• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

by ဧရာဝတီ
22 July 2023
in သတင်း
A A
ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

ခပေါင်းသစ်တောကြိုးဝိုင်း လုပ်ပိုင်ခွင့် ရရှိထားသည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့်နှင် ဇနီး

9.8k
VIEWS
Share on FacebookShare on Twitter

အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးတဦး၏သမီးသည် ပဲခူးရိုးမထဲ မြေဧက၂ သောင်းခန့် ပိုင်ဆိုင်ထားသည်။ ပဲခူးရိုးမရှေ့ ခြမ်း တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်ရှိသော ခပေါင်းသစ်တောကြိုးဝိုင်းထဲမှ သစ်တောမြေဧက၂ သောင်း နီးပါးအား သမ္မတ ဦးသိန်းစိန် အစိုးရမဆင်းမီက လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

အဆိုပါ ခပေါင်းသစ်တောကြိုးဝိုင်းထဲရှိ သစ်တောမြေဧက၂ သောင်းနီးပါး (၁၉၁၈၂ဧက) အား လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီမှာ သီရိဘက်စုံစိုက်ပျိုးရေး ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီများ မှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သီရိဘက်စုံစိုက်ပျိုးရေး ကုမ္ပဏီ၏ ဒါရိုက်တာများမှာ ဒေါ်နုနုဆွေနှင့် ဒေါ်သီရိဆွေ တို့ ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
123
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
162
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
515

ဒေါ်နုနုဆွေသည် နဝတအစိုးရလက်တွင် အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ယူခဲ့သော ဒုဗိုလ်ချုပ်ကြီး အုန်းမြင့်၏ ဇနီးဖြစ်ပြီး၊ ဒေါ်သီရိဆွေမှာ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့်၏သမီး ဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) အုန်းမြင့်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၇ (DSA-17) ကျောင်းဆင်းတယောက် ဖြစ်သည်။ သူသည် စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်ကြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၃) တာဝန်ယူခဲ့သူ့ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (မွေးရေကျေး လက်) ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့စဉ် မကွေးတိုင်း ခရီးစဉ်တခုတွင် ပါးရိုက်မည်ဟု ကြိမ်းမောင်းသဖြင့် မြန်မာပြည်သူ အများစုက ပါးရိုက်အုန်းမြင့်ဟု ခေါ်ဆို လူသိများကြသူ ဖြစ်သည်။

ဝန်ကြီး ဦးအုန်းမြင့်၏ အမျိုးသမီးမှာ ဒေါ်နုနုဆွေဖြစ်ပြီး ၎င်း၏ သမီးမှာ ဒေါ်သီရိဆွေ ဖြစ်ကာ သူတို့ မိသားစုပိုင်ကုမ္ပဏီများ၏ အမည်အားလုံးနီးပါးတွင် သီရိဘက်စုံပါရှိသည်။ ကုမ္ပဏီများ မှတ်ပုံတင်ရေးဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သီရိဘက်စုံ ကျောက်မျက်ကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် ဒေါ်နုနုဆွေနှင့် ဒေါ်သီရိဆွေတို့ ဖြစ်သည်။ ထို့ပြင် သီရိဘက်စုံခရီးသွားလုပ်ငန်းကုမ္ပဏီ၏ ဒါရိုက်တာ စာရင်းတွင်လည်း ဒေါ်နုနုဆွေနှင့် ဒေါ်သီရိဆွေတို့ ပါဝင်သည်။

သီရိဘက်စုံကုမ္ပဏီသည် ကချင်ပြည်နယ် ဖားကန့်တွင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသလို နေပြည်တော်တွင်လည်း ကျောက်အချောထည်စက်ရုံရှိသည်။

ပဲခူးရိုးမထဲ ဧက၂ သောင်းကျော် လုပ်ပိုင်ခွင့်ရသော သီရိဘက်စုံ စိုက်ပျိုးရေးကုမ္ပဏီ၏ ဒါရိုက်တာများမှာလည်း ဒေါ်နုနုဆွေ နှင့် ဒေါ်သီရိဆွေနှင့် ဦးကျော်သီဟတို့ ဖြစ်သည်။ ပဲခူးတိုင်း အရှေ့ခြမ်း အုတ်တွင်းမြို့မှ အနောက်ခြမ်း ပေါက်ခေါင်းမြို့သို့ ဆက်သွယ်ထားသော ကားလမ်းဘေးရှိသည့် ခပေါင်းသစ်တောကြိုးဝိုင်းထဲရှိ သစ်တောမြေဧက ၁၉၁၈၂ ဧကအား ဦးသိန်းစိန်အစိုးရ ဆင်းခါနီးတွင် သီရိ ဘက်စုံစိုက်ပျိုးရေးကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သစ်တောမြေဧက၂ သောင်းနီးပါးအား သစ်တောထိန်းသိမ်းရန် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်နှင့် ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောပြုလုပ်ရန် ရယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခပေါင်းသစ်တောဧရိယာတွင် Pegu Kapaung Forest Wildlife Century အမည်ဖြင့် ဆင်ဘေးမဲ့တောပြုလုပ်ရန် သြစတီးယားနိုင်ငံ FOURS PAWS International အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ဦးအုန်းမြင့် ဝန်ကြီးအဖြစ် တာဝန်ယူစဉ်က တရုတ်မီဒီယာအချို့အား ပြောဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်အစိုးရ ဆင်းခါနီးအချိန်တွင် အုတ်တွင်းမြို့နယ်ထဲတွင်ရှိသော ခပေါင်းသစ်တောကြိုးဝိုင်းမြေထဲမှ ဧက ၂ သောင်းနီးပါးကို သီရိဘက်စုံစိုက်ပျိုးရေး ကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရပြီးနောက် ဒေသခံအချို့အား ဝန်ထမ်းအဖြစ် ခန့်ထားခဲ့ပြီး အဆိုပါသစ်တောများအား စောင့်ကြည့်ရန် တာဝန်ပေးခဲ့သည်။ သစ်ပင်စိုက်ပျိုးခြင်း တချို့လည်း ရှိခဲ့သည်။

သီရိဘက်စုံကုမ္ပဏီက ရယူထားသော ခပေါင်းသစ်တောကြိုးဝိုင်းမြေဧရိယာသည် သာယာလှပပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါက အပန်းဖြေစခန်းများ ဟိုတယ်ကြီးများနှင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန် ကောင်းမွန်သောနေရာ ဖြစ်သည်။

ထို့ကြောင့်လည်း ပဲခူးရိုးမတွင်းရှိ နေရာကောင်းအချို့အား စစ်ဗိုလ်ချုပ်အချို့နှင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုအဆင့် တာဝန်ယူခဲ့သူ တချို့သည် သီရီဘက်စုံစိုက်ပျိုးရေးကုမ္ပဏီကဲ့သို့ သစ်တောထိန်းသိမ်းရေးဆိုသော ခေါင်းစဉ်ဖြင့် မြေဧကတော်တော်များများကို ရယူထားခဲ့သည်။

လက်ရှိ စစ်ကောင်စီအစိုးရ၏ ပြန်ကြားရေးဝန်ကြီး တာဝန်ယူထားသော ဗိုလ်ချုပ်ငြိမ်း ဦးမောင်မောင်အုန်းသည်လည်း ပဲခူးရိုးမအတွင်းရှိ သစ်တောမြေဧရိယာအချို့အား လုပ်ပိုင်ခွင့် ရခဲ့ဖူးသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခြင်း မရှိသော သစ်တောမြေများနှင့် မြေလွတ်မြေရိုင်းအချို့အား နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းယူခဲ့ရာတွင် ဗိုလ်ချုပ် မောင်မောင်အုန်း ရယူထားသည့် သစ်တောမြေများ နိုင်ငံတော်သို့ ပြန်ပေးခဲ့ရသည်။

သို့သာ် ပဲခူးရိုးမထဲတွင် ဗိုလ်ချုပ်များ နေရာဦးခြံခတ်ထားသည့် နိုင်ငံပိုင် သစ်တောမြေဧရိယာများစွာ ရှိနေသေးသည်။ ။

You may also like these stories:

နေပြည်တော်က စစ်ခေါင်းဆောင်တည်သည့်ဘုရား ခရိုနီကြီးများ ငွေလှူ

စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူအခြေစိုက် လုပ်ငန်း ၁၀၀ ခန့် ရှိ

အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ စစ်ခေါင်းဆောင် လေသံပစ်

အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ

မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ

Your Thoughts …
Tags: စစ်ဗိုလ်ချုပ်ပဲခူးရိုးမသစ်တောမြေဦးအုန်းမြင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၁

ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၁

by အေးချမ်းဆု
25 February 2025
9.8k

၂၀၂၁ နွေဦးတော်လှန်ရေး ဖြစ်ပွားသည့်အခါ ပဲခူးရိုးမသည် ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့များအတွက် ဘူမိနက်သန်အဖြစ် ပြန်လည် ထွက်ပေါ်လာသည်ကို တွေ့ရပြန်၏။

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၂

by အေးချမ်းဆု
26 February 2025
9.5k

ထိုစစ်ရေးလှုပ်ရှားမှုသည် စစ်တောင်းမြစ်ရိုးမ၊ ပဲခူးရိုးမသို့ ထိုးဖောက်လာသည့် စစ်ရေးလှုပ်ရှားမှု တခုဖြစ်ပြီး ယခင်နှစ်များနှင့် ကွဲပြားသည့် အခြေအနေကို စစ်တပ်က ရင်ဆိုင်နေရပေသည်။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

ငြိမ်းချမ်းရေး ပွဲစား၊ ငလျင် နိုင်ငံရေး၊ အနာဂတ် ရှိ မရှိ နဲ့ သံဝေဂ ရချိန်

ငြိမ်းချမ်းရေး ပွဲစား၊ ငလျင် နိုင်ငံရေး၊ အနာဂတ် ရှိ မရှိ နဲ့ သံဝေဂ ရချိန်

by စံရိပ်ငြိမ်
8 April 2025
3.6k

ဉာဏ်ရည် မြင့်ပေမယ့် လောဘ၊ ဒေါသ၊ မောဟ အမိုက် ကြီးစိုးလွန်း နေပြန်ရင်လည်း အမှန်တရားနဲ့ မနီးစပ်နိုင်ဘူး…အမိုက် ကြီးစိုးလွန်း နေသူတို့ အတွက် သံဝေဂ ရချိန်ဆိုတာ သူနဲ့ သူ့ပတ်ဝန်းကျင် အလုံးစုံ ပျက်သုဉ်းချိန် ရောက်ရင်တောင်...

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

by ဧရာဝတီ
9 March 2025
3.3k

ပဲခူးဟာ သမိုင်းအရ ဟံသာဝတီ အမည် နဲ့ ဟံသာဝတီ မင်းဆက် နဲ့ တောင်ငူ မင်းဆက်တို့ရဲ့ မင်းနေပြည်တော် အဖြစ် ထင်ရှားခဲ့တဲ့ မြို့တော် ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ပဲခူးရိုးမသို့ ဝင်သည့် စစ်ကြောင်း ဒေသခံ ၉ ဦးကို သတ်ဖြတ်

ပဲခူးရိုးမသို့ ဝင်သည့် စစ်ကြောင်း ဒေသခံ ၉ ဦးကို သတ်ဖြတ်

by ဧရာဝတီ
8 June 2024
1.1k

အဲဒီရိုးမဖြတ်လမ်းက ကျနော်တို့အတွက်ရော သူတို့အတွက်ရော အရေးပါတဲ့ လမ်းကြောင်းဖြစ်တယ်၊ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အလုံးစုံ စိုးမိုးထားနိုင်ပြီဆိုရင် KNU တပ်မဟာ ၁၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်ပေါ့၊ အဲဒီကနေ လက်နက်ခဲယမ်း ရိက္ခာထောက်ပံ့မှု...

Next Post
ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate