• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော် ခွေးလေခွေးလွင့်များ အတွက် ကျပ် ၁ ဘီလီယံတန် ဂေဟာ ဆောက်ရန် စီစဉ်

by မိုးမိုး
27 March 2019
in သတင်း
A A
နေပြည်တော် ခွေးဂေဟာ တည်ဆောက်ရေး ဆွေးနွေးပွဲ  / မိုးမိုး / ဧရာဝတီ

နေပြည်တော် ခွေးဂေဟာ တည်ဆောက်ရေး ဆွေးနွေးပွဲ / မိုးမိုး / ဧရာဝတီ

6.4k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်တွင် လမ်းဘေး ခွေး နှင့် ခွေးလေ ခွေးလွင့်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် ခွေးဂေဟာ တခုအား ကျပ် ၁ ဘီလီယံခန့် အကုန်အကျခံ၍ တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိသည်။

နေပြည်တော် စည်ပင် သာယာရေး ကော်မတီဝင် ဦးဆန်းနိုင်က“ပထမဆုံး ကတော့ ခွေးဂေဟာ လုပ်မယ် ဆိုရင်တော့ ၁ ဘီလီယံလောက် အကုန်လုံး အတွက် ကုန်ကျမယ်လို့ မှန်းထားပါတယ်။ ပထမဆုံး ခြေလှမ်း အနေနဲ့ကတော့ သန်း ၂၀၀ နဲ့ ၃၀၀ ကြား ဘတ်ဂျက် ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မတ်၂၆ ရက်က နေပြည်တော် စည်ပင် ဧည့်ရိပ်သာ၌ ကျင်းပသည့် ခွေးဂေဟာ တည်ဆောက်ရေးနှင့် ခွေးလေ ခွေးလွင့် မတိုးပွားရေး မျိုးထိန်းစနစ် ဆောင်ရွက်မည့် တွေ့ဆုံ ဆွေးနွေးပွဲအပြီး မီဒီယာများကို ပြောခြင်း ဖြစ်သည်။

ခွေးဂေဟာ ဆောက်လုပ်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ပထမဦးဆုံး အနေဖြင့် သန်း ၂၀၀ နှင့် သန်း ၃၀၀ ကြား အသုံးပြု တင်ပြသွားမည်ဖြစ်ကာ ဆောက်လုပ်မည့် မြေနေရာကို ပုဗ္ပသီရိ မြို့နယ် ဘုဏ်းကွဲဆည် အနီးရှိ မြေ ၅ ဧက လျာ ထား ၍ ခွေးအကောင်ရေ ၅၀၀ ဖြင့် စတင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဆိုထားသည်။

အများ ပြည်သူများ သွားလာနေသည့် နေရာများတွင် ခွေးလေ ခွေးလွင့်များကို ရှင်းပေးရန် ဌာနတွင် တာဝန်ရှိသဖြင့် ယခု ရှင်းလင်းနေသည့် ပုံစံ ဖြစ်သည့် အသားတုံးထဲ၌ အဆိပ်ထည့်၍ ရှင်းလင်းသည့် နည်းမှာ အမြင် မတင့်တယ်ခြင်း၊ ခွေးချစ် သူများက ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် ယခုထက် ပိုကောင်းသည့် စနစ်ဖြင့် လုပ်ဆောင်ရန် ပထမ ခြေလှမ်း စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးဆန်းနိုင်က ပြောကြားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
230
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
17
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
29

၎င်းက“ခွေးဂေဟာ စနစ် အကောင်အထည် ဖော်ရန် ဘတ်ဂျက်၊ ဝန်ထမ်း အင်အား မလုံလောက်သည့် အတွက် စေတနာ လုပ်သားများ အပြင် ငွေကြေး အလှူရှင်များလည်း လိုအပ်ပါတယ်”ဟု ဆိုသည်။

ခွေးလေ ခွေးလွင့်များ ထပ်တိုး မလာရန် အတွက် ခွေးများကို ဖမ်း၍ မျိုးထိန်းစနစ်နှင့် မျိုးဆက်ခြား သားထိန်း စနစ်ကို အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း ဦးဆန်းနိုင်က ရှင်းပြသည်။

ထို့ပြင် သားဆက်ခြားရန် အတွက် ခွေးတကောင်၏ ကုန်ကျစရိတ်မှာ ငွေကျပ် ၂ သောင်းမှ သုံးသောင်းခွဲကြား ကုန်ကျ မည် ဖြစ်ကြောင်း၊ ကျွေးမွေးစရိတ်မှာ တရက်လျှင် ပျမ်းမျှ ၂၅၀ ကျပ်မှ ၃၀၀ ကျပ် အထိ ကုန်ကျစရိတ် ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ဦးဆန်းနိုင်က“တဖက်က ဒီဟာကို မျိူးဆက်ခြား သားထိန်းစနစ်နဲ့ သွားသလိုမျိုး တဖက်က ဆေးချပြီးတော့ ရှင်းလင်းတဲ့ ပုံစံမျိုးတွေလည်း လုပ်နေရဦးမှာပဲ။ ဒီအတွက်ကလည်း ကျနော်တို့က စိတ်မကောင်းပေမယ့်လည်း ဒါက အများအတွက် ဖြစ်တဲ့ အတွက် လုပ်ရမှာပါပဲ”ဟု ပြောသည်။

လယ်ဝေးမြို့မှ မိုးထက် ခွေးဂေဟာ တည်ထောင်သူ မသီရိချိုက“လမ်းဘေးမှာ အဆိပ်ချခံရပြီး အမြင် မကောင်းအောင် သေနေတာထက် စာရင် အခုလို သားဆက်ခြား စနစ်နဲ့ သွားမယ် ဆိုတော့ တော်တော်လေး ဝမ်းသာပါတယ်။ စနစ်တကျ သာ တကယ် လုပ်မယ် ဆိုရင် လမ်းဘေးခွေး ဆိုတာ မရှိသလောက်ကို ဖြစ်သွားမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

မသီရိချို သည် ခွေးဂေဟာကို ၂၀၁၇ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ယခု အချိန်တွင် ဂေဟာ၌ ခွေးအကောင်ရေ ၄၀၀ နီးပါး ရှိကြောင်း၊ လမ်းဘေးခွေးများမှာ အနာရောဂါ ဖြင့် ရောက်ရှိလာပါက အဆိုပါ ခွေးမှ ပါလာသည့် ဗိုင်းရပ်စ် ပိုးကြောင့် ခွေးများ အစုလိုက် အပြုံလိုက် သေဆုံးမှုများ တခါတရံ ရှိကြောင်း၊ တရက်လျှင် ခွေးတကောင်၏ ကုန်ကျ စရိတ်မှာ ၇၀၀ ကျပ် ကုန်ကျကြောင်း ရှင်းပြသည်။

၂၀၁၈ ခုနှစ် စည်ပင် သာယာရေး ဥပဒေသစ် အရ ခွေးလေခွေးလွင့်များ ထိန်းသိမ်း စောင့်ရှောက်မှု အပါအဝင် တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာများ အတွက် လိုင်စင် လျှောက်ထားပြီးမှ ဂေဟာ ဆက်လုပ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

၂၀၁၈ စည်ပင် ဥပဒေသစ် ပုဒ်မ ၃၂၁ (ဂ) တွင် ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ တိရစ္ဆာန် ထိန်းသိမ်းရေးရုံ တည်ထောင် ဖွင့်လှစ်ခြင်း ပြုလုပ်ပါက ငွေဒဏ် ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ချမှတ်ရမည် ဖြစ်ပြီး ယင်းပြစ်မှုကို ဆက်လက် ကျူးလွန်ပါ က ထောင်ဒဏ် ၆ လအထိ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

နေပြည်တော်၌ ခွေးလေခွေးလွင့် အကောင်ရေ ၁ သိန်း ၂ သောင်းခန့် ရှိကြောင်း၂၀၁၈ ခုနှစ်တွင် ဆေးချသည့် နည်း လမ်းဖြင့် ရှင်းလင်းခဲ့ရာ ခွေးအကောင်ရေ ၁၈၀၀၀ ခန့် ရှင်းလင်းနိုင်ခဲ့ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော် မတီ၏ စာရင်း ဇယားများတွင် ဖော်ပြထားသည်။

Your Thoughts …
Tags: ခွေးဂေဟာခွေးလေခွေးလွင့်နေပြည်တော်
မိုးမိုး

မိုးမိုး

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
နယူးယောက်မြို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး မြို့တမြို့အဖြစ် မဲပေး ရွေးချယ်ခံခဲ့ရပါတယ်

၂၀၁၉ ခုနှစ်မှာ နေထိုင်ဖို့ သင့်တော်တဲ့ မြို့ကြီးများ

ပန်းချီစန္ဒာခိုင် ရေးဆွဲသည့် Nudeပန်းချီကားတချပ်

Nude ပန်းချီကို ညစ်ညမ်းမှုလို့ မမြင်စေချင်တဲ့ ပန်းချီ စန္ဒာခိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved