• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စားသောက်ကုန် ဘေးကင်းလုံခြုံရေး ညီလာခံခေါ်

by စမ်းယမင်းအောင်
13 September 2019
in သတင်း
A A
၂၀၁၇ ခုနှစ်အတွင်း ဘုရင့်နောင်ဈေးတွင် FDA က ဝင်ရောက်စစ်ဆေးစဉ် / ဧရာဝတီ

၂၀၁၇ ခုနှစ်အတွင်း ဘုရင့်နောင်ဈေးတွင် FDA က ဝင်ရောက်စစ်ဆေးစဉ် / ဧရာဝတီ

17.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှ အစားအသောက် ဘေးကင်းရေးဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများကို အစားအသောက်ကဏ္ဍပေါင်းစုံမှ တာဝန်ရှိသူ ၄၀၀ ခန့် ကိုစုစည်းပြီး ယခုလကုန်ပိုင်းတွင် ဆွေးနွေးသွားရန် စီစဉ်နေကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Innovative Life Sciences (MILS)၊ မြန်မာ စားသုံးသူများသမဂ္ဂ Myanmar Consumers Union နှင့် အစာအာဟာရဆိုင်ရာ သိပ္ဗံနှင့် နည်းပညာအသင်း (FoSTA Myanmar) တို့က ဗုဒ္ဓဟူးနေ့ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအားပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
109
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ထိုညီလာခံတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၊ စားသောက်ဆိုင်များ၊ အသင့်စား အစားအစာလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်းစသည့် အစားအသောက်ကဏ္ဍပေါင်းစုံမှ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချနေသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် အရည်အသွေးစမ်းသပ်စစ်ဆေးရေးတာဝန်ရှိသူများ၊ပညာရှင်များ၊ အစိုးရ အရာရှိများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်သွားမည်ဟု သိရသည်။

အချို့ ထုတ်လုပ်သူများသည် ပိုမိုဘေးကင်းပြီး တန်ဖိုးမြင့်မားသော ထုတ်ကုန်များထုတ်လုပ်နိုင်ရန် အသိပညာနှင့် ကျွမ်းကျင်မှု အလုံအလောက်မရှိကြကြောင်း MILS မှ အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာအကြံပေး ဒေါ်စုလွင်ထိုက်ပြောသည်။

ယခု ကျင်းပမည့် ညီလာခံမှတဆင့် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့လျက်ရှိသော အခက်အခဲများကို ဆွေးနွေးအဖြေရှာနိုင်ရန် ရည်ရည်ပြီး အစားအသောက် ထုတ်လုပ်ရောင်းချသူများကိုလည်း ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်နိုင်ပြီး ပိုမိုလေ့လာသင်ယူနိုင်ရန်ရည်ရွယ်ကြောင်း သူပြောသည်။

အစားအသောက်ကြောင့် စားသုံးသူကို ဘေးမဖြစ်စေရန် လိုက်နာရမည့်အလေ့အထများ (Food Safety Practices) ကို စိုက်ပျိုးချိန်မှစ၍ ထုတ်ပိုးချိန်၊ ဖြန့်ချိရောင်းချချိန်နှင့်ပြင်ဆင်စားသုံးသည်အထိ လိုက်နာရန်မှာ အများပြည်သူကျန်းမာရေးအတွက်သာမက အာဟာရဖူလုံရေး၊ နိုင်ငံ တနိုင်ငံ၏ စီးပွားရေး၊ ပြည်ပတင်ပို့မှု၊ ခရီးသွားလုပ်ငန်းနှင့် ထိုနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် စိန်ခေါ်နေသော အရာလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင်တော့ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များကို စားသုံးမိခြင်းကြောင့် ဖြစ်ပေါ်နေသည့် ရောဂါများကို တားဆီးကာကွယ်ရေးမှာ နိမ့်ကျလျက်ရှိသည်။ လူထုအကြား အစားအစာဘေးကင်းရေးဆိုင်ရာနှင့်ပတ်သက်ပြီး သိရှိလိုက်နာမှု၊ ထုတ်လုပ်ရောင်းချသူများ၏ အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အထများ လေးစားလိုက်နာမှု၊ တာဝန်ရှိသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများမှာ အလွန်အားနည်းနေလျက်ရှိခြင်းကြောင့်ဖြစ်သည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့အစားအစာဘေးကင်းလုံခြုံမှု အညွန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၁၃ နိုင်ငံတွင် အဆင့် ၈၂ တွင်ရှိနေကြောင်း Economist Intelligence Unit ၏ အဆိုအရသိရသည်။

စားသုံးသူကာကွယ်ရေးနှင့်ပညာပေးရေးကိုကာလကြာရှည်စွာ လျစ်လျူရှုထားကြောင်း ထိုကိစ္စများသည် အစားအစာဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အဓိကအခက်အခဲများတွင် ပါဝင်ကြောင်း မြန်မာ စားသုံးသူများ သမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်ပြောသည်။

အများပြည်သူကို စားသုံးသူအခွင့်အရေးနှင့်ပတ်သက်ပြီး ပိုမိုသိရှိလာအောင် အသိပညာပေးဖို့ လိုအပ်လျက်ရှိပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေ နည်းဥပဒေများကို ထိရောက်အောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သူကပြောသည်။

“စားသုံးသူတွေက ကိုယ့်အခွင့်အရေးကို ပိုသိလာပြီး တိုင်လာမယ်ဆိုရင် စီးပွားရေးသမားတွေကလည်း သူတို့ ထုတ်ကုန်တွေ ဘေးကင်းစိတ်ချရဖို့ ပိုဂရုစိုက်လာကြပြီး လိုက်နာရမယ့် စည်းကမ်းတွေကို ပိုလိုက်နာလာမယ်” ဟု သူပြောသည်။

ထိုညီလာခံတွင် ဘေးကင်းသည့် အစားအသောက်ထုတ်လုပ်မှုဆိုင်ရာ အလေ့အထကောင်းများ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အချက်များ၊ ထုတ်ကုန်အညွှန်းဖော်ပြမှုများ၊ စားသုံးသူဆက်ဆံရေး၊ ဥပဒေမူဘောင်နှင့် လိုက်နာမှု စသည်တို့နှင့်ပတ်သက်သော သင်တန်းများ၊ ဆွေးနွေးပွဲများလည်း ပါဝင်မည်ဖြစ်သည်။

( San Yamin Aung ၏ Broad Coalition to Ramp Up Food Safety in Myanmar ကို ဘာသာပြန်သည်။)

ငရုတ်သီး၊ မြေပဲနဲ့ ပြောင်းဖူးတို့မှာ တွေ့ရတဲ့ Aflatoxin မှိုရဲ့ ကျန်းမာရေး အန္တရာယ် 

ခေတ်ပေါ် အစားအစာတွေ ကျန်းမာရေးအတွက် ကောင်းသလား 

ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်ပြီး ကြာရှည်ခံအောင် ဘယ်လို သိမ်းဆည်းမလဲ 

Your Thoughts …
Tags: စားသောက်ကုန်ဘေးကင်းလုံခြုံရေး
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

လူသုံးကုန် စားသောက်ကုန် သွင်းခွင့် စစ်တပ်ကန့်သတ်ပြန်

လူသုံးကုန် စားသောက်ကုန် သွင်းခွင့် စစ်တပ်ကန့်သတ်ပြန်

by ဧရာဝတီ
14 August 2025
3.7k

ပြည်ပမှတင်သွင်းလျက်ရှိသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား ပင်လယ်ရေကြောင်းအပြင် နယ်စပ်ပေါက်များမှသွင်းခွင့် ယာယီပိတ်လိုက်

ရခိုင်၌ စက်သုံးဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်

ရခိုင်၌ စက်သုံးဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်

by မိအိသဉ္ဇာမြင့်
11 May 2024
1.5k

ခွဲတမ်းဖြင့် ရောင်းချပေးနေသော်လည်း ဒေသခံအများစုမှာ အလုပ်အကိုင်များ အဆင်မပြေသောကြောင့် ဝယ်ယူရန် မတတ်နိုင်သဖြင့် ငွေကြေးတတ်နိုင်သူများနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းကူညီနေကြရပြီး စက်သုံးဆီနှင့် ဆေးဝါးမှာ လုံးဝနီးပါး ပြတ်လပ်နေသောကြောင့် ဒေသခံများ အခက်ကြုံနေရကြောင်း

ထိုင်းကုန်စည်တချို့ ပြတ် ဈေးတက်နေ

ထိုင်းကုန်စည်တချို့ ပြတ် ဈေးတက်နေ

by ဧရာဝတီ
18 August 2025
1.2k

စစ်ကော်မရှင်၏ ယခုရက်ပိုင်းအတွင်း နည်းလမ်းမျိုးစုံ ကန့်သတ်ပိတ်ပင်မှုများကြောင့် ပြည်ပမှ သွင်းကုန်ပစ္စည်းတချို့ ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်လာနေကြောင်း ကုန်သည်များနှင့် သုံးစွဲသူများထံက သိရသည်။

ငွေဈေးမငြိမ်၍ ထိုင်းကုန်ပစ္စည်း အဝယ်ဒိုင်တချို့ လုပ်ငန်းယာယီရပ်

ငွေဈေးမငြိမ်၍ ထိုင်းကုန်ပစ္စည်း အဝယ်ဒိုင်တချို့ လုပ်ငန်းယာယီရပ်

by ဧရာဝတီ
25 August 2023
1.1k

ထိုင်းဘတ်ငွေလဲလှယ်နှုန်း ယခုရက်ပိုင်းအတွင်း အတက်အကျမြန်နေပြီး တည်ငြိမ်မှုမရှိသောကြောင့် ထိုင်းဘက်မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချနေသည့်လုပ်ငန်းများ အခက်အခဲရှိလာပြီး အဝယ်ဒိုင်တချို့ လုပ်ငန်းယာယီရပ်တန့်ထားမှုများ ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရေကြီးမှုကြောင့် ခန္တီးတွင် စားသောက်ကုန်ဈေးများ မြင့်

ရေကြီးမှုကြောင့် ခန္တီးတွင် စားသောက်ကုန်ဈေးများ မြင့်

by မိအိသဉ္ဇာမြင့်
16 July 2024
640

ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် တမြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွား ပြီးနောက် အခြေခံစားသောက်ကုန်များ မြင့်တက်နေပြီး၊ ပြတ်လပ်မှုများပါ ရှိလာ

တနင်္သာရီတိုင်းအတွင်း စားသောက်ကုန် ကန့်သတ်၍ ဒေသခံများ အခက်ကြုံ

တနင်္သာရီတိုင်းအတွင်း စားသောက်ကုန် ကန့်သတ်၍ ဒေသခံများ အခက်ကြုံ

by မိအိသဉ္ဇာမြင့်
24 May 2024
384

တနင်္သာရီတံတားနှင့် ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှ စတင်ပြီး အခြေခံစားသောက်ကုန်များအပြင် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်သည့် သံချောင်း၊ သွပ်နန်းကြိုး၊ သံ၊ ပလာယာ၊ ဂမ်း၊ ဂဟေဆော်စက်၊ ပိုက်လုံးတို့ကိုပါ သယ်ယူခွင့် တင်းကျပ်လာကြောင်း

Next Post
လူကုန်ကူးမှု၏ ၇၅ ရာခိုင်နှုန်း တရုတ်နိုင်ငံနှင့် ဆက်စပ်ဖြစ်ပွား( ရုပ်/သံ)

လူကုန်ကူးမှု၏ ၇၅ ရာခိုင်နှုန်း တရုတ်နိုင်ငံနှင့် ဆက်စပ်ဖြစ်ပွား( ရုပ်/သံ)

စားသောက်ကုန်များကို ဖော်မလင်သုံးခြင်းကြောင့် လူ့အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)

စားသောက်ကုန်များကို ဖော်မလင်သုံးခြင်းကြောင့် လူ့အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved