• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော် မြို့လယ်၌ ရဲအရာရှိ ၁ ဦး သတ်ခံရ၍ သေဆုံး

by မင်းအောင်ခိုင်
14 June 2020
in သတင်း
A A
ကျောက်တော်မြို့သာသနာ့ ဗိမာန်ကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

ကျောက်တော်မြို့သာသနာ့ ဗိမာန်ကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

72.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့လယ်တွင် ယမန်နေ့ ညနေ ၃ နာရီ ခန့်က ရဲအရာရှိ ၁ ဦး သတ်ဖြတ်ခံရ၍ သေဆုံး သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ သတ်ဖြတ်ခံရသူမှာ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်မင်းဇော် ဖြစ်ပြီး မြို့လယ်ရှိ သာသနာ့ ဗိ မာန်ရှေ့လမ်းမပေါ်တွင် ရှိနေစဉ် အမည်မသိ လူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်ကာ ဓားဖြင့် ထိုးသတ်သွားခြင်းဖြစ် ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “ဖြစ်စဉ်ကတော့ ဟုတ်တယ်။ သူက CRO (ရဲ မှုခင်းမှတ်ဌာန) ကိုင်တယ်။ သာသနာ့ ဗိမာန်ရှေ့ သွားလာနေတုန်း ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ဓားနဲ့ လာထိုး သွားတာလို့ ပြောတယ်။ အဲဒီမှာပဲ ဆုံးသွားတယ်” ဟု ဧရာဝတီသို့ ပြောဆို သည်။

ကျောက်တော်မြို့ပေါ်တွင် ထိုသို့ ရဲအရာရှိ ၁ ဦး လုပ်ကြံ သတ်ဖြတ်ခံရသည့်အတွက် မြို့ခံများမှာ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်ကာ အိမ်ပြင် မထွက်ရဲကြဘဲ အခြေအနေကို စောင့်ကြည့်နေကြရကြောင်းလည်း သိရသည်။

ကျောက်တော်မြို့ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “အဲဒီလို ဖြစ်တယ်လို့တော့ ကြားတယ်။ ကျနော့် လည်း မြင်တာတော့ မဟုတ်ဘူး။ လူတွေလည်း တယောက်မှ သွားမကြည့်ရဲကြဘူး။ အားလုံး အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲကြဘူး။ ဆိုင်တွေလည်း အကုန် ပိတ်ထားကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးအား ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ယခုလ ဇွန်လ ၁၁ ရက် မနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့လယ်တွင် တပ်မတော် အရာရှိ ဓားထိုးခံရပြီး တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထိုလုပ်ကြံမှုများမှာ AA တပ်ဖွဲ့ဝင်များနှင့် အမာခံများ လက်ချက် ဖြစ်သည်ဟု တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ထုတ် ပြန်ထားကာ ယင်းနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်က ပစ်ခတ်မှုကြောင့် မြို့ခံ ၁ ဦး သေဆုံးခဲ့သည်။

မြို့ခံ ၁ ဦး သေဆုံးမှုမှာ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများကို ရန်မူရန် အနီးကပ် လာသည့်အတွက် ပစ် ခတ်လိုက်ခြင်း ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်ခံရသူ ဦးညီညီ (၄၅ နှစ်) မှာ စိတ်မနှံ့သူတဦး ဖြစ်ကာ၊ မြို့ပေါ်တွင် လျှောက်သွားနေကျသူလည်း ဖြစ်ပြီး ယင်းသို့ တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် လက်မခံနိုင်ကြောင်း ပုဏ္ဏားကျွန်းမြို့ခံများနှင့် မိသားစုဝင်များက ပြောဆို ထားသည်။

ပြီးခဲ့သော၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ ရေယာဉ် ဆိပ်ကမ်းတွင် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေစဉ် ဓားထိုးခံခဲ့ရသလို၊ စက်တင်ဘာလ၂၂ ရက်ကလည်း ဆိပ်ကမ်းတာဝန်ခံ ရဲ တပ်ကြပ်ကြီး မောင်လှမှာ နေအိမ်မှ ဆိုင်ကယ်ဖြင့် စခန်းသို့ သွားရောက်စဉ် ဓားထိုး လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့၌ ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ က ခတ်စိပ်စိပ် ဖြစ်ပွားနေပြီး သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ ကျူးလွန်သည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီး၌ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရွာသားများမှာ ယခုကဲ့သို့ ဓားဖြင့် ထိုးကာ သတ်ဖြတ်ခံရခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပွားနေ သဖြင့် ဒေသခံ ပြည်သူများကြား လုံခြုံမှု မရှိခြင်းကြောင့် စိုးရိမ်မှု မြင့်တက်လျက် ရှိနေသည်။

RelatedPosts

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
3
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
2
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

9 January 2026
10

ဆက်စပ်ဖတ်ရှုရန်

ပုဏ္ဏားကျွန်းတွင် AA က တပ်အရာရှိ ၁ ဦးကို သတ်ပြီး ၁ ဦး ဖမ်းဆီးသွား

တရားဥပဒေစိုးမိုးမှု ပျက်ပြားရင် အုပ်ချုပ်ရေးယန္တရား ပျက်မှာပဲ

Your Thoughts …
Tags: ကျောက်တော်ရဲအရာရှိလုပ်ကြံသတ်ဖြတ်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

by ဧရာဝတီ
16 January 2024
17.3k

ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

by ဧရာဝတီ
3 January 2024
6.5k

ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ၏ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျောက်တော်မြို့နယ်အတွင်းရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်

ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး ပစ်သတ်ခံရ

ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး ပစ်သတ်ခံရ

by ဧရာဝတီ
15 September 2023
5.2k

ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင် ဖြစ်ကာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူရန် စောင့်နေစဉ် အမည်မသိ ဆိုင်ကယ်သမား ၄ ဦး လာရောက် လုပ်ကြံခြင်းဖြစ်

တရားခံစာရင်း၌ ကလေးဓာတ်ပုံဖော်ပြမှု မြန်မာ့လူ့အခွင့်အရေး ကော်မရှင် နှုတ်ဆိတ်နေ

တရားခံစာရင်း၌ ကလေးဓာတ်ပုံဖော်ပြမှု မြန်မာ့လူ့အခွင့်အရေး ကော်မရှင် နှုတ်ဆိတ်နေ

by ဧရာဝတီ
7 June 2025
3.2k

ဗိုလ်မှူးချုပ်(ငြိမ်း) ချိုထွန်းအောင် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားခံဖမ်းမိကြောင်း စစ်ကောင်စီက ထုတ်ပြန် ရာတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးကိုပါ ဖမ်းဆီးပြီး တရားခံစာရင်းသွင်းခြင်းသည် စစ်ရာဇဝတ်မှုမြောက် ကြောင်း ဥပဒေပညာရှင်များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောဆိုသည်။

တက်ဘုန်းကြီးများ နဲ့ ရဲအရာရှိကြီး Big Tao

တက်ဘုန်းကြီးများ နဲ့ ရဲအရာရှိကြီး Big Tao

by စံရိပ်ငြိမ်
29 July 2025
1.9k

ထိုင်းဘုန်းကြီးလောကရဲ့ အကျင့်ပျက် တက်ဘုန်းကြီးတွေအမှု ပေါ်ပေါက်လာတဲ့ အဓိက ကတော့ ဗဟို စုံစမ်းရေး ဗြူရို (CIB) လက်ထောက် ရဲမင်းကြီး၊ ရဲဗိုလ်ချုပ် ဂျရွန်ကစ် ပန်ကျောက် ရဲ့ ကြိုးပမ်းမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အိန္ဒိယရဲအရာရှိ အသတ်ခံရမှု မိုးရေးမြို့ရှိ မြန်မာ ၄၀ခန့် အဖမ်းခံရ

အိန္ဒိယရဲအရာရှိ အသတ်ခံရမှု မိုးရေးမြို့ရှိ မြန်မာ ၄၀ခန့် အဖမ်းခံရ

by ဧရာဝတီ
2 November 2023
1.7k

သေဆုံးသူမှာ ရဲအရာရှိ အနန်ကူးပါးမှာ ၎င်း၏အဖွဲ့ဖြင့် ရဟတ်ယာဉ်ကွင်းဆောက်ရန်နှင့် ကျောင်းသန့်ရှင်းရေး အတွက် လာရောက်ကြည့်ရှုစဉ် ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ တခြားရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း Hindustan Times အိန္ဒိယ သတင်းစာတွင်...

Next Post
မင်းသား ဆောင်းဂျွန်ကီ

ကောလာဟလ ဖြန့်နေသူတွေကို မင်းသား ဆောင်ဂျွန်ကီ တရားစွဲမည်

ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ပိုက်ဆံ ကူဝိတ်ဒီနာ (KWD)

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးများ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved