• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရ ပေးပို့သည့် ICOE အစီရင်ခံစာ အသေးစိတ် လေ့လာရမည်ဟု တပ်မတော် ပြော

by မိုးမိုး
23 January 2020
in သတင်း
A A
ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ ရသည့် ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်  / သီဟလွင် / ဧရာဝတီ

ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ ရသည့် ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင် / သီဟလွင် / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

အစိုးရက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ပေးပို့ထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အစီရင်ခံစာကို ဆက်လက်စုံစမ်းနိုင်ရန် အစီရင်ခံစာတွင် ပါဝင်သည့် အသေးစိတ် အချက်အလက်များကို လေ့လာရ မည်ဟု တပ်မတော်မှ ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ပြောသည်။

ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် (Indepen dent Commission of Enquiry-ICOE) ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို ၎င်းက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“အစီရင်ခံစာက အခုမှ ထုတ်တာ ဖြစ်တယ်။ စာမျက်နှာဆိုရင် ၄၅၀ ကျော်လောက် ရှိတယ်။ နောက်ဆက်တွဲတွေလည်း ပါသေးတယ်။ ကျနော်တို့က အသေးစိတ် လေ့လာရမယ်”ဟု ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ပြောသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ စုံစမ်းဆေးရန် အကြောင်းအရာ အချက်အလက် များစွာ ပါရှိသဖြင့် တပ်မတော်အနေဖြင့် ခုံရုံးတင် စစ်ဆေးမည့် အချိန် အတိအကျ ပြော၍ မရသေးကြောင်း ဗိုလ်ချုပ်သောင်းနိုင်က ဆက်လက် ပြောကြားသည်။

ICOE ၏ အစီရင်ခံစာတွင် နောက်ဆက်တွဲ ၃၁ ချက် အပါအဝင် စုစုပေါင်း စာမျက်နှာ ၄၅၀ ကျော် ပါရှိသလို ကော်မရှင်၏ အကြံပြုချက်၂၂ ချက်အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့ အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် အကြံပြုချက်လည်း ပါဝင်သည်။

ICOE ကို အားလုံးက လက်ခံ သဘောတူထားသကဲ့သို့ တပ်မတော်ဘက်မှလည်း ပူးပေါင်း ကူညီမည်ဟု ပြောဆိုထား ကြောင်း၊ တပ်မတော် အနေဖြင့် ယခုလို အစီရင်ခံစာပါ အကြောင်းအရာများကို ပြန်လည်စိစစ်မည်ဟု ပြောဆိုခြင်းမှာ ဖြေရှင်းနိုင်မည့် အနေအထား ရှိနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဗဟိုပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက“ICJ က ပြင်းပြင်းထန်ထန်လုပ်လာပြီ ဆိုရင်တော့ ဒီဆောင်ရွက်ချက်တွေ အပေါ်မှာ သဘောထားပြောင်းသွားနိုင်တာပေါ့။ နိုင်ငံတကာရဲ့ ဖိအားတွေအပေါ်ကို ချင့်ချိန်ပြီးတော့ နောက်ပိုင်းဆောင်ရွက်မယ်လို့ ထင်ပါတယ်”ဟု မှတ်ချက်ပြုသည်။

ပြည်းတွင်းတွင် ICOE ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ပေးရန် လိုသလို အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး (ICJ) တွင်လည်း မြန်မာနိုင်ငံသည် လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ဖြင့် ရင်ဆိုင်နေရသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ လွတ်လပ်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်များကို ပေးဝင်သင့်ကြောင်း၊ ထိုသို့ ပွင်းလင်းမြင်သာမှု ရှိပါက အထက်ပါ အဖွဲ့အစည်းများ၏ ဖိအားမပါဘဲ လိပ်ပြာသန့်သန့် အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။

ဦးရဲထွန်းက“ကိုယ့်အစိုးရက ဖွဲ့ပေးတာမျိုး မဟုတ်ဘဲနဲ့ အခြား အဖွဲ့အစည်း ကုလသမဂ္ဂတို့က ဖွဲ့ပေးတဲ့ အဖွဲ့အစည်းတွေ ဝင်ရောက် စစ်ဆေးတာတွေ ခွင့်ပေးဖို့ လိုပါတယ်”ဟု ပြောသည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့ တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ် များ အတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း စွပ်စွဲချက်များ အပေါ် စုံစမ်း စစ်ဆေးရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ICOE ကို ဖွဲ့စည်းပေးခဲ့သည်။

ICOE ကော်မရှင်သည် ယင်းပဋိပက္ခများ ဖြစ်ပွားခဲ့စဉ်က တာဝန် ထမ်းဆောင်ခဲ့ကြသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင် များ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သက်သေများ၏ ထွက်ဆိုချက် စုစုပေါင်း ၁၅၀၀ ခန့်အား စုဆောင်းခဲ့ပြီး အဆိုပါထွက်ဆို ချက်များ အပေါ် အခြေခံ၍ အစီရင်ခံစာတခု ထုတ်ပြန်ကာ ဇူလိုင် ၂၀ ရက်နေ့က သမ္မတထံသို့ ပေးအပ်ခဲ့သည်။

နိုင်ငံတော် သမ္မတရုံးက ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားစေရန်နှင့် အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် သဘောတူပြီး ဆက်လက် ဆောင် ရွက်ရာတွင် စစ်ဥပဒေချုပ်နှင့် လိုအပ်သလို ဆောင်ရွက်ရန် ရှေ့နေချုပ်ရုံးသို့ အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်သောင်းနိုင်က“တပ်မတော်သားတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဆိုရင် စစ်ဖက်ဆိုင်ရာတရားစီရင်ရေး အတိုင်း လုပ် ထုံး လုပ်နည်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်ဖက် တရားစီရင်ရေး မူဘောင်ထဲကပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ICOE အစီရင်ခံစာကို အသေးစိတ်လေ့လာရမည် ဖြစ်၍ ပြီးစီးမည့် အချိန်ကာလ အတိုင်းအတာကို မပြောနိုင်သေးကြောင်း၊ နောက်ပိုင်းတွင် လိုအပ်ပါက ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်နေသည့် စုံစမ်းစစ်ဆေးရေး ခုံရုံးကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ICOE အစီရင်ခံစာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အား အလွန်အကျွံ သုံးစွဲခဲ့သည်ဆိုသော အချက်ကို မငြင်းဆန်သော်လည်း ရခိုင်အရေး တွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိသည် ဆိုခြင်းနှင့်ပတ်သက်ပြီး မြေပြင် လေ့လာ တွေ့ ရှိ ချက်များအရ ကောက်ချက်ချနိုင်သည့် အချက်အလက် မတွေ့ရှိခဲ့ရဟု ဖော်ပြထားသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
130
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.2k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
76

You may also like these stories:

ရခိုင်အရေး ICOE ထုတ်ပြန်ချက် တပ်မတော်က စစ်တရားရုံးဖြင့် ဆက်လက် စုံစမ်းမည်

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

Your Thoughts …
Tags: ICOEတပ်မတော်ဗိုလ်ချုပ် သောင်းနိုင်
မိုးမိုး

မိုးမိုး

...

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

Next Post
ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ရေဆိုးစွန့်ပစ်မှုစနစ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ချိမှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ဂျပန်က ငွေချေးသည် / ဧရာဝတီ

ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်က မြန်မာကို ဒေါ်လာ ၁ ဘီလျံကျော် ချေး

ရုံးထုတ်လာသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမ  / ထက်ခေါင်လင်း /  ဧရာဝတီ

AA စစ်ဦးစီးချုပ်၏ ညီမနှင့်ယောက်ဖ အမှု ယခုလကုန်တွင် စတင် စစ်ဆေးမည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved