• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်းအတွင်း အဝေးပြေးယာဉ်လိုင်းအားလုံး မေ ၁၆ တွင် ပြန်လည် ပြေးဆွဲမည်

by ဆလိုင်းသန့်စင်
15 May 2020
in သတင်း
A A
ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းတခု / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းတခု / ဆလိုင်းသန့်စင် / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ကူးစက်မြန် ကိုရိုနာ ဗိုင်းရပ်စ် COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ယာယီ ပိတ်သိမ်းထားသော ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းအားလုံးကို မေလ ၁၆ ရက်ကစတင်၍ ပြန်လည် ပြေးဆွဲရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း၌ တိုင်းအတွင်း ပြေးဆွဲသည့် အဝေးပြေး ယာဉ်လိုင်းများနှင့် အခြားသော ပြည်နယ်၊ တိုင်းများသို့ ပြေးဆွဲ နေသည့် ယာဉ်လိုင်းများ အားလုံးကို ဧပြီလ ၁၀ ရက်က စတင်၍ ပြေးဆွဲခွင့် ယာယီပိတ်သိမ်းခဲ့ခြင်း ဖြစ်ပြီး မေလ ၁၆ ရက်တွင် ဧရာဝတီတိုင်းအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများကို ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်တဲ့ ဧရာဝတီတိုင်း ဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ပြန်လည် ပြေးဆွဲရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ မော်တော်ယာဉ်လိုင်းတွေကို ပြေးဆွဲခွင့်ပြုမှာ ဖြစ်ပါတယ်။ တကယ်လို့များ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတာ စစ်ဆေးတွေ့ရှိမယ်ဆိုရင် အဲဒီ မော်တော်ယာဉ်လိုင်းကို ပိတ်သိမ်းသွားမှာ ဖြစ် ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် လိုင်းကားအားလုံးကို ပိုးသတ်ဆေး ဖြန်းရန်၊ ခရီးသည်များအား မူလတင်ဆောင်သည့် အရေအတွက်ထက် ထက်ဝက်သာ တင်ဆောင်ရန်၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ခရီးသည်များအားလုံး နှာခေါင်းစည်းတပ်ရန် စသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက် အတိုင်း လိုက်နာဆောင်ရွက်ရန် ဧရာဝတီတိုင်း ဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော် မတီက ညွှန်ကြားထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

တိုင်းအတွင်း ပြေးဆွဲနေသည့် အဝေးပြေး ကားလိုင်းအားလုံးကို ပြန်လည် ပြေးဆွဲခွင့်ပြုသော်လည်း COVID-19 ရောဂါ ဖြစ်ပွားသည့်အခြေအနေအပါ် မူတည်၍ ယာဉ်လိုင်းများပြေးဆွဲမှုကို ရပ်နားခြင်း၊ ဆက်လက် ခွင့်ပြုခြင်းများ လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း COVID-19 ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

ဝန်ကြီး ဦးဝင်းဌေး က “ကိုဗစ်ရောဂါ ကူးစက်မှု အနေအထားအပေါ် မူတည်ပြီး ဧရာဝတီတိုင်း ပြင်ပ ပြေးဆွဲနေတဲ့ အဝေးပြေး ယာဉ်လိုင်းတွေကို ပြေးဆွဲခွင့်ပေးဖို့ကိစ္စက ဆက်လက် သုံးသပ်ပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းတွင် တိုင်းမြို့တော် ပုသိမ်မြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ ပြည်၊ မော်လမြိုင်နှင့် မြဝတီမြို့ များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း ၄၆ လိုင်း ရှိကြောင်း သိရသည်။

ထို့ပြင် ပုသိမ်မြို့မှ ဧရာဝတီတိုင်း အတွင်းရှိ မြို့များဖြစ်သော ဟင်္သာတ၊ မြန်အောင်၊ လေးမျက်နှာ၊ ငပုတော၊ ကျုံပျော်၊ ရေ ကြည်၊ ငါးသိုင်းချောင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာ၊ သာပေါင်း၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ မအူပင်၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့များသို့ ပြေးဆွဲနေသော မော်တော်ယာဉ် လိုင်းပေါင်း ၆၁ လိုင်း ရှိကြောင်း ဧရာဝတီတိုင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲမှု ကြီး ကြပ်ရေး ကော်မတီထံက သိရသည်။

ပုသိမ်မြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲမှုကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးနေမင်း က “တိုင်းအတွင်း ကားလိုင်းတွေကတော့ တော်တော်များများ ပြန်လည် ပြေးဆွဲကြမှာပါ။ ဘာလို့လဲဆိုတော့ ကားလိုင်းတွေ ပိတ်ထားတာ ကြာနေတော့ ဒရိုင်ဘာတွေ၊ စပယ်ယာတွေ၊ ကားလိုင်းဝန်ထမ်းတွေ အကုန်လုံး အလုပ်လက်မဲ့ဖြစ်ပြီး ခက်ခဲ နေကြတာ။ အခုလို လိုင်းကားတွေပြန်ဖွင့်တော့ ခရီးသည်တွေလည်း သွားလာရေး အဆင်ပြေ၊ ကားသမားတွေလည်း ဝင် ငွေ ပြန်ရကြတာပေါ့”ဟု ပြောသည်။

ဧရာဝတီတိုင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက တိုင်းအတွင်းရှိ အဝေးပြေး ယာဉ်လိုင်းများ ပြန်ဖွင့်ခွင့်ပေးခဲ့သလို ဧပြီလ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ဒေသန္တရအမိန့်ကိုလည်း ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအထိ သတ်မှတ်ချက်အစား ည ၁၂ နာရီမှ နောက်တနေ့နံနက် ၄ နာရီ အထိသို့ အချိန်ပြောင်းလဲ၍ ဖြေလျှော့ပေးခဲ့သည်။

ထို့ပြင် တိုင်းအတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြား ချက်အတိုင်း လိုက်နာမှု ရှိမရှိ စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးပြီးနောက် စည်းကမ်းချက်များနှင့် ကိုက်ညီပါက ပြန်လည် ဖွင့် လှစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သို့သော် လူထုတွေ့ဆုံပွဲ၊ ဘာသာရေး ဝတ်ပြု ဆုတောင်းပွဲ၊ ပွဲတော်၊ လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနား၊ ပွဲလမ်း သဘင်များ အားလုံး၊ ဖျောဖြေရေး လုပ်ငန်းများ ဖြစ်သည့် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေ၊ စင်တင် ဖျော်ဖြေရေး လုပ်ငန်း များ အားလုံးနှင့် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရင်ဂျီ ကမ်းခြေများကို မေလ ၃၁ ရက်အထိ ယာယီ ပိတ် သိမ်းထားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က ပြောသည်။

ထို့ပြင် COVID-19 ရောဂါဖြစ်ပွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့ နယ်များတွင် အမြဲတမ်း နေထိုင်သူဖြစ်စေ၊ ယာယီ နေထိုင်သူဖြစ်စေ ဧရာဝတီတိုင်းသို့ လာရောက်ပါက စောင့်ကြည့်စင်တာ (Community based facilities quarantine center) ၌ ၂၁ ရက် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှု ခံယူရမည် ဖြစ်ပြီး တိုင်းအတွင်း သွားလာသည့် အိမ်စီးကားများ အနေဖြင့်လည်း ယာဉ်မောင်း အပါအဝင် လူ ၅ ဦးထက် ပိုမို စီးနင်း ခြင်းကို ဆက်လက် တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ခရီးသွားလာပါက မြို့နယ်အတွင်းဆိုလျှင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် သွား လာရမည် ဖြစ်ပြီး အခြားသောမြို့နယ်၊ တိုင်းနှင့်ပြည်နယ်များသို့ သွားလာပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခရီး သွား ထောက်ခံစာ ပါရှိရန် လိုအပ်ကြောင်း၊ အခြားသော ပြည်နယ်နှင့်တိုင်းများမှ ဧရာဝတီတိုင်းသို့ လာရောက်သူများ အနေဖြင့်လည်း ခရီးသွား ထောက်ခံစာပါရှိမှသာ တိုင်းအတွင်း သွားလာခွင့်ပြုမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရက ညွှန်ကြားချက် ဆက်လက် ထုတ်ပြန်ထားသည်။

You may also like these stories:

နေပြည်တော် ဒုမြို့တော်ဝန် ဦးဆောင်သည့် စီးပွားရေး ကုစားရေး ကော်မတီ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

YBS ကားများကို ဝန်ထမ်း ကြို၊ ပို့ ယာဉ်များ အဖြစ် ငှားရန် အတိုင်ပင်ခံထံသို့ တင်ပြ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်အဝေးပြေးယာဉ်လိုင်းဧရာဝတီတိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.7k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.2k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
ကိုအောင်မြတ်ကျော်နှင့် စင်္ကာပူရောက်ရခိုင်အသင်း အနောက်ပိုင်းခရိုင် တရားရုံးသို့ သြရုတ် ၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် ရောက်ရှိစဉ် / မျိုးမင်းစိုး  / ဧရာဝတီ

ရခိုင်အသင်း (စင်ကာပူ) အမှုမှ ယာဉ်မောင်း၏ အာမခံလျှောက်ထားချက် တရားရုံးပယ်ချ

တရုတ်မြန်မာနယ်စပ် လွယ်ကျယ်ဂိတ်တွင် လူကုန်ကူးမှုနှင့် ပက်သက်ပြီး လူကုန်တား ရဲတပ်ဖွဲ့မှ ပညာပေးနေစဉ် / လူကုန်တား Facebook

တရုတ်တွင် လူကုန်ကူးခံရသည့် မြန်မာများကို ကယ်ထုတ်ရန် ခက်ခဲနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved