သတင်းတို

အာရှတိုက်၏ အထင်ကရ ၁၅နေရာရွေးချယ်ရာ၌ ရွှေတိဂုံစေတီလည်း ပါဝင်

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာရောက်သည့် အာရှတိုက်မှ အထင်ကရနေရာ ၁၅နေရာကို TripAdvisor မှ ရွေးချယ်ရာ မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားလည်း ရွေးချယ်ခံခဲ့ရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ရှေးဟောင်း အန်ကောဝပ် ဘုရားကျောင်းကတော့ အာရှမှာ ကမ္ဘာလှည့် ခရီးသွားအလာ အများဆုံး နံပါတ် ၁ နေရာက အရွေးချယ်ခံခဲ့ရပြီး၊ အိန္ဒိယက တပ်ချ်မဟာ နန်းတော်က နံပါတ် ၂၊ တရုတ်ပြည်က မဟာတံတိုင်းက နံပါတ် ၃နေရာမှာရှိပါတယ်။

မြန်မာနိုင်ငံက ရွှေတိဂုံဘုရားကတော့ နံပါတ် ၇ နေရာမှာ ရွေးချယ်ခံခဲ့ရသလို၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လျှောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ရှိရာ Wat Pho ဘုန်းတော်ကြီးကျောင်းက အဆင့်သတ်မှတ်ချက် ၄၊ ဘုရင်နန်း တော်က အဆင့် ၉၊ မြဘုရားကတော့ အဆင့် ၁၄ အသီးသီးသတ်မှတ် ရွေးချယ်ခံခဲ့ရပါတယ်။

အလားတူ ဂျပန်နိုင်ငံ ကျိုတိုမြို့က Fushimi Inari-taisha နတ်ကွန်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ က ပီထရိုနပ်စ် မျော်စင်ညီနောင်၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က Cu Chi မြေအောက်လှိုဏ်ခေါင်းများ၊ ဂျပန်နိုင်ငံ တိုကျိုမြို့ က Kinkakuji ဘုရားကျောင်း၊ ဟောင်ကောင်မြို့က Tian Tan ဗုဒ္ဓရုပ်ပွားတော်၊ အိန္ဒိယနိုင်ငံမှ Amber ခံတပ်၊ စင်ကာပူက မာရီနာပင်လယ်အော်၊ စင်ကာပူက Flyer တို့လည်း အထင်ကရ ၁၅နေရာမှာ ပါဝင်ပါတယ်။

ရွေးချယ်ခဲ့တဲ့ TripAdvisor အဖွဲ့ကတော့ ဒီလို အဆင့်သတ်မှတ်မှုဟာ ခရီးသွားကာလ ၁၂လအတွင်း ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ သုံးသပ်ချက်၊ အရေအတွက် အဆိုပါ အထင်ကရနေရာများအတွက် အဆင့်သတ်မှတ်ချက် စတာတွေကိုမူတည်ပြီး သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှ ရွှေတိဂုံစေတီတော် အရွေးချယ်ခံရပေမယ့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ကြတဲ့ ပုဂံရှေးဟောင်းဇုန်ကတော့ ရွေးချယ်ခံခဲ့ရခြင်း မရှိပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading