• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဝီရသူ တလအတွင်း လာရောက် ဖြေရှင်းရန် တရားရုံး ဆုံးဖြတ်

by ထွန်းထွန်း
9 July 2019
in သတင်း
A A
ရန်ကုန်တွင် ပြုလုပ်သော အမျိုးသားရေး လှုပ်ရှားမှု ပွဲတခုတွင် တွေ့ရသည့် ဆရာတော် ဦးဝီရသူ  /  အောင်ကျော်ထက်  / ဧရာဝတီ

ရန်ကုန်တွင် ပြုလုပ်သော အမျိုးသားရေး လှုပ်ရှားမှု ပွဲတခုတွင် တွေ့ရသည့် ဆရာတော် ဦးဝီရသူ / အောင်ကျော်ထက် / ဧရာဝတီ

12.9k
VIEWS
Share on FacebookShare on Twitter

ဦးဝီရသူ၏ အမှုအတွက် တရားလိုသက်သေ ထွက်ဆိုချက်များအရ ပြစ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုံလောက်မှု ရှိ၍ ၎င်းအနေဖြင့် တလအတွင်း လာရောက်ဖြေရှင်းရန် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။

ရာဇဝတ်ကျင့်ထုံး (၈၇၊ ၈၈) အရ သြဂုတ်လ ၉ ရက်နေ့မတိုင်မီ အမှုနှင့်ပတ်သက်ပြီး လာရောက်ဖြေရှင်းရန် အသိပေး ကြေညာ ချက်အား ဦးဝီရသူ နေထိုင်ခဲ့သည့် မစိုးရိမ်ကျောင်းတိုက်နှင့် တရားရုံးတို့တွင် အများသိရှိ နိုင်ရန် ကပ်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

အမှုမျက်ကွယ် စစ်ဆေးရာတွင် တရားလိုပြသက်သေ ၉ ဦးအနက် ကျန်ရှိသည့် ကျောက်တံတားမြို့နယ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် ရာအိမ်မှူး ဦးကျော်ကျော်သိန်း၊ (၂) ရပ်ကွက် ဆယ်အိမ်မှူး ဦးလှိုင်မျိုးထွန်း တို့အား ယနေ့ရုံးချိန်းတွင် အပြီးစစ်ဆေးခဲ့ပြီးနောက် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံး ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က“တရားရုံးများလက်စွဲ အပိုဒ် ၅၁၃၊ အပိုင်ခွဲ(၅)အရလည်းကောင်း၊ ရာဇဝတ် ကျင့်ထုံးပုဒ်မ (၈၇၊ ၈၈) အရလည်းကောင်း ကြေညာချက် ထုတ်ပြန်တယ်၊ ကြေညာချက်ကို ၉.၈. ၂၀၁၉ ရက်မှာ ပြန်တင်ပြဖို့ ချိန်းထားတယ်၊ ရဲကတော့ ကြေညာချက်ကို တိမ်းရှောင်သူ နေတဲ့မြို့၊ ရွာတွေမှာ ကပ်တာ လုပ်ရမယ်၊ တရားရုံးမှာလည်း ကပ်ထားမယ်”ဟု ပြောသည်။

တရားရုံးများ လက်စွဲ အပိုဒ် ၅၁၃၊ အပိုင်ခွဲ(၅) တွင် သက်သေခံချက်များသည် ပြစ်မှုလုံလောက်စွာ ယုတ္တိ ထင်ရှားရှိလျှင် ရာဇဝတ် ကျင့်ထုံးပုဒ်မ ၈၇၊ ၈၈ အရ သတ်မှတ်ရက် အတွင်း လာရောက်ဖြေရှင်းရန် ကြေညာ ရမည်ဖြစ်ပြီး ယုတ္တိထင်ရှားမှု မရှိပါက လာရောက်ဖြေရှင်းရန် ကြေညာစာ ထုတ်ခြင်းနှင့် ပစ္စည်းဖမ်းဝရမ်း ထုတ်ခြင်းတို့ကို တရားသူကြီးက ငြင်းပယ်ရမည် ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၈၇ နှင့် ၈၈ တို့သည် တိမ်းရှောင်နေသူတဦးအား သတ်မှတ်ထားသည့် နေ့ရက်နှင့်နေရာသို့ လာရောက် ရန် အသိပေးကြေညာခြင်းနှင့် ထိုသူပိုင် မည်သည့်ပစ္စည်းကိုမဆို ဝရမ်းကပ်ရန် အမိန့် ထုတ်နိုင်သည့် ပုဒ်မများ ဖြစ်ကြောင်း သိရသည်။

တလ အတွင်း ဖြေရှင်းရန် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၈၇ အရ ကြေညာခံရသည့် ဦးဝီရသူအနေဖြင့် သတ်မှတ်ရက် အတွင်း လာရောက်ခြင်းမရှိပါက တရားခံပြေးအဖြစ် ကြေညာခံရနိုင်သည့်အပြင် တရားလိုသက်သေများ၏ထွက်ဆိုချက်၊ သက်သေခံ တင်ပြချက်များအား ပြန်လှန်မေးမြန်းခွင့်၊ ကန့်ကွက်ခွင့်များ ဆုံးရှုံးနိုင်ကြောင်း ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့် က ရှင်းပြသည်။

ဦးခင်မောင်မြင့်က“ကျင့်ထုံး ၈၇ အရ ကြေညာတဲ့ သတ်မှတ်ရက် ပြည့်တဲ့အထိ မလာဘူးဆိုရင် တရားခံပြေး တရားဝင် ကြေညာမှာပေါ့၊ ဒီတလအတွင်း အဖမ်းမခံရင် အခုထွက်ဆိုထားတဲ့ သက်သေတွေကို ပြန်စစ်မေးခွင့် မရှိတော့ဘူး၊ ထုချေ ရှင်းလင်းခွင့်တော့ ရှိမယ်၊ အမှုက မျက်ကွယ်စစ်ဆေးတဲ့နေရာမှာတော့ သူ့ကိုမစစ်ဆေးဘဲ အမိန့်ချလို့တော့ မရဘူး”ဟု ရှင်းပြသည်။

ဦးဝီရသူအနေဖြင့် မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အ ပေါ် မလေး မစားဖြစ်ရန်၊ မေတ္တာပျက်ရန် လှုံ့ဆော်ဟောပြောသည်ဟု ဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အရေး ယူပေးရန် အနောက်ပိုင်း ခရိုင်၊ ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားရုံး ဦးတိုက်လျှောက်ကာ တရားစွဲဆို ထားခြင်း ဖြစ်သည်။

တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဦးဝီရသူအား ဇွန်လ ၁၁ ရက်နေ့အထိ နှစ်ပတ်ကြာ ဖမ်းဝရမ်း ထုတ်ခဲ့သော်လည်း ထွက်ပြေး တိမ်းရှောင်နေသည့် အတွက် ဖမ်းမိခြင်း မရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (မဟန) ကလည်း ဦးဝီရသူနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာအရ တရားရုံးက ဆုံးဖြတ်ပြီး မှ သာ ဝိနည်း တရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်သွားရန် ကြေညာထားသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) အရ ပြစ်မှုထင်ရှား စီရင်ခံရပါက အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဌာန်းထားသည်။

You May Also Like These Stories:

ဦးဝီရသူ အမှု လာမည့် ရုံးချိန်း သက်သေများ အပြီး စစ်ဖွယ်ရှိ

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်

ဦးဝီရသူအမှု တရားလိုပြ သက်သေများကို စတင် စစ်ဆေး

Your Thoughts …
Tags: တရားခံပြေးနိုင်ငံတော် အကြည်ညို ပျက်စေမှုဝရမ်းဦးဝီရသူ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဦးဝီရသူ ပြန်လာပြီ

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
10.1k

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်”

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

by မောင်ကဝိ
19 August 2024
5.6k

စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ သူ့ရဲ့ မအောင်မြင်တဲ့ ခေါင်းဆောင်မှုကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ ညည်းတွားနေကြတယ်။

ဦးဝီရသူကို ကယ်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ

ဦးဝီရသူကို ကယ်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ

by အောင်သူရ
21 July 2025
5.6k

ငြိမ်းချမ်းရေးစင်တာဟုဟာ အမည်တပ်ထားသော်လည်း အမုန်းတရားဖြန့်ဝေသူကို ရဲက ဖမ်းဆီးမည့်ကိစ္စအား MPC လူကြီးများက တားမြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

by Nandita Haksar
24 June 2024
2.3k

"ပန်းလေးတပွင့် ကိုင်ထားသူကို စစ်တပ်က ဘာကြောင့် ကြောက်တာလဲ"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဘာကြောင့် ဝရမ်းစာရင်းထဲပါနေလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဘာကြောင့် ဝရမ်းစာရင်းထဲပါနေလဲ (ရုပ်/သံ)

by ဧရာဝတီ
19 February 2025
1.7k

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်တဲ့ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်လာတာ တွေ့ရပါတယ်။

၂၀၁၉ ခုနှစ် မေလ ၅ ရက် ရန်ကုန်တွင် ပြုလုပ်သော ၅၉ စ မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူ တရားဟောစဉ်  / ဧရာဝတီ

ဦးဝီရသူကို စစ်ကောင်စီ၏ သဘောဆန္ဒအတိုင်း လွတ်ငြိမ်းခွင့် ပေးလို့ မရ

by ဧရာဝတီ
1 September 2021
91.6k

ဦးဝီရသူကို လွတ်ငြိမ်းခွင့် ပေးမရခြင်းမှာ ၎င်းကို တရားလို ပြုလုပ်ထားသူမှာ ယခင် နိုင်ငံတော် အစိုးရ ကိုယ် စား ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကိုယ်တိုင် ဖြစ်နေ၍ လူပုဂ္ဂိုလ်က တရားလို မဟုတ်သဖြင့် ကျေးအေးခွင့် မရှိသည့်...

Next Post
ဗိုလ်မှူးမောင်းသည့် ကားနှင့်တိုက်၍ တက္ကသိုလ်ကျောင်းသား သေဆုံးမှု ဥပဒေအတိုင်း အရေးယူပေးစေလို (ရုပ်/သံ)

ဗိုလ်မှူးမောင်းသည့် ကားနှင့်တိုက်၍ တက္ကသိုလ်ကျောင်းသား သေဆုံးမှု ဥပဒေအတိုင်း အရေးယူပေးစေလို (ရုပ်/သံ)

ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးကို တွေ့ရစဉ်  / ထက်ဝေ / ဧရာဝတီ

အိမ်အကူ မကရင်မ ဆွဲကြိုးခိုးဖူးကြောင်း သက်သေတင်သွင်းမှု တရားရုံး ပယ်ချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved