• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗြိတိန်က ပိတ်ဆို့အရေးယူသည့် ဒေါ်ကျောက်ကြားရွှေ ဘယ်သူလဲ

by ဧရာဝတီ
3 April 2023
in သတင်း
A A
ရန်ကုန်တွင် Puma Energy Asia Sun (PEAS) Company Ltd က လုပ်ဆောင်နေသည့် လောင်စာကန်များ။ PEAS မှ Shoon Energy Thilawa Terminal Company Ltd အဖြစ် နာမည်ပြောင်းထားသည့် ကုမ္ပဏီတွင် ဒေါ်ကျောက်ကြားရွှေက ဒါရိုက်တာ ဖြစ်သည် / ဧရာဝတီ

ရန်ကုန်တွင် Puma Energy Asia Sun (PEAS) Company Ltd က လုပ်ဆောင်နေသည့် လောင်စာကန်များ။ PEAS မှ Shoon Energy Thilawa Terminal Company Ltd အဖြစ် နာမည်ပြောင်းထားသည့် ကုမ္ပဏီတွင် ဒေါ်ကျောက်ကြားရွှေက ဒါရိုက်တာ ဖြစ်သည် / ဧရာဝတီ

13k
VIEWS
Share on FacebookShare on Twitter

ဗြိတိန်က ပိတ်ဆို့အရေးယူလိုက်သည့် စင်ကာပူတွင် မှတ်ပုံတင်ထားသော Shoon Energy Pte Ltd ၏ တဦးတည်းသောပိုင်ရှင်နှင့် ဒါရိုက်တာသည် မြန်မာမှ ကုမ္ပဏီ အနည်းဆုံး ၁၀ ခုတွင် ဒါရိုက်တာဖြစ်နေကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန (DICA) မှတ်တမ်းများနှင့် အခြားနိုင်ငံတကာ စီးပွားရေးလုပ်ငန်း အချက်အလက်များအရ သိရသည်။ Shoon Energy Pte Ltd ၏ အမည်မှာ ယခင်က Asia Sun Aviation ဖြစ်သည်။

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ချိပေးသောကြောင့် Shoon Energy ပိုင်ရှင်နှင့် ၎င်း၏ဒါရိုက်တာ တရုတ်အမည် ဒေါ်ကျောက်ကြားရွှေ (ခေါ်) ဒေါ်ခင်ဖြူဝင်းကို မတ်လ ၂၇ ရက်နေ့တွင် ဗြိတိန်နိုင်ငံက အရေးယူပိတ်ဆို့လိုက်သည်။

စစ်ကောင်စီသည် စစ်လေယာဉ်များကို ခုခံတော်လှန်ရေး အင်အားစုများအား တိုက်ခိုက်ရာတွင်သုံးပြီး ကလေးများအပါအဝင် အရပ်သားများကို သတ်ဖြတ်နေသည်။

ဗြိတိန်နိုင်ငံသည် Asia Sun Trading နှင့် ၎င်း၏အမှုဆောင်နှစ်ဦးဖြစ်သော ဦးဇော်မင်းထွန်းနှင့် ဦးဝင်းကျော်ကျော်အောင်တို့ကို စစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့မှုဖြင့် ဇန်နဝါရီလတွင် အရေးယူပိတ်ဆို့ပြီးနောက် ယခု အရေးယူပိတ်ဆို့ခြင်းကို ထပ်မံပြုလုပ်ခြင်းဖြစ်သည်။ မတ်လ ၂၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုက မြန်မာတွင် မှတ်ပုံတင်ထားသည့် Asia Sun ကွန်ရက်မှ လုပ်ငန်း သုံးခုဖြစ်သော Asia Sun Group Company Limited, Asia Sun Trading Company Limited နှင့် Cargo Link Petroleum Logistics Company Limited တို့ကိုအရေးယူပိတ်ဆို့ခဲ့သည်။

DICA မှတ်တမ်းများအရ ဒေါ်ကျောက်ကြားရွှေသည် ထိုင်းနိုင်ငံသားတဦးဖြစ်သော ယီကောင်း မန်နီယုတ် နှင့်အတူ Shoon Energy Thilawa Terminal Company Ltd တွင် ဒါရိုက်တာဖြစ်သည်။ ထိုကုမ္ပဏီ၏ မူလအမည်မှာ Puma Energy Asia Sun Company Ltd ဖြစ်ပြီး ဆွစ်နှင့် စင်ကာပူ အခြေစိုက် Puma Energy နှင့် ဖက်စပ်လုပ်ငန်းဖြစ်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ အဆိုအရ Puma Energy သည် National Energy Puma Asia Sun (NEPAS) မှ ၎င်း၏ရှယ်ယာများကို Shoon Energy သို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လွှဲပြောင်းခဲ့ကြောင်း သိရသည်။ NEPAS သည် စစ်ကောင်စီထိန်းချုပ် မြန်မာ့ရေနံလုပ်ငန်း (MPE) နှင့် ဖက်စပ်လုပ်ငန်းဖြစ်ပြီး လေယာဉ်ဆီ တင်သွင်း၊ သိုလှောင်၊ ရောင်းချရန်တာဝန်ယူသည်။

ဒေါ်ကျောက်ကြားရွှေသည် Shoon Holdings Company Ltd, Shoon Trading Company Ltd နှင့် Shoon Energy Company Ltd တို့၏ ဒါရိုက်တာဖြစ်သည်။ သူသည် ဒေါ်မေသွယ်အောင်၊ ဦးမျိုးမြင့်အောင်တို့နှင့်အတူ Asia Sun Energy Mandalay Terminal Company Limited နှင့် Asia Sun Wood-based Manufacturing Company Ltd တို့၏ ဒါရိုက်တာလည်း ဖြစ်သည်။

“Asia Sun” သို့မဟုတ် “Shoon” အမည်များနှင့် ပတ်သက်သည့် လုပ်ငန်းများအပြင် ဒေါ်ကျောက်ကြားရွှေသည် သူ၏ မွေးချင်း နှစ်ဦးနှင့်အတူ New Wave Wood-based Manufacturing Company Ltd, Aurum Capital Management Company Limited, Concrete King Concrete Manufacturing Company Limited, Integrated Smart Solutions Company Limited နှင့် Panda Family Company Limited တို့၏ ဒါရိုက်တာလည်း ဖြစ်သည်။

Shoon Energy သည် မြန်မာစစ်တပ်၏ တရားမဝင် အာဏာသိမ်းသည့် ကြိုးစားမှုနောက်ပိုင်းတွင် ဒုတိယမြောက် အရေးယူခံရသည့် စင်ကာပူအခြေစိုက်လုပ်ငန်းဖြစ်ပြီး စင်ကာပူသည် မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီ ထောက်ပံ့သည့် လုပ်ငန်းများ၏ အခြေစိုက်စခန်းဖြစ်နေကြောင်း ထပ်မံမီးမောင်းထိုးပြနေသည်ဟု မြန်မာစစ်တပ်နှင့် ပတ်သက်သည့် လုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar က ပြောသည်။

အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံး အရေးယူခံရသည့် စင်ကာပူလုပ်ငန်းမှာ မတ်လ ၂၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုက အရေးယူခံရသည့် Star Sapphire Group Pte Ltd ဖြစ်သည်။ ဗြိတိန်ကလည်း မတ်လ ၂၇ ရက်နေ့တွင် ပိတ်ဆို့အရေးယူထားသည်။ Star Sapphire Group ဒါရိုက်တာမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသူ လက်နက်ပွဲစား ထွန်းမင်းလတ် ဖြစ်သည်။ သူ့ကို ယမန်နှစ်၊ စက်တင်ဘာလက ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားပြီး ဒီဇင်ဘာလတွင် ငွေကြေးခဝါချမှု၊ မူးယစ်မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ ရာဇဝတ်မှုများဖြင့် စွဲချက်တင်ထားသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ဒေါ်ခင်သီရိသက်မွန်သည် Star Sapphire ၏ ဒါရိုက်တာတဦးလည်း ဖြစ်သည်။

မြန်မာသို့ လေယာဉ်ဆီရောင်းချမှု လုံးဝ ပိတ်ပင်ရန်၊ မြန်မာ့ရေနံလုပ်ငန်း (MPE) ကို အရေးယူရန်နှင့် Asia Sun ကုမ္ပဏီများ၊ အရေးယူမခံရသေးသည့် ဒေါ်မေသွယ်အောင်နှင့် ဦးမျိုးမြင့်အောင် အပါအဝင် ၎င်းတို့၏ ဒါရိုက်တာများနှင့် ရှယ်ယာရှင်များကို အရေးယူရန် Justice For Myanmar က တောင်းဆိုထားသည်။

မြန်မာစစ်တပ်သို့ လေယာဉ်ဆီ၊ လက်နက်နှင့် လေယာဉ်အစိတ်အပိုင်းများ ရောင်းချသည့် ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဗြိတိန်၏အရေးယူမှုများကို Burma Campaign UK က ကြိုဆိုသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
35
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
204
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

“ဒီအရေးယူမှုတွေက မြန်မာကို လေယာဉ်ဆီရောင်းပြီး လက်နက်ပွဲစားလုပ်သူတွေကို ဦးစားပေး ပစ်မှတ်ထားပြီး ကောင်းမွန်ပေမယ့် အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗြိတိန်ကုမ္ပဏီတွေ မပတ်သက်ဖို့ တခုတည်းသောနည်းလမ်းက လုံးဝပိတ်ပင်ဖို့ပဲဖြစ်တယ်” ဟု Burma Campaign UK မှ အမှုဆောင် ဒါရိုက်တာ အန်နာ ရောဘတ်က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Businesswoman Sanctioned for Supplying Junta Tied to at Least 10 More Firms in Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု အမှန်တကယ် ထိရောက်ရဲ့လား

စစ်ဗိုလ်ချုပ်များနှင့် လက်နက်ပွဲစားများကို အီးယူ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့

မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ

အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ

Your Thoughts …
Tags: Asia SunDICAJustice for MyanmarMPEShoon EnergyStar Sapphireခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးထွန်းမင်းလတ်ဒေါ်ကျောက်ကြားရွှေဒေါ်ခင်ဖြူဝင်းဒေါ်မေသွယ်အောင်ဗြိတိန်မြန်မာ့ရေနံလုပ်ငန်းလေကြောင်းတိုက်ခိုက်မှုလေယာဉ်ဆီအမေရိကန်အရေးယူပိတ်ဆို့မှုဦးမျိုးမြင့်အောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် နေပြည်တော်၌ အလွတ်သဘော ဆွေးနွေးပွဲများသို့ တက်ရောက်သည့် စစ်ကောင်စီနှင့် EAOs တို့မှ ကိုယ်စားလှယ်များ / NCA-S EAO

စစ်ကောင်စီက တိုင်းရင်းသားမဟာမိတ်များနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် ကြံစည်နေ

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည် / MSDF

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved