• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ် ကွယ်လွန်

by ဧရာဝတီ
8 February 2023
in သတင်း
A A
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလက အစ္စလာမာဘတ်ရှိ သမ္မတနန်းတော်တွင် သမ္မတအဖြစ် ကျန်းသစ္စာကျိန်ဆိုခဲ့သည့် ပါဗက်ဇ် မူရှာရက်ဖ်  / AFP

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလက အစ္စလာမာဘတ်ရှိ သမ္မတနန်းတော်တွင် သမ္မတအဖြစ် ကျန်းသစ္စာကျိန်ဆိုခဲ့သည့် ပါဗက်ဇ် မူရှာရက်ဖ် / AFP

2.7k
VIEWS
Share on FacebookShare on Twitter

အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲအတွင်း အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်သော ပါကစ္စတန် ပြည်ပြေးစစ်အာဏာရှင်ဟောင်း ပါဗက်ဇ် မူရှာရက်ဖ်သည် နာတာရှည်ရောဂါခံစားရပြီးနောက် အသက် ၇၉ နှစ်အရွယ်တွင် ဒူဘိုင်းမှဆေးရုံ၌ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကွယ်လွန်သည်။

မူရှာရက်ဖ်သည် ၁၉၉၉ ခုနှစ်က သွေးထွက်သံယိုမရှိသော အာဏာသိမ်းမှုဖြင့် အာဏာသိမ်းပြီး အမေရိကန် ပြည်ထောင်စု၌ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ပါကစ္စတန် စစ်တပ်အကြီးအကဲ၊ အုပ်ချုပ်ရေးအမှုဆောင်နှင့် သမ္မတတာဝန်များကို ပူးတွဲထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်သည် ဖွဲ့ည်းပုံအခြေခံဥပဒေကို နှစ်ကြိမ်ဆိုင်းငံ့ပြီး သူ၏အာဏာကို ခိုင်မာစေသည့် ဆန္ဒခံယူပွဲတွင် မဲလိမ်ခြင်းသာမက ကိုးနှစ်ကြာ သူ၏ အုပ်ချုပ်ရေးအတွင်း အတိုက်အခံများကို ဖမ်းဆီးခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲခံရသည်။

သို့သော် သူသည် အမေရိကန်က အိမ်နီးချင်း အာဖဂန်နစ္စတန်ကို ကျူးကျော်သောအခါ ဒေသတွင်းတွင် အမေရိကန်၏ အဓိကမဟာမိတ် ဖြစ်လာသည်။

အမေရိကန် ပြည်ထောင်စုက “ငါနဲ့မတူ ငါ့ရန်သူ” ရာဇသံပေးလိုက်ပြီးနောက် ချမှတ်လိုက်ရသည့် ထိုဆုံးဖြတ်ချက်ကြောင့် သူသည် အစ္စလမ်မစ် စစ်သွေးကြွများ၏ ပစ်မှတ်ဖြစ်လာပြီး လုပ်ကြံသတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားကြသည်။

သို့သော် သူသည် ပါကစ္စတန်သို့ နိုင်ငံခြားအကူအညီ အကြီးအကျယ်ရပြီး စီးပွားရေးတိုးတက်အောင် လုပ်ပေးခဲ့သည်။

ရှားပါးသောရောဂါ

စစ်တပ်၏သြဇာ လွန်စွာကြီးမားပြီး ထောက်ခံမှု အကြီးအကျယ်ရသည့် ပါကစ္စတန်တွင် မူရှာရက်ဖ်သည် သွေးကွဲမှုဖြစ်စေသော ခေါင်းဆောင် ဖြစ်သည်။

“သူ့မှာအရည်အချင်းရှိတယ်” ဟု အသက် ၆၉ နှစ်အရွယ် နာအမ်း အူလ် ဟက် ဆက်တီက အစ္စလမ်မာဘတ်မြို့ ဈေးတခုတွင် AFP သတင်းဌာနသို့ ပြောသည်။

“ဒါပေမယ့် သမိုင်းတလျှောက် မမေ့မယ့်ကိစ္စကတော့ သူဟာဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။ နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးအကြီးဆုံးပဲ” ဟု အထက်ပါ အငြိမ်းစားဝန်ထမ်းက ပြောသည်။

မူရှာရက်ဖ်သည် ရှားပါးသောရောဂါတခုဖြစ်သည့် တွယ်ဆက် တစ်သျှူးရောဂါဟု ခေါ်သော Amyloidosis ကို ခံစားနေရပြီး ပြန်လည်ကောင်းမွန်မည့် လက္ခဏာ မရှိတော့ကြောင်း သူ့မိသားစုက လွန်ခဲ့သောနှစ်ကပင် ပြောကြားထားခဲ့သည်။

ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ် ကွယ်လွန်သောကြောင့် စစ်တပ်ထိပ်တန်းခေါင်းဆောင် အများအပြားက ဝမ်းနည်းကြောင်း ပြောကြားသည်ဟု ပါကစ္စတန်စစ်တပ်၏ မီဒီယာက တိုတောင်းသော ကြေညာချက်တစောင် ထုတ်ပြန်သည်။

ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်းသည် ဒူဘိုင်းရှိ ဆေးရုံတရုံတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်က ကွယ်လွန်ကြောင်း မီဒီယာသတင်းများနှင့် အဆင့်မြင့်လုံခြုံရေး အရာရှိတဦးက AFP သတင်းဌာနသို့ ပြောသည်။

“အငြိမ်းစားဗိုလ်ချုပ်ကြီး ဒီနေ့မနက် ဒူဘိုင်းမှာ ကွယ်လွန်တယ်လို့ ကျနော်အတည်ပြုပါတယ်။ သူ မရှိတော့ဘူး” ဟု အမည်မဖော်လိုသည့် ထိုအရာရှိက AFP သတင်းဌာနသို့ ပြောသည်။

မူရှာရက်ဖ်သည် ထိုစဉ်က ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ်ကို အာဏာသိမ်းပြီး နိုင်ငံကို ကိုးနှစ်ကြာအုပ်ချုပ်ခဲ့သည်

မူရှာရက်၏အလောင်းကို အရပ်ဘက်လေယာဉ် သို့မဟုတ် အာရပ်စော်ဘွားများပြည်ထောင်စု စစ်လေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၆ နေ့တွင် ပါကစ္စတန်သို့ ပြန်လည်သယ်ဆောင်ကြောင်း ပါကစ္စတန်လေတပ် သတင်းရင်းမြစ်တခုက ပြောသည်။

ပါကစ္စတန် သမ္မတ အာရစ်ဖ် အယ်လ်ဗီနှင့် ဝန်ကြီးချုပ် ရှာဘက် ရှာရစ်ဖ်တို့ကလည်း မူရှာရက်ဖ် မိသားစုသို့ ဝမ်းနည်းကြောင်း ပြောကြားကြပြီး ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းကလည်း အလားတူ ဝမ်းနည်းကြောင်း နာရီအတန်ကြာတွင် ပြောကြားခဲ့သည်။

မူရှာရက်ဖ်သည် ထိုစဉ်က ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ်က သူ့ကို စစ်တပ်အကြီးအကဲအဖြစ်မှ ထုတ်ပယ်ရန် ကြိုးစားသောအခါ အာဏာသိမ်းပြီး နိုင်ငံကို ကိုးနှစ်ကြာအုပ်ချုပ်ခဲ့သည်။

၁၉၉၉ ခုနှစ်က သူအာဏာသိမ်းသောအခါ ပါကစ္စတန်အများအပြားက ကြိုဆိုသော်လည်း အကျင့်ပျက်ခြစားပြီး စီးပွားရေး ကပ်ဆိုက်သည့်အစိုးရ ဖြစ်လာကာ မကြာမီ နိုင်ငံခြားအကူအညီကိုသာ အားကိုးလာရသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
5
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
4
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
16

အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲတွင်ပါဝင်ရန် မူရှာရက်ဖ်လက်အောက် ပါကစ္စတန်၏ ဆုံးဖြတ်ချက်သည် ပါကစ္စတန်အတွက် အထောက်အကူများစွာ ဖြစ်စေကြောင်း သုတေသီ ဟက်ဆန် အက်စ်ကာရီက AFP သတင်းဌာနသို့ ပြောသည်။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းကြောင့် ပဋိပက္ခသည် ပါကစ္စတန်သို့ရောက်လာပြီး အာဖဂန်နယ်စပ်မှ အနောက်မြောက်ဒေသများတွင် စစ်သွေးကြွလှုပ်ရှားမှု အကြီးအကျယ် ပေါ်ပေါက်လာသည်။

“သူက လူကောင်းလည်း မဟုတ်သလို လူဆိုးလည်း မဟုတ်ဘူး” ဟု အနောက်မြောက်ပြည်နယ် မြို့တော် ပက်ရှ်ဝါမှ အသက် ၄၅ နှစ်အရွယ် ကျောက်ကုန်သည် မူဟာမက် အေယက်က ပြောသည်။

“သူ အုပ်ချုပ်တုန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ လူထောင်ချီ သေဆုံးပေမယ့် စီးပွားရေးတိုးတက်တယ်။ သူက လူတွေသေစေသလို တချိန်တည်းမှာလည်း အိမ်ရာစီမံကိန်းတွေ တည်ဆောက်တယ်” ဟုလည်း ၎င်းကပြောသည်။

လူကြိုက်နည်းလာ

သို့သော် သူ၏ ပုံစံသည် နိုင်ငံတော်နှင့် စစ်တပ်အကြား ကွဲပြားမှုကို မလုပ်နိုင်ဘဲ တရားသူကြီးချုပ်ကို ဖြုတ်ချရန် ကြိုးစားပြီး ပြိုကွဲနေသော စီးပွားရေးကို မထိန်းချုပ်နိုင်သောအခါ လူကြိုက်နည်းလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ “အမှိုက်ပုံးထဲစွန့်ပစ်ရမည့် စာရွက်သာဖြစ်ကြောင်း” ပြောပြီး တရားသူကြီးချုပ်ကို ဖြုတ်ချရန် အရေးပေါ်အုပ်ချုပ်ရေး အကောင်အထည်ဖော်သောအခါ လပေါင်းများစွာကြာသည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာသည်။

အတိုက်အခံခေါင်းဆောင် ဘနာဇီရာ ဇာဘူတို လုပ်ကြံမခံရခင်

အတိုက်အခံခေါင်းဆောင် ဘနာဇီရာ ဇာဘူတို ၂၀၀၇ ခုနှစ်တွင် လုပ်ကြံခံရပြီးနောက် နိုင်ငံတွင်အခြေအနေ ပိုမိုဆိုးရွားလာကာ ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲတွင် သူ၏ မဟာမိတ်များ အကြီးအကျယ် ရှုံးနိမ့်သောကြောင့် မူရှာရက်ဖ် အထီးကျန်လာသည်။

ထိုနှစ်တွင်ပင် ရာထူးမှ နုတ်ထွက်ပြီးနောက် ပြည်ပတွင် သွားရောက်နေထိုင်ရသည်။

၁၉၉၉ ခုနှစ်က သူဖြုတ်ချခဲ့သော နာဝပ်ရှရစ်ဖ် အနိုင်ရသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် အရည်အချင်း မမီသောကြောင့် ၂၀၁၃ ခုနှစ်တွင် အာဏာပြန်လည်ရရန် မူရှာရက်ဖ်၏ ကြိုးစားမှု မအောင်မြင်ပေ။

ဘနာဇီရာ ဇာဘူတိုကို လုပ်ကြံသတ်ဖြတ်မှုအတွက် သူ့ကို စွဲချက်တင်ပြီး နေအိမ်တွင် ချုပ်နှောင်ကာ အခြားစွပ်စွဲချက် အများအပြားကိုလည်း တရားရုံးတွင်စွဲဆိုသည်။

သူ၏အုပ်ချုပ်ရေးအတွင်း “ကျယ်ပြန့်ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ” အတွက် သူ့ကို စွဲချက်တင်ရန် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ၂၀၁၃ ခုနှစ်တွင် အစိုးရကို တောင်းဆိုသည်။

၂၀၁၆ ခုနှစ်တွင် ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကို ရုတ်သိမ်းပေးပြီးနောက် မူရှာရက်ဖ်က ဆေးကုသမှုခံရန် ဒူဘိုင်းသို့ သွားရောက်သည်။

နောက် သုံးနှစ်ကြာသောအခါ ၂၀၀၇ ခုနှစ်တုန်းက အရေးပေါ်အခြေအနေ ကြေညာသည့် သူ၏ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် မျက်ကွယ်တွင် သေဒဏ်ချမှတ်သည်။ သို့သော် တရားရုံးက ထိုစီရင်ချက်ကို နောင်တွင် ပယ်ဖျက်ပေးခဲ့သည်။

ကိုးကား ။ ။ AFP သတင်း Pakistan’s former military ruler Pervez Musharraf dies

You may also like these stories:

မြန်မာစစ်ကောင်စီနဲ့ပါကစ္စတန် စစ်ဘက်ဆက်ဆံရေးမြှင့်တင်

ပါကစ္စတန်မှာ လက်နက်ဝယ်ဖို့ မြန်မာစစ်တပ်ကို တရုတ်လမ်းကြောင်းနေသလား

ပါကစ္စတန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်များ

Your Thoughts …
Tags: စစ်အာဏာရှင်စစ်အာဏာသိမ်းမှုစီးပွားရေးပါကစ္စတန်ပါဗက်ဇ် မူရှာရက်ဖ်ဖွဲ့ည်းပုံအခြေခံဥပဒေရွေးကောက်ပွဲလူ့အခွင့်အရေး ချိုးဖောက်မှုအကြမ်းဖက်မှုတိုက်ဖျက်ရေးအမေရိကန် ပြည်ထောင်စုအာဖဂန်နစ္စတန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
PTT ၏ အမှတ်တံဆိပ်

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

မောင်တောနယ်စပ်တွင် တွေ့ရသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး

ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved