• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံရေးတွင် ဝင်နိုင်ခြေ တပ်ချုပ် ရုရှားမီဒီယာတွင် အရိပ်အမြွက်ပြော

by စမ်းယမင်းအောင်
1 July 2020
in သတင်း
A A
ရုရှားသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားခဲ့သည် / Reuters 

ရုရှားသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားခဲ့သည် / Reuters 

11.1k
VIEWS
Share on FacebookShare on Twitter

နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ရုရှားသို့ သွားရောက်လည်ပတ်စဉ်အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားခဲ့သည်။

ရုရှားမီဒီယာ Arguments and Facts နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် လာမည့်ရွေးကောက်ပွဲကာလတွင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဆိုသည်ကို မေးမြန်းသောအခါ ယခင်ရွေးကောက်ပွဲများကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်မှာ နံပတ်တစ်အရေးကြီးဆုံးဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်အောင် တပ်မတော်က ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေသည်။ ဆက်လက်၍ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာသည့်အချိန်ကျမှ သက်ဆိုင်ရာရွေးကောက်ပွဲမှာ ပါဝင်ခဲ့သည့်ပါတီများ၊ နောက်အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ဆန္ဒအပေါ်မူတည်ကာ သူ့အနေဖြင့် ဆက်လက်လုပ်ဆောင်မည် ဟုပြောကြောင်းကို မြန်မာဘာသာဖြင့်ပြန်လည်ပြန်ဆိုပြီး သူ၏အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် အထက်ပါမေးမြန်းမှုကိုဖြေကြားချက်အရ သိရသည်။

အသက် ၆၄ နှစ်ရှိနေပြီဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတဖြစ်ရန် စိတ်ကူးနေသည်ဟု မြန်မာ့နိုင်ငံရေး ဝေဖန်လေ့လာသူ တော်တော်များများက ယုံကြည်ကြသည်။ ဗိုလ်ချုပ်မှူးကြီးသည် ၂၀၁၆ ခုနှစ်ဇူလိုင်လက ပြည်သူ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက် ၆၀ ပြည့်ပြီး ၎င်းဆန္ဒအလျှောက် အငြိမ်းစားယူလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ကာကွယ်ရေးဦးစီးချုပ် သက်တမ်းကို တိုးခဲ့သည်။

သူ့တွင် နှစ်ပေါင်း ၄၀ ကျော် နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးအတွေ့အကြုံများရှိကြောင်း Arguments and Facts ၏ ရွေးကောက်ပွဲကာလအတွင်း သူ၏အခန်းကဏ္ဍကိုမေးမြန်းမှုကို ဖြေကြားချက်တွင် ထည့်ပြောခဲ့သည်။

နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း တိုင်းပြည်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ခဲ့သလို ဆက်လက်ပြီးလည်း လိုအပ်သည့် မည်သည့်အခန်းကဏ္ဍအတွက်မဆို လုပ်ပေးသွားမည်ဟု ပြောသည်။

“ဒီအတွေ့အကြုံတွေက တပ်မတော်အတွက်ကော၊ တိုင်းပြည်အတွက်ကော၊ ပြည်သူ့အတွက်ကော ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့်ဟာလို့ ကျနော် ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးစသည့်အမြင်များ ရှိရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် အရည်အချင်းလိုအပ်ချက်တရပ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်မှု လုပ်ငန်းစဉ်အရ သမ္မတနှင့် ဒုတိယသမ္မတများကို အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများက တိုက်ရိုက်မရွေးချယ်ဘဲ ပြည်ထောင်စုလွှတ်တော်ကရွေးချယ်သည်။ ထိုလုပ်ငန်းအဆင့်ဆင့်အရ ပြည်သူ့လွှတ်တော်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအုပ်စု၊ အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအုပ်စုနှင့် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ်များအုပ်စု စသည့်အုပ်စု ၃ စု က ဒုတိယသမ္မတ အသီးသီးကို ရွေးချယ်သည်။ ထိုနောက် အုပ်စု ၃ ခု ပူးပေါင်းပြီး ဒုတိယသမ္မတ ၃ ဦးအနက်တဦးကို သမ္မတအဖြစ် မဲခွဲရွေးချယ်ကြသည်။

ထိုစနစ်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတအဖြစ် ဝင်ရောက်ရွေးကောက်ခံရန်အတွက် ရွေးကောက်ပွဲဝင်ရန် မလိုပေ။ လွှတ်တော်တွင် သူခန့်အပ်ထားသော ကိုယ်စားလှယ်များက သူ့ကို ဒုတိယ သမ္မတတဦးအဖြစ်ရွေးချယ်ရန် ညွှန်ကြားလိုက်ရန်သာ လိုသည်။

မြန်မာနိုင်ငံ၏ ယခင် အထွေထွေရွေးကောက်ပွဲနှစ်ခုကို ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ကျင်းပခဲ့သည်။ ယခင် စစ်အစိုးရက ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်ခဲ့ကြပြီး ပြည်သူအများစုကလည်း လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲအဖြစ်လက်ခံခြင်းမရှိပေ။ ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည်ထိုရွေးကောက်ပွဲအပြီးတွင် အာဏာရလာသည်။ ၂၀၁၅ ခုနှစ်တွင်မူ NLD က USDP ကို အနိုင်ရပြီး အာဏာရလာသည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို တနင်္လာနေ့နှောင်းပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။ ထိုကြေညာချက်အရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်ပေါင်း ၃၃၀၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်ပေါင်း ၁၆၈ နယ်၊ ပြည်နယ်နှင့်တိုင်းလွှတ်တော်များအတွက် မဲဆန္ဒနယ်ပေါင်း ၆၄၄ နယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် မဲဆန္ဒနယ်ပေါင်း ၂၉ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၁၇၁ နေရာအတွက် တနိုင်ငံလုံးတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မကြာမီရက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ကြေညာသွားရန်ရှိသည်။

လွှတ်တော်မှ ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ်များ မည်သည့်အချိန်တွင် အနားယူသွားမည်ကိုသိလိုကြောင်း Arguments and Facts က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မေးရာ နိုင်ငံရေးအတိုက်အခိုက်များကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် မရင့်ကျက်သေးမှုကြောင့် တပ်မတော်က လွှတ်တော်အတွင်းရှိနေရခြင်းဖြစ်ပြီး အကယ်၍သာ တည်ငြိမ်မှုရှိသွားပြီဆိုလျှင် တပ်မတော်အနေနှင့် ထွက်ခွာသွားမည်ဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

( San Yamin Aung ၏ Myanmar Military Chief Hints at Political Role in Interview With Russian Media ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မည်သည့်ပါတီ မဆို ဗိုလ်ချုပ်ပုံ သုံး၍ မဲဆွယ်ခွင့် ရှိဟု NLD ပြော

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
15
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
11
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
26

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင် ကိုဗစ် ဗိုင်းရပ်စ်ပိုး မတွေ့ ဟု ဆို

ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး

Your Thoughts …
Tags: တပ်ချုပ်နိုင်ငံရေးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရုရှားမီဒီယာ
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

by ဥသြ
27 December 2024
12.8k

ညှိကွပ်ရာထူးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် မတိုင်ခင်က စစ်တပ်မှာ မရှိခဲ့ပါဘူး။

မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ

မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ

by စွယ်တော်
19 September 2025
12.4k

သမ္မတကြီး ဆက်လုပ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ် ရာထူးမှ သူ ထွက်ရမည်။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

by ဧရာဝတီ
8 September 2025
6.3k

ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် စစ်တပ် စတုတ္ထမျိုးဆက်ဆိုသူတွေဟာ သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ အုပ်ထိန်းသူတွေလို့ ခံယူတဲ့ နေရာမှာ ရှေးမျိုးဆက်တွေနဲ့ မကွာခြားသလို တပ်မတော် ပြန်လည် ခေါင်းထောင် လာနိုင်ဖို့၊ ဗမာအမျိုးသားရေးစိတ်နဲ့ ပြန်လည်ရှင်သန်ဖို့၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစွမ်းကုန် သစ္စာခံဖို့...

Next Post
မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဘယ်ကစမလဲ (ရုပ်/သံ)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဘယ်ကစမလဲ (ရုပ်/သံ)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း  / ဇော်ဇော် / ဧရာဝတီ

တရုတ် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းဟု ဝေဖန်ခံရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved