• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ဗိုလ်ချုပ်များနှင့် လက်နက်ပွဲစားများကို အီးယူ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့

by ဧရာဝတီ
21 February 2023
in သတင်း
A A
စစ်ကောင်စီတပ်များ / CJ

စစ်ကောင်စီတပ်များ / CJ

4.9k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် ရေတပ်စစ်ဦးစီးချုပ် အစရှိသော စစ်ဘက်အရာရှိကြီးများနှင့် လက်နက်ပွဲစားများအပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ အဖွဲ့အစည်း ၇ ခုကို ဥရောပသမဂ္ဂ (EU) က အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု များ လုပ်ဆောင်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

ယခုတခေါက်က အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခံရသော စစ်တပ်အရာရှိများမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ် ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယ ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် တို့ ဖြစ်သည်။

မြန်မာစစ်တပ်အတွက် လက်နက် တင်သွင်းပေးနေသော Myanmar Chemical and Machinery Company Limited ဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ Yatanarpon Aviation Support Company ဒါရိုက်တာ ဦးစစ်တိုင်းအောင်နှင့် Sky Aviator Company Limited တည်ထောင်သူ ဦးကျော်မင်းဦးတို့ လက်နက်ပွဲစား ၃ ဦးကိုလည်း အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းထားသည်။

ထို့ပြင် Dynasty Group၊ International Gateways Group နှင့် Sky Aviator Company တို့ အပါအဝင် မြန်မာစစ်တပ်ကို လေယာဉ်ဆီနှင့် စစ်လက်နက် ဝယ်ယူတင်သွင်းပေးနေသော စီးပွားရေးလုပ်ငန်းများကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံ လုပ်ဆောင်လိုက်သည်။

ယခု အရေးယူပိတ်ဆို့မှုတွင် စစ်အာဏာရှင်အတွက် စစ်လက်နက်တင်သွင်းပေးရန် ထောက်ခံအားပေးသော ထင်ရှားသော စီးပွားရေးသမားများနှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက် ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများနှင့် ကချင်ပြည်နယ်က လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သော လေကြောင်း တိုက်ခိုက် များနှင့် စီးနင်းမှုများကို ကြီးကြပ်ဆောင်ရွက်ခဲ့သူများကို အဓိက ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း EU က ထုတ် ပြန်ထားသည်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခု နောက်ဆုံးပိတ်ဆို့အရေးယူမှုတွေဟာ စစ်အစိုးရရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ရာမှာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ် ဖြစ်နေပေမယ့် စစ်အစိုးရရဲ့ ဝင်ငွေ ရင်း မြစ်တွေ၊ လက်နက်နဲ့ လေယာဉ် လောင်စာဆီတွေကို စနစ်တကျ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းဖို့ ပိုပြီး တော့ လိုအပ်နေပါသေးတယ်” EU ၏ အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း EU၊ ယူကေနှင့် ကနေဒါ တို့လို မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းသူများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုလိုက်ပြီး မြန်မာစစ်တပ်အတွက် အဓိက နိုင်ငံခြားငွေ စီးဆင်းနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကိုလည်း အမြန်ဆုံး ပိတ်ဆို့အရေးယူရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

မရတနာမောင်က ဆက်၍ “ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့ အပါအဝင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေဟာ လည်း စစ်အစိုးရနဲ့ ၎င်းတို့စီးပွားရေးကို အဆုံးသတ်ဖို့ စစ်အစိုးရနဲ့ သူ့ရဲ့ လုပ်ငန်းစုကြီးတွေကို ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
273
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
123
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

EU ၏ ယခုလို အရေးယူပိတ်ဆို့လိုက်မှုကြောင့် အဆိုပါပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံသို့ ခရီးသွားလာခွင့် မရှိတော့သလို ပိုင်ဆိုင်မှုများရှိပါကလည်း ထိန်းသိမ်းခံရမည် ဖြစ်သည်။

ထို့ပြင် မြန်မာစစ်တပ်အတွက် EU နိုင်ငံများက စစ်လက်နက်တင်သွင်းခြင်း၊ ဖွံ့ဖြိုးရေးဘဏ္ဍာငွေ အကူအညီပေးမှုများနှင့် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်း လေ့ကျင့်မှု ရပ်ဆိုင်းထားမှုများလည်း ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။

ယခုလို အမေရိကန်ပြည်ထောင်စုအပါအဝင် EU တို့က မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ လုပ်ဆောင် နေသော်လည်း စစ်ကောင်စီအပေါ် အမေရိကန်အနေဖြင့် အရေးယူပိတ်ဆို့မှုများ ယခုထက် ပိုမိုလုပ်ဆောင်ပေးရန် လိုအပ် ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ရိုက်တာသတင်းဌာနသို့ ယမန်နေ့က ပြောဆိုထားသည်။

၎င်းက “စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ရာမှာ ဖိအားပေးတာတွေ မလုံလောက်သေးပါဘူး။ ဒါကြောင့်လည်း စစ်ကောင်စီ ဘက်က အခုအချိန်အထိ ရပ်တည်နိုင်တာဖြစ်ပြီး တကယ်လို့ စစ်ကောင်စီ ဝင်ငွေအရင်းအမြစ်တွေကို ပိတ်ဆို့ ဖြတ် တောက်နိုင်မယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်တာတွေ ဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများကိုလည်း ယခု ထက်ပိုပြီး ငွေကြေး ထောက်ပံ့ပေးရန်လိုအပ်နေပြီး၊ လောင်စာဆီဖိုး ငွေကြေးအမြောက်မြားသုံးနေသော မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ လျော့ကျရေးအတွက် ၎င်းတို့၏ ဝင်ငွေအရင်းအမြစ်များကို ထိထိရောက်ရောက် ပိတ်ဆို့ ဖြတ်တောက်၍ စီးပွားရေးအရ အရေးယူပိတ်ဆို့ရန် လိုအပ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်း၌ ဥရောပသမဂ္ဂ (EU) က မြန်မာစစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်မှု ၂ ကြိမ်ပြုလုပ်ထားခဲ့ပြီး ယခုအချိန် EU က စစ်ကောင်စီအပေါ် အရေးယူမှု ၆ ကြိမ်ရှိပြီဖြစ်ကာ လူပုဂ္ဂိုလ် ၉၃ ဦးနှင့် အဖွဲ့အစည်းပေါင်း ၁၈ ခုကို ပိတ်ဆို့ အရေးယူထားလျက်ရှိသည်။

You may also like these stories:

မြန်မာသို့ လက်နက်မရောင်းသည်မှာ ကြာပြီဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး

အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး

Your Thoughts …
Tags: စစ်ဗိုလ်ချုပ်လက်နက်ပွဲစားအရေးယူပိတ်ဆို့အီးယူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13.1k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

ဦးတေဇခေတ် ကုန်သွားပြီလား

ဦးတေဇခေတ် ကုန်သွားပြီလား

by ဧရာဝတီ
25 October 2024
12k

ထူးရုံးချုပ်ကို ရောင်းချခြင်းသည် နဝတခေတ်က ရရှိခဲ့သော အခွင့်အလမ်းများ ပြန်မရနိုင်တော့သည့် အတွက်ကြောင့်သာ ဖြစ်သည်။

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

by အောင်ဇော်
7 August 2024
10.5k

“ခဏတဖြုတ်နေဖို့ပဲ။ ကျနော် အသတ်မခံချင်ဘူး”ဟု ဒူဘိုင်းသို့ မထွက်ခွာမီ မိတ်ဆွေတဦးကို ဦးစစ်တိုင်းအောင်က ပြောခဲ့သည်။

ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

by ဧရာဝတီ
22 July 2023
9.8k

ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) အုန်းမြင့်၏ မိသားစုပိုင်ကုမ္ပဏီများ၏ အမည်အားလုံးနီးပါးတွင် သီရိဘက်စုံပါရှိသည်။ ကုမ္ပဏီများ မှတ်ပုံတင်ရေးဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့်စာရင်းများအရ သီရိဘက်စုံ ကျောက်မျက်ကုမ္ပဏီ၏ ဒါရိုက်တာ စာရင်းတွင် ဒေါ်နုနုဆွေနှင့် ဒေါ်သီရိဆွေတို့ ဖြစ်သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
6.7k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

by ဧရာဝတီ
30 January 2024
6.1k

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လက်နက်ပွဲစား ခရိုနီ ဒေါက်တာ ထွန်းမင်းလတ်အား ထိုင်းတရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Next Post
စစ်တပ်ဖိနှိပ်မှုကို ခံနေရသည့် ရခိုင်လူထုအများစုမှာ ပါတီနိုင်ငံရေးထက် တော်လှန်ရေး လမ်းစဉ်ကို သာ ပိုမို အားထားလာကြသည်။

အာဏာသိမ်း ၂ နှစ်တာ ကာလ ရခိုင့်နိုင်ငံရေး

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved