• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆရာတော် ဦးဝီရသူ ကူညီမှု အောင်သပြေရွာသားများ လက်မခံ

by ဧရာဝတီ
19 May 2019
in သတင်း
A A
အမျိုးသားရေး ဆရာတော် ဦးဝီရသူ / မျိုးမင်းစိုး / ဧရာဝတီ

အမျိုးသားရေး ဆရာတော် ဦးဝီရသူ / မျိုးမင်းစိုး / ဧရာဝတီ

89.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းနှင့် ပက်သက်၍ ကန့်ကွက်နေသည့် ဒေသခံများထံသို့ အမျိုးသားရေးဆရာတော် ဦးဝီရသူက ငွေကြေးနှင့် ကူညီလှူဒါန်းမှုများ  သွားရောက်ပြုလုပ်ခဲ့ရာ လှုဒါန်းမှုကို ရွာသားများက ငြင်းပယ်ခဲ့ကြသည်။

အောင်သပြေ ဒေသခံတောင်သူ ဦးရွှေအုန်းက “ဦးဝီရသူကနေ ငွေရယ်၊ ရေသန့်ဘူးနဲ့ ဓာတ်ဆားထုပ်ကလေးတွေ လှူသွားပါတယ်၊ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေနဲ့ ဒုက္ခရောက်တဲ့သူတွေကို ကူညီပံ့ပိုးမယ်ဆိုပြီး ကိုယ်တိုင်ကြွလာပြီး လှူဒါန်းတာပေါ့နော်၊ ဒါပေမယ့် ကျနော်တို့ လက်မခံလိုက် ပါဘူး၊ လက်မခံပေမယ့်ဆရာတော်က ဇွတ်လှူပါတယ်၊ ရေသန့်ဘူးနဲ့ ဓာတ်ဆား ထုပ်တွေကတော့ ဒီအတိုင်းထားခဲ့တာပါ၊ ကျနော်တို့က လက်ခံလိုက်တာမဟုတ်ပါဘူး၊ အခုအချိန်ထိ ဒီအတိုင်းပဲရှိပါတယ်” ဟု ပြောသည်။

အဆိုပါလှူဒါန်းမှုကို မေလ ၁၇ ရက်နေ့က ဆရာတော်ဦးဝီရသူကိုယ်တိုင် လာရောက်လှုဒါန်းခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၅ သိန်း၊ ရေသန့်ဘူး၊ ဓာတ်ဆားထုပ်များကို လှူဒါန်းခဲ့ခြင်းဖြစ်ကာ အလှူငွေကို လက်မခံခဲ့သော်လည်း ရေသန့်ဗူးနှင့် ဓာတ်ဆားထုပ်များကို ချထားပေးခဲ့ကြောင်း သိရသည်။

ဒေသခံတောင်သူ ဦးတင်လင်းကလည်း “ရွာက ဘာမှကို မယူလိုက်ပါဘူး၊ ရေသန့်ဘူးနဲ့ ဓာတ်ဆာထုပ်တွေက ဦးရွှေအုန်းအိမ်မှာ ဒီအတိုင်းပဲချထားခဲ့ကြတာ၊ ဦးဝီရသူကို ကုမ္ပဏီနဲ့ပက်သက်ပြီး သံသယဖြစ်လို့ လက်မခံလိုက် တာပဲ”ဟု ပြောသည်။

အဆိုပါလှုဒါန်းမှုများနှင့် ပက်သက်၍ ဆရာတော်ဦးဝီရသူ၏ တပည့်ဖြစ်သူ အရှင်အရိယာဝံသ (ပေါက်ကိုယ်တော်) ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အောင်သပြေကိစ္စတွင် မတရားဖမ်းဆီးခံထားရသူများနှင့် လိုအပ်သည့် အကူအညီများ ပေးရန် သွားရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း မိန့်ကြားသည်။

အရှင်အရိယာဝံသ(ပေါက်ကိုယ်တော်) က “သွားရောက်လှူဒါန်းမှုမှာ ဦးဇင်ကိုယ်တိုင်ပါပါတယ်၊ ငွေသား တပြားမှ မလှူခဲ့ပါဘူး၊ ရေသန့်ဗူးတွေနဲ့ ဓာတ်ဆား တွေကိုတော့ ထားပစ်ခဲ့ရတာပါ၊ ဒါကိုတောင် သူတို့က လက်မခံရဲဘူး ဖြစ်နေကြတာ၊ သူတို့ဒုက္ခရောက်နေကြတာကို ဆရာ တော်က သိလို့ တရားပွဲက ရတာလေးနဲ့ အချုပ်သား ၈ ယောက်အတွက်ကို အဓိကထား ပေးတာပေါ့နော်၊ ဒါကိုရွာသူရွာသား တွေက ကြောက်ပြီး လက်မခံရဲဘူး၊ ဦဇင်းတို့သွားကြတယ်ဆိုတာကလည်း လိုအပ်တဲ့ အကူအညီပေးဖို့နဲ့ လေ့လာတဲ့ သဘောပါပဲ” ဟု မိန့်ကြားသည်။

အောင်သပြေ ဒေသခံများ အနေဖြင့် ဦးဝီရသူကို သံဃာတပါးအဖြစ် အသိအမှတ်ပြုသော်လည်း လှုဒါန်းမှုကို လက်မခံခဲ့ရ ခြင်းမှာ နိုင်ငံရေးအသုံးချခံ မဖြစ်လိုသည့်အတွက်ဟု သိရသည်။

ဦးရွှေအုန်းက “လက်ရှိ ကျနော်တို့ရွာမှာက ပစ်မယ်၊ ခတ်မယ်၊ ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး ပိတ်ဆို့တာတွေ လုပ်နေတဲ့အချိန်မှာ ကျနော်တို့ဒေသခံတွေဟာ နိုင်ငံရေးကို လုံးဝနားမလည်တဲ့သူတွေ ဖြစ်တော့ နိုင်ငံရေး ကစားကွက်အနေနဲ့ ထိုးနှက်ပြီးတော့လုပ်ကြံမှုတွေ အမျိုးမျိုးခံနေရပြီး သူတို့လုပ်သမျှ ဒီအတိုင်းထိုင် ကြည့်နေရတယ်၊ ဒီလိုအချိန်မှာ ဆရာတော်ဦးဝီရသူ လာလှူလိုက်တဲ့ဟာကို လက်ခံလိုက်ရင် နိုင်ငံရေးကစားကွက်ထဲ ရောက်သွားမှာ ဆိုးလို့ လက်မခံလိုက်တာပါ” ဟု ပြောသည်။

အောင်သပြေဒေသခံများ အနေဖြင့် ဦးဝီရသူ လှူဒါန်းမှုများကို လက်မခံခဲ့သော်လည်း မန္တလေး နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ ကူညီထောက်ပံ့မှုကို မေလ ၁၈ ရက်နေ့တွင် လက်ခံခဲ့ကြောင်း သိရသည်။

အောင်သပြေ ကျေးရွာအနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းနှင့်ပက်သက်၍ အောင်သပြေ ကျေးရွာမှ ရွာသူရွာသားများက မေလ ၁၄ ရက်နေ့မှ စတင်ကာ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရေးအတွက် ကျေးရွာ အဝင်လမ်းကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ ကြသည်။

အဆိုပါကဲ့သို့ဆန္ဒထုတ်ဖော်ရာသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး လမ်းပိတ်ဆို့မှုအား ဖယ်ရှားပေးရန် ပြောဆိုရာ ဒေသခံများနှင့် တင်းမာမှုဖြစ်ပေါ်ခဲ့ကာ မေလ ၁၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ဆန္ဒပြနေကြသည့် ဒေသခံတို့ကို ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော် အင်အားအသုံး၍ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

ထိုကဲ့သို့ လူစုခွဲခဲ့ရာ ပစ်ခတ်ဖြိုခွင်းမှုအား Live လွှင့်နေသည့် မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနက သတင်းထောက်တစ်ဦးနှင့်ဒေသခံ ၃ ဦး ထိန်းသိမ်းခံခဲ့ရပြီး ၁၈ဦးဒဏ်ရာရရှိခဲ့သလို ရဲတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရ ရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသခံများက စီမံကိန်းဝင်း အတွင်းရှိ ကားများနှင့် အဆောက်အအုံများအား မေ ၁၅ နံနက် ၈ နာရီကျော် အချိန်က ဝင်ရောက်မီးရှို့ခဲ့ရာ ကား ၂ စီး ဆိုင်ကယ် ၃ စီးမီးလောင်ခဲ့သလို အခြားပျက်ဆီး ဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၂ခုနှစ်ကတည်းက လျာထားခဲ့ရာ ဒေသခံများ ကန့်ကွက်မှုရှိခဲ့ခြင်းကြောင့် ရပ်နားထားခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပဒေနှင့် ညီညွှတ်မှုရှိသည်ဟု ဆိုကာ ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်းဟု သိရသည်။

You may also like these stories:

မြန်အောင်တွင် ဘုန်းကြီး အချင်းချင်း ဓားခုတ်မှုကြောင့် တပါး ပျံလွန်

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

အီရန် ပြဿနာ တင်းမာနေချိန် ဆော်ဒီရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရ

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ယာယီ ပြေလည်

ထိုင်းကြည်းတပ် အမေရိကန် သံချပ်ကာ ကားများ ဝယ်ယူရန် သဘောတူညီမှုရရှိ

Your Thoughts …
Tags: ဘီလပ်မြေစက်ရုံအရှင်အရိယာဝံသဦးဝီရသူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးဝီရသူ ပြန်လာပြီ

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
10.1k

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်”

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

by မောင်ကဝိ
19 August 2024
5.6k

စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ သူ့ရဲ့ မအောင်မြင်တဲ့ ခေါင်းဆောင်မှုကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ ညည်းတွားနေကြတယ်။

ဦးဝီရသူကို ကယ်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ

ဦးဝီရသူကို ကယ်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ

by အောင်သူရ
21 July 2025
5.6k

ငြိမ်းချမ်းရေးစင်တာဟုဟာ အမည်တပ်ထားသော်လည်း အမုန်းတရားဖြန့်ဝေသူကို ရဲက ဖမ်းဆီးမည့်ကိစ္စအား MPC လူကြီးများက တားမြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

by Nandita Haksar
24 June 2024
2.3k

"ပန်းလေးတပွင့် ကိုင်ထားသူကို စစ်တပ်က ဘာကြောင့် ကြောက်တာလဲ"

၂၀၁၉ ခုနှစ် မေလ ၅ ရက် ရန်ကုန်တွင် ပြုလုပ်သော ၅၉ စ မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူ တရားဟောစဉ်  / ဧရာဝတီ

ဦးဝီရသူကို စစ်ကောင်စီ၏ သဘောဆန္ဒအတိုင်း လွတ်ငြိမ်းခွင့် ပေးလို့ မရ

by ဧရာဝတီ
1 September 2021
91.6k

ဦးဝီရသူကို လွတ်ငြိမ်းခွင့် ပေးမရခြင်းမှာ ၎င်းကို တရားလို ပြုလုပ်ထားသူမှာ ယခင် နိုင်ငံတော် အစိုးရ ကိုယ် စား ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကိုယ်တိုင် ဖြစ်နေ၍ လူပုဂ္ဂိုလ်က တရားလို မဟုတ်သဖြင့် ကျေးအေးခွင့် မရှိသည့်...

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

by ဧရာဝတီ
21 February 2023
10.2k

အခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

Next Post
ကိုရီးယား သရုပ်ဆောင် Mah Wom Woo နဲ့ သရုပ်ဆောင် ထွန်းကိုကို 

ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို

"Facial Recognition" မျက်နှာဖတ် နည်းပညာသစ်

ဆန်ဖရန်စစ္စကိုမြို့မှာ မျက်နှာဖတ်တဲ့ နည်းပညာ အသုံးမပြုရန် တားမြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved