သတင်း

ဗိုလ်ချုပ် အောင်ဆန်း ပုံပါ တထောင်ကျပ်တန် လွတ်လပ်ရေးနေ့တွင် ထုတ်ဝေမည်

Want create site? Find Free WordPress Themes and plugins.

လွတ်လပ်ရေးဗိသုကာနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံပါ တထောင်ကျပ်တန် ငွေစက္ကူများကို လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) မှစတင်ကာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အစိုးရပိုင်သတင်းဌာန ဖြစ်သည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား MRTV ၏ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာသွားခဲ့ခြင်းဖြစ်သည်။

အသစ်ထုတ်ဝေမည့် ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထားသည့် တထောင်ကျပ်တန် ငွေစက္ကူ သည် အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိပြီး ငွေစက္ကူအပေါ်ဘက် မျက်နှာစာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသားပါရှိကာ ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားကြောင်း သိရသည်။

ယင်းအပြင် ငွေစက္ကူ တန်ဖိုးများကို ဂဏန်းဖြင့်လည်းကောင်း စာသားဖြင့်လည်းကောင်း ဖော်ပြထားကာ ဗိုလ်ချုပ်ပုံ ရေစာပါရှိမည်ဖြစ်ကြောင်း၊ နောက်ကြောဘက်တွင် လွှတ်တော်အဆောက်အဦးပုံ ပါရှိမည် ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူများသည် ဒီဇိုင်းပြောင်းလဲ ထုတ်လုပ်ပါက စီးရီးအလိုက်ထုတ်ဝေရမည် ဖြစ်ခြင်းကြောင့် နောက်ပိုင်းတွင် လက်ရှိထုတ်ဝေထားပြီးဖြစ်သော တန်ဖိုးကြီးငွေစက္ကူတချို့လဲ ဗိုလ်ချုပ်ရုပ်ပုံဖြင့် ထပ်မံပြောင်းလဲ ထုတ်ဝေလာနိုင်ရှိသေးကြောင်း အငြိမ်းစားဗဟိုဘဏ်အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading