• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်အသင်း (စင်ကာပူ) အမှုမှ ယာဉ်မောင်း၏ အာမခံလျှောက်ထားချက် တရားရုံးပယ်ချ

by နန်းလွင်နှင်းပွင့်
15 May 2020
in သတင်း
A A
ကိုအောင်မြတ်ကျော်နှင့် စင်္ကာပူရောက်ရခိုင်အသင်း အနောက်ပိုင်းခရိုင် တရားရုံးသို့ သြရုတ် ၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် ရောက်ရှိစဉ် / မျိုးမင်းစိုး  / ဧရာဝတီ

ကိုအောင်မြတ်ကျော်နှင့် စင်္ကာပူရောက်ရခိုင်အသင်း အနောက်ပိုင်းခရိုင် တရားရုံးသို့ သြရုတ် ၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် ရောက်ရှိစဉ် / မျိုးမင်းစိုး / ဧရာဝတီ

7.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်အသင်း (စင်ကာပူ) အမှုကို နိုင်ငံတော်အတွက် အရေးကြီးသည့် အမှုဟု သတ်မှတ်သဖြင့် အမှုတွဲပါ အငှား ယာဉ်မောင်း ဦးမြတ်လင်းဦး၏ အာမခံလျှောက်ထားချက်ကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့ပယ်ချ လိုက်သည်ဟု သတင်းရရှိသည်။

ရခိုင်အသင်း (စင်ကာပူ) အမှုသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အမှု ဖြစ်ပြီး လုံခြုံရေး နှင့်လည်း ပတ်သက် ကြောင်း မှတ်ချက်ချကာ အာမခံလျှောက်ထားချက်ကို ယနေ့ရုံးချိန်းတွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်ချိုချိုမာက ပယ်ချလိုက်ခြင်း ဖြစ်သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
94
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
38
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
953

ရခိုင်အသင်း (စင်ကာပူ) ဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန် က “သူ( ဦးမြတ်လင်းဦး) က ယာဉ်မောင်း၊ စင်ကာပူနဲ့ တိုက်ရိုက်မပတ်သက်ဘူး။ သူ့ကို ၅၂ နဲ့ စွဲထားတာ။ အာမခံလျှောက်တော့ အရေးကြီးတဲ့ အမှု၊ နိုင်ငံတော်အတွက် အရေးကြီးတဲ့ အမှု ဆိုတဲ့ သုံးသပ်ချက်နဲ့ အာမခံ ပယ်လိုက်တယ်”ဟု ပြောသည်။

ရခိုင်အသင်း (စင်ကာပူ) မှ ခေါင်းဆောင် ၇ ဦးနှင့် အငှားယာဉ်မောင်း ဦးမြတ်လင်းဦးတို့သည် ရက္ခိုင်စစ်တပ် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ မြန်မာနိုင်ငံရဲသတင်းတပ်ဖွဲ့မှ ရဲမှူးတင့်ရွှေက တရားလိုပြုလုပ်ပြီး အကြမ်းဖက်ဥပဒေ ပုဒ်မ များဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်က စ၍ တရားစွဲဆိုခံထားရသူများ ဖြစ်သည်။

အာမခံပယ်ချခံရသူ ဦးမြတ်လင်းဦးသည် ရန်ကုန်မြို့တွင် အငှားယာဉ်မောင်းအလုပ် လုပ်ကိုင်နေသူ ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်က AA ကြောင့် စင်ကာပူမှ ပြည်နှင်ဒဏ်ဖြင့် ပြန်လာရသည့် ရခိုင်အသင်း (စင်ကာပူ) မှ ဦးတင်လှိုင်ဦးနှင့် ဒေါ်မေမြတ်မွန်တို့ ကားငှားရာတွင် လိုက်ပို့ရင်း အမြန်လမ်း၌ ဖမ်းဆီးခံခဲ့ရပြီး ပူးတွဲ တရားစွဲဆို ခံလိုက်ရခြင်း ဖြစ်သည်။

ဦးမြတ်လင်းဦး၏ ရှေ့နေမှ ၎င်းသည် အငှားယာဉ်မောင်းသာ ဖြစ်ပြီး ရခိုင်အသင်း (စင်ကာပူ) နှင့် ဆက်စပ်မှု မရှိဘဲ ကားအငှားလိုက်ရာမှ ဖမ်းခံရရင်း အကြမ်းဖက်ဥပဒေ ပုဒ်မဖြင့် ပူးတွဲ တရားစွဲဆို ခံရခြင်း ဖြစ်သည်ဟု တရားရုံးသို့ တင်ပြကာ အာမခံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အငှားယာဉ်မောင်းသာ ဖြစ်ပြီး ရခိုင်အသင်း (စင်ကာပူ) နှင့် ပတ်သက်ခြင်း မရှိကြောင်း ၎င်း၏ မိသားစုဝင်များက ဧရာဝတီကို ပြောဆိုထားသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက “၂၀၁၉ ခုနှစ်၊ ရာဇဝတ်ကြီး အမှုအမှတ် ၇၈/၂၀၁၉ ကို ဒီနေ့ တရားခံ မြတ်လင်းဦး ခေါ် ကိုလင်း ကို အာမခံ လျှောက်ထားမှုပလပ်ကြောင်း အမိန့်ချခဲ့ပါတယ်။ တရားလိုပြ သက်သေ ၇ ဖြစ်တဲ့ ဦးထွန်းထွန်းဦးကို ဒီနေ့စစ်ဆေးပါတယ်”ဟု ပြောသည်။

တရားလိုပြသက်သေ ဦးထွန်းထွန်းဦးကို စစ်ဆေးမှု မပြီးပြတ်သဖြင့် လာမည့် မေ ၂၂ ရက်၊ ရုံးချိန်းတွင် ထပ်မံ စစ်ဆေးမည်ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

ဆက်လက်ပြီး ဦးဇော်ဇော်ထွန်းက “CMP စစ်ဆေးမှုအခြေအနေက CMP ရုံးချိန်းများ ကုန်သွားပြီ ဖြစ်တဲ့ အတွက် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး၊ တတိယအကြိမ်အပြီးသတ် ကြိုတင်ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ရုံးချိန်းတွေကို သတ်မှတ်ခဲ့တာ ၂၁ရက်၊ ၈ လ၊ ၂၀၂၀ ထိ ရုံးချိန်းတွေကို သတ်မှတ်ထားပါတယ်။ တရားလိုပြ သက်သေခံတွေကို ဆက်လက်ရယူသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များအား တရားစွဲဆိုထားသည့် အမှုကို မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (CMP) ဖြင့် စစ်ဆေးနေရာ ရှုပ်ထွေးသည့် အမှုဟု သတ်မှတ်သဖြင့် ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာက ဆုံးဖြတ်ခဲ့သည်။

သို့သော် မပြီးပြတ်သဖြင့် ၂၀၂၀ခုနှစ်၊ သြဂုတ်ထိ ဆက်လက်စစ်ဆေးရန် သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။

ယနေ့ရုံးချိန်းတွင် တရားစွဲဆိုခံထားရသည့် ရခိုင်အသင်း (စင်ကာပူ) မှ ဦးဟိန်းဇော်၊ ဦးအောင်မြတ်ကျော်၊ ဦးတင်လှိုင်ဦး၊ ဦးရွှေလှိုင်သန်း၊ ဦးထွန်းအေး၊ ဦးရဲကျော်ထက် ၊ဒေါ်အေးမြတ်မွန် နှင့် အငှားယာဉ်မောင်း ဦးမြတ်လင်းဦး တို့ထံမှ ရှာဖွေသက်သေများ သိမ်းဆည်းထားသည့် မှတ်တမ်းများနှင့် ပတ်သက်၍လည်း တရားလိုပြသက်သေများကို စစ်ဆေးသည်။

တရားစွဲဆိုခံထားရသူများအနက် ဦးအောင်မြတ်ကျော်သည် AA စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ တော်စပ်သူ ဖြစ်သည်။

လက်ရှိတွင် AAကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စွပ်စွဲပြီး တရားစွဲဆိုခံထားရသည့် ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင် ၇ ဦးသည် စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ၊ နည်းပညာရှင်များအဖြစ် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။

၎င်းတို့သည် စင်ကာပူရောက် ရခိုင်လူမျိုးများ စုဖွဲ့ထားသည့် ရခိုင်အသင်း( စင်ကာပူ)တွင် ဦးဆောင်သူများ ဖြစ်ပြီး ၎င်းတို့၏ အသင်းသည် စင်ကာပူရောက် ရခိုင်လူမျိုးများထံမှ ရန်ပုံငွေ ကောက်ခံပြီး ရခိုင်ပြည်နယ်တွင်း သာရေး၊ နာရေး၊ သဘာဝ ပတ်ဝန်းကျင်ဘေး ကိစ္စများတွင် ကူညီနေကြသူများလည်း ဖြစ်သည်ဟု သိရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၇ ရက်က ရခိုင်အသင်း (စင်ကာပူ)က ဦးဆောင်ပြီး AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို “မျှော်လင့်ချက်မိုင်တိုင် အမှတ် ၁၀”ဟူသည့် အမည်ဖြင့် စင်ကာပူနိုင်ငံတွင် အခမ်းအနားတခု ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် အွန်လိုင်းမှတဆင့် AA စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းကိုလည်း နားထောင်ခဲ့ကြပြီး စစ်ယူနီဖောင်းများဖြင့် ပြဇာတ် ကပြဖျော်ဖြေမှုလည်း ပြုလုပ်ခဲ့ကြသည်။

ထိုအခမ်းအနားကို အကြောင်းပြုပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို စင်ကာပူနိုင်ငံရဲတပ်ဖွဲ့က နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးပြီး စင်ကာပူရောက် မြန်မာနိုင်ငံ သားများ ထံမှ AA အတွက် ရန်ပုံငွေ ကောက်ခံပေးခြင်း၊ အကြမ်းဖက် အဖွဲ့ကို ထောက်ခံအားပေးခြင်း၊ စင်ကာပူ နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆခြင်း စသည့် စွပ်စွဲချက်များဖြင့် ပြည်နှင်ဒဏ်ပေးလိုက်သည်။

ပြည်နှင်ဒဏ်ပေးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လာရာတွင် မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ကာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခံထားရသည်။

တရားရင်ဆိုင်နေစဉ် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများ စစ်ဆေးခံရပြီး ဘဏ်အကောင့်များ ပိတ်ခြင်း၊ ရှယ်ယာထည့်ထားသည့် စားသောက်ဆိုင် ၂ ဆိုင်ကိုလည်း ငွေကြေး ခဝါချမှုဖြင့် စစ်ဆေးရန်ဟုဆိုကာ ချိတ်ပိတ်ခံထားရသည်။

၎င်းတို့ကို တရားစွဲဆိုထားသည့် ပုဒ်မ ၅၀(ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲခံရပါက တရားစွဲဆိုခံရနိုင်သည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် တသက်နှင့် ငွေဒဏ် ကျခံရမည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဌာန်းထားသည်။

ပုဒ်မ ၅၂ (က) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့၏ တာဝန်များ ဆောင်ရွက်ပေးလျှင် တရားစွဲဆိုခံရမည့် ပုဒ်မ ဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားပါက တရားရုံးမှ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

သို့သော် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို တရားစွဲဆိုသည်မှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်က ဖြစ်ပြီး AAကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာသည်မှာ ၂၀၂၀ ခုနှစ်၊ မတ် ၂၃ ရက်မှ ဖြစ်သည်။

ထိုအချက်ကို အဓိကထားပြီး ဥပဒေတွင် နောက်ကြောင်းပြန် တရားစွဲခွင့် မရှိကြောင်းနှင့် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲရန် မသင့်ကြောင်း ရှေ့နေ ဦးအောင်ကျော်စိန် က တရားရုံးတွင် ချေပလျက် ရှိသည်။

အမှုသည် တရားလိုပြသက်သေများ စစ်ဆေးနေဆဲ အဆင့်တွင်သာ ရှိသေးပြီး စွပ်စွဲခံထားရသူ များကို စွဲချက် တင်၊ မတင်ကို တရားရုံးမှ ဆုံးဖြတ်ရခြင်း မရှိသေးပါ။

ဆက်စပ်လင့်

ရခိုင်အသင်းခေါင်းဆောင်များအမှု တရားလိုသက်သေ တင်သည့် အသံဖိုင် တရားရုံးပယ်ချ

ရခိုင်အသင်း ခေါင်းဆောင်များ၏ မိသားစုဝင်များကို စသုံးလုံး ခေါ်ယူစစ်ဆေး

Your Thoughts …
Tags: ရခိုင်အသင်း (စင်ကာပူ)
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ဖမ်းဆီးခံထားရသည့် ရခိုင်အသင်း(စင်ကာပူ)မှ ကိုအောင်မြတ်ကျော်နှင့် ကိုတင်လှိုင်ဦး /  အောင်မြတ်ကျော် facebookနှင့် ဧရာဝတီ

ရခိုင် အသင်း (စင်ကာပူ) အမှုတွင် ၁၆၀ ကျော် ထပ်ဖမ်းရန် ရှိဟု ဆို

by နန်းလွင်နှင်းပွင့်
20 September 2019
30.3k

အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် ရခိုင်အသင်း (စင်ကာပူ) အမှုတွင် ၁၆၄ ဦး ထပ်မံ ဖမ်းဆီးရန် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုချက် ပေးထားသည်ဟု

ဖမ်းဆီးခံထားရသည့် ရခိုင်အသင်း(စင်ကာပူ)မှ ကိုအောင်မြတ်ကျော်နှင့် ကိုတင်လှိုင်ဦး  / အောင်မြတ်ကျော် facebookနှင့် ဧရာဝတီ

AA ကို ထောက်ပံ့မှုနှင့် စွပ်စွဲဖမ်းဆီးထားသူ ၉ ဦးအမှု ချုပ်ရမန် ထပ်ယူ

by ထွန်းထွန်း
26 July 2019
26.9k

ရက္ခိုင့်စစ်တပ်(AA) ကို ငွေကြေးထောက်ပံ့မှုဖြင့် စွပ်စွဲဖမ်းဆီးထားသည့် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်းများအား အနောက်ပိုင်းခရိုင် တရားရံုံးတွင် ယနေ့ နံနက်ပိုင်းက ချုပ်ရမန် ထပ်မံယူသည်။

ရခိုင်အသင်း (စင်ကာပူ) အမှု စစ်ဆေးနေသည့် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံး  / မျိုးမင်းစိုး / ဧရာဝတီ

ရခိုင်အသင်း (စင်ကာပူ) အမှု ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်မည်ဟု ဆို

by နန်းလွင်နှင်းပွင့်
25 September 2019
18.8k

ရက္ခိုင်စစ်တပ် (AA) ကို ငွေကြေး ထောက်ပံ့သည်ဟု ဆိုကာ စွပ်စွဲကာ ဖမ်းဆီးခံထားရပြီး တရား ရင်ဆိုင် နေရသည့် ရခိုင် အသင်း (စင်ကာပူ) ခေါင်းဆောင်များ၏ အမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်...

Next Post
တရုတ်မြန်မာနယ်စပ် လွယ်ကျယ်ဂိတ်တွင် လူကုန်ကူးမှုနှင့် ပက်သက်ပြီး လူကုန်တား ရဲတပ်ဖွဲ့မှ ပညာပေးနေစဉ် / လူကုန်တား Facebook

တရုတ်တွင် လူကုန်ကူးခံရသည့် မြန်မာများကို ကယ်ထုတ်ရန် ခက်ခဲနေ

မန္တလေးဈေးချို မန်းမြန်မာ ပလာဇာ အတွင်းရှိ ဈေးဆိုင်ခန်းများ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေး ဈေးချိုအပါအဝင် ဈေးကြီး ၇ ခုအား ဖွင့်လှစ်ခွင့် မပြုသေး

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate