• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖွဲ့စည်းပုံပြင်ဆင်မှု နိုင်ငံ အချုပ်အခြာ အာဏာ ထိခိုက်မည်ကို စိုးရိမ်ဟု တပ်မတော်ပြော

by မိုးမိုး
9 August 2019
in သတင်း
A A
သြဂုတ်လ ၈ ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး တခု / ပြည်ထောင်စု လွှတ်တော်

သြဂုတ်လ ၈ ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး တခု / ပြည်ထောင်စု လွှတ်တော်

15.6k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်လာနိုင်မှုများ ရှိပါက စိုးရိမ် စရာ အချက်များ ဖြစ်ကြောင်း တပ်မတော်က ပြောကြားသည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်၌ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် မောင်မောင်က“ပြင်တဲ့အခါမှာ ပုံစံတွေ ယိုင်ရွဲ့သွားပြီးတော့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲမှုကို ထိခိုက်လာနိုင်တဲ့ ဟာမျိုးတွေ ဆိုရင်တော့ ကျနော်တို့ အနေနဲ့ စိုးရိမ်စရာ အချက်တွေပဲ ဖြစ်ပါတယ်”ဟု မီဒီယာများကို ပြောသည်။

ထိုသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဥပဒေ ရေးဆွဲသည့် အခါတွင် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောသည့်အပေါ် မည်မျှ အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ် မောင်မောင်က“သူတို့ ပြောထားတာကတော့ အစုအဖွဲ့ ၉ ခုနဲ့ အကြံဉာဏ်ယူမယ် ဆိုတာ သိရတယ်။ ဘယ်လောက် အတိုင်းအတာထိ အကြံဉာဏ်ယူမလဲ ဆိုတာ မသိရသေးဘူး။ အရင် အမျိုးသားညီလာခံ လုပ်ခဲ့သလို ကျယ်ကျယ်ပြန့်ပြန့် လုပ်မလား။ သာမန်လောက်ပဲ အကြံဉာဏ်ပေးပါ ဆိုပြီး လုပ်မလား အဲဒါတော့ မသိသေးဘူး။ အခု မဲအသာနဲ့ ခွဲတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ ပြောရ လုပ်ရတာတွေက သိပ်ပြီး ထိရောက်မှု မရှိဘူး။ ကျနော်တို့ အနေနဲ့တော့ ဖြစ်သင့်ဖြစ်ထိုက်တာတွေပဲ အကြံပြုမယ်။ ကျန်တာတော့ လက်ရှိကတော့ သီးခြား လုပ်ဖို့ မရှိပါဘူး”ဟု ပြောဆိုသည်။

လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ ပြင်ဆင်ရမည့် အချက် ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာ တရပ် ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက် နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၉ ရက် လွှတ်တော် အစည်းအဝေး၌ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ အပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးချက်များနှင့် ပတ်သက်၍  ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ သဘော ထားရယူခြင်း တို့ကို ဆောင်ရွက် အပြီး ပြည်ထောင်စု လွှတ်တော် နာယက က စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ များသည့် အတွက် အတည်ပြုခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
593
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
190
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
58

ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၆၀၈ ဦး အနက် ပူးပေါင်းကော်မတီ၏ အစီအရင်ခံစာကို ထောက်ခံသူ ၄၀၁ ဦး၊ ကန့်ကွက်သူ ၁၉၇ ဦး ရှိခဲ့ပြီး ထောက်ခံသူများသဖြင့် ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က အစီအရင်ခံစာကို သဘော တူ အတည်ပြုကြောင်း ကြေညာခဲ့သည်။

လွှတ်တော်က အတည်ပြုလိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာကို ဥပဒေကြမ်း တရပ် ပေါ်ပေါက်လာရန် နိုင်ငံရေး ပါတီများ၊ ဥပဒေ ပညာရှင်များနှင့် ညှိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

၎င်းက“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲတဲ့ ကိစ္စတွေ၊ ဇယား ရေးဆွဲတာတွေကို အမြန်ဆုံး စတင် ဆောင်ရွက်သွားမှာပါ”ဟု မီဒီယာများကို ပြောသည်။

ထိုသို့ ပြင်ဆင်ရေးဆွဲရာတွင် ပူးပေါင်းကော်မတီ အနေဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းကို အဓိကထား ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ကော်မတီသို့ ပေးအပ်ထားသည့် တာဝန်များ၊ လုပ်ငန်းဆောင်ရွက်မှုများက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ မြတ်ဉာဏစိုးက ဆက် ပြောသည်။

တပ်မတော်သား ကိုယ်စားလှယ်များက ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ ဆိုင်ရာ လုပ်ငန်းစဉ်များသည် အခြေခံ ဥပဒေ နှင့် ညီညွတ်ခြင်း မရှိ၍ သဘောမတူကြောင်း မှတ်ချက်ပေးထားပြီး အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာ တွင်လည်း ဝင်ရောက်ဆွေးနွေးခြင်းများ မပြုလုပ်ခဲ့ပေ။

ပြည်ထောင်စု အစိုးရ အဖွဲ့များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ ဥပဒေ ပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲသွားမည် ဖြစ်ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က“ကျနော်တို့ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အနေဖြင့် အစီရင်ခံစာ အပေါ်မှာ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့ အပေါ် ရှင်းလင်း တင်ပြလိုခြင်း မရှိဘဲ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အကြံပြုချက်များ အပေါ်မှာတော့ သေချာစွာ မှတ်သားနာယူ သွားပြီး ရှေ့လုပ်ငန်း စဉ် ဖြစ်တဲ့ ဥပဒေ ကြမ်းရေးဆွဲခြင်းကို ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ပါကြောင်း အသိပေး ပြောကြား လိုပါတယ်”ဟု လွှတ်တော် အစည်း အဝေးတွင် ပြောကြားသွားသည်။

ထိုသို့ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် အားလုံးက လက်ခံထားပြီး ဖြစ် သည့်အတွက် အကောင်းဆုံး ရလဒ်တွေ ပေါ်ပေါက်လာမည်ဟု ထင်မြင်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်၊ နိုင်ငံတော် ၏လိုအပ်ချက်များကို  ပြည်ထောင်စု လွှတ်တော်က ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဟု ယူဆကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် နိုင်ငံရေး အကျပ်အတည်း နှင့် ဘေးထွက် ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ပြဋ္ဌာန်းချက်များ အတိုင်း ဥပဒေနှင့် အညီ လုပ်ဆောင်ကြရန် ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၁၉ ခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် ပြောဆိုထားသည်။

You may also like these stories:

ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ဂယက် နှင့် သဘောထား အမြင်များ

တပ်နှင့်မညှိနှိုင်းဘဲ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားမှု ခက်ခဲမည်ဟု သူရ ဦးရွှေမန်း သုံးသပ်

ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းထက် အသစ်ရေးဆွဲလိုခြင်း သဘောသက်ရောက်နေ ဟု ရခိုင်အမတ် ထောက်ပြ

ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဆွေးနွေးမည့် တပ်ကိုယ်စားလှယ် စာရင်း ပြန်လည်ရုတ်သိမ်း

Your Thoughts …
Tags: ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး
မိုးမိုး

မိုးမိုး

...

Similar Picks:

No Content Available
Next Post
ယနေ့ညနေ ထုတ်ပြန်သည့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့် အခြေအနေ / မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုဦးမည်

ယခုနှစ် ဇွန်လဆန်းပိုင်းက ပလက်ဝမြို့ပေါ်သို့ လာရောက်ခိုလှုံကြသည့် စစ်ရှောင်များ  / ခူမီးမီဒီယာ

တိုက်ပွဲများကြောင့် ပလက်ဝ ဒေသခံ ၂၀၀ ကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved