• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုမ္ပဏီ ၁၀၀ ကျော်၏ ပို့ကုန်/သွင်းကုန် လိုင်စင်များ အပိတ်ခံရတော့မည်

by ထက်နိုင်ဇော်
30 May 2019
in သတင်း
A A
ရန်ကုန်ဆိပ်ကမ်းတွင် တွေ့ရသည့် ကုန်သေတ္တာများ / ဧရာဝတီ

ရန်ကုန်ဆိပ်ကမ်းတွင် တွေ့ရသည့် ကုန်သေတ္တာများ / ဧရာဝတီ

35.2k
VIEWS
Share on FacebookShare on Twitter

ပြည်ပနိုင်ငံတချို့နှင့် ပို့ကုန်/သွင်းကုန်များ ဆောင်ရွက်ပြီးသည့်အခါ ရရှိလာသည့် ငွေကြေးကို ဗဟိုဘဏ်ထဲသို့ ၆ လ အတွင်း ပြန်ထည့်ရသော်လည်း လာရောက်ထည့်သွင်းခြင်း မရှိသည့် ကုမ္ပဏီ ၁၁၀ ခန့်၏ ပို့ကုန်/သွင်းကုန် လိုင်စင်များကို ပိတ်သိမ်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စီစဉ်လျက် ရှိကြောင်း သိရသည်။

ယင်းငွေကြေးများသည် နှစ်ပေါင်းများစွာ ကြာအောင် ဗဟိုဘဏ်ထဲသို့ ရောက်ရှိလာခြင်း မရှိသဖြင့် ဗဟိုဘဏ်က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကို ထုတ်ပြန် ကြေညာ သတိပေးရန် အကြောင်းကြာလာသဖြင့် ရက်ပေါင်း ၆၀ အချိန်ပေး ခဲ့ကြောင်း၊ ယခု ထပ်မံ ၁၅ ရက် အချိန်ပေး ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ဦးအောင်ထူး က “၁၅ ရက်ပြည့်လို့မှ သူတို့ ပိုက်ဆံ မသွင်းဘူးဆိုရင် အဲဒီကုမ္ပဏီတွေကို ကျနော်တို့ဘက်က အရေးယူနိုင်တာကတော့ ပို့ကုန်/ သွင်းကုန် ခွင့်ပြုတဲ့ လက်မှတ်တွေကို ကျနော်တို့ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ကုမ္ပဏီပေါင်း ၁၀၀ ကျော်လောက် ပါဝင်ပတ်သက်နေတဲ့ သဘော ရှိပါတယ်။ အဲဒီ ကုမ္ပဏီတွေထဲမှာလည်း နာမည်ကြီးတဲ့ ကုမ္ပဏီတွေလည်း ပါနေတာကို တွေ့ရပါတယ်”ဟု မေ ၂၉ ရက်နေ့က နေပြည် တော်တွင် သတင်းထောက်များကို ပြောသည်။

ရန်ကုန်မြို့ မှ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက မြန်မာ ကုန်သည်များသည် တရုတ်ပြည်ထဲသို့ ရောင်း၍ရသည့် ကုန်ပစ္စည်းများမှ ငွေမှာ ယွမ်ငွေဖြင့်သာ ရကြောင်း၊ ယင်းငွေကို မြန်မာပြည်ထဲသို့ ထည့်၍ မရသည့်အခါ ယင်းယွမ်ငွေကို စင်ကာပူ တဆင့် မြန်မာပြည်ထဲသို့ အထည့်ပြရကြောင်း၊ ယခုအခါ ယင်းငွေကြေးကို ထည့်ခိုင်းနေခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ဒေါက်တာ စိုးထွန်း က “ကျနော်တို့က ယွမ်ရတယ်။ အဲဒီငွေကို အကောင့်ထဲကို တရားဝင် ဝင်ဖို့ကို ပြောတာ။ ကျနော်တို့ ကိုယ့်ပိုက်ဆံကို ကိုယ့်အကောင့် ထဲကိုပဲ ထည့်ရတာ။ ဒါက Import ၊ Export တင်သွင်းတဲ့သူတွေရဲ့ လုပ်ရမယ့် တာဝန်ပါ”ဟု ပြောသည်။

ယခုလို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည့် နောက်ပိုင်တွင်း စာရင်း လာရှင်းသည့် ကုမ္ပဏီ တချို့လည်း ရှိကြောင်း၊ စာရင်းလာမရှင်းသည့် ကုမ္ပဏီများကိုမူ လိုင်စင်ပိတ်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။

ဒုဝန်ကြီး ဦးအောင်ထူးက “အဲဒီ ၁၅ ရက်ပြည့်တာနဲ့ သူတို့ရဲ့ ပို့ကုန်/သွင်းကုန် လိုင်စင်တွေကို ပိတ်သိမ်းတော့မှာပါ။ ကုမ္ပဏီ ၁၁၀ မှာ (ကျပ်) သန်း ၂၀ ကျော် ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းက ဒေါ်လာဈေးများ ရုတ်တရက် ထိုးကျရသည့်အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှာဖွေကြည့်ရာ ပို့ကုန်/သွင်းကုန်ကဏ္ဍတွင် နိုင်ငံခြား ငွေကြေး အသုံးများသည်ဟု ဗဟိုဘဏ်က သုံးသပ်သဖြင့် တရုတ်သို့ သကြားကို Re-export တင်ပို့နေမှုကို ပိတ်ပေးလိုက်ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဒုဝန်ကြီး ဦးအောင်ထူးက “အဲဒီတုန်းက ဗဟိုဘဏ်က ဘယ်လို သုံးသပ်လဲ ဆိုတော့ ဒီသကြားကို တင်သွင်းလိုက်တဲ့ အချိန်နဲ့ ပြန်ရောက်လာတဲ့အချိန်က အချိန် ၁ နှစ်ကြာတယ်။ အဲဒီတော့ ဒီကြားမှာ နိုင်ငံ ခြားငွေတွေကို အသုံးပြုတာ များတဲ့အတွက်ကြောင့်မိုလို့ ဒေါ်လာဈေးက ပြုတ်ကျတယ်လို့ သူတို့အနေနဲ့ သုံးသပ်တယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “ဒါကို ပိတ်ပေးပါ ဆိုတဲ့အခါကျတော့ ကျနော်တို့ အနေနဲ့ ပိတ်ပေးလိုက်တာ ရှိပါတယ်။ Re-export ကြောင့် ဖြစ် သွားတာတော့ မဟုတ်ဘူး။ ဖြစ်သွားပြီးတဲ့အခါကျမှ ဒီဟာက Re-export ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တဲ့ အတွက်ကြောင့် သူတို့က မေတ္တာရပ်ခံတဲ့အခါ ကျနောတို့ ပိတ်လိုက်တာ ရှိပါတယ်” ဟု ပြောသည်။

ထိုစဉ်က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ကို စက်မှု လုပ်ငန်းသုံး သကြားများ သွင်းခွင့်ပေးခြင်းနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိဟု ဆိုကာ ဌာနဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရပြီး ရာထူးတာဝန်မှ အနားပေးခဲ့သည်။

ပြည်တွင်း လုပ်ငန်းများတွင် သကြား လိုအပ်ချက် ရှိပါက စီးပွား/ကူးသန်း၊ ပြည်တွင်း အခွန်၊ အကောက်ခွန်၊ စက်မှုကြီး ကြပ်ဌာန တို့က ကွင်းဆင်း စစ်ဆေးရပြီး စိစစ်မှုများ ပြီးသည့်အခါ ယင်းပူးပေါင်း အဖွဲ့၏ ထောက်ခံချက်အပေါ် မူတည်၍ တလလျှင် သကြား မည်မျှ သွင်းခွင့်ပေးကြောင်း စီးပွား/ကူးသန်းက ဆုံးဖြတ်ပေးရသည်ဟု သိရသည်။

ယခုအခါ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးများကို နေပြည်တော်တွင် ပြုလုပ်လျက်ရှိပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီး ဌာန၊ ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

You may also like these stories:

ရန်ကုန်ရှိ ကုန်သေတ္တာတင်ယာဉ်များကို အများပိုင် ကုမ္ပဏီအောက် ထားရှိရန် စီစဉ်

Your Thoughts …
Tags: ပို့ကုန်လိုင်စင်သွင်းကုန်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

by ဧရာဝတီ
26 July 2025
5.9k

ထိုင်း စတော့ အိတ်ချိန်း ရဲ့ ညွှန်းကိန်းဟာလည်း ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

သွင်းကုန်အပေါ်  စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

သွင်းကုန်အပေါ် စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

by ဧရာဝတီ
12 August 2024
4.3k

ရည်ညွှန်းဈေး သတ်မှတ်၍ တင်သွင်း ရောင်းချစေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ဘဲ လက်ရှိ ဈေးနှုန်းသတ်မှတ်လုပ်ဆောင်နေသော စက်သုံးဆီ၊ ဒေါ်လာ၊ ရွှေ၊ အခြေခံစားသောက်ကုန်တို့ကဲ့သို့ပင် ပစ္စည်းပြတ်လပ်ခြင်းနှင့် မှောင်ခိုဈေးကွက်သို့သာ ဦးတည်နိုင်ကြောင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

by ဧရာဝတီ
19 October 2023
2.6k

ယခုဘဏ္ဍာနှစ်၏ ကျန်ရှိသော ၆ လတာကာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၆ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ဒသမ ၅)ဘီလီယံ အထိ ရရှိရန် လျာထားပြီး သွင်းကုန်ထက်...

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

by ဧရာဝတီ
16 January 2025
2.3k

တရက်လျှင် ၈ နာရီသာပေးနိုင်မည်ဟု စစ်ကောင်စီကြေညာထားသော်လည်း မီးလာရမည့် အချိန်မှာ ပင် မီးမမှန်သောကြောင့် အများစုမှာ မီးစက်၊ ဆိုလာနှင့် အားသွင်းအသုံးပြုရသည့် လျှပ်စစ်ပစ္စည်းတို့ကိုသုံးစွဲလာရပြီး ယင်းပစ္စည်းများလည်း ပြည်ပမှသွင်းရ၍ ဒေါ်လာငွေလိုအပ်ချက်ရှိလာ

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

by ဧရာဝတီ
17 December 2023
2.3k

ပဋိပက္ခအခြေအနေများနှင့်အတူ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု စသည့် အခြေအနေပေါင်းစုံ ရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိမည်ဖြစ်ပြီး စီးပွားရေးမှာ နလံမထူဖြစ်နေမည်

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

by ဧရာဝတီ
11 January 2024
2.2k

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီကုန်သွယ်ရေးသို့သွားရာ အာရှလမ်းမကြီးသည် တိုက်ပွဲများကြောင့် ပိတ်ထားရသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို မြဝတီဂိတ်အစား တခြားလမ်းကြောင်းများမှ ပြောင်းလဲတင်ပို့ရန် စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း အလုပ်မဖြစ်နိုင်ကြောင်း ကုန်သည်များက ပြောသည်။

Next Post
ဒေါ်လာ ၉၀ တန် Echo Show 5

ဒေါ်လာ ၉၀ တန် Echo Show 5 ကို Amazon မိတ်ဆက်

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်သည် ဆိုသော တွံတေးမြို့နယ်အတွင်းရှိ မြေနေရာ တခု / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့သစ်သည် ချေးငွေနှင့် ဝန်ပိစေမည့် စီမံကိန်း မဟုတ်ဟု ဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved