• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
21 April 2019
in သတင်း
A A
"သတင်းမီဒီယာအလုပ်သည် ရာဇဝတ်မှု မဟုတ်"ဟု စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ထားသော သတင်းသမားတဦး / မျိုးမင်းစိုး

"သတင်းမီဒီယာအလုပ်သည် ရာဇဝတ်မှု မဟုတ်"ဟု စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ထားသော သတင်းသမားတဦး / မျိုးမင်းစိုး

19.9k
VIEWS
Share on FacebookShare on Twitter

သတင်းမီဒီယာများ၏ ရခိုင်အရေး ရေးသား ဖော်ပြချက်များကြောင့် လူမျိုးရေး ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို တပ်မတော်က စိုးရိမ်သဖြင့် သတင်း မီဒီယာတချို့ကို အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ဦးဒေသ အကြောင်း ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာန၊ လွတ် လပ်သော အာရှအသံ (RFA) တို့ကို အရေးယူရန် ပြင်ဆင်ထားကြောင်း၊ ယင်းဌာနများ၏ ဖော်ပြချက်များသည် မျှတမှု မရှိ၍ ဖြစ် ကြောင်း တပ်မတော်က ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “စိုးရိမ်မှုက တခုပဲ ရှိတယ်။ ပိုပြီး ပဋိပက္ခကြီးလာမှာပေါ့။ ဟိုဘက်မှာက သူ့ဟာနဲ့သူ လူမျိုးရေး ဆူနေတဲ့ အပိုင်းတွေ ရှိတာကိုး။ လူမျိုးရေး ဆူနေတဲ့အပိုင်းတွေ ရှိနေတော့ကျ ဒီဘက်က တဖက်သတ် ရေးလိုက်တော့ ပိုပြီးတော့ကျ ပဋိပက္ခ ကြီးသွားမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီ သတင်းဌာနကို ပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်က အမှုဖွင့်ထားသောကြောင့် ရန်ကုန်မြို့ ၊ ကျောက်တံတား ရဲစခန်းသို့ လာ ရောက်ရန် မြန်မာပိုင်း အယ်ဒီတာဖြစ်သူ ဦးရဲနည်ကို ဆင့်ခေါ်ထားပြီး RFA သတင်းဌာနကိုမူ မီဒီယာကောင်စီက ဝင်ရောက် ညှိ နှိုင်း ဆောင်ရွက်နေသဖြင့် တရားစွဲဆိုသည့် အဆင့်သို့ မရောက်သေးကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းမှ သိရသည်။

ဧရာဝတီကို အရေးယူရခြင်းမှာ သတင်းဌာန (မြန်မာပိုင်း)တွင် ဖော်ပြခဲ့သည့် သတင်းထောက်မိုးမြင့်၏ မြောက်ဦးမှတ်တမ်း ဆောင်း ပါးသည် တဖက်သတ်ဆန်လွန်းပြီး တပ်မတော်ဘက်မှ အသံ မပါကြောင်း၊ မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်၏ အမေး၊ အဖြေများ၊ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ၏ သတင်းစာ ရှင်းလင်းပွဲ၏ ပြောဆိုချက်များကို ဖော်ပြခြင်း မရှိခဲ့ဟု ဆိုသည်။

“သတင်းမှန် ပြန်ကြားရေး အဖွဲ့ ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ဒါက ဒီလိုမျိုး ဖြစ်တယ်ဆိုတာကို ရှင်းလင်းသွားတယ် ဆိုတာမျိုး ပါရင်လည်း တော်သေးတာပေါ့။ ပညာသားပါပါ၊ ရသဆောင်းပါးလိုလို ဘာလိုလိုနဲ့ တဖက်သတ် ရေးသွားတာ။ ဘယ်လိုမှ မမျှတ ဘူး။ စဉ်းစားကြည့်ဦး။ ဒီဘက်ကို တော်တော်နှိပ်ကွပ်ပြီး ရေးထားတာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

၎င်းက ဆက်၍ “မျှမျှတတ ၂ ဖက် ရေးရင်တော့ ပြဿနာ မရှိဘူး။ ဒါပေမယ့် ငါတို့ဘက်ကိုတော့ ထည့်ထားတယ်။ ဟိုဘက်မှာ တော့ မဟုတ်တဲ့ဟာတွေ အများကြီး ရေးရင်တော့ လုံးဝကို မဟုတ်တဲ့ဟာတွေ ထည့်ထားရင်တော့ အရေးယူမှု အပိုင်းတော့ လာမှာပေါ့”ဟု ပြောသည်။

ဧရာဝတီ သတင်းဌာနမှ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ဦးရဲနည်ကမူ မိမိတို့ ဧရာဝတီ သတင်းဌာန၏ သတင်းရေးသားဖော်ပြချက်များသည် သတင်းမီဒီယာဥပဒေပါ အခန်း (၃) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် အခန်း (၄) သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များအတိုင်း အပြည့်အဝ လိုက်နာ ရေးသားခဲ့ပါကြောင်း ပြောဆိုသည်။

“အခုလို တပ်မတော်ဘက်က ကျနော်တို့အပေါ် အထင်အမြင် လွဲတာကို တကယ် စိတ်မကောင်းပါဘူး။ ကျနော်တို့ သင်ကြားလေ့ကျင့်လာခဲ့ရတဲ့ သတင်းစာပညာရပ်မှာကိုက ပဋိပက္ခတွေ ကြားထဲ နယ်မြေခံလူထု ကြုံတွေ့ခံစားကြရတဲ့ ဒုက္ခတွေကို မျက်မြင်ကိုယ်တွေ့ မေးမြန်းစုံစမ်းပြီး ဘာတွေ တကယ်ဖြစ်နေသလဲဆိုတာ အများပြည်သူသိအောင် ရေးသားရမယ်ဆိုထားပါတယ်။ နိုင်ငံသားတွေ ခံစား ဆုံးရှုံးရမှုတွေကို နားလည်ပြီး ပြဿနာကို အကောင်းဆုံး ပြေလည်အောင် ဖြေရှင်းစေလိုတဲ့ စေတနာ အရင်းခံပါတယ်” ဟု ဦးရဲနည်က ဆိုသည်။

မြောက်ဦးမြို့တိုက်ပွဲနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မိုးမြင့်၏ သတင်းဆောင်းပါးသာမက စစ်တွေ၊ ရန်ကုန်နှင့် နေပြည်တော် သတင်းထောက်များမှ ဘက်ပေါင်းစုံမှ မေးမြန်းရယူပြီး ရေးသားပေးပို့သော သတင်းများအားလည်း စဉ်ဆက်မပြတ် ဖော်ပြခဲ့ကြောင်းလည်း ဦးရဲနည် ပြောသည်။

“ပဋိပက္ခကြားထဲ သတင်းရေးသားတာတွေ ချွတ်ချော်မှားယွင်းမှု ရှိတယ်လို့ မြင်ရင်လည်း သတင်းမီဒီယာကောင်စီကတဆင့် လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းသွားစေချင်ပါတယ်” ဟု ဦးရဲနည်က ဆိုသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ကမူ မီဒီယာများနှင့် ပတ်သက်သည့် ကိစ္စများကို သတင်းမီဒီယာ ကောင်စီနှင့် ဖြေရှင်းသွားမည် ဖြစ်သော်လည်း တိုင်းစစ်ဌာနချုပ်များကမူ မီဒီယာများကို ရေးသားဖော်ပြချက်များ အပေါ် မူတည်၍ အရေးယူမှု အပိုင်းဖြင့်သာ ဦးတည် ဖြေရှင်းလိမ့်မည် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက မီဒီယာသမားများအပေါ် မကျေနပ်ချက်များ ရှိပါက ကြားဝင် ဆောင် ရွက်ပေးရသည့် သတင်းမီဒီယာ ကောင်စီ ရှိနေပြီ ဖြစ်၍ ယင်းအမှု ကိစ္စရပ်များကို တရားရုံးတွင် ဖြေရှင်းသည်ထက် ကောင်စီနှင့် အ ရင် တွေ့ ဆုံ ဖြေရှင်းပါက တိုင်းပြည်၊ မီဒီယာနှင့် တရားစွဲအဖွဲ့ အစည်း အားလုံးအတွက် ကောင်းမည်ဟု ထင်ကြောင်း ဧရာဝတီ သို့ ပြောသည်။

“သတင်းသမားဆိုတာ ဘယ်ခေတ်၊ ဘယ်အခြေအနေမဆို ရှိရမှာပဲလေ။ ဒီမိုကရေစီကို အသွင်ကူးပြောင်းပြီးတော့ အခက်အခဲ မျိုး စုံနဲ့ တိုင်းပြည်က ရင်ဆိုင်နေရချိန်မှာ သတင်းသမားရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးပါတယ်။ ဒီမိုကရေစီကို တကယ် ထူထောင် ပေးနိုင်ရင်တောင်မှ သတင်းသမားရဲ့ အခန်းကဏ္ဍဟာ အရေးကြီးမြဲပဲ ကြီးနေမှာပါပဲ”ဟု ဦးအောင်လှထွန်းက ပြောသည်။

၎င်းက ဆက်၍“သတင်းသမားဟာ ပရော်ဖက်ရှင်နယ် ဖြစ်ရမယ်။ Ethical ဖြစ်ရမယ်။ မှန်ကန်၊ တိကျ၊ မျှတရမယ်။ နောက်ဆုံး တာ ဝန်ခံရမယ်။ ၂ ဖက်အသံ ယူရမယ်။ တဖက် A က ဒီလို ပြောရင် B ကိုလည်း မေးရမယ်။ သူဘယ်လို ပြောလဲဆိုတာ။ အဲဒါက သ တင်းသမားအတွက် သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် Conflict နဲ့ ပတ်သက်ပြီး သတင်းရေးတဲ့နေရာမှာ တကယ့်ကို စိတ်ရှည် လက်ရှည်နဲ့ မေးမြန်းဖို့ လိုပါတယ်”ဟု အကြံပြုခဲ့သည်။

လက်ရှိတွင် တပ်မတော်က မီဒီယာတချို့ကို အရေးယူထားရုံမက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒါရိုက် တာ မင်းထင်ကိုကိုကြီးတို့ကို တရားစွဲဆို အရေးယူထားပြီး ၎င်းတို့မှာ အာမခံ မရသဖြင့် အချုပ်ခံထားရပြီး သြင်္ကန်ကာလအတွင်း သံချပ်ဖြင့် ဖျော်ဖြေခဲ့သည့် ဒေါင်းတို့၏ မျိုးဆက် အဖွဲ့ကိုလည်း တပ်မတော်က တရားစွဲဆိုထားသည်။

၎င်းတို့သည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် အရေးယူခံနေရ သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကမူ မီဒီယာများ တရားစွဲခံရမှု၊ လူပုဂ္ဂိုလ်တချို့လည်း အရေးယူခံရမှုကို ကြားသိ နေရသော်လည်း ယင်းလုပ်ဆောင်ချက်များသည် တပ်မတော်က ဆောင်ရွက်နေခြင်း ဖြစ်၍ စိတ်မကောင်း ဖြစ်ရုံမှ တပါး၊ အခြား မတတ်နိုင်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

“ကျနော်တို့ကတော့ မီဒီယာတွေကို လုပ်ဖော်ကိုင်ဖက်လို သဘောထားတာပါ။ ဖြစ်နိုင်သရွေ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဆန္ဒရှိပါတယ်။ အခုလောလောဆယ် တရားစွဲတာတွေက အထူးသဖြင့် တပ်မတော်ကနေ လုပ်နေတာ ဖြစ်တယ်။ အဲဒါတွေကျတော့ ကိုယ်တိုင် လည်း တားမြစ်နိုင်စွမ်း မရှိတဲ့အခါကျတော့ ဒီဟာကိုတော့ စိတ်မကောင်း ဖြစ်မိတယ်လို့ပဲ ပြောနိုင်ပါတယ်”ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။

သို့သော် လက်ရှိ အရေးယူခံနေသည့် ပုဒ်မများ ပြန်လည် ပြင်ဆင်နိုင်ရေးကို ပါတီအနေဖြင့် စဉ်းစားသွားမည် ဖြစ်ကြောင်း သိရ သည်။

တပ်မတော်က မီဒီယာများကို တရားစွဲ အရေးယူရာတွင် အသုံးပြုသည့် အများဆုံး ပုဒ်မများမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေ ပုဒ်မ ၁၂၄ တို့ ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“သတင်းမီဒီယာ ဥပဒေမှာ အားနည်းချက်တွေ ရှိတယ်။ သတင်း မီဒီယာသမားတွေကို ဒီဥပဒေနဲ့ အာမခံချက်က ရှိသလိုလိုနဲ့ ဘာမှ မရှိဘူး။ ပုဒ်မ ၄ မှာ သတင်းသမားတွေကို အခွင့်အရေး ပေးထားပေမယ့် တကယ့်တကယ် တရားစွဲတဲ့အခါကျတော့ တည်ဆဲ ဥပဒေတွေ၊ တခြားသော ပုဒ်မတွေနဲ့ ဆွဲတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
36
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
16

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
25

လက်ရှိ တိုင်းပြည်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ် တားဆီးနေသည့် ဥပဒေပုဒ်မများစွာ ရှိနေရာ ယင်း ဥပဒေများ ပြင်ဆင်ရေး၊ ဖျက်သိမ်းရေးတို့ကို ဆောင်ရွက်မည့် အခြေအနေမျိုး မတွေ့ရကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်မှု၊ ရေးသားခွင့်ဆိုင်ရာ ကိစ္စများသည် ဥပဒေပိုင်းဆိုင်ရာ အဟန့်အတားများ ဖြစ်နေကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ထောက်ပြသည်။

သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၄ (က)တွင် သတင်းမီဒီယာသမားများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့် ရှိသည်ဟု ဖော်ပြထားသည်။

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းက တပ်မတော် အနေဖြင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ကို တရားစွဲပြီးနောက် ယခုအခါ သတင်းမီဒီယာများဘက်သို့ တရားစွဲဆိုရန် ဆောင်ရွက်လာသည့် အခြေအနေသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်း မဖြစ်မီ စစ်အစိုးရနှင့် ပြည်သူလူထုကြားရှိ ဆက်ဆံရေး အခြေအနေမျိုးကို ပြန်ရောက်သွားသည်ဟု ပြောချင်ကြောင်း ဆိုသည်။

“အခု တပ်မတော်ရဲ့ မူဝါဒတွေက စစ်အုပ်ချုပ်ရေး အပြည့်အဝ ရှိခဲ့တုန်းက ထားရှိခဲ့တဲ့ ပြည်သူအပေါ်မှာ တင်းမာတဲ့ သဘောထား အဆင့်ကို ရောက်ရှိသွားပြီ ဆိုတာကို အကိုတို့က ပြောချင်တယ်။ တိုင်းပြည်ရဲ့ အခြေအနေအကုန်လုံးဟာ အင်မတန်ကို စိုးရိမ်စရာ ကောင်းတယ်”ဟု ဦးဆွေဝင်းက ပြောသည်။

၎င်းက ဆက်၍ “သတင်းသမားတွေ ကိုယ်တိုင်ကလည်း ဒီမိုကရေစီခေတ်မှာ အလုပ်လုပ်နေရတယ်ဆိုတဲ့ အမြင်မျိုးကို မထားရှိ သင့်တော့ဘဲနဲ့ ငါတို့ဟာ စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းစာအလုပ်ကို လုပ်နေရတယ်လို့ သဘောထားအမြင်ကို ထားရှိပြီးတော့ လုပ်မယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေနိုင်မယ်လို့ ပြောဆိုချင်တယ်”ဟု အကြံပြုသည်။

အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနကမူ သတင်းမီဒီယာများနှင့် အခြား အဖွဲ့ အစည်းများကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် လာမည့် ဧပြီလ ၂၉ နှင့် ၃၀ ရက်နေ့များတွင် နေပြည်တော်၌ မဏ္ဍိုင်ကြီး ၄ ရပ် တွေ့ ဆုံပွဲ ခေါင်းစဉ်ဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မီဒီယာသမားများကြား တွေ့ ဆုံဆွေးနွေးပွဲတခု ကျင်းပပေးမည် ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: တပ်မတော်ပုဒ်မ ၆၆ (ဃ)မီဒီယာရခိုင်ပဋိပက္ခ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

by မောင်ကဝိ
30 March 2024
8.1k

အဲဒီ တွေ့ဆုံမေးမြန်းမှုဟာ ရုရှားသရော်စာလားလို့သာ မေးရပါမယ်။ အဖြေကတော့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းမှု စာသားတွေထဲမှာပဲ ရှိနေပါတယ်။

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

by David Scott Mathieson
10 August 2023
6.6k

မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6.1k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

by ဝတ်ရည်ခိုင်မာ
19 September 2023
5.7k

ဂလိုဘယ်တိုင်းမ် အယ်ဒီတာက မြန်မာလူထု လိုလားသည့် ဖက်ဒရယ်နှင့် ပါတီစုံဒီမိုကရေစီ ဆိုသည်မှာ မြန်မာနှင့် မကိုက်ညီသည့် အနောက်တိုင်းပုံစံဟု ကောက်ချက်ချထားသည်။

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

Next Post
--

ဝယ်ပြီးရင် အလကား ဖြစ်လေ့ရှိတဲ့ အလှကုန် ပစ္စည်းများ

ရန်ကုန်မြို့တွင် ပြုလုပ်သော “ဧရာဝတီကို ပြန်ရွေးယူကြမယ်” ဆွေးနွေးပွဲ  / ထက်ဝေ / ဧရာဝတီ

မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင်ရပ်တန့်ရေး အလျော်ပေးရန် ကမ်းလှမ်း

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

9 hours ago
1.4k
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

7 days ago
1.2k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved