• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး လက်မခံဟု မြန်မာပြော

by ဇူးဇူး
24 June 2020
in သတင်း
A A
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း / Ministry of Foreign Affairs Myanmar

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း / Ministry of Foreign Affairs Myanmar

6.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ လေးစားမှုရှိသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန် မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လူ့အခွင့်အရေးကောင်စီတွင် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က ပြုလုပ်သော လူ့အခွင့်အရေးကောင်စီ၏ (၄၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥရောပ သမဂ္ဂ (EU) မှ တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုအား မြန်မာနိုင်ငံက လက်မခံဘဲ ပယ်ချခဲ့ရာတွင် ထိုကဲ့သို့ ထည့်သွင်းပြော ဆိုခဲ့ခြင်း ဖြစ်သည်။

ဦးကျော်မိုးထွန်းက “နိုင်ငံတနိုင်ငံအပေါ် ဦးတည်ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက်တာမျိုး ရှောင်ရှားရမှာဖြစ် ပြီး နိုင်ငံတနိုင်ငံအပေါ် ဦးတည်သတ်မှတ်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေဟာ မြေပြင်အခြေအနေ တိုးတက်ကောင်းမွန်လာရေး ကို အားပေးရာမရောက်ဘဲ ပိုမိုဆိုးရွားစေမှာ ဖြစ်ပါတယ်” ဟု ကန့်ကွက် ပြောဆိုခဲ့သည်။

EU ၏ ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် လက်တွေ့အမှန်တရားကို ထင်ဟပ်မှုမရှိ သကဲ့သို့ မိမိတို့ ရင်ဆိုင်နေရသည့် စိန်ခေါ် မှုများကို ကျော်လွှားရန် အဖြေရှာရန် အထောက်အပံ့ မဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် မြန်မာနိုင်ငံ အပေါ် အဟန့်အတားများ ပြုလုပ်မည့်အစား လက်ကမ်းကူညီမှု ပြုလုပ်သင့်ကြောင်း ၎င်းက ပြောကြားသည်။

EU ၏ ဆုံးဖြတ်ချက် အဆိုမူကြမ်းတွင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေး အပါအဝင် လူ့အခွင့်အရေး အခြေအနေများ တိုး တက်မှု မရှိသေးကြောင်း၊ တရားစီရင်မှုအပိုင်း အားနည်းနေသေးကြောင်း၊ အထူးသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေပြီး ထိုကိစ္စများအား စုံစမ်းစစ်ချိန်၌လည်း အခက်အခဲများ ရှိနေကြောင်း စ သည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဖိနှိပ်မှုများကို ဖြေရှင်းရန် ရည်ရွယ်ပြီး တရား မျှတမှုနှင့် တာဝန်ခံမှု ရရှိရေးကို တောင်းဆိုထားကြောင်း မူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့သည့် ဥရောပသမဂ္ဂကိုယ်စား ခရိုအေးရှားနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Vesna Batisciko က ညီလာခံတွင် ပြောကြားခဲ့ကြောင်း VOA သတင်းဌာန မြန်မာပိုင်းတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးဟူသည် နိုင်ငံတနိုင်ငံ၊ အချုပ်အခြာအာဏာတခု၊ ဘာသာလူမျိုးရေးတခု၏အောက်၌ သီးသန့်ဆိုခြင်းမျိုး မ ရှိတော့ဘဲ လူသားအားလုံးသည် ကမ္ဘာ့ရွာကြီးတွင် ကမ္ဘာ့လူသားများ ဖြစ်သွားရာ လူတယောက်အပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းသည် လူသားမျိုးနွယ်တခုလုံးကို ထိခိုက်ခြင်းသာဖြစ်ကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင် မျိုးမင်းက ရှင်းပြသည်။

၎င်းက “ဒါက ဝင်ရောက်စွက်ဖက်မှုလား။ အမှန်တကယ် ချိုးဖောက်မှုဖြစ်လို့ လူသားအရေးအတွက် လုပ်ဆောင်တာလား။ အဲဒီနှစ် ခုကိုတော့ ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုအပ်တယ်။ အချုပ်အခြာအာဏာဆိုပြီး ဘာလုပ်လုပ် အကုန်တားဆီးတဲ့ ပုံစံက ခေတ် လည်း မမီတော့သလို ဘယ်လိုမှ ဒီတိုင်းတားဆီးနိုင်တော့မှာ မဟုတ်ပါဘူး” ဟု ထောက်ပြသည်။

ဆက်လက်၍ ၎င်းက အထူးလုပ်ထုံးလုပ်နည်းအရ စုံစမ်းပြီးလုပ်ဆောင်မှုမျိုး(Special Procedure) ကို နိုင်ငံအတော်များ များက လက်မခံကြသော်လည်း မြန်မာနိုင်ငံ၏ အခြေအနေသည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုးတက်လာမှုမရှိခြင်း၊ ရခိုင် အပါအဝင် တိုင်းရင်းသားဒေသ လက်နက်ကိုင် ပဋိပက္ခများအကြား ဖြစ်ပွားနေသည့် ကိစ္စများသည် အထူးအာရုံစိုက် ပြီး လုပ်ဆောင်ရမည့် ကိစ္စမျိုးဖြစ်နေခြင်းတို့ကြောင့် တချို့စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များ ဆက်လက်ရှိရန် လိုအပ်နေ  သေးသည်ဟု ဆိုသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
251
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
32

ဦးအောင်မျိုးမင်းက “ကျနော်တို့ အရင်အစိုးရပုံစံအတိုင်းပဲ ဖြစ်နေတာ တွေ့နေရတယ်။ နိုင်ငံတကာက ဝင်ရောက်ပြီး ဒီလို မျိုးလုပ်ဆောင်မှုကို မဟုတ်ပါဘူးဆိုပြီး ငြင်းဆန်မှု ဖြစ်တယ်။ မဟုတ်ပါဘူးလို့ ကမ္ဘာမှာ ငြင်းဆန်နေပေမယ့် တကယ် ဖြစ်နေတဲ့ဟာကိုတော့ ငြင်းလို့မရဘူးထင်တယ်။ အဲဒါမျိုးလုပ်ဆောင်ခြင်းက ပိုမိုပြီးတော့ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေတယ်” ဟု သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာအရ ပြစ် မှု ကျူးလွန်သူများကို အရေးယူရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းတာဝန်ခံမှု၊ တာဝန်ယူမှု လုပ်ငန်း စဉ် ဆောင်ရွက်နေမှုကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် ဦးကျော်မိုး ထွန်းက ပြောဆိုခဲ့သည်။

အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်တွင်းရှိ ရာဇဝတ်မှု ကျူးလွန်ခြင်းများကိုပင် ထိရောက်သည့် အရေးယူမှုမျိုး မရှိသေးရာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ပါသည်ဟု စွပ်စွဲခံရသည့် ကိစ္စမျိုး၌ တရားဥပဒေအရ အရေးယူနိုင်ရေး များစွာအခက်အခဲ ရှိနေအုံးမည်ဟု လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

ရခိုင်အမျိုးသားပါတီ (ANP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ၎င်းအနေဖြင့် နိုင်ငံတကာသို့ ပေါက်ရောက်သွားသည့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မှတ်ချက်မပေးချင်သော်လည်း ပြည်ထောင်စုသား ရခိုင်လူမျိုးတို့၏ ဆင်းရဲဒုက္ခရောက်  နေသည့် ပကတိအနေအထားပေါ် အစိုးရက လျစ်လျူရှုထားမှုများအား ပြောဆိုသည်။

တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားများ သေကြေ၊ ထိခိုက်နေရခြင်း၊ ဖမ်း ဆီးအချုပ်နှောင်ခံ၊ ညှဉ်းပန်းအနှိပ်စက်ခံရခြင်းများ၊ အစိုးရအနေဖြင့် စစ်ဘေးရှောင်များအား ထိရောက်သည့် ကူညီဆောင် ရွက်မှုများ မပြုနိုင်ခြင်း၊ ကူညီဆောင်ရွက်မှု ပြုသည့်နေရာတွင်လည်း အတားအဆီး၊ အကန့်အသတ်များ အပါအဝင် တနှစ်  ကျော်လာသည့် အချိန်အတွင်း တိုက်ပွဲများကို လျှော့ချနိုင်သည့် အနေအထား မရှိခြင်းတို့ကို ၎င်းက ထောက်ပြသည်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်သည့် EU က တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အား မြန်မာက ပယ်ချခဲ့သော်လည်း လူ့အခွင့် အရေးကောင်စီတွင် မဲခွဲခဲ့ရာ၌ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၈ မဲနှင့် ထောက်ခံမဲ ၃၇ မဲဖြင့် အတည်ပြုခဲ့သည်။

ကုလသမဂ္ဂယန္တရားအရ တနေရာတည်းတွင် ပြီးသွားမည် မဟုတ်ဘဲ တခုနှင့်တခု ချိတ်ဆက်မှု ရှိသည့်အတွက် နိုင်ငံ့ခေါင်း  ဆောင်များအနေဖြင့် အမြော်မြင်ရှိရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ယခုထက် ပိုမိုကြီးမားသည့် နောက်ထပ် နိုင်ငံတ ကာ ဖိအားများ၊ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မှုများ ရှိနိုင်မည်ကို သဘောပေါက်စေချင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက သတိပေး ပြောဆိုသည်။

You may also like these stories:

ခရီးသွားကဏ္ဍ ပြန်လည်ပတ်နိုင်ရေး ဘုရားစေတီများ ဖွင့်လှစ်ရန် လိုအပ်နေ

Mask ထုတ်လုပ်မည့် ပြည်ပစက်ရုံ တချို့ ခွင့်ပြုပေးရန်ရှိ

မြို့သာ ဆေးခြောက်စိုက်ခင်း အမှု တိုင်းအယူခံတက်

Your Thoughts …
Tags: EUကုလသမဂ္ဂမြန်မာဦးကျော်မိုးထွန်း
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

Next Post
မြို့ပြအင်ဂျင်နီယာနှင့် ငလျင်ပညာရှင် ဦးစောထွေးဇော်

ရန်ကုန်မှာ တိုက်ပြိုကျမှုတွေ ဘာကြောင့် ဖြစ်တာလဲ

တင်းနစ်ကစားသမား ဂျိုကိုဗစ်

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ် COVID-19 ကူးစက်ခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved