• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငွေစက္ကူများ အားလုံးကို ဗိုလ်ချုပ်ပုံဖြင့် ထုတ်တော့မည်

by ထက်နိုင်ဇော်
15 June 2020
in သတင်း
A A
ဗိုလ်ချုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ထားသည့် တစ်ထောင်ကျပ်တန် ငွေစက္ကူ အသစ် / သီဟလွင် / ဧရာဝတီ

ဗိုလ်ချုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ထားသည့် တစ်ထောင်ကျပ်တန် ငွေစက္ကူ အသစ် / သီဟလွင် / ဧရာဝတီ

16.2k
VIEWS
Share on FacebookShare on Twitter

လက်ရှိ ထုတ်ဝေသုံးစွဲလျက်ရှိသော ငွေစက္ကူများအားလုံးကို ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံဖြင့်သာ ဆက်လက်ထုတ်ဝေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ် တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“အခုသုံးစွဲနေတဲ့ Denomination တွေ အကုန်လုံးကိုတော့ အစဉ်လိုက်ဘဲ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။ ကာလက ဒီ ၁၀ လ အတွင်းမှာလား ဆိုတာကတော့ ရိုက်နှိပ်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။သုံးစွဲနေတဲ့ Denomination အားလုံးအတွက် ကိုတော့ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ရိုက်နှိပ်သွားမှာပါ”ဟု ဦးစိုးမင်းက သတင်းထောက်များကို ပြောသည်။

လက်ရှိထုတ်ဝေသုံးစွဲလျက်ရှိသည့် ငွေစက္ကူများအနက် ကျပ် ၁၀၀၀ တန် ငွေစက္ကူများအား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ပြောင်းလဲ ထုတ်ဝေခြင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၄ နေ့ရက်က စတင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် ပြည်သူအများ လက်ထဲသို့ စတင်ဖြန့်ဝေနိုင်ခဲ့သည်။

ယင်း ၁၀၀၀ ကျပ်တန် ငွေစက္ကူများကို ဗဟိုဘဏ်က ထုတ်ဝေဖြန့်ချီနေသော်လည်း သုံးစွဲသူများသည် မြတ်မြတ်နိုးနိုး သိမ်းထားသည့် အနေအထားတွင် ရှိသဖြင့် ဈေးကွက်ထဲသို့ မရောက်သေးကြောင်း၊ ထို့ကြောင့် ငွေစက္ကူအားလုံးတွင် ဗိုလ်ချုပ်ပုံ ရိုက်နှိပ်၍ ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ၁၀ ကျပ်တန်၊ ၅၀ ကျပ်တန်နှင့် တစ်ရာ၊ နှစ်ရာ၊ ငါးရာ၊ တစ်ထောင်နှင့် ငါးထောင်နှင့် တစ်သောင်း ကျပ်တန် အပါအဝင် ငွေစက္ကူ ၁၄ မျိုးစလုံးတွင် ဗိုလ်ချုပ်ပုံ ရိုက်နှိပ်သုံးစွဲတော့မည် ဖြစ်သော်လည်း ငွေကြေးတန်ဖိုး မည်မျှ ရိုက်နှိပ် ထုတ်ဝေမည်ကို ဗဟိုဘဏ် တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းခဲ့ခြင်း မရှိပေ။

လက်ရှိ ထုတ်ဝေသုံးစွဲလျက်ရှိသည့် ငွေစက္ကူ အမျိုးအစား ၁၄ မျိုးရှိပြီး ထုတ်ဝေထားရှိသည့် ငွေစက္ကူများ၏ ခိုင်မာ လုံခြုံမှု အတွက် လုံခြုံမှု အဆင့်အတန်းနှင့် အရည်အသွေးမြှင့်တင်ခြင်းများကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း ဆိုသည်။

အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေး အဆိုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ NLD ပါတီမှ မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို တင်သွင်းခဲ့စဉ်က မဲခွဲဆုံးဖြတ်ရာ တွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း NLD ပါတီ လွှမ်းမိုးထားသည့် လွှတ်တော်တွင် အတည်ပြု နိုင်ခဲ့သည်။

လက်ရှိ အာဏာရ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး အဆို တင် သွင်းရန် ကြိုးစားခဲ့သည့် မြိုင်မြို့နယ် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းနှင့် ထိုစဉ်က အဆိုကို ထောက်ခံခဲ့သူ သရက်မြို့နယ် ကိုယ်စားလှယ် ဦးကံမြင့်တို့မှာလည်း ဗိုလ်ချုပ် မွေးဖွားခဲ့သည့် နတ်မောက်ဇာတိအနီး မကွေးဒေသမှ ပုဂ္ဂိုလ်များ ဖြစ်သည်။
ယင်းအဆိုကို NLD ပါတီက မတင်သွင်းမီ ၂၀၁၃ ခုနှစ်၊ ကြံ့ခိုင်ရေး အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော် သက်တမ်း တွင် သဃာန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် တင်သွင်းခဲ့စဉ်ကလည်း မှတ်တမ်း အဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရှိခဲ့ပြီးနောက်ပိုင်းတွင် တကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်တန်နှင့် တစ်ရာတန် ငွေစက္ကူ ၄ မျိုး ထုတ်လု ပ်ခဲ့ရာ ကဒေါင်းပုံ၊ ခြင်္သေပုံ၊ ရွက်လှေပုံ၊ ဗိုင်းငင်ပုံ သစ်ဆင်ဆွဲနေသောပုံနှင့် လယ်ထွန်နေသောပုံများ ရိုက်နှိပ်ထုတ်ဝေ ခဲ့သော်လည်း၊ ၁၉၅၈ ခုနှစ်တွင် ငွေကြေးကို ဗဟိုဘဏ်က စတင်တာဝန်ယူပြီး နောက်ပိုင်း ဗိုလ်ချုပ် အောင်ဆန်းပုံဖြင့် ငွေစက္ကူများ ရိုက်နှိပ်ခဲ့လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရ တက်လာသည့်အခါ ဗိုလ်ချုပ်ပုံများနေရာတွင် ကေသရာဇာ ခြင်္သေ့ပုံ၊ ဆင်ပုံစသည့် တိရိစ္ဆာန်ပုံများဖြင့် အစားထိုးလာခဲ့သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
8
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
9
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
30

၂၀၁၅ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ အာဏာရလာသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း ပုံဖြင့် ငွေ စက္ကူ ရိုက်နှိပ် သုံးစွဲရန် ပြန်လည် ကြိုးစားလာခဲ့သလို တနိုင်ငံလုံးတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများလည်း တပြိုင်တည်း လိုက်လံ စိုက်ထူခဲ့ကြသည်။

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲ ဝင်မပြိုင်ဟု မန္တလေးမြို့တော်ဝန် ပြော

ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက စစ်မြေပြင် ထွက်နေရတဲ့ တပ်မတော်

Your Thoughts …
Tags: ငွေစက္ကူဗဟိုဘဏ်ဗိုလ်ချုပ်အောင်ဆန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

Next Post
သရုပ်ဆောင် ရွှေသမီး  /  Shwe Tha Mee's Facebook

Stay home ကာလ အိမ်မှာနေရတာ စိတ်အပန်းပြေတယ်ဆိုတဲ့ ရွှေသမီး

Blue Diamond အိတ်စက်ရုံ အလုပ်သမားခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ်ရုံးထုတ် (ရုပ်/သံ)

Blue Diamond အိတ်စက်ရုံ အလုပ်သမားခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ်ရုံးထုတ် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved