• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားမည် မဟုတ်ဟု WHO ပြော

by ဧရာဝတီ
14 May 2020
in သတင်း
A A
ဂျီနီဗာရှိ WHO ရုံး / Reuters

ဂျီနီဗာရှိ WHO ရုံး / Reuters

57.7k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်သစ်က ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ကြောင်းနှင့် ကမာ္ဘပေါ်ရှိ ပြည်သူများက ၎င်းနှင့်အတူ နေထိုင်ရန် သင်ယူရလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၃ ရက်နေ့ တွင် သတိပေးလိုက်သည်။

ကမာ္ဘတလွှား ရှိ အချို့နိုင်ငံများ တွင် ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို တားဆီးရန် ကြိုးပမ်းသည့် အနေဖြင့် ချမှတ်ထားသော ပိတ်ဆို့ ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း လျှော့ချလာသည့် အချိန်တွင် WHO က ၎င်းသည် လုံးလုံး လျားလျား ဖယ်ရှား၍ ရကောင်းမှ ရလိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံး တွေ့ရှိခဲ့ပြီး ထိုအချိန်မှစ၍ လူပေါင်း ၄. ၄ သန်းကျော် ကူးစက်ခံခဲ့ရကာ ကမ္ဘာအနှံ့တွင် လူ ၃၀၀၀၀၀ နီးပါးသေဆုံးခဲ့ရသည်။

WHO ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ဒါရိုက်တာ ညွှန်ကြားရေးမှူး Michael Ryan က “ပထမဆုံးအကြိမ်အဖြစ် လူထုထဲ ဝင်လာတဲ့ ဗိုင်းရပ်စ် အသစ်တခု ပါ။ ဒါကြောင့် အဲဒါကို ဘယ်အချိန်မှာ ကျော်လွှားနိုင်မလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်” ဟု ပြောကြားခဲ့သည်။

ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တခုတွင် သူက “ဒီဗိုင်းရပ်စ်ပိုးက ကျနော်တို့ အသိုင်းအဝိုင်းမှာ ဖြစ်ပွားတတ်လေ့ရှိတဲ့ နောက်ထပ် ဗိုင်းရပ်စ်တခု ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါတယ်။ အမြဲတမ်း ပျောက်ကွယ်ချင်မှ ပျောက် ကွယ်သွားပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

“HIV ပိုးက ပျောက်ကွယ်မသွားသေးပါဘူး။ ဒါပေမယ့် ကျနော်တို့က ဒီဗိုင်းရပ်စ် (HIV) နဲ့ အဆင်ပြေဖို့ လုပ်ခဲ့ရပါတယ်။”

ကိုရိုနာဗိုင်းရပ် ပြဿနာ စတင်ကတည်းက လူသားထု၏ တဝက်ကျော်က အချို့သော ပိတ်ဆို့မှု ပုံစံများအောက်တွင် ရောက်ရှိနေခဲ့ကြရသည်။

ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးခြင်းက ကူးစက်မှု ဒုတိယလှိုင်းကို မဖြစ်စေနိုင်ဟု အာမခံနိုင်စရာ အကြောင်း မရှိကြောင်း WHO က သတိပေးလိုက်သည်။

“နိုင်ငံတော်တော်များများက ခွဲခြား ကန့်သတ်ပိတ်ဆို့ ထားတဲ့ လုပ်ဆောင်ချက်ကနေ ထွက်လာချင်ကြပါလိမ့်မယ်” ဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောသည်။

“ဒါပေမယ့် ဘယ်နိုင်ငံမှာမဆို သတိထားမှုက ဖြစ်နိုင်သမျှ အမြင့်ဆုံးအဆင့်မှာ ထားရှိသင့်တယ် ဆိုတာက ကျနော်တို့ရဲ့ အဆိုပြုချက်အဖြစ် ရှိနေတုန်းပါပဲ။”

ပုံမှန်ပြန်ဖြစ်ရန် သွားရမည့် လမ်းကြောင်းက ရှည်လျားသော လမ်းတခု ဖြစ်သည်ဟု Michael Ryan ပြောကြားခဲ့ပြီး နိုင်ငံများအနေဖြင့် ယခု လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေကြရလိမ့်မည်ဟု တိုက်တွန်းခဲ့သည်။

“တားမြစ်ကန့်သတ်မှုတွေက လုပ်တာက ကောင်းကောင်း အလုပ်ဖြစ်တယ်။ တားမြစ်ကန့်သတ်မှုတွေကို ပြန်လည် ဖယ်ရှားလိုက်ရင် အလွန်ကောင်းသွားလိမ့်မယ် လို့ တွေးနေကြတာတွေ ရှိပါတယ်။ ၂ မျိုးလုံးက အန္တရာယ်တွေနဲ့ ပြည့်နေပါတယ်” ဟု အိုင်ယာလန်နိုင်ငံသား ကူးစက်ရောဂါတားဆီးရေးဆိုင်ရာ ပညာရှင် တဦးဖြစ်သည့် Michael Ryan က ပြောသည်။

ကူးစက်ရောဂါနှင့် ဆက်နွှယ်နေသော ကျန်းမာရေး ဝန်ထမ်းများ အပေါ် တိုက်ခိုက်မှုများကိုလည်း Michael Ryan က ပြစ်တင် ရှုတ်ချလိုက်သည်။ အဆိုပါ အဖြစ်အပျက်များသည် ဧပြီလ တလတည်း အတွင်းမှာပင် နိုင်ငံ ၁၁ ခု ၌ ၃၅ ခု ကျော် ရှိခဲ့သည် ဟု သူက ဆိုသည်။

တိုက်ခိုက်မှုများသည် အသိပညာနည်းပါးသည့် အသိုင်းအဝိုင်းများ၏ အလွန်အကျွံ တုန့်ပြန်မှုများ ဖြစ်လေ့ရှိပြီး အခြား ကိစ္စများက ပို၍စိတ်လေးစရာ ဖြစ်ခဲ့သည် ဟု သူက ပြောသည်။

“Covid-19 က ကျနော်တို့ထဲက အကောင်းဆုံးတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။ ဒါပေမယ့် အဆိုးရွားဆုံး အချို့ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်” ဟု သူက ဆိုသည်။
“ကူညီဖို့ ရိုးရိုးသားသား ကြိုးစားနေကြသူတွေအပေါ် သူတို့ရဲ့ စိတ်ပျက်မှုတွေ ပုံချခွင့် ရှိတယ်လို့ လူတွေက ခံစားနေကြတယ်။ အဲဒါတွေက အဓိပ္ပါယ်မဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဆန့်ကျင်ရမယ့် ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။”

သို့သော်လည်း ဗိုင်းရပ်စ်ကို တိုက်ခိုက်ရန် နည်းလမ်းတခုကို ရှာဖွေခြင်းက လူသားမျိုးနွယ်အတွက် ကာကွယ်ဆေး တခု ရှာဖွေခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ပြုလုပ်ခြင်းအားဖြင့် ရှေ့ဆက်သွားရေး အဓိက ခြေလှမ်းကို လှမ်းရန် အခွင့်အလမ်း တခုဖြစ်ကြောင်း Michael Ryan က ပြောသည်။

“ဒါက ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အခွင့်အလမ်း တခု ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ကိုးကား။ ။ AFP

You may also like these stories:

ကိုဗစ်ကြောင့် ဘရာဇီးမှာ သေဆုံးသူ မြင့်တက်နေ

ရန်ကုန်၌ Mask မတပ်ဘဲ အပြင်ထွက်သူများကို ကျပ် ၅ ထောင်ဒဏ်ရိုက်မှု စတင်

COVID-19 အကျပ်အတည်း ပူးပေါင်းဖြေရှင်းရန် နိုင်ငံတကာလုပ်ငန်းစုအချို့ ကတိပြု

Your Thoughts …
Tags: WHOကိုရိုနာဗိုင်းရပ်စ်ပျောက်ကွယ်သွားမည် မဟုတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
6.7k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

by ဧရာဝတီ
23 January 2025
3.4k

ထိပ်တန်း အလှူရှင်နိုင်ငံ၏ လုပ်ရပ်အတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

Next Post
၂၀၁၂ ခုနှစ် ဧပြီလတွင် ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်သည် ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်ခဲ့စဉ် / Reuters

ရခိုင်စစ်ပွဲမှာ တပ်မတော်ဘက် ဒေါ်အောင်ဆန်းစုကြည်ယိမ်းဟု တိုင်းရင်းသားအချို့ ဝေဖန်

ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ Lockdown လုပ်ထားသည့် လမ်းတချို့ / အောင်ကျော်ထက် / ဧရာဝတီ

ပြည်နယ်/တိုင်းများရှိ ကန့်သတ်ချက်များ ဖြေလျှော့မှု သိပ်မများနိုင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved