• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်မှ မန္တလေးသို့ လာသူများ မဖြစ်မနေ Quarantine ဝင်ရမည်

by မြတ်ပြည့်ဖြိုး
21 April 2020
in သတင်း
A A
မန္တလေးမြို့အဝင်တွင် ကျန်းမာရေးစစ်မှုများ ပြုလုပ်နေစဉ် / ဇော်ဇော် /ဧရာဝတီ

မန္တလေးမြို့အဝင်တွင် ကျန်းမာရေးစစ်မှုများ ပြုလုပ်နေစဉ် / ဇော်ဇော် /ဧရာဝတီ

21.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းမှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ လာရောက်သူ မှန်သမျှ Quarantine ၂၁ ရက် မဖြစ်မနေ ဝင်ရမည် ဖြစ် ကြောင်း တိုင်းခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။

“ရန်ကုန်တိုင်း တခုကလွဲရင် တခြားတိုင်း၊ ပြည်နယ်တွေ ကျန်တာတော့ မရှိသေးပါဘူး။ ရန်ကုန်ကတော့ ဂရုစိုက်ရမယ့် ဒေသဖြစ်သွားပြီ ဆိုတော့ တိုင်းအတွင်း လာရင်တော့ ရောဂါ မပြန့်ပွားရေးအတွက် ထိန်းချုပ်ရမှာပေါ့” ဟု ဦးဇာနည် အောင် က ဆိုသည်။

ရန်ကုန်တိုင်းမှ လာရောက်သူ ဖြစ်ပါက မန္တလေးမြို့တွင် ပြင်ဆင်ထားသော Facility Quarantine ၂၁ ရက် ဝင်ရမည် ဖြစ်ပြီး အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်း အစိုးရက ဒေသန္တရဆိုင်ရာ အမိန့်အဖြစ် မထုတ်ပြန်တော့ဘဲ ဌာန တွင်း ညွှန်ကြားချက်ဖြင့်သာ သက်ဆိုင်ရာ တာဝန်ရှိ ဌာနများအား ညွန်ကြားထားပြီး ဖြစ်သလို ယခု သီတင်းပတ်မှ စတင် မည်ဟု သိရသည်။

ဦးဇာနည်အောင်က “ရန်ကုန်က လာတဲ့သူ ဟုတ်မဟုတ် ဆိုတာ မြို့ဝင် ထွက်ပေါက် ၁၂ နေရာမှာ စောင့်ကြည့် စစ် ဆေးမှုတွေ လုပ်နေတာဆိုတော့ ရန်ကုန်က လာတာ ဟုတ်တယ်၊ မဟုတ် သိနိုင်ပါတယ်။ သင်္ကြန်တွင်းတုန်းက တောင် မိသားစုလိုက်တွေ ရန်ကုန်က လာကြတာတွေ ရှိပေမယ့် ဒီအခြေအနေတွေကို ရှင်းပြပြီး ပြန်လွှတ်လိုက်တယ်” ဟု ပြောသည်။

သင်္ကြန်ကာလက ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားလာသဖြင့် မန္တလေးသို့ ရန်ကုန်မှ လာ ရောက်သည့် ယာဉ်များ၊ ဧည့်သည်များ လက်မခံရန်၊ ရန်ကုန်မှ ဝင်ရောက်လာသူများ မဖြစ်မနေ ကျန်းမာရေး ဆိုင်ရာ စောင့်ကြည့်မှုများ ပြုလုပ်ရန် မန္တလေးမြို့ခံအများစုက Facebook စာမျက်နှာကတဆင့် တိုင်းအစိုးရထံ တောင်းဆိုမှု များ ပြုလုပ်ခဲ့ကြသည်။

ထိုင်း၊ တရုတ် နယ်စပ်တို့မှ ပြန်လာသူများ ဖြစ်ပါက အဆိုပါ နယ်စပ်ရှိ Quarantine စင်တာများတွင် ၂၁ ရက် ကျန်းမာ ရေးဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း ခံယူပြီးနောက် ရက်ပြည့်ပါက သက်ဆိုင်ရာ Quarantine စင်တာများက ၎င်းတို့ အား ကျန်းမာရေး စောင့်ကြည့်မှု ခံယူပြီးဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ် ထုတ်ပေးမည်ဖြစ်ကာ ယင်းလက်မှတ် နှင့်အတူ မန္တလေးတိုင်းသို့ ပြန်လာသူဖြစ်ပါက အိမ်တွင် ၇ ရက် အသွားအလာ ကန့်သတ်မှု ခံယူရမည် ဖြစ်သည်ဟု သိရသည်။

အခြား ပြည်ပနိုင်ငံများမှ မန္တလေးတိုင်းသို့ ဝင်လာသူဖြစ်ပါက မဖြစ်မနေ Facility Quarantine ၂၁ ရက် ဝင်ရမည် ဖြစ် ကြောင်း တိုင်းအစိုးရက ယခင်လမှ စတင် သတ်မှတ်ထားပြီး ဖြစ်သည်။

မန္တလေးတိုင်း စကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ပြည်ပကနေ ရွာပြန်လာတဲ့သူတွေကို ဒီလို စောင့်ကြည့် ခံဖို့ ပြောရတဲ့အခါ တချို့ကျလည်း သဘောပေါက် လက်ခံတဲ့ သူ ရှိသလို၊ တချို့ကျလည်း လက်မခံကြဘူး။ ဒါကလဲ ရောဂါသည် အနေနဲ့ သူတို့ကိုသတ်မှတ်တာမျိုး မဟုတ်ဘဲ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသအတွက် မလိုလားအပ်တဲ့ ရောဂါ တွေ မဖြစ်အောင် ယာယီစောင့်ကြည့်ရတာပါပဲ” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း အတွင်း Facility Quarantine ဝင်ရောက်နေသူ ဦးရေ ၄ ထောင်နီးပါး ရှိပြီး ၂၁ ရက်ပြည့်ပြီးသွားသူ ဦး ရေ ၈၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေကြောင့် မန္တလေးတိုင်းအတွင်း ဝင်ထွက် သွားလာမှု ကန့်သတ်ခြင်းအား ဧပြီ ၃၀ ရက်အထိ ကာလ ထပ်တိုးသတ်မှတ်ထားသလို မန္တလေးတိုင်း အခြေစိုက် ခရီးသည်တင် ယာဉ်လိုင်းပြေးဆွဲမှုများ၊ စည်ပင် လက်အောက်ရှိ ဈေးများ၊ ဟိုတယ်၊ တည်းခိုခန်းများ၊ ဆောက်လုပ် ရေးလုပ်ငန်းများ၊ အဝတ်အထည်ဆိုင်များသည် ယခုလကုန်အထိ ယာယီ ပိတ်သိမ်းရမည်ဟု ဒေသန္တရဆိုင်ရာ အမိန့် ထုတ်ပြန်ထား သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
517
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
176
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
51

ထို့အတူ မန္တလေးတိုင်းအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်၊ထွက်နေသော ကုန်တင်ယာဉ်နှင့် ၇ ဦးထက် မပို သော သာမန် အိမ်စီးကားများမှ အပ မည်သည့်ယာဉ်မှ တိုင်းအတွင်း ဝင်ထွက်သွားလာခွင့်အား ယာယီကန့်သတ်ထား သည်။

ယင်းပြင် မန္တလေးတိုင်း အစိုးရသည် ဧပြီ ၁၇ ရက်မှ စတင်၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အပြင် ထွက်ခြင်း မပြုရန်၊ ကုန်စည် စီးဆင်းမှု အတွက်ဆိုပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန်၊ နေ့ခင်းတွင်လည်း အိမ်ထောင်စု တစုလျှင် လူတဦးသာ အပြင်ထွက်ရန်၊ အပြင်ထွက်ပါက Mask များမဖြစ်မနေ တပ်ဆင်ကြရန်အတွက် ဧပြီ ၁၆ ရက်က အမိန့် ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

ခရီးသည်တင်ယာဉ်လိုင်းများအား မန္တလေးမြို့တွင်းသို့ ဝင်ရောက်ခွင့် တားမြစ်

Your Thoughts …
Tags: Quarantineမန္တလေးရန်ကုန်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
ကယ်လီဖိုးနီးယားရှိ ကုန်းတွင်းရေနံတွင်းတတွင်း / Reuters

ရေနံဈေး အနုတ်ပြပြီး အမေရိကန်ရေနံကုမ္ပဏီ ရာနှင့်ချီ ဒေဝါလီခံရနိုင်

ပုသိမ်စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံ  /  ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ ယာယီပိတ်သိမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved