• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲကြောင့် ပလက်ဝမြို့ရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ

by လဲ့လဲ့
20 February 2020
in သတင်း
A A
ပလက်ဝမြို့နယ်အတွင်းရှိ စာသင်ကျောင်းတကျောင်း / ဧရာဝတီ

ပလက်ဝမြို့နယ်အတွင်းရှိ စာသင်ကျောင်းတကျောင်း / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်စစ်တပ်(AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လာ၍ သွားလာမှု ပိတ်ထားသည့်အတွက် တိုက်ပွဲဧရိယာနှင့် နီးကပ်စွာရှိနေသည့် နေရာများမှ စာသင်ကျောင်း အချို့ကို ပိတ်ထားရသည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ဧရာဝတီသို့ ပြောကြားသည်။

မြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက”ကျောင်းတွေကတော့ မပိတ်ဘူး။ ဒါပေမယ့် တိုက်ပွဲနဲ့ နီးစပ်တဲ့ ရွာကျောင်း တွေကတော့ လောလောဆယ် နားထားတယ်။ အခြေအနေကောင်းရင် ပြန်တက်တယ်။ ဝက်မရွာမှာရှိတဲ့ အထက(ခွဲ) တော့ ကျနော့်ဆီကို သတင်း ပို့လာတဲ့အတွက် အခြေအနေ မကောင်းဘူးဆိုလို့ နားထားတယ်။ အောက်မီးလက်ဝရွာ မှာတော့ အ.ထ.ကကျောင်း ရှိတယ်။ အဲဒါလည်း မဖွင့်လောက်ဘူးထင်တယ်။ အဲဒီက သတင်းမပို့သေးတော့ မသိရဘူး” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် သွားလာရေးပြတ် တောက်မှုများ ဖြစ်ပေါ်နေကာ စားနပ်ရိက္ခာ ရရှိရန်ပင် အခက်အခဲရှိနေသလို ကျောင်းပိတ်ကာ ခေတ္တ နားထားရသည့် စာသင်ကျောင်း စာရင်းနှင့် ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမ အရေအတွက်ကိုမူ လတ်တလောတွင် မသိရှိရသေးပါ။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်း “မီဒီယာတဆင့် ဝိုင်းပြီး ပြောပေးပါဗျာ။ ကျောင်းဧရိယာ မှာတော့ မလုပ်ကြပါနဲ့လို့။ အေးချမ်းစွာလေး ပညာ သင်ကြားခွင့် ပေးပါလို့ ဒီတခုတော့ ပြောချင်ပါတယ်။ ကျနော်တို့ မျှော်လင့်တာတော့ ဒီဒေသတွေ မြန်မြန် ဆန်ဆန် အေးချမ်းပြီးတော့ ကလေးတွေ အကုန်လုံး ပညာသင်ကြားမှု အခွင့် အရေး ရပါစေလို့ ပြောချင်ပါတယ်”ဟု ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

ဝန်ကြီးဌာန အနေဖြင့် လာမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် လုံခြုံရေး အထူး ဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ကာ ကျောင်းသားတိုင်း စာမေးပွဲဖြေခွင့် ရရှိရေး ကြိုးပမ်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့ အကြား၂၀၁၅ ခုနှစ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်နေသည့်အတွက် အသက် အန္တရာယ် ဘေးကင်းမှု၊ လုံခြုံမှု မရှိခြင်းကြောင့် ပလက်ဝမြို့နယ်ရှိ တာဝန်ကျသည့် အစိုးရဝန်ထမ်းများ အနေဖြင့် တာဝန် ထမ်းဆောင်ရန် ငြင်းဆန် မှု များ ရှိနေခဲ့သည်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က မကြာသေးမီက ဧရာဝတီသို့ ပြောကြားခဲ့ဖူးသည်။

တိုက်ပွဲ မပြင်းထန်မီ ယခင်ကတည်းက ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၃၈၄ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာမများ မရှိသည့်အတွက် ၂၀၁၉ ခုနှစ် စာသင်နှစ်တွင် ကျောင်းပေါင်း ၂၁၂ ကျောင်း ပိတ်ထားရကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက် ညကလည်း မီးလက်ဝရွာတွင် တိုက်ပွဲများပြင်းထန်ပြီး လက်နက်ကြီး ကျရောက်သဖြင့် ၁၄ နှစ် အရွယ် ကျောင်းသား ၁ ဦး ဦးခေါင်းတွင် ဒဏ်ရာရခဲ့သောကြောင့် အရေးပေါ်လူနာ အဖြစ် ပလက်ဝဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရသည်ဟု ပလက်ဝ လူမှုကူညီရေး ပရဟိတအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်အောင်က ပြောသည်။

ထို့အပြင် ပလက်ဝမြို့နယ်မှ အခြားဒေသများသို့ သွားရောက်ခဲ့သည့် ချင်းလူမျိုး ၂၀၀ ကျော်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ပိတ်မိနေသည်မှာ ၂ ပတ်ခန့် ကြာမြင့်ပြီ ဖြစ်သလို ပိတ်မိပြည်သူများထဲတွင် ကျောင်းတက်နေသည့် ကလေးငယ်များလည်း ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ ပိတ်ဆို့မှုက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ထိခိုက်သည့်အတွက် ပိတ်မိပြည်သူများ အတွက် လမ်းအမြန်ဆုံး ပြန်ဖွင့်ပေးရန်၊ တပ်မတော်နှင့် AA အနေဖြင့် အရပ်သားများအတွက် ရိက္ခာထောက်ပံ့ရေးနှင့် ပိတ်မိ အရပ် သားများ နေရပ်ပြန်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဖြင့် လိုအပ်သလို ဝိုင်းဝန်းကူညီပေးနိုင်ရန် ခူမီးချင်း မျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကြေညာချက် တစောင်ထုတ်ပြန်ကာ တောင်းဆိုထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ခူမီးချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကလည်း “အခုဆိုရင် စာမေးပွဲက စစ်တော့ မယ်။ ခရီးသွားလာခွင့် မရတော့ ကလေးတွေအတွက် စိုးရိမ်ရတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဦးကျော်ငြိမ်းက “AA ကလည်း ပလက်ဝနဲ့ကျောက်တော်ကို ခရီးသွားသွား ဘာသွားသွား သူတို့ကို သတင်းပို့ ရမယ်လို့ ပြောထားပေမယ့် ဘယ်နေရာကို သတင်းပို့ရမှန်း မသိဘူး။ အဆက်အသွယ်မရှိဘူး။ အဲဒီတော့ စက်လှေလိုင်း ဆွဲထားတဲ့ သူတွေကလည်း မသွားရဲနေတာ။ သွားရင် ပစ်လည်း ပစ်နိုင်တယ်။ ဖမ်းလည်း ဖမ်းနိုင်တယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) သည် ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပလက်ဝဒေသ နေ ပြည်သူများ၏ ကျန်းမာရေး၊ စားဝတ်နေရေး၊ အခြေခံ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လမ်းခရီး အဆင် ပြေစေရေး ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ပါရှိသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ဆောင်နေကြသူများသည် ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ ကုန်းလမ်း၊ ရေလမ်း များဖြင့် ရိက္ခာများကို သယ်ယူပို့ဆောင်မည် ဆိုပါက ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အာမခံချက် ထောက်ခံချက် ယူလာရမည်ဟု သိရသည်။

ထိုအုပ်ချုပ်ရေးမှူးများကလည်း သေချာစွာ စစ်ဆေးပြီးမှ ထောက်ခံစာရေးပေးရန် ပြောထားပြီး လမ်းခရီးတလျှောက် တစုံတရာ အနှောက်အယှက် မပေးစေရန် ကူညီမည်ဟု AA ၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ့တပ်မတော်၏အဆိုအရ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ပြီး ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်နှင့် မီးဝချောင်း နေရာရှိ တပ်မတော် စခန်းတခုကို AA က နေ့စဉ်လာရောက် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ယင်းစခန်းကို AA အင်အား ၁၆၀ ဝန်းကျင်က အပြင်းအထန် လာရောက်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် မီးချောင်းတံတားအနီးနှင့် ကျောက်တော်မြို့နယ် အတွင်း ကုလားတန်မြစ် အရှေ့ဘက်ခြမ်း တင်းမကျေးရွာနှင့် ဝက်မကျ ကျေးရွာကြားတို့တွင် တပ်မတော်နှင့် AA အဖွဲ့တို့၏ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေမှုမှာ ၁၀ ရက်ကျော် ကြာမြင့်လာပြီး အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆက်စပ်လင့်

ပလက်ဝ တိုက်ပွဲများ အရှိန်မြင့်လာ၍ ခရီးသွားလာရေး ပြတ်တောက်

စာသင်ကျောင်း ဧရိယာ အနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီး မေတ္တာရပ်ခံ

Your Thoughts …
Tags: AAစာသင်ကျောင်းတိုက်ပွဲပလက်ဝ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ငွေများတရားနိုင်

ငွေများတရားနိုင်

သမီးဖြစ်သူနဲ့ အတူ တွေ့ရတဲ့ ဖခင် အဗ္ဗဒူလာ

ဗုံးကွဲသံကြားတိုင်း သမီးဖြစ်သူကို ရယ်မောတတ်အောင် သင်ကြားထားတဲ့ ဖခင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved