• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခရီးသွားကဏ္ဍ ပြန်လည်ပတ်နိုင်ရေး ဘုရားစေတီများ ဖွင့်လှစ်ရန် လိုအပ်နေ

by ထွန်းထွန်း
24 June 2020
in သတင်း
A A
ရန်ကုန်မြို့ရှိ ဆူးလေစေတီတော် / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့ရှိ ဆူးလေစေတီတော် / အောင်ကျော်ထက် / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းခရီးသွားကဏ္ဍ ပြန်လည်လည်ပတ်နိုင်ရေးအတွက် နာမည်ကြီး ဘုရားစေတီများသို့ သွားလာခွင့်ကိုလည်း တပြေးညီ ပြန်လည် ဖွင့်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်း ဟန်က ပြောသည်။

“ပြည်တွင်းခရီးသွားကဏ္ဍကို အားပေးဖို့ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးဖို့ကိုလည်း တင်ပြထားပါတယ်၊ အခုထိတော့ တိတိကျကျ မူဝါဒ မရှိသေးဘူး၊ ပူးပေါင်းဆောင်ရွက်မှု လိုတယ်၊ ကျနော်တို့က မသိရဘူး ဖြစ်နေတယ်၊ ဖွင့်ပြီးလား၊ သွားလို့ ရပြီလားဆိုတာ ဝေခွဲမရဘူး၊ ခရီးသွားကဏ္ဍကို ဒေသအာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးနေတယ်”ဟု ၎င်းကပြောသည်။

ကိုဗစ်ကြောင့် ရပ်ဆိုင်းနေရသည့် ခရီးသွားလုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ရေးအတွက် ပြည်တွင်းကဏ္ဍမှ စတင် ရမည်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ပြည်တွင်းခရီးစဉ်များ စီမံခန့်ခွဲမှုအပေါ် မူတည်ကာ နိုင်ငံခြား ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဦးနှောင်းနှောင်းဟန်က ထောက်ပြသည်။

လတ်တလောတွင် COVID-19 ကာကွယ် ထိန်းချုပ်ရေး ကန့်သတ်မှုများ ဖြေလျော့မှုနှင့်အတူ တိုင်းနှင့်ပြည်နယ်များရှိ ဘုရားစေတီအချို့အား ပြန်လည်ဖွင့်လှစ်ကာ အချိန်ကန့်သတ်ချက်များဖြင့် ဝင်ရောက်ခွင့်ပြုထားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ဘုရားစေတီတွေနဲ့ ဘာသာရေး အဆောက်အဦတွေ ပြန်ဖွင့်တာက သက်ဆိုင်ရာ ဒေသအစိုးရတွေရဲ့ အစီအစဉ်နဲ့ ဖွင့်ကြတာပါ၊ ဧရာဝတီတိုင်းမှာဆိုလည်း ဘုရားအဆူ ၄၀ ကျော်နဲ့ ဗလီတချို့ ပြန်ဖွင့်ကြတာ ရှိပါတယ်၊ အဓိက ကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက် နေကြပါတယ်”ဟု ပြောသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသရှိ ဘုရားစေတီများတွင်လည်း မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အချိန် ကန့်သတ် ချက်ဖြင့်လည်း ပြန်လည်ဝင်ရောက်ဖူးမြော် ခွင့်ပြုနေသလို ဟိုတယ်များလည်း ပြန်လည်ဖွင့်လှစ်လျှက်ရှိကြောင်း ပုဂံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ဦးသန်းဌေးက “ဘုရားတွေမှာတော့ ဂေါပကအဖွဲ့က အပူချိန်တိုင်းတာ၊ Mask တပ်ခိုင်းတာမျိုးတွေ လုပ်ပြီး ဝင်ခွင့်ပြုတာ တော့ရှိတယ်၊ အဖွဲ့လိုက် ကားကြီးတွေနဲ့ လာတဲ့ ခရီးသွားတွေတော့ မရှိသေးဘူး၊ ပုံမှန် မိသားစု ခရီးသွားတွေတော့ လာနေ တာရှိပါတယ်” ဟု ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
4
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
22
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
4

ရန်ကုန်တိုင်းရှိ လူသိများသည့် ဘုရားစေတီအချို့ အချိန်ကန့်သတ်ချက်ဖြင့် ပြန်ဖွင့်သော်လည်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်သွားလာမှုများသော ရွှေတိဂုံ စေတီတော်အား တက်ရောက် ဖူးမြော်ခွင့်ပိတ်ထားဆဲဖြစ်သည်။

ရွှေတိဂုံစေတီတော်အား တက်ရောက်ဖူးမြော်ခွင့်် ပြန်ဖွင့်ပေးချိန်တွင် နိုင်ငံခြားသားများအား ကြိုတင် စာရင်းပေးသွင်း စေပြီး မှသာ သတ်မှတ်ရက်အတိုင်း တက်ရောက်ခွင့်ပြုရန် ပြင်ထားကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က ပြောသည်။

“ဘုရားစေတီတွေ ဘယ်လို စည်းကမ်းချက်တွေနဲ့ ပြန်ဖွင့်မလဲဆိုတာ စီမံချက်တွေတော့ ဆွဲထားပြီး သာသနာရေး ဦးစီး ဌာနကိုလည်း တင်ပြထားပါတယ်၊ အဓိကတော့ COVID-19 ထိန်းချုပ်ရေး ကော်မတီရဲ့ ဖြေလျော့မှုအပေါ် မူတည်ပြီး ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ အညီ ဖွင့်ဖို့လုပ်ထားကြပါပြီ”ဟု ပြောသည်။

မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီများဖြစ်သည့် ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိစေတီတော်၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်၊ ဆူးလေစေတီတော် စသည်တို့အပြင် လူသွားလာမှုများသည့် ဘုရားစေတီများအနက် အချို့ကို ပိတ်ထားဆဲ ဖြစ်ပြီး အချို့ကို ကျန်းမာရေးထောက်ခံချက်ဖြင့်လည်းကောင်း၊ အချိန် ကန့်သတ်ချက်ဖြင့် လည်းကောင်း ဖူးမျှော်ခွင့် ပြုထား သည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများအား ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားပြီး ကူးစက်ခံရသူ အများဆုံး တွေ့ရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အား Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုမှာလည်း ယနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းအထိ ၂၉၂ ဦးရှိပြီး ၎င်းတို့အနက် ပြန်လည်သက်သာ ကောင်းမွန်လာသူ ၂၀၄ ဦးရှိကာ သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

You may also like these stories:

မန္တလေးတိုင်းအတွင်း သင်တန်းများ ပြန်လည် ဖွင့်လှစ် ခွင့်ပြု

နိုင်ငံတကာခရီးသွားများ ဒူဘိုင်းသို့ မကြာခင် လည်ပတ်နိုင်တော့မည်

ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်

Your Thoughts …
Tags: ခရီးသွားကဏ္ဍဆူးလေစေတီတော်ဘုရားစေတီရွှေတိဂုံ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ပြင်းထန်ငလျင်ကြောင့် အဆောက်အအုံနှင့် ဘုရားစေတီ ၅ သောင်းကျော် ပျက်စီး

ပြင်းထန်ငလျင်ကြောင့် အဆောက်အအုံနှင့် ဘုရားစေတီ ၅ သောင်းကျော် ပျက်စီး

by ဧရာဝတီ
10 April 2025
460

ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ လူနေတိုက်တာအဆောက်အအုံ ၄၈,၈၃၄ လုံးနှင့် ဘုရားစေတီပုထိုးပေါင်း ၅,၂၇၅ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ...

အာရှတိုက်၏ အထင်ကရ ၁၅နေရာရွေးချယ်ရာ၌ ရွှေတိဂုံစေတီလည်း ပါဝင်

အာရှတိုက်၏ အထင်ကရ ၁၅နေရာရွေးချယ်ရာ၌ ရွှေတိဂုံစေတီလည်း ပါဝင်

by ဧရာဝတီ
30 May 2017
13.8k

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာရောက်သည့် အာရှတိုက်မှ အထင်ကရနေရာ ၁၅နေရာကို TripAdvisor မှ ရွေးချယ်ရာ မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားလည်း ရွေးချယ်ခံခဲ့ရပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ  / Reuters

နေပြည်တော်မှတ်စု (အပိုင်း – ၆)

by ကြည်မောင်နိုင်
24 August 2019
36.4k

ကျနော့်မိတ်ဆွေတချို့က INGO နယ်ထဲမှာ မီဒီယာနယ်ထဲမှာ ကျင်လည်ကြသည်။ သူတို့က သူတို့ရဲ့ Staff တွေကို အားမရကြောင်း ပြောပြသည်။ “ဝမ်းစာ အရမ်းအားနည်းတယ်ဗျာ” ဒီလိုဆိုကြသည်။ “တချို့က ကိုယ့်သမိုင်း တောင် ကိုယ်မသိဘူး၊ ဒါပေမယ့် နိုင်ငံခြားသားဆို...

ရွှေတိဂုံ စေတီတော် / ဧရာဝတီ

ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ၆ ဦးကို အနားပေး

by ထက်နိုင်ဇော်
19 August 2016
2.3k

“တချို့တွေက အသက် ၇၀ ပြည့် အနားယူရမှာကို မယူဘဲ တနှစ် ထပ်တိုးနေတာတွေ၊ တချို့ကျတော့လည်း အသက်ကြီးပြီး ကျန်းမာရေး မကောင်းတော့တာ တွေလည်းပါတယ်” ဟု ဦးဇာနည်ဝင်းက ပြောသည်

ရန်ကုန် ရွှေတိဂုံ စောင်းတန်းရှိ အမှတ်တရ ပစ္စည်း အရောင်းဆိုင် တဆိုင် / khiri.com

ရွှေတိဂုံ စေတီ ဆိုင်ခန်းများ၌ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းချမှုမရှိရေး ကြပ်မတ်မည်

by သဇင်လှိုင်
9 February 2018
5.5k

ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် ဘုရားစောင်းတန်းရှိ ဈေးဆိုင်များတွင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းချမှု မရှိစေရေး အတွက် ကြပ်မတ်သွားမည် ဖြစ်ကြောင်း

ရွှေတိဂုံရင်ပြင်တော်တွင် တပ်ဆင်ထားခဲ့သော MyTel ၏ ဆက်သွယ်ရေးအားမြှင့်စက် (Small Cell) / MyTel

ရွှေတိဂုံရင်ပြင်က MyTel ဆက်သွယ်ရေးအားမြှင့်စက်များ ပြန်လည်ဖြုတ်သိမ်း

by အောင်သီဟ
16 October 2019
25.6k

ရွှေတိဂုံစေတီတော်ရင်ပြင်တော် မြောက်ဘက်မုဒ် နှင့် တောင်ဘက်မုဒ်ရှိ ရေတိုင်ကီများတွင် တပ်ဆင်ထားသော ဆက်သွ ယ်ရေး အော်ပရေတာ MyTel ၏ ဆက်သွယ်ရေးအားမြှင့်စက် (Small Cell) များကို ဖြုတ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

Next Post
“ကျနော်တို့ တိုက်ပွဲဝင်တာ တန်းတူညီမျှရေး”

"ကျနော်တို့ တိုက်ပွဲဝင်တာ တန်းတူညီမျှရေး"

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း / Ministry of Foreign Affairs Myanmar

အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး လက်မခံဟု မြန်မာပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved