• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အငှားအိမ်ရာများ ဂျပန်ချေးငွေဖြင့် ဖော်ဆောင်ရန် စီစဉ်

by မျိုးပပစန်း
6 December 2019
in သတင်း
A A
ရန်ကုန်တိုင်းအတွင်းရှိ အငှားအိမ်ရာတခုကို တွေ့ရစဉ်  / MOI

ရန်ကုန်တိုင်းအတွင်းရှိ အငှားအိမ်ရာတခုကို တွေ့ရစဉ် / MOI

4k
VIEWS
Share on FacebookShare on Twitter

တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူရန် လက်လှမ်းမမီသော ပြည်သူများအတွက် အငှားအိမ်ရာများကို ဂျပန် ချေးငွေအကူအညီ ဖြင့် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မို့မို့ထွန်းက “အငှားအိမ်ရာ ဖြစ်တဲ့အတွက် အိမ်ရာသက်တမ်းတို့ နှစ်ရှည် အရင်းကျေ ပေးဆောင်ရမယ့် ချေးငွေကာလတို့ ဘာတို့က မဆုံးဖြတ်ရသေးဘူး။ နောက်ဆုံး မြေပြင်မှာ လုပ်မယ့် အခြေအနေမှာ အတိုးနှုန်း ဘယ်လောက်ထိ တက်သွားမယ် ဆိုတာ အတိအကျ ပြောလို့မရသေးဘူး။ ကျမတို့ ဌာနတွင်း ညိုနှိုင်းဆောင်ရွက်ရမယ့် အပိုင်းတွေ အများကြီးရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အငှားအိမ်ရာများ တည်ဆောက်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA )မှ ဂျပန်ယန်း သန်း ၂၀၀ ချေးယူသွားမည် ဖြစ်ပြီး လက်ရှိတွင် ချေးငွေရရှိရေး အတွက် အစီစဉ်များကို စတင် ဆွေးနွေး လုပ်ဆောင်နေ ကြောင်း ၎င်းက ဆိုသည်။

ဒေါ်မို့မို့ထွန်းက “ဒါနဲ့ ပတ်သက်ပြီး အခုမှ အသေးစိတ် ဆွေးနွေးမှုတွေ ပြုလုပ်နေတုန်း ဖြစ်ပါတယ်။ ဂျပန်ဘက်က ချေးငွေ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဆိုပေမယ့် ဒီဘက်ကို ပြန်ချထားပေးတဲ့ အခါ ဘယ်လို သတ်မှတ်လဲဆိုတာမျိုးပေါ့။ ကျမတို့ဘက်က လုပ်မယ်ဆို သက်ဆိုင်ရာ စီမံကိန်၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲ့ ညိုနှိုင်း ဆောင်ရွက်ရမှာ ရှိတယ်” ဟု ရှင်းပြသည်။

ချေးငွေ ရရှိပါက မြန်မာနိုင်ငံ၏ လိုအပ်နေသော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အငှားအိမ်ရာများ တည်ဆောက်သွား မည် ဖြစ်ပြီး အိမ်ရာ ဒီဇိုင်းပြင်ဆင်မှုများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိချိန်၌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Shinzo Abe မှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဂျပန်းယန်း ၈၀၀ ဘီလီယံ ချေးရန် ကတိပြုခဲ့ကြောင်း JICA က သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
230
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
17
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
29

တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီ ချေးငွေ (ODA Loan) များသည် နှစ်စဉ် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ ကာလ ၁၀ နှစ် အပါအဝင် ပြန်ပေးဆပ်ရမည့် ကာလမှာ နှစ် ၄၀ ဖြစ်ကြောင်း JICA က ဆိုထားသည်။

လက်ရှိ တိုင်းဒေသကြီး တချို့၌ အငှားအိမ်ရာ စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ရန်ကုန်တိုင်း အတွင်းရှိ ဒဂုံ မြို့သစ် တောင်ပိုင်း၌ ဗန္ဓုလ အငှားအိမ်ရာတွင် တိုက်ခန်းပေါင်း ၁ ထောင်ကျော်ကို ငှားရမ်းပေးလျက် ရှိကာ ငှားရမ်းခ နှုန်း ထားမှာ ၁ လလျှင် ၃ သောင်းကျပ် ပေးရကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ရန်ကုန်တွင် ၂၅ ရာခိုင်နှုန်းသာ အိမ်ရာတိုက်ခန်းများနှင့် နေထိုင်ဟု ကမ္ဘာ့ဘဏ်ဆို

Your Thoughts …
Tags: JICAအငှားအိမ်ရာ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

by David Scott Mathieson
17 June 2024
8.3k

စစ်ကောင်စီထိန်းချုပ် မီဒီယာများက စစ်ကောင်စီတပ်များသည် တံတားဖွင့်ပွဲကို တိုက်ခိုက်မည့် အစီအစဉ်တခုအား ဟန့်တားခဲ့ကြောင်း ကြေညာသည်။

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

by နွေနေ
28 July 2025
6.2k

ရန်ကုန်ဟာ အရင်ရန်ကုန် မဟုတ်တော့ဘူး။ ရန်ကုန်ဟာ လေးနှစ်ကျော်ကာလအတွင်းမှာ နားမလည်နိုင်အောင် ပြောင်းလဲသွားတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလက ပြင်ဦးလွင် ဘူတာရုံကို စစ်ဆေးနေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် / မြန်မာ့အလင်း

ဂျပန်ရထားစီမံကိန်းကိုသုံးပြီး စစ်ကောင်စီတပ်များ သယ်ယူပို့ဆောင်နေ

by ဧရာဝတီ
1 June 2023
8.9k

စပိန်ကော်ပိုရေးရှင်း Construcciones y Auxiliar de Ferrocarriles (CAF) နှင့် ဂျပန်မှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းသည် မြန်မာစစ်ကောင်စီသို့ ရထားများ ပေးပို့နေသည်။

ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ် / ဧရာဝတီ

တရားမမှု စေ့စပ်ညှိနှိုင်းဖြေရှင်းရေး တရားရုံး ၄ ခုတွင် ဆောင်ရွက်နေ

by ထွန်းထွန်း
1 June 2019
7.7k

တရားမ အငြင်းပွားမှုများအား တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရေးဆောင်ရွက်ရေးကို ရှေ့ပြေးစီမံချက် အနေဖြင့် တရားရုံး ၄ ခုတွင် ဆောင်ရွက်နေပြီဖြစ်ကြောင်း

ထားဝယ်မြို့အနီး နဘူးလယ်ဒေသရှိ ထားဝယ်စီမံကိန်းသည် အကောင်အထည်ဖော်ရန် နှောင့်နှေးကြန့်ကြာနေ / ငြိမ်းငြိမ်း / ဧရာဝတီ

ထားဝယ် SEZ သို့ တရုတ်ကုမ္ပဏီများ အလုအယက်လာနေ

by နန်းလွင်
28 September 2020
36k

တရုတ်ကုမ္ပဏီများသည် ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း ရရှိရေးအတွက် ကြိုးစားနေကြသည်။

မိုးလေဝသ ရေဒါစခန်းများက ပိုမိုတိကျသည့် မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့် တပြေးညီ ရရှိစေနိုင်မည် / /ဧရာဝတီ

မိုးလေဝသ ရေဒါစခန်း နှစ်ခု ထပ်မံ လုပ်ဆောင်ရန် JICA နှင့် ညှိနှိုင်းနေ

by ဒီလှိုင်းဝင်း
7 January 2019
10k

မိုးလေဝသရေဒါစခန်း၂ ခုကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တည်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး JICA ၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်။

Next Post
MCE (Rainbow) စက်ရုံအလုပ်သမားများမှ လုပ်ငန်းခွင်တွင်း နစ်နာအောင်ပြောဆိုသည့် supervisor ကို အလုပ်ထုတ်ပေးရန် တောင်းဆိုစဉ် / အောင်ကျော်ထက် / ဧရာဝတီ

လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ

မြန်မာနိုင်ငံ ကက်သလစ်သာသနာပိုင် ဆရာတော် ချားလ်ဘို / ဧရာဝတီ

အကြမ်းမဖက် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကက်သလစ် သာသနာပိုင် တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved