• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာသို့ လက်နက်မရောင်းသည်မှာ ကြာပြီဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော

by ဧရာဝတီ
15 February 2023
in သတင်း
A A
စင်္ကာပူနိုင်ငံခြားရေး ဗီဗီယန် ဘာလာခရစ်ရှ်နန်

စင်္ကာပူနိုင်ငံခြားရေး ဗီဗီယန် ဘာလာခရစ်ရှ်နန်

1.7k
VIEWS
Share on FacebookShare on Twitter

စင်္ကာပူနိုင်ငံသည် မြန်မာသို့ လက်နက်မရောင်းသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး မြန်မာတွင်လက်နက်ရောင်းချခြင်းကိုလည်း ပိတ်ပင်ထားကြောင်း စင်္ကာပူနိုင်ငံခြားရေး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ပါလီမန်တွင် ပြောကြားလိုက်သည်။

မြန်မာစစ်တပ်က စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများအပါအဝင် စစ်လက်နက်ပစ္စည်း အများအပြားဝယ်ယူရာတွင် စင်္ကာပူသည် အရေးပါသည့် ကြားခံစခန်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အစီရင်ခံစာတွင် မကြာသေးမီက ဖေါ်ပြခြင်းနှင့် ပတ်သက်ပြီး ဟောင်ဂန်မဲဆန္ဒနယ်မှ အလုပ်သမားပါတီ ပါလီမန် ကိုယ်စားလှယ် ဒင်းနစ်တန်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

လက်နက်လွှဲပြောင်းပေးပို့ပိတ်ပင်ခြင်းကို လိုက်နာစေရန် ထိုအစီရင်ခံစာတွင် စွပ်စွဲခံရသည့် ကုမ္ပဏီများအပါအဝင် စင်္ကာပူမှ ကုမ္ပဏီများကို အာဏာပိုင်များက စစ်ဆေးခြင်း ရှိမရှိကိုလည်း ဒင်းနစ် တန်က မေးမြန်းခဲ့သည်။

မြန်မာသို့ လက်နက်များ သို့မဟုတ် စစ်ရေးအတွက် အသုံးပြုနိုင်ခြေရှိသော ပစ္စည်းများကို လွဲပြောင်းခွင့် ပေးမထားကြောင်း ထိုအစီရင်ခံစာနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။ စင်္ကာပူနှင့်ပတ်သက်သည့် ပြောဆိုချက်များသည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက စီးပွားရေး လုပ်ဆောင်မှုများသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ပြသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် ထိုအစီရင်ခံစာတွင် စစ်လက်နက်များ ထုတ်လုပ်သည့် မြန်မာနိုင်ငံပိုင်လုပ်ငန်းသို့ ထောက်ပံ့နေသည်ဟု ယူဆရသည့် ကုမ္ပဏီများကို လက်ခံထားသည့်နိုင်ငံများတွင် စင်္ကာပူနှင့် အခြားနိုင်ငံများကို ဖေါ်ပြခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီး စစ်တပ်နှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။ အတိုက်အခံများကို ဖြိုခွဲရာတွင် လူပေါင်း ၂၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့များက ဖေါ်ပြထားသည်။

ဘာလာခရစ်ရှ်နန်က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောကြားသောအချက်များသည် စစ်အဏာသိမ်းမှုမတိုင်မီက စီးပွားရေး ဆောင်ရွက်ချက်များဖြစ်ကြောင်း ပြောသည်။

ဘာလာခရစ်ရှ်နန်က မြန်မာသို့လက်နက်ရောင်း၊ မရောင်း နှင့်ပတ်သက်သော မေးခွန်းတခုကို ၂၀၀၇ ခုနှစ်တွင် ဖြေကြားရသည့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးကိုလည်း ကိုးကားပြောဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ယိုးက “ကာကွယ်ရေးပစ္စည်းရောင်းချမှုနဲ့ ပတ်သက်ပြီး အစိုးရက လူသိရှင်ကြား မပြောတဲ့ မူဝါဒရှိပါတယ်။ မြန်မာကို ကုလသမဂ္ဂက လက်နက်ပိတ်ပင်ထားခြင်း မရှိဘူး။ ကုလသမဂ္ဂက အရေးယူထားတာရှိရင် စင်္ကာပူက လိုက်နာမယ်” ဟုပြောခဲ့ဖူးသည်။

“ဘာပဲဖြစ်ဖြစ် ကျနော်ပြောနိုင်တာက မြန်မာကို လက်နက်ရောင်းတာ ကြီးကြီးမားမား မရှိတာ ကြာပြီဖြစ်ပြီး အရပ်သား ဆန္ဒပြပွဲတွေကို ချေမှုန်းဖို့ လက်နက်မဖြစ်အောင် အမြဲဂရုစိုက်ခဲ့တယ်” ဟုလည်း ဘာလာခရစ်ရှ်နန်က ပြောသည်။

“မကြာသေးမီနှစ်တွေမှာ မြန်မာကို ဘာလက်နက်မှ မရောင်းဘဲနဲ့ ရှေ့ဆက်ပြီး ကျနော်တို့က တာဝန်သိသိ လုပ်ကိုင်သွားမှာဖြစ်တယ်” ဟုလည်း သူပြောသည်။

ယခင်နိုင်ငံခြားရေးဝန်ကြီးကို ကိုးကားပြောဆိုရာတွင် ဘာလာခရစ်ရှ်နန်က “အခု ၁၆ နှစ်ကြာတဲ့အခါ ကျနော်တို့ အဲဒီသဘောထားအတိုင်း ဆက်လက်ရပ်တည်တယ်။ နိုင်ငံတကာ လက်နက်ရောင်းချ လွှဲပြောင်းမှုတွေနဲ့ပတ်သက်ပြီး စင်္ကာပူဟာ ကျနော်တို့ရဲ့ နိုင်ငံတကာ တာဝန် ဝတ္တရားတွေကို ဆက်လက်လိုက်နာတယ်။ ဘယ်နိုင်ငံကိုမဆို ကုလသမဂ္ဂအရေးယူမှု၊ လက်နက်ပိတ်ဆို့မှုနဲ့ပတ်သက်တာ အားလုံးလိုက်နာတယ်” ဟုလည်း သူပြောသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာသို့ လက်နက်စီးဆင်းမှုကို တားမြစ်သည့် အထွေထွေ ညီလာခံဆုံးဖြတ်ချက်ကို စင်္ကာပူက ထောက်ခံမဲပေးခဲ့ကြောင်းလည်း သူပြောသည်။

“ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေက ဥပဒေအရ လိုက်နာဖို့ တာဝန်မရှိပေမယ့် စင်္ကာပူအစိုးက မြန်မာကို လက်နက်လွှဲပြောင်းပေးအပ်မှု ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မြန်မာမှာ စစ်ဘက်က အသုံးပြုနိုင်တယ်လို့ ယူဆရတဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို လွှဲပြောင်းပေးတာကို ခွင့်မပြုဖို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်” ဟုလည်း သူပြောသည်။

တန်က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင် အစီရင်ခံစာထွက်လာပြီးနောက် ကုမ္ပဏီများကို စစ်ဆေးခြင်းရှိ မရှိနှင့် ကုမ္ပဏီများ လိုက်နာမှုရှိအောင် မည်သည်တို့ဆောင်ရွက်ထားသနည်း ဆိုသည့်မေးခွန်းကို ဆက်လက်မေးမြန်းသည်။

ဘာလာခရစ်ရှနန်က “ကျနော်ပြောနိုင်တာက ဂျော့ယိုးရဲ့ အဖြေအတိုင်းပဲ ကျနော်တို့ သဘောထားတယ်။ လက်နက်မရောင်းတာ နှစ်ပေါင်းများစွာ ကြာပြီ။ ကျနော်တို့ အဲဒါပြောနေတာ ဆယ်စုနှစ် တခုခွဲလောက်ကြာနေပြီ” ဟုလည်းသူပြောသည်။

လက်ရှိအစိုးရနှင့်ပတ်သက်ပြီး ဘာလာခရစ်ရှနန်က စင်္ကာပူသည် လက်နက်ရောင်းချလွှဲပြောင်းမှု ပိတ်ပင်ထားကြောင်း ပြောသည်။

“သွင်းကုန်ပို့ကုန်တင်ပြမှုအားလုံးကို ကျနော်တို့စစ်ဆေးပြီး စစ်လက်နက်ပစ္စည်းပါရင် ပို့ခွင့်မပေးဘူး” ဟု သူပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

“အဲဒီထက်မက လုပ်ထားတာတွေလည်း ရှိတယ်။ လက်နက်မဲ့အရပ်သားတွေကို အန္တရာယ်ဖြစ်စေမယ့် စစ်ဘက်အရပ်ဘက် ၂ မျိုးသုံးပစ္စည်းလို့ ကျနော်တို့သိရင်တောင် တားမြစ်တယ်” ဟုလည်း သူပြောသည်။

ကိုးကား ။ ။ CNA သတင်း No sales of arms to Myanmar for ‘a very long time’: Vivian Balakrishnan

You may also like these stories:

Chevron ထွက်ပြီးနောက် MOGE ကိုအရေးယူရန် တောင်းဆိုမှု အားကောင်းလာ

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ် ကွယ်လွန်

ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် “မယုံနိုင်အောင် များပြား”

Your Thoughts …
Tags: စင်္ကာပူနိုင်ငံခြားရေး ဗီဗီယန် ဘာလာခရစ်ရှ်နန်စစ်အာဏာသိမ်းမြန်မာစစ်တပ်လက်နက်မရောင်းအထူးအကြံပေးကောင်စီ အစီရင်ခံစာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

by ဧရာဝတီ
21 September 2024
10.9k

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် အင်တာဗျူး တတိယပိုင်းဖြစ်ပါတယ်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

by ဧရာဝတီ
24 August 2023
8.3k

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်ပို့ရောင်းချသောလုပ်ငန်း လုပ်ကိုင်နေသူများကို အရေးယူပိတ်ဆို့များ တိုးချဲ့ချမှတ်နေပြီး ယခုလုပ်ဆောင်ချက်သည် စစ်ကောင်စီကို ပိုမို ဖိအားပေးရာရောက်မည်ဖြစ်ကာ မြန်မာပြည်သူများကိုလည်း ကူညီရာရောက်ကြောင်း

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

ကချင်စစ်ပွဲ ပြင်းထန်ပြီး တရုတ်ပြည်ထဲ ဗုံးကျ

ကချင်စစ်ပွဲ ပြင်းထန်ပြီး တရုတ်ပြည်ထဲ ဗုံးကျ

by ဧရာဝတီ
9 March 2024
4.5k

မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်ရှိ စစ်တပ်စခန်းပေါင်း ၁၀ ခုကျော် ဆုံးရှုံးပြီးနောက် စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်နှင့် ဗုံးဆန်များ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း လိုင်ဇာဒေသခံများက ပြောသည်။

Next Post
မင်းအောင်လှိုင်နှင့် အပေါင်းပါဗိုလ်ချုပ်များသည် အီလက်ထရွန်းနစ် မဲပေးစက် အသစ်များကို လွန်ခဲ့သောအပတ်က ကြည့်ရှုကြသည်။

စစ်ကောင်စီ မဲပေးစက်များသည် မဲလိမ်စက်များဖြစ်ဟု လေ့လာသူများ ပြော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာများ မီးရှို့ခံရပြီး ဒေသခံများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ / CJ

သတင်းအမှောင်ချခံထားရတဲ့ စစ်ကိုင်းက ပြည်သူများ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved