• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေနံနှင့် ဓာတ်ငွေ့ကြောင့် စစ်ပွဲအရှိန်မြင့်တက်ဟု ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ပြော

by ဇင်လင်းထက်
9 July 2020
in သတင်း
A A
၂၀၁၉ ဧပြီလ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် မြင်တွေ့ခဲ့ရသော AA ၏ စစ်သင်တန်းတခု  / ဧရာဝတီ

၂၀၁၉ ဧပြီလ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် မြင်တွေ့ခဲ့ရသော AA ၏ စစ်သင်တန်းတခု / ဧရာဝတီ

31.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်သည့် လုပ်ငန်းများသည် မြန်မာ့တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) တို့အကြားဖြစ်ပွားနေသော ရခိုင်စစ်ပွဲကို အရှိန်ပိုမြင့်ရန် အားပေးနေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ ရေနံစောင့်ကြည့် အဖွဲ့ (AOW) က ဇူလိုင်လ ၈ ရက်က ထုတ်ပြန်သည်။

အရပ်ဘက်အဖွဲ့အစည်းတခု ဖြစ်သော AOW သည် ၂၀၀၆ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ရှိ သယံဇာတ တူးဖော် နေမှုများ ကို စောင့်ကြည့်လေ့လာကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ “ရခိုင့် ဘဝကို လောင်မြိုက်နေသော ရင်းနှီးမြှုပ်နှံမှုများ” ဆိုသည့် စာတမ်းကို ရေးသားနေခြင်းဖြစ်သည်။

AOW ၏ ဒါရိုက်တာ ဦးကျော်ခိုင်က “ဒီငွေတွေက ပြည်ထောင်စုအစိုးရက ရတယ်။ နောက်တော့ ဘတ်ဂျက်ပြန်ခွဲတော့ ဒီငွေတွေက တပ်မတော် ဘက်ကို ရောက်တယ်။ တပ်မတော်က အဲဒီငွေတွေ သုံးပြီး လက်နက်တွေဝယ်ပြီး ရခိုင်စစ်ပွဲ မှာ ပြန်အသုံးချ တဲ့အတွက် ရခိုင်ပြည်နယ်က သယံဇာတတူးတဲ့ လုပ်ငန်းတွေက စစ်ပွဲကို အားပေးတယ်လို့ ပြောတာ ပါ” ဟု ရှင်းပြသည်။

ထို့အပြင် ကမ္ဘာ့ရေနံ ကော်ပိုရေးရှင်းများအနေဖြင့် ရခိုင်ပြည်နယ်၏ သယံဇာတများကို ဖျက်ဆီးနေကြောင်း၊ ယင်းလုပ်ငန်းများကြောင့် စစ်ပွဲကို ပိုမိုလောင်မြိုက်စေပြီး ဒေသခံတွေကိုလည်း ဆင်းရဲစေကြောင်း၊ ဒေသခံများ အနေဖြင့် ယင်းစီမံကိန်းများကြောင့် မြေယာနှင့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးနေကြောင်းလည်း ၎င်း က ထောက်ပြသည်။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း၌ နိုင်ငံတကာကော်ပိုရေးရှင်းများသည် သဘာဝဓာတ်ငွေ့ ရှာဖွေတူး ဖော်ရေး လုပ်ငန်း များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက် လိုင်း ၊ စစ်တွေနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများ စသည့် အကျိုးအမြတ်များစွာ ရရှိနေသော လုပ်ငန်း များကို ဌာနေ ပြည်သူများ၏ သဘောတူညီချက်ရယူခြင်းမရှိဘဲ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယား ကုမ္ပဏီများက ဆောင်ရွက်နေကြောင်း AOW၏ စာတမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသာမက ဥရောပနိုင်ငံများမှ ကုမ္ပဏီများလည်း ပါဝင်နေသည်ဟု AOW က ဆိုထားသည်။

ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့တူးဖော်သည့် လုပ်ငန်းများကို တရုတ်နိုင်ငံမှ CNPC ကုမ္ပဏီ၊ ကိုရီးယားအခြေစိုက် KOGAS နှင့် POSCO ၊ အိန္ဒိယအခြေစိုက် GAIL နှင့် ONGC Videsh ၊ ပြင်သစ်မှ Total ၊ သြစတြေးလျ အခြေစိုက် Wood Side Energy ၊ ဗြိတိန် နှင့် နယ်သာလန်မှ ကုမ္ပဏီ ၂ ခုပူးပေါင်းထားသော Royal Dutch Shell ကုမ္ပဏီတို့က လုပ်ကိုင်ဆောင်ရွက်နေကြောင်း AOW ၏ စာတမ်းအရသိရသည်။

ပြည်ထောင်စုအစိုးရသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုအကျိုးအမြတ် စုစုပေါင်း၏ သုံးပုံ ၁ ပုံခန့်ကို ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ ရရှိနေကြောင်း AOW က ဆိုထားသည်။

ထို့ကြောင့် စစ်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း ဒေသခံများအတွက် အကျိုးမဖြစ်ထွန်းသည့် ရခိုင်ပြည်နယ်ရှိ သယံဇာတတူးဖော်သည့် လုပ်ငန်းများကို ရပ်ဆိုင်းထားသင့်ကြောင်း၊ အဆိုပါစီမံကိန်းများကို ကန့်ကွက်ဆန္ဒပြနေသော တက်ကြွလှုပ်ရှားသူများအား တရားစွဲဆိုထားသည့် အမှုများကိုလည်း အစိုးရက ရုတ်သိမ်းပေးသင့်ကြောင်း ထောက်ပြသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

တရုတ်- မြန်မာရေနံပိုက်လိုင်းစောင့်ကြည့်သည့် အရပ်ဘက်အဖွဲ့အစည်းများတွင်ပါဝင်ခဲ့ပြီး လက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ ကျောက်ဖြူမြို့နယ် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းလွင်ကမူ ရခိုင်ပြည်နယ်ရှိ သယံဇာတ လုပ်ငန်းများမှ ရရှိသော ဝင်ငွေများဖြင့် တပ်မတော်က လက်နက်များဝယ်ယူကာ ရခိုင်စစ်ပွဲတွင် အသုံးပြုနေသည်ဆိုသည့် အချက်သည် ယေဘုယျအားဖြင့် ဖြစ်နိုင်ကြောင်း ပြောသည်။

“တချိန်တုန်းက စစ်အစိုးရလက်ထက်ကတည်းက ဒီဟာတွေကို ကိုင်ပြီး လုပ်လာတာပဲဗျာ။ သူတို့စိတ်ကြိုက် သူတို့သုံး နေကြတာပါပဲ။ ပြည်သူတွေလည်း ဘာမှမသိ။ ကျနော်တို့လည်း ဘာမှမသိကြဘူးပေါ့။ သူတို့အဲဒီလိုပဲ စစ်တပ်က ၈၀ ရာခိုင်နှုန်းလောက် သယံဇာတနဲ့ ပတ်သက်ရင် ကိုင်တွယ်ပြီး လုပ်နေကြတယ်။ ပိုက်ဆံတွေလည်း သူတို့ပဲ သုံးနေ တယ်ဆိုတော့ အဲဒီဟာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ရခိုင်ပြည်နယ်ရှိ သယံဇာတ တူးဖော်သည့် စီမံကိန်းအားလုံးကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုမှုသည် လက်တွေ့အားဖြင့် မဖြစ်နိုင်ကြောင်း၊ သယံဇာတ တူးဖော်သည့် လုပ်ငန်းများကို ကန့်ကွက် ဆန္ဒပြသူများအား ဖမ်းဆီး တရားစွဲနေမှုများနှင့်ပတ်သက်၍ အမှု ရုတ်သိမ်းပေးရန် တောင်းဆိုချက်သည်ကား တောင်းဆိုသင့်သည့် ကိစ္စဟုလည်း ၎င်းက မှတ်ချက်ပေးသည်။

“ဘယ်အစိုးရလက်ထက်က လုပ်ခဲ့၊ လုပ်ခဲ့ ဒါတွေက သဘောတူစာချုပ်တွေနဲ့ ဆိုတော့ ဆက်လုပ်နေမှာပဲ ရပ်ရမယ် ဆိုတာက လုံးဝမဖြစ်နိုင်တာပဲ။ သို့သော်လည်း လူထုတွေကို တစုံတရာ လုပ်ပေးမယ်။ သူတို့အတွက်ရေရှည် ကျေနပ် လောက်တဲ့ဟာ တခုခု ခံစားရတယ်ဆိုရင်လည်း အဆင်ပြေသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး ဦးထွန်းလွင်က “အရပ်ဘက်အဖွဲ့အစည်းတွေက စုဝေးကြတာတို့ ဟောပြောကြတာတို့ရှိ တယ်။ ကျနော် တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ၂ ယောက်တောင် အခု တရားစွဲခံထားရတာပေါ့။ အဲဒီလိုဟာမျိုး ပြောကြတဲ့အတွက် အလွယ်တကူဖမ်းပြီး တရားစွဲတာမျိုးက မလုပ်သင့်ဘူးလို့ ထင်တယ်။ လူထုအသံကို ပြောတဲ့အခါမှာ အဲလိုစုဝေးပြီးမှ မပြောရင် ကြားမှာမဟုတ်ဘူး” ဟု ထောက်ပြသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး ကလည်း နိုင်ငံတကာစာချုပ်အဖြစ် ချုပ်ဆိုထားသော ရခိုင်ပြည်နယ်ရှိ သယံဇာတတူးဖော်သည့် လုပ်ငန်းများကို ချက်ချင်းရပ်တန့်ပေးရန်ကိစ္စသည် ဖြစ်နိုင်ရန် မလွယ်ကူကြောင်း ပြောသည်။

“နိုင်ငံတကာစာချုပ်ဖြစ်တဲ့အတွက် အော်ပရေးရှင်းတခုလုံး စာချုပ်ကို မချိုးဖောက်ဘဲနဲ့ ရပ်လိုက်ဖို့ကျတော့ ဒါက လွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့။ ဥပမာ – မြစ်ဆုံလိုကိစ္စမှာ ရပ်လိုက်တဲ့အတွက် တောက်လျှောက်က တရုတ်နဲ့ ဆက်ဆံ ရေး မှာ အများကြီး အဖုအထစ်တွေ ဖြစ်သွားတာတွေရှိတယ်။ စာချုပ်ချုပ်ထားတဲ့ကိစ္စကို ရပ်လိုက်ရင် နိုင်ငံတကာ တရားရုံးတွေ ဘာတွေမှာရှင်းရတာတွေဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ သယံဇာတ တူးဖော်မှုများမှ ရရှိသည့် ငွေကြေးဖြင့် တပ်မတော်က လက်နက်များ ဝယ်ကာ ရခိုင်စစ်ပွဲတွင် ပြန်သုံးသည်ဆိုသော ယူဆချက်သည်လည်း သွယ်ဝိုက်သည့် ဆက်စပ်မှုကို အခြေခံစဉ်းစားချက် အဆိုတခုဖြစ်ကြောင်း၊ အဆိုပါ ယူဆချက်အရ စဉ်းစားမည်ဆိုပါက ပြည်ထောင်စု အစိုးရကို အခွန်ပေးဆောင်နေရ သော ဘဏ်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများသည်လည်း လက်နက်ကိုင် ပဋိပက္ခကို ပိုမိုကြီးထွားစေသည်ဟု ယူဆဖွယ်ရာ ဖြစ်နေကြောင်း ၎င်းက ရှင်းပြသည်။

“အစိုးရက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဖြစ်တဲ့ တပ်မတော်ကို သက်ဆိုင်ရာ လိုအပ်ချက်အရ ဘတ်ဂျက် ချပေးရတာ တွေရှိတယ်။ အဲဒီဘတ်ဂျက်တွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင်တော့ နေရာတိုင်း ကလာတယ်လို့ ပြောလို့ရ တယ်ပေါ့” ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

အဓိက ပြဿနာသည် တိုင်းရင်းသားဒေသများမှ ထွက်ရှိသော သယံဇာတ ထုတ်လုပ်ရောင်းချမှုများမှ ရရှိသော အကျိုး အမြတ်များကို ဒေသခံများအတွက် အသုံးမပြုသည့် အတွက် ဒေသခံတိုင်းရင်းသားများက ပြည်ထောင်စု အစိုးရ စီမံခန့်ခွဲနေသည့် သယံဇာတ ထုတ်လုပ်ရောင်းချသော လုပ်ငန်းများကို မကျေမနပ်ဖြစ်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အဆိုပါခံစားချက်များကို ပြည်ထောင်စုအစိုးရ အပါအဝင် ၊ မြန်မာနိုင်ငံ၏ လူများစု ဖြစ်သည့် ဗမာလူမျိုးများကလည်း နားလည်ပေးရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

“ဘာဖြစ်လို့လဲဆိုတော့ အဲဒီပိုက်ဆံတွေကလည်း ပြည်ထောင်စု အစိုးရကို သွားတယ်။ ပြည်ထောင် စုအစိုးရကတဆင့် တပ်မတော်လက်နက်ခဲယမ်းမီးကျောက်ဝယ်တဲ့ အထဲမှာ သုံးတယ်ဆိုရင် ဘဏ်လုပ်ငန်းကြောင့် လက်နက်ကိုင်ပဋိပက္ခ ပိုတက်လာတာလား။ အဲဒီလိုမျိုး အကုန်တွက်မယ်ဆိုရင်တော့ ဒါကတော့မေးစရာရှိတာပေါ့” ဟု ဒေါက်တာမင်းဇော်ဦး က ဆိုသည်။

ဒေသခံများ အကျိုးအမြတ် ရရှိအောင် လုပ်ပေးနိုင်မည့် အခြေခံနည်းဖြင့် ချည်းကပ်ခြင်းက အပြုသဘောဆောင်ပြီး နှစ်ဖက်စလုံး ရလာဒ်ကောင်းထွက်ရင် လွယ်ကူမည်ဟု ၎င်း က ရှင်းပြသည်။

၂၀၁၈ ခုနှစ်ဒီဇင်ဘာလမှ လက်ရှိအချိန်အထိ ရခိုင်စစ်ပွဲကာလ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း အရပ်သား ၂၅၇ ဦးသေဆုံးပြီး ၅၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ဘေးဒုက္ခသည်ပေါင်း တသိန်းကိုးသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ရခိုင်တိုင်းရင်းသားများ အစည်းအရုံး (REC) ၏ အချက်အလက်များအရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)

လူမျိုးရေး အဓိကရုဏ်းဆီ တွန်းမပို့ကြပါနဲ့

Your Thoughts …
Tags: AOWစစ်ပွဲတပ်မတော်ပြည်ထောင်စုအစိုးရရေနံ၊ ဓာတ်ငွေ့လုပ်ငန်း
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

Next Post
ကျနော်တို့ နေထိုင်ရတဲ့ ဘဝတွေက ပိုပိုပြီးတော့ အန္တရာယ်များလာတယ်

ကျနော်တို့ နေထိုင်ရတဲ့ ဘဝတွေက ပိုပိုပြီးတော့ အန္တရာယ်များလာတယ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို၂၀၂၀ ဇွန်၂၄ ရက်က တွေ့ရစဉ်  / ထက်ဝေ / ဧရာဝတီ

နိုင်ငံတကာ လေကြောင်းလိုင်းများ အောက်တိုဘာ၌ ပြန်ဆင်းခွင့်ပြုဖွယ်ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved