• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်

by ဇူးဇူး
10 December 2019
in သတင်း
A A
ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ပြသသည့် ထောက်ခံပွဲ / မျိုးမင်းစိုး / ဧရာဝတီ

ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ပြသသည့် ထောက်ခံပွဲ / မျိုးမင်းစိုး / ဧရာဝတီ

11.5k
VIEWS
Share on FacebookShare on Twitter

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ဖြေ ရှင်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ပြသသည့် ထောက် ခံပွဲများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် ပြည်နယ်နှင့်တိုင်း တချို့ရှိ မြို့ပေါ်များတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ တရားစွဲဆိုမှု၏ ပထမအကျော့ နှုတ်ဖြင့်ကြားနာမှု အစီအစဉ်ကို ယနေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲ၌ စတင်နေ ပြီဖြစ်ပြီး ဂမ်ဘီယာနိုင်ငံကိုယ်စား တရားရေးဝန်ကြီး Abubacar Tambdou က အဖွင့်လျှောက်လဲချက် တင်ပြမည်ဖြစ် ကာ ဒီဇင်ဘာ ၁၁ ရက်နေ့ ကြားနာပွဲအတွက် မြန်မာ ဘက်က ခုခံချေပရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရေးဝန်ကြီးအနေဖြင့် အဖွင့် လျှောက်လဲချက်တင်ပြမည် ဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ကြားနာပွဲတွင် နှစ်ဖက်လျှောက်လဲမှုများ ပြုလုပ်မည်ဖြစ်ပြီး အထက်ပါ အစီအစဉ်များတွင် ဂမ်ဘီ ယာက တင်သွင်းထားသည့် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) အတွက် အဓိက ကြားနာမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံတော်၏ အကျိုးစီးပွားအား ကာကွယ်ရန် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကြိုးပမ်းဆောင် ရွက်မှုများအား အပြည့်အဝ ယုံကြည်စွာဖြင့် ရပ်တည် ထောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ မန္တလေးမြို့တွင် ပြု လုပ်သော ထောက်ခံပွဲ၌ သဘာထားကြေညာချက် တစောင်ကိုပါ ထုတ်ပြန်ခဲ့သည်။

“နိုင်ငံတော်ရဲ့ အကျိုးစီးပွားကာကွယ်နိုင်ဖို့အတွက် ICJ မှာ သွားဖြေရှင်းနေတဲ့ အမေစုနဲ့အတူ ကျနော်တို့ ပြည်သူတွေ အတူရှိနေတယ်ဆိုတာ သိစေချင်လို့ လာခဲ့တာပါ။ နိုင်ငံရဲ့ ခေါင်းဆောင် ကောင်း ပီသစွာ တာဝန်သိစိတ် တာဝန်ခံစိတ် အပြည့်နဲ့ တာဝန်ယူဖြေရှင်းနေတာကိုလည်း ထောက်ခံတဲ့သဘောပါ” ဟု ထောက်ခံပွဲ၌ ပါဝင်သူ ပြည်ကြီးတံခွန် မြို့နယ်စစ်ကြောင်းမှ ဦးအောင်အောင်က ပြောသည်။

အဆိုပါ ထောက်ခံပွဲကို တိုင်းအစိုးရက ကြီးမှူးကျင်းပခြင်းမဟုတ်ဘဲ ပြည်သူလူထု ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းအစိုးရက လိုအပ်သည်ကို ကူညီအားပေးသည့် အဆင့်သာရှိ ကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နောက်တွင် မန္တလေးပြည်သူလူထုသည် ထပ်ကြပ်မကွာ အမြဲရှိနေသည်ကို ပြသသည့်ပွဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီး ဦးမျိုးသစ်က လည်း “ကျနော်တို့က လူထုက ရွေးချယ်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူနဲ့ တသားတည်း ပါ။ ဒီနေ့ပွဲကတော့ စုပေါင်းအားနဲ့ သမိုင်း အချိုးအကွေ့ တခုအတွက် အသိအမှတ်ပြုရမယ့်ပွဲ လည်း ဖြစ်ပါတယ်။ ဘယ်အရာကိုပဲဖြစ်ဖြစ် စုပေါင်းပြီး လုပ်ဆောင် မယ်ဆိုရင် အောင်မြင်မယ် လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ထို့အတူ ယနေ့ နေ့လယ်ပိုင်းတွင် ထောင်သောင်းနှင့်ချီသော လူထုက ရန်ကုန်မြို့လယ်သို့ လမ်းလျှောက် ချီတက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပြီး ထိုပွဲသို့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များပါ ဝန်းရံခဲ့ကြောင်း တွေ့ရသည်။

ယနေ့တွင်ပင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှ လူထုကလည်း ရှမ်းရိုးမကွင်းအတွင်း မြန်မာနိုင်ငံမြေပုံ သရုပ်ဖော်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးဝန်းရံကြောင်း ပြသခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့၊ တောင်ကြီးမြို့၊ ရခိုင်ပြည်နယ်ရှိ သံတွဲ၊ တောင်ကုတ်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့တို့၌ ထောက်ခံပွဲများ အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က “ကျနော်တို့ရဲ့ ခေါင်းဆောင် ကြီးကို အပြည့်အဝ ယုံလည်းယုံကြည်တယ်။ ထောက်လည်း ထောက်ခံတယ်။ အားလည်းအားပေးတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ ကျနော်တို့နိုင်ငံအတွက် အစစအရာရာ အဆင်ပြေအောင် ဆောင်ကြဉ်းလာနိုင်လိမ့်မယ်။ အောင်ပွဲခံ လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မျှော်လင့်နေပါတယ်” ဟု ပြောသည်။

အဆိုပါ ထောက်ခံပွဲကို ထားဝယ်ခရိုင် ၄ မြို့နယ်မှ ဒေသခံလူထုများက ဦးဆောင်ခြင်းဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များကလည်း ထောက်ခံသည့်အနေဖြင့် အားပေးဝန်း ရံခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဂမ်ဘီယာက စွပ်စွဲထားချက်များနှင့် ပတ်သက်၍ မြန်မာ နိုင်ငံအနေဖြင့် မည်သို့ ပြန်လည်ဖြေရှင်းမည်ကို မသိသေးဘဲ စောင့်ကြည့်နေ မည်ဖြစ်ပြီး ၎င်းအနေဖြင့် ပူးပေါင်းဆောင် ရွက်မှုမျိုးကို ပိုမိုအလေးထား ဆောင်ရွက်စေချင် ကြောင်း၊ အမှန်တရားနှင့် တရားမျှတမှုအတိုင်းသာ ရပ်တည်မည် ဖြစ်ကြောင်း ပြောသည်။

“ဂျီနိုဆိုက်မဖြစ်ပါဘူးလို့ ငြင်းဆန်ဖို့အတွက်ကတော့ တော်တော်ခက်ခဲတဲ့ သဘောမျိုးရှိတယ်။ ဘာကြောင့်လည်း ဆိုတော့ သက်သေအထောက်အထားနဲ့ ပြောရမယ့်အရာမျိုး ဖြစ်တယ်။ သက်သေအထောက်အထား တော်တော် များများ ကလည်း တရားရုံးကို ရောက်ပြီးသားဖြစ် တယ်။ အဲဒီတော့ စကားပြောတတ်တိုင်း ပါးနပ်တိုင်း နိုင်ဖို့ မဟုတ်ဘူး။ တရားရုံးဖြစ်တဲ့အတွက် သက်သေက အရေးကြီးတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သော အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာက မြန်မာနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်ခြင်း ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း ချိုးဖောက်သည်ဟု ဆိုကာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်(The Hague) မြို့ရှိ ICJ ၌ နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံအား နိုင်ငံတကာ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက လျှောက်ထားမှု ကို ကနေဒါနှင့် နယ် သာလန် နိုင်ငံများက ကြိုဆိုကြောင်းနှင့် အကူအညီပေးမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် ထုတ်ပြန်သော်လည်း မြန်မာဘက်မှ ထိုနိုင်ငံများ၏ ထုတ်ပြန်ချက်နှင့် ပတ်သက် မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။

ဧရာဝတီ မန္တလေးအခြေစိုက် သတင်းထောက် ဒီလှိုင်းဝင်း ပူးပေါင်းရေးသားသည်။

You may also like these stories:

ICJ တွင် တရားစွဲခံရမှု အလေးအနက်ထား ရင်ဆိုင်ဖြေရှင်းသွားမည် ဟု NLD ပြော

ပြည်ပ ဖိအားကို ပြည်တွင်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ပါ

Your Thoughts …
Tags: ICJဒေါ်အောင်ဆန်းစုကြည်အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ရန်ကုန်တွင် ထောက်ခံပွဲ ပြုလုပ် (ရုပ်/သံ)

တကောင်းတောင် နီကယ်စက်ရုံ နဲ့ အလုပ်သမား အခွင့်အရေး (ရုပ်/သံ)

တကောင်းတောင် နီကယ်စက်ရုံ နဲ့ အလုပ်သမား အခွင့်အရေး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved