပ်ရှင်

မာသာထရီဇာ၏ အတ္ထုပ္ပတ္တိရုပ်ရှင် ဘောလိဝုဒ်မှ ရိုက်ကူးမည်

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်  / Tanintharyi Region facebook

တနင်္သာရီတိုင်း သယံဇာတ ဝန်ကြီးကို ခေတ္တ ဝန်ကြီးချုပ် တာဝန်ပေးအပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved