• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တင်ဒါ မခေါ်ဘဲ လမ်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ ကိစ္စ အစိုးရ စိစစ်ပေးရန် တိုက်တွန်း 

by ဉာဏ်စိုးဝင်း
30 May 2019
in သတင်း
A A
အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းအား တွေ့ရစဉ် / ရွှေရိုး

အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းအား တွေ့ရစဉ် / ရွှေရိုး

25.2k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် အစိုးရအဖွဲ့က ရေးမြို့ရှိ ကျေးရွာချင်းဆက် လမ်းအား တင်ဒါ မခေါ်ဘဲ ကုမ္ပဏီ တခုကို လုပ်ကိုင်ခွင့် ပြုခြင်း အပေါ် ပြည်ထောင်စု အစိုးရက စုံစမ်းစိစစ် ဆောင်ရွက်သင့်ကြောင်း မွန်ညီညွတ်ရေး ပါတီ တည်ထောင်သူ များက သဘော ထား ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် မီနီ ဘတ်ဂျက်ထဲမှ ကျပ်သန်း ၁၀၀၀ ဖြင့် လမ်းခင်းခဲ့သော ရေးမြို့နယ်ရှိ အောင်သပြေကျေးရွာ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါ မခေါ်ဘဲ Southern Myanmar Development (SMD)အား လုပ်ကိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း မွန်ညီညွတ်ရေး ပါတီ၏ မေ ၂၇ ရက်က ထုတ်ပြန်ချက်၌ ပါရှိသည်။

မွန်ညီညွှတ်ရေး ပါတီ တည်ထောင်ခွင့်ရသူများ အဖွဲ့ ခေါင်းဆောင် နိုင်လယီတမက“ထုတ်တဲ့ ရည်ရွယ်ချက်က လွှတ်တော် နဲ့ အစိုးရကြားမှာ အပြန်အလှန် ထိန်းကျောင်းမှုတွေ အားနည်းသွားနိုင်တဲ့ စိုးရိမ်ချက်နဲ့ ထုတ်တာ။ ဘယ် ဥပဒေ၊ ဘယ်ပုဒ်မ နဲ့ ဘယ်သူက မှားတယ်၊ မှန်တယ် ဆိုတဲ့ အပေါ်မှာ ကျနော်တို့က ဝေဖန်ချက်ပေးဖို့ မရှိဘူး။ သို့သော်လည်းပဲ ပြည်သူတွေ ရဲ့ စိတ်ထဲမှာ ရှင်းသွားအောင် ရှင်းလင်းချက်ပေးဖို့ပဲ တိုက်တွန်းတာ” ဟု ပြောဆိုသည်။

ထုတ်ပြန်ချက်ထဲတွင် မေ ၃ ရက်က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ မေးမြန်းခဲ့သော အောင်သပြေ- နှစ်ကရင် ကျေးရွာချင်း ဆက်လမ်းခင်း ကိစ္စကို ပြည်ထောင်စု အစိုးရ က ပွင့်လင်းမြင်သာစွာ စုံစမ်း စိစစ်ဆောင်ရွက်သင့်ကြောင်း လေးနက်စွာ တိုက်တွန်းအပ်ပါသည် ဟု ပါရှိသည်။

ထိုကိစ္စရပ်အား ရှေ့ဆက် မည်သို့ ကိုင်တွယ်ဆောင်ရွက်ရန်ရှိသည်ကို ပြည်သူတို့အား ရှင်းလင်းချက် ပေးသင့်ကြောင်း မွန်ပြည်နယ် လွှတ်တော်နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့အား တိုက်တွန်းထားကြောင်းလည်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြ ထား သည်။

အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းခင်မှုအား တင်ဒါမခေါ်ဘဲ SMD ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၁၃ ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက မေးမြန်းခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်တို့က ပြန်လည် ဖြေကြားခဲ့သည်။

ဦးမင်းကျော်လွင်က အောင်သပြေ-နှစ်ကရင် လမ်းလုပ်ငန်း ဆောင်ရွက် ချိန်သည် မိုးတွင်းကာလဖြစ်၍ လုပ်ငန်းဆောင် ရွက်ရန် အချိန်ကာလ တိုတောင်းသဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်စေရေး အတွက် ပြည်နယ် အစိုးရအဖွဲ့၏ ဆုံးဖြတ် ချက်ရယူရာ ပြည်နယ်အစိုးရ အစည်းအဝေး ဆုံးဖြတ်ချက် အရ Bedok ကုမ္ပဏီကို လုပ်ငန်း ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း မေ ၃ ရက် ပြည်နယ် လွှတ်တော် အစည်းအဝေး၌ ပြောဆိုထားသည်။

၂၀၁၈ မီနီဘတ်ဂျက်တွင် တင်ဒါ ကင်းလွတ်ခွင့် ရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက် ရှိခြင်းကြောင့် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းခင်းရာတွင် တင်ဒါ မခေါ်စေဘဲ ကုမ္ပဏီ အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကလည်း မွန်ပြည်နယ် လွှတ်တော်သို့ တင်ပြ ထား သည်။

ထို့ပြင် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းခင်းခဲ့သော နေရာမှာ မွန်ပြည်နယ် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နေရာသို့ သွားရာလမ်းကြောင်း တခု ဖြစ်၍ ထိုစီမံကိန်းကြီး ဖြစ်မြောက်လာပါက မွန် ပြည်နယ် အတွက် များစွာ အကျိုးရှိစေမည်ဟု ၎င်းက ဆိုထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
37
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးဟောင်း ဖြစ်ခဲ့သည့် မော်လမြိုင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးမင်းထင်အောင်ဟန်က တင်ဒါ မခေါ်ခြင်း ကိစ္စမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် လုံးဝ မသက်ဆိုင်ကြောင်းနှင့် ဝန်ကြီးချုပ်၏ ပြောဆိုစကားကို ဝန်ကြီးချုပ်ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ထံ တုံ့ပြန် ပြောထားမှုလည်း ရှိသည်။

မွန်ပြည်နယ် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို မြန်မာနိုင်ငံမှ Bedok Construction & Engineering Group ကုမ္ပဏီ၊ စင်ကာပူနိုင်ငံမှ Asia Tech (Energy) ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ Siam Gas and Petrochemicals (PLC) ကုမ္ပဏီတို့ ပါဝင် သည့် Southern Myanmar Development (SMD) ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းအား မြေသားပေါင် ချဲ့ခြင်း နှင့် ကွန်ကရစ်လမ်းခင်းခြင်းတို့ အတွက် ကျပ်သန်း ၅၀၀ ကို အသုံးပြုခဲ့ရာ၌ နိုင်ငံတော် သမ္မတရုံး တင်ဒါ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက် ၁/၂၀၁၇ ဖြင့် ဆောင်ရွက်ကာ ကုဋေကုဋာ ကုမ္ပဏီမှ တင်ဒါ အောင်မြင်ခဲ့သည်။

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း အောင်သပြေ-နှစ်ကရင်လမ်းကို ပြည်နယ် ရန်ပုံငွေဖြင့် ကျေးလက် လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများထဲ၌ ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်း တို့အား ဘဏ္ဍာငွေကျပ်သန်း ၇၅၇ သန်း အသုံးပြုရန် မွန်ပြည်နယ် လွှတ်တော်ထံ ထပ်မံ တင်ပြထားကြောင်း စုံစမ်း သိရှိရသည်။

You may also like these stories:

တင်ဒါ စည်းကမ်းများ မလိုက်နာလျှင် ပြင်းထန်စွာ အရေးယူမည်ဟု သမ္မတ သတိပေး

နိုင်ငံတော် အတိုင်ပင်ခံ၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လမ်းဖောက်ခွင့်ပြုခဲ့ဟုဆို

Your Thoughts …
Tags: SMDကျေးရွာချင်းဆက်လမ်းတင်ဒါမွန် ညီညွတ်ရေး ပါတီမွန်ပြည်နယ် အစိုးရ
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

ပေါက်ခေါင်းတိုက်ပွဲအပြီး ရိုးမဖြတ်လမ်းများ စစ်ကောင်စီ ဖျက်ဆီး

ပေါက်ခေါင်းတိုက်ပွဲအပြီး ရိုးမဖြတ်လမ်းများ စစ်ကောင်စီ ဖျက်ဆီး

by ဧရာဝတီ
3 July 2025
1.8k

ပဲခူးရိုးမအတွင်း ခြေကုတ်ယူထားကြသည့် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေ ကျယ်ပြန့်လာမှုနှင့်အတူ သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းအား ဖြတ်တောက်နိုင်ရေး ရိုးမအရှေ့ခြမ်းနှင့်အနောက်ခြမ်း အဓိကဆက်သွယ်ရေးလမ်းဖြစ်သော ပေါက်ခေါင်း-အုတ်တွင်းလမ်းနှင့် ချိတ်ဆက်ထားရာ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင်းမှ ကျေးရွာချင်းဆက်လမ်းများကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီးနေကြောင်း

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ  / Mon State Parliament

နိုင်ငံတော် အတိုင်ပင်ခံ၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လမ်းဖောက်ခွင့်ပြုခဲ့ဟုဆို

by ဉာဏ်စိုးဝင်း
5 May 2019
29.9k

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း စီမံကိန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း

မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ မြန်မာ့ပထမဆုံး ဆိုလာစီမံကိန်

စစ်ကောင်စီ၏ ဆိုလာစီမံကိန်း တင်ဒါခေါ်ယူမှု ကုမ္ပဏီ၂ ခုသာ ဝင်ပြိုင်

by ဧရာဝတီ
12 October 2022
4.2k

စစ်ကောင်စီ၏ တင်ဒါပြန်လည် ခေါ်ယူသော အဆိုပါ စီမံကိန်း ၁၈ ခုကို အထက်ပါ ကုမ္ပဏီ ၂ ခုက မန္တလေးတိုင်း သာစည်မြို့နယ်နှင့် ရန်ကုန်တိုင်း ဝါးတရာမြို့နယ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး...

၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင် တခု / ဧရာဝတီ

ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

by ဧရာဝတီ
1 June 2021
31.3k

ပြည်ပမှ တင်သွင်းရသော ဆောက်လုပ်ရေး ကုန်ကြမ်းများနှင့် ပြည်တွင်း၌ ထုတ်လုပ်နေသော ဘိလပ်မြေဈေး နှုန်းများ မြင့်တက်လာခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် အစိုးရ တင်ဒါလုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် ဆောက်လုပ်ငန်းရေး လုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ အများအပြား ဖြစ်ပေါ်

လက်ခုပ်ကုန်းကမ်းခြေနှင့် ဟိုတယ်တချို့ကို ၂၀၁၅ ခုနှစ်က တွေ့ရစဉ် / Thet Hnin

လက်ခုပ်ကုန်း ဟိုတယ်စီမံကိန်း အပြိုင်တင်ဒါ အစိုးရခေါ်ယူ

by မျိုးပပစန်း
3 November 2020
13.5k

သူနဲ့ အပြိုင် ငှားရမ်းခတွေ ဘာတွေ ပေးနိုင်တဲ့ကုမ္ပဏီကို အခု တင်ဒါခေါ်တာ ၁ လ အချိန်ပေးတာ ဒီလ ၂၆ ရက်မှာ ပြည့်မှာ ဆိုတော့ လာပြီး တင်ဒါပြိုင်တဲ့သူရှိရင် စိစစ်မယ်။ နိုင်ငံတော် သမ္မတရုံးကို...

နမ္မတူရှိ သတ္တုကျိုချက် ခွဲထုတ်စက်ရုံကြီး  / ဧရာဝတီ

စစ်ကောင်စီ၏ ဆိုလာပါဝါ စီမံကိန်း တင်ဒါခေါ်ယူမှု ကုမ္ပဏီ ၄၀ခန့် ဝင်ပြိုင်ရန် စီစဉ်နေ

by ဧရာဝတီ
1 July 2021
43.8k

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မှု ရပ်တန့်နေသဖြင့် လျှပ်စစ် လိုအပ်ချက်သည် မျှော်မှန်းထားသလောက် မရှိနိုင်၍ လုပ်ငန်း တွက်ခြေ မကိုက်နိုင်သည့် အခြေအနေများကြောင့် ပြည်တွင်းက လျှပ်စစ်ထုတ် လုပ်ရေး ကုမ္ပဏီအများစုအနေဖြင့် အဆိုပါ တင်ဒါကို စိတ်ဝင်စားမှု...

Next Post
သန့်စင်ပြီး ရှားပါးမြေ သတ္တုများ နမူနာ ပြသထားစဉ် / Reuters

ရှားပါးသတ္တုဖြင့် အမေရိကန်ကို တန်ပြန်ထိုးနှက်ရန် တရုတ်အသင့်ရှိ

ရန်ကုန် ဒုမြို့တော်ဝန် ဦးစိုးလွင်  / သဇင်လှိုင် / ဧရာဝတီ

ရန်ကုန် ဒုမြို့တော်ဝန်အား ကန့်ကွက်ချက် ဝန်ကြီးချုပ်ထံ တိုက်ရိုက် ပို့ထားဟု ဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved