• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

No Vote လှုံ့ဆော်မှု ပုဒ်မ ၆ ခုနှင့် ငြိစွန်းဟု UEC ပြော

by ထွန်းထွန်း
11 August 2020
in သတင်း
A A
လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှု ပြုလုပ်နေသည့် No Vote Page  / မျိုးမင်းစိုး  / ဧရာဝတီ

လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှု ပြုလုပ်နေသည့် No Vote Page / မျိုးမင်းစိုး / ဧရာဝတီ

11.9k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် No Vote (မဲမပေးရေး) လှုပ်ရှားမှုဖြင့် လှုံ့ဆော်မှုများ ပြုလုပ်ပါက ပြည်ထောင် စု လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပါ ပုဒ်မ ၆ ခုနှင့် ငြိစွန်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ဧရာဝတီသို့ပြောသည်။

ဦးမြင့်နိုင်က “ မဲပေးခြင်း၊ မပေးခြင်းက တဦးချင်း အခွင့်အရေးဖြစ်ပေမယ့် တခြားသူကို မဲမပေးဖို့ လှုံ့ဆော်ရင်တော့ အထက်ပါ ပုဒ်မတွေနဲ့ ငြိစွန်းပါတယ်”ဟု ပြောသည်။

No Vote ဟု ကြွေးကြော်ကာ ပြောဆိုစည်းရုံးမှုများသည် ဇူလိုင်လ တတိယပတ်တွင် Facebook လှုမှုကွန်ရက်၌ ထင်ထင် ရှားရှား တွေ့လာရခြင်းဖြစ်ပြီး ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသည် မဲဆန္ဒရှင်များ၏ ဆန္ဒကို မဖြည့်ဆည်း နိုင်သ ဖြင့် ရွေးကောက်ပွဲကို မယုံကြည်ဟု အကြောင်းပြကာ မဲမပေးဟု ဆိုသူများက ၎င်းတို့၏ ကိုယ်ပိုင် အကောင့်များမှ တဆင့် ရွေးကောက်ပွဲ၌ မဲမပေးဟု ပြောဆို စည်းရုံးလာကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲ ပျက်ပြားစေရန်နှင့် မဲပေးခြင်း ပျက်ပြားစေရန် စည်းရုံးလှုံ့ဆော်သူများအနေဖြင့် ရွေးကောက်ပွဲ ဥပဒေပါ ပုဒ်မ ၅၇၊ ပုဒ်မ ၅၈(ခ)၊ ပုဒ်မ ၅၈(ဃ)၊ ပုဒ်မ ၆၀၊ ပုဒ်မ ၆၁(ခ)နှင့် ပုဒ်မ ၆၁(ဂ)တို့ဖြင့် ငြိစွန်းနိုင်ပြီး ပြစ်မှု ထင်ရှား ပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြဌာန်းထားသည်။

ယင်းပုဒ်မများသည် ရဲအရေးပိုင်သည့် ပုဒ်မများဖြစ်သည့်အတွက် ရဲစခန်းတွင် အမှုဖွင့်နိုင်ပြီး ရွေးကောက်ပွဲ မတိုင်မီဖြစ်စေ၊ ရွေးကောက်ပွဲနေ့တွင်ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်းဖြစ်စေ အရေးယူပိုင်ခွင့်ရှိကြောင်းလည်း ဦးမြင့်နိုင်က ရှင်းပြသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတဦး အနေဖြင့် မိမိတဦးချင်း ဆန္ဒအရ မဲမပေးခြင်းမှာ တဦးချင်း ပေးထားသည့် အခွင့်အရေး ဖြစ် သော်လည်း အခြားသူများအား ဆန္ဒမဲ မပေးရန် ပြောဆိုပိုင်ခွင့် မရှိသကဲ့သို့ ရွေးကောက်တင်မြောက်ခံခြင်း မလုပ်ရန်လည်း တပါးသူ၏အခွင့်အရေးအား နှောက်ယှက်၍မရကြောင်း ဦးမြင့်နိုင်က ဆက်လက် ပြောသည်။

ပြည်ထောင်စုလွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပုဒ်မ ၅၇ ၊ ပုဒ်မ ၅၈(ခ)၊ ပုဒ်မ ၅၈(ဃ)၊ ပုဒ်မ ၆၀၊ ပုဒ်မ ၆၁(ခ)၊ ပုဒ်မ ၆၁(ဂ)တို့၏ ပြဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပုဒ်မ ၅၇ – မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ် ပေးခြင်း(သို့) လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၅၈(ခ) – ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ် လောင်း တဦးဦးကိုသော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဦးဦးကိုသော်လည်းကောင်း ခြိမ်းခြောက်ခြင်း။

ပုဒ်မ ၅၈(ဃ) – ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း(သို့မဟုတ်) အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း။

(အထက်ပါ ပုဒ်မ ၅၈(ခ)နှင့် ၅၈(ဃ) တို့အား ကျူးလွန်ကြောင်း(သို့) ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်)

ပုဒ်မ ၆၀ – မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဦးဦးအား ဆန္ဒမဲပေးခြင်း မပြုနိုင် စေရန် နှောက်ယှက်ကြောင်း(သို့မဟုတ်) နှောက်ယှက်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူ အား တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ် ရမည်။

ပုဒ်မ ၆၁(ခ) – မဲဆန္ဒရှင် တဦးဦးအား လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း (သို့မ ဟုတ်) ဆန္ဒမဲ မပေးရန် တိုက်တွန်းသွေးဆောင်ခြင်း။

ပုဒ်မ ၆၁(ဂ) – ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲ မပေးဘဲ နေရန်သော်လည်းကောင်း တိုက်တွန်း သွေးဆောင်ခြင်း(ဤပုဒ်မပါ ကိစ္စအလိုငှာ အခြားနေရာများတွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက် စာတမ်း စသည်တို့ ကပ်ထားခြင်းနှင့် ချိတ်ဆွဲထားခြင်းတို့ မပါဝင်)

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

အထက်ပါ ပုဒ်မ ၆၁(ခ) နှင့် ၆၁(ဂ) ပါပြဌာန်းချက်များအား မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံ အတွင်း၌ ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာ အတွင်း၌ဖြစ်စေ၊ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ဆက်စပ်ဖတ်ရှုရန် –

No Vote ကမ်ပိန်း ရိုးသားရဲ့လား

NLD၊ ညွန့်ပေါင်းဂယက်နဲ့ No vote

Your Thoughts …
Tags: No Vote
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

အဘ ဘာဖြစ်ချင်တာလဲ…

အဘ ဘာဖြစ်ချင်တာလဲ…

by ကြာဖက်နှင်း
16 November 2025
4.7k

တိုင်းပြည်ကို မတရား အာဏာ သိမ်းပြီး ၅ နှစ် အုပ်ချုပ်လိုက်တာ အတော်ကို ပျက်စီး သွားခဲ့ပြီ… တပ်ထဲက အရာရှိတွေ ပြောနေသော စကားများ…ရင်တွင်းဖြစ်များ…

ရတနာပုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ  / ဇော်ဇော် / ဧရာဝတီ

ရွေးကောက်ပွဲကို No Vote လှုပ်ရှားမှုဖြင့် သပိတ်မှောက်မည်ဟု ဗကသများအဖွဲ့ချုပ်ပြော

by ထွန်းထွန်း
8 August 2020
50.4k

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား No Vote (မဲမပေးရေး) လှုပ်ရှား မှုဖြင့် သပိတ်မှောက်ကြောင်း

လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှု ပြုလုပ်နေသည့် No Vote Page /  မျိုးမင်းစိုး / ဧရာဝတီ

No Vote ကမ်ပိန်း ရိုးသားရဲ့လား

by ဇင်လင်းထက်
31 July 2020
18.8k

ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသည် မဲဆန္ဒရှင်များ၏ ဆန္ဒကို မဖြည့်ဆည်းနိုင်သဖြင့် ရွေးကောက် ပွဲကို မယုံကြည်ဟု အကြောင်းပြကာ မဲမပေးဟု ဆိုသူများက ၎င်းတို့၏ ကိုယ်ပိုင်အကောင့်များမှတဆင့် ရွေးကောက်ပွဲ၌ မဲမပေးဟု ပြောဆိုစည်းရုံးလာကြခြင်း ဖြစ်သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲထည့်နေသူတဦး / ထက်ဝေ

လာမယ့်ရွေးကောက်ပွဲမှာ မဲ ပေးမလား မပေးဘူးလား

by ဘိုကြည်
26 August 2020
5.7k

တချို့ဆို ကံမကောင်းစွာနဲ့ပဲ မဲပေးနိုင်တဲ့အခွင့်အလမ်းတောင် မရှိရှာပါဘူး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် / ဧရာဝတီ

မဲပေးခွင့် မဆုံးရှုံးစေရေး စီမံချက်ချပြီး ဆောင်ရွက်နေတယ်

by ထွန်းထွန်း
13 August 2020
7.4k

ရွေ့ပြောင်းအလုပ်သမားတွေအတွက် ဆောင်ရွက်ချက်တွေ၊ ဖေ့စ်ဘုတ်ပေါ်က စည်းရုံးရေးလုပ်နေတဲ့ အခြေအနေတွေအပေါ် အမြင်သဘောထားနဲ့ လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။

Next Post
ရုရှားသမ္မတ ပူတင်

ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်လိုက်ပြီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး  / သီဟလွင် / ဧရာဝတီ

“သမ္မတဆိုတာက တော်ရုံတန်ရုံလူ လုပ်လို့တော့ ဖြစ်တဲ့ကိစ္စမျိုး မဟုတ်ဘူး”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved