• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Mask ထုတ်လုပ်မည့် ပြည်ပစက်ရုံ တချို့ ခွင့်ပြုပေးရန်ရှိ

by မျိုးပပစန်း
24 June 2020
in သတင်း
A A
လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းခွင်တွင် Mask  တပ်ထားသည့် အလုပ်သမများ / မျိုးမင်းစိုး / ဧရာဝတီ

လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းခွင်တွင် Mask တပ်ထားသည့် အလုပ်သမများ / မျိုးမင်းစိုး / ဧရာဝတီ

4.2k
VIEWS
Share on FacebookShare on Twitter

နှာခေါင်းစည်း (Mask) ထုတ်လုပ်မည့် နိုင်ငံခြားသား စက်ရုံတချို့ကို ပြည်တွင်း၌ ခွင့်ပြုပေးရန် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဧရာဝတီသို့ ပြောသည်။

“Mask နဲ့ ပတ်သက်တဲ့ လုပ်ငန်းမျိုးဆိုရင် ရှေ့တပတ်မှာ စုစည်းတင်ပြ ဆောင်ရွက်ဖို့ ရှိပါတယ်။ ကျနော်တို့က အချက် အလက် ပြည့်စုံတာနဲ့ ခွင့်ပြုပေးမှာပါ။ ဒါပေမယ့် တချို့ Mask လုပ်ငန်းတွေကျတော့ ကျန်းမာရေးနဲ့ အားကစား ဆေးဝါး ဌာနက ကွပ်ကဲချက်ကို ယူရပါတယ်။ တာဝန်ယူမှု မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ခွင့်ပြုပေးနေတာ ဖြစ်မှာစိုးလို့ ဒါကို စောင့်နေတာ” ဟု ခွင့်ပြုပေးမည့် အခြေအနေကို ၎င်းက ရှင်းပြသည်။

ရင်းနှီးမြှုပ်နံှမှု ခွင့်ပြုပေးခြင်းနှင့် ပတ်သက်၍ အမြန်ခွင့်ပြုပေးရန် အထက်မှ လမ်းညွှန်ထားသော်လည်း စစ်ဆေး စိစစ်ရမည့် အချက်များ ရှိနေသည့်အတွက် စောင့်နေရခြင်း ဖြစ်ကြောင်း ဦးသန့်စင်လွင်ကဆို သည်။

လက်ရှိ ပြည်တွင်း၌ Mask အပါအဝင် ဆေးရုံးပစ္စည်းများ ဖြစ်သော ဆေးပစ္စည်း၊ ဂွမ်း၊ ခွဲစိတ်ခန်းသုံးပစ္စည်း အစရှိသည်တို့ ထုတ်လုပ်နေသည့် တရုတ်နိုင်ငံသားပိုင် စက်ရုံ ၃ ရုံနှင့် ဆေးရုံသုံး ခုတင် ထုတ်လုပ်သော မြန်မာနိုင်ငံသားပိုင် စက်ရုံ ၁ ရုံ စုစုပေါင်း စက်ရုံ ၄ ရုံရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) စာရင်းများအရ သိရသည်။

DICA ညွှန်ကြားရေးမှူး တဦးက “အဆိုပြုလွှာ တင်ထားတာတော့ တရုတ်နိုင်ငံ တခုတည်းက ဖြစ်တယ်။ ရင်းနှီးမြှုပ်နံှမှု ပမာ ဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံဖြစ်တယ်။ ကျန်တဲ့ လုပ်ငန်းရှင်တွေက လုပ်ချင်တယ်လို့ စာလေးပဲ တင်တယ်။ ဒါကြောင့် ကျမတို့က ခေါ်တွေ့တယ် သူတို့အခြေအနေက ဘယ်လောက်ထိ ခိုင်ခိုင်မာမာ လုပ်နိုင်သလားဆိုပြီး လာတွေ့တဲ့ လုပ်ငန်းရှင်က ၇ ယောက် ရှိတယ်” ဟု ပြောသည်။

Mask ထုတ်လုပ်မည့် လုပ်ငန်းဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့၏ ထောက်ခံချက်များ လိုအပ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က သိရသည်။

ဦးသန့်စင်လွင်က “အရင်က ဖိနပ်ချုပ်လုပ်ငန်း၊ သံနဲ့ သံမဏိလုပ်ငန်း လုပ်ရာကနေ အခုမှ ရှေ့လျှောက် စီးပွားရေး အမြင် အရ ပြောင်းလဲလုပ်တယ်။ အဲဒီလို လုပ်ငန်းတွေက အခုဆို Mask ထုတ်ဖို့ စိတ်ဝင်စားလာတာတွေ ရှိလာတယ်။ အဲဒါ ကြောင့် မူလအထည်ချုပ်ကို အခြေခံထားရင် လုပ်ငန်းသစ်ဆိုပြီး တိုးပေးမှာ။ အရင် က သံ၊ သံမဏိလုပ်ငန်း၊ ဖိုက်ဘာ လုပ်ငန်းတို့ လုပ်နေတဲ့ ကုမ္ပဏီက Mask ထုတ်ဖို့ ပြောင်းရင် ကျနော်တို့ အသစ်ဆိုပြီး ပြန်လျှောက်ရမှာ ဖြစ်တယ်” ဟု ဆိုသည်။

အရင်က သံ၊ သံမဏိ လုပ်ငန်း၊ ဖိုက်ဘာလုပ်ငန်းတို့ လုပ်နေတဲ့ ကုမ္ပဏီက Mask ထုတ်ဖို့ ပြောင်းရင် ကျနော်တို့ အသစ်ဆိုပြီး ပြန်လျှောက်ရမှာ ဖြစ်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းမှ စ၍ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း များနှင့် နှာခေါင်းစည်းများကို ပြည်တွင်းစက်မှုဇုန်များတွင် ထုတ်လုပ်ရန် ပြင်ဆင်နေကြောင်းလည်း လုပ်ငန်းရှင်များထံက သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
2
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
20
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
4

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “Mask ကတော့ ထုတ်တော့ ထုတ်နေကြတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အထည်ချုပ်တွေက ပုံစံပြောင်းလာတာလည်း ရှိတယ်။ တချို့က ခွင့်ပြုမိန့် တင်စရာ မလိုဘူး။ စက်ပစ္စည်းတို့ ကုန်ကြမ်းပစ္စည်းတို့ ပြင်ဆင်နေတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ Mask ထုတ်လုပ်မည့် စက်တလုံးလျှင် မြန်မာကျပ်ငွေ ကျပ်သိန်း ၁၁၀၀ ဝန်းကျင်ရှိပြီး ၁ မိနစ်လျှင် အခု ၁၀၀ ထွက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် စက်မှုဇုန်၂၉ ဇုန် ရှိပြီး လှိုင်သာယာမြို့နယ် အတွင်းရှိ စက်မှုဇုန်များနှင့် ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန် များတွင် နှာခေါင်းစည်းများ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင်အချို့က ပြီးခဲ့သည့် လများကပင် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ရှိသည်။

ပြည်တွင်း၌ COVID-19 နှင့် ဆက်စပ်သည့် ဆေးဝါးတချို့၊ နှာခေါင်းစည်း (Surgical Mask)၊ လက်သန့်ဆေးရည်၊ ပိုး သတ်ဆေး အစရှိသည်တို့မှာ ဈေးကွက်အတွင်း ဝယ်လိုအား ရှိနေသည်။

Surgical Maskမှာ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ၁၀ ခုပါ ၁ ထုတ်လျှင် ၄၅၀ ကျပ်မှ လက်ရှိအချိန်တွင် ၁၀ ခုပါ တထုပ် အား ငွေကျပ် ၆ ထောင်ကျော်ထိ ဈေးမြင့်တက်ခဲ့ပြီး ယခုအချိန်တွင် အပါး အခု ၅၀ ပါ တထုပ်လျှင် ကျပ် ၄ ထောင်အထိ ရှိသည်။

ဆပ်ပြာနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် မယဉ်ယဉ်က “Mask ဆိုတာ ဆပ်ပြာလို ဓာတုပစ္စည်းတွေ ကိုင်တွယ်နေရတဲ့ သူတွေအတွက်က မရှိမဖြစ်ပါပဲ။ အရင် ၁၀ ခုပါ ၁ ထုတ်ကို ၄၀၀ လောက်ကနေ အဆမတန် ဈေးတက်သွားတော့ ကျမတို့ လုပ်ငန်းတွေအတွက် ချွေတာ သုံးစွဲရတော့တယ်။ ပြည်တွင်းမှာ စက်ရုံတွေ လာဖွင့်မယ် ဆိုရင်တော့ အရင်ဈေးလောက် မကျရင်တောင် အခုထက် အများကြီး ပိုပြီး သက်သာသွားနိုင်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ဈေးကွက်တွင် ရောင်းချနေသည့် Mask တချို့မှာ အရည်အသွေး မကောင်းဘဲ တပ်လိုက်သည်နှင့် ကြိုးများ ပြုတ် ထွက်ခြင်းတို့ကို ကြုံတွေ့နေရကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်တွင်း၌ Mask ကို ချည်သား၊ ပိတ်စတို့ဖြင့် ချုပ်လုပ် ရောင်းချသော တနိုင်တပိုင် လုပ်ငန်း လုပ်ဆောင်လာသူများ ရှိလာကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံက လိုအပ်သည့် ဆေးဝါး ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရပြီး အဓိကအားဖြင့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများတွင် အခြေစိုက် ထုတ်လုပ်သော ဆေးကုမ္ပဏီများက တင်သွင်းလျက် ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

ကျောင်းဖွင့်ရာသီ နှာခေါင်းစည်း သန်း၂၀ ကျော် ဝေရန် ပညာရေးဝန်ကြီးဌာန ပြင်ဆင်

ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားမည် မဟုတ်ဟု WHO ပြော

ရန်ကုန်၌ Mask မတပ်ဘဲ အပြင်ထွက်သူများကို ကျပ် ၅ ထောင်ဒဏ်ရိုက်မှု စတင်

Your Thoughts …
Tags: DICAMaskနိုင်ငံခြား စက်ရုံ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

by ဧရာဝတီ
24 February 2024
6.8k

မြန်မာပြည်ကလူငယ်တွေ အခုအချိန်မှာ နောင်တမရဘူးဆိုပေမယ့် တချိန်ချိန်မှာ နောင်တတခုအနေနဲ့ လုံးဝ ကျန်ခဲ့ပြီး သေသွားရမယ်ဆိုတာ သူတို့မတွေးမိတာ။ အဲဒါကို တွေးမိကြစေချင်လို့ ကျနော် အခုလို မီဒီယာတွေကနေ ထုတ်ပြောရတာ

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

by ဇုန်းရိန်
3 November 2025
1.6k

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ပါဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများသည် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းအသုံးပြုလာကြောင်း သတင်းတွင် ဖတ်ရသည်။

လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့တွင် လမ်းဘေး၌ မိုဘိုင်းဖုန်း သုံးနေသူတဦးကို ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ရစဉ် / AFP

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

by လျှပ်စီး
9 April 2023
10.9k

ပြည်တွင်းကထွက်နိုင်တဲ့ ရေအားလျှပ်စစ်တွေဆိုတာလည်း လုပ်လက်စတောင် ပြီစီးအောင်လုပ်ဖို့ ငွေတတ်နိုင်ပါ့မလား သံသယရှိမိတယ်။

စားအုန်းဆီသွင်းသော ကုမ္ပဏီ ၈ ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း

စားအုန်းဆီသွင်းသော ကုမ္ပဏီ ၈ ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း

by ဧရာဝတီ
26 June 2024
1.2k

ယခုအချိန်တွင် နိုင်ငံခြား ဝင်ငွေ နည်းပါးလာသည့် စစ်ကောင်စီက စားအုန်းဆီတင်သွင်းမှုကို ၎င်းတို့၏ မူဝါဒ လိုအပ်ချက်အရ ၅၀ ရာခိုင်နှုန်း လျှော့ချတင်သွင်းခိုင်းထားပြီး ပဲဆီနှင့် စားအုန်းဆီ ရောနှောရောင်းချရန်လည်း ပြည်တွင်းမြေပဲ စက်ရုံများကို စစ်ကောင်စီ၏ စားသုံးသူရေးရာ ဦးစီးဌာနက...

ရန်ကုန်တွင် Puma Energy Asia Sun (PEAS) Company Ltd က လုပ်ဆောင်နေသည့် လောင်စာကန်များ။ PEAS မှ Shoon Energy Thilawa Terminal Company Ltd အဖြစ် နာမည်ပြောင်းထားသည့် ကုမ္ပဏီတွင် ဒေါ်ကျောက်ကြားရွှေက ဒါရိုက်တာ ဖြစ်သည် / ဧရာဝတီ

ဗြိတိန်က ပိတ်ဆို့အရေးယူသည့် ဒေါ်ကျောက်ကြားရွှေ ဘယ်သူလဲ

by ဧရာဝတီ
3 April 2023
13k

စင်ကာပူသည် မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီ ထောက်ပံ့သည့် လုပ်ငန်းများ၏ အခြေစိုက်စခန်းဖြစ်နေကြောင်း ထပ်မံမီးမောင်းထိုးပြနေသည်

Next Post
ရန်ကုန်မြို့ရှိ ဆူးလေစေတီတော် / အောင်ကျော်ထက် / ဧရာဝတီ

ခရီးသွားကဏ္ဍ ပြန်လည်ပတ်နိုင်ရေး ဘုရားစေတီများ ဖွင့်လှစ်ရန် လိုအပ်နေ

“ကျနော်တို့ တိုက်ပွဲဝင်တာ တန်းတူညီမျှရေး”

"ကျနော်တို့ တိုက်ပွဲဝင်တာ တန်းတူညီမျှရေး"

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved