• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်စပ် ကုန်သွယ်ရေး စည်းကမ်းတချို့ တရုတ် ပြန်လည် ဖြေလျှော့ရန်ရှိ

by အောင်သီဟ
14 August 2020
in သတင်း
A A
မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားများ / ဇော်ဇော် / ဧရာဝတီ

မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားများ / ဇော်ဇော် / ဧရာဝတီ

40.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုး တွေ့ရှိသည့် မတ်လလယ်မှ စတင်၍ ကန့်သတ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စည်းကမ်းတချို့ကို တရုတ်နိုင်ငံဘက်က ယခုလကုန်ပိုင်းတွင် ပြန်လည် ဖြေလျှော့လာနိုင်ကြောင်း မူဆယ် အခြေစိုက်ကုန် သည်များထံက သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျလာခြင်းနှင့် မိုးရာသီ ကုန်ဆုံး၍ ပွင့်လင်းရာ သီ ပြန်ရောက်ရှိတော့မည် ဖြစ်ရာ ကုန်သွယ်ရေး လုပ်ငန်းများကို ပုံမှန် အခြေအနေအတိုင်း ပြန်လည် လုပ်ဆောင်နိုင်ရန် အတွက် လူအဝင်အထွက် ပိတ်ထားခြင်းနှင့် ကုန်တင်ယာဉ်မောင်း လဲလှယ်စနစ်များကို ပြန်လည် ဖြေလျော့သွားရန် ရှိနေ ကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်း ဗဟို အလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က ပြောသည်။

ထိုသို့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပုံမှန် ပြန်ဖြစ်ရန် မူဆယ်-နမ့်ခမ်း ကုန်သည်များအသင်း၊ နယ်စပ် ကုန်တင်ယာဉ်များ အသင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ် ကုန်သွယ်ရေစခန်းများ တာဝန်ရှိသူ များနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရဘက်မှ တာဝန်ရှိသူများကြား မကြာခဏ ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိ သည်။

ကုန်တင်ယာဉ်မောင်း လဲလှယ်စနစ်ကို ယခင်က တရုတ်နိုင်ငံသားများကိုသာ ခွင့်ပြုထားခဲ့ရာမှ ယခုတွင် ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံချက် ရရှိထားသော မြန်မာနိုင်ငံသား ယာဉ်မောင်း၂၀၀ အထိကို အစားထိုး ယာဉ် မောင်းအဖြစ် ခွင့်ပြုသွားရန် ရှိနေသည့် အခြေအနေ ရှိကြောင်း ဦးစိုင်းခင်မောင်က ဆိုသည်။

၎င်းက “ဒီကန့်သတ်ချက်တွေသာ ဆက်ပြီး ကြန့်ကြာနေဦးမယ်ဆိုရင် နယ်စပ် ကုန်သွယ်ရေးက တော်တော်တော့ ခက်ခဲ နေမယ်။ ပိတ်ထားဦးမယ်ဆိုရင် သူ့ဘက် ကိုယ့်ဘက် နစ်နာမှာပေါ့။ မြန်မာဘက်ကတော့ ပိုနစ်နာတာပေါ့” ဟု ပြောဆို သည်။

လက်ရှိ အချိန်တွင် နယ်စပ် ကုန်သွယ်ရေး၌ ကုန်တင်ယာဉ်များကို တရုတ်နိုင်ငံသား ယာဉ်မောင်းများဖြင့် လဲလှယ်ပြီး အရောင်းအဝယ် လုပ်ဆောင်ရခြင်းကြောင့် ငွေပေးချေမှု ကိစ္စများ၊ ကုန်အရောင်းအဝယ်များနှင့် ကုန်တင်ယာဉ်များ အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းကြောင့် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိသည်။

တရုတ်နိုင်ငံဘက်မှ အစားထိုး ယာဉ်မောင်းများကို အရေအတွက်များ ခွင့်ပြုခြင်းအပြင် ကုန်တင်ယာဉ် တစီးချင်း တန်းစီ သွားရသည့် ကိစ္စများနှင့် လူအဝင်အထွက်ကို အသက်အရွယ်အလိုက် ဝင်ခွင့်ပြုပါက နယ်စပ်ကုန်သွယ်ရေးအတွက် ပိုမို ကောင်းမွန်လာနိုင်ကြောင်း မူဆယ် အခြေစိုက် ကုန်သည်များက ပြောကြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
546
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပိုမို အဆင်ပြေစေနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ရှိနေ သော်လည်း၂ နှစ်နိုင်ငံ ပြည်တွင်းကန့်သတ်ချက်များ ဖြေလျှော့မှုများကို လိုက်၍ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များ ကိုလည်း ဖြေလျှော့ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ဧရာဝတီက ပြောသည်။

၎င်းက “ယာဉ်မောင်း လူ ၂၀၀ ကိစ္စကတော့ တကယ့် မြေပြင် အခြေအနေတွေမှာ လုပ်ရကိုင်ရခက်မယ် အနေအထားတွေ အများကြီး ရှိတယ်။ ဒီလူတွေကို တိုင်းနဲ့ ပြည်နယ်အစုံက လာကြမှာလေ။ ဖြေလျှော့မှုတွေကတော့ ကိုဗစ် ပျံ့နှံ့မှု အခြေ အနေနဲ့ ကန့်သတ်ဖြေလျှော့မှုတွေအပေါ် မူတည်ပြီးပဲ အပြောင်းအလဲ ဖြစ်နိုင်မယ် ဘာဖြစ်နိုင်မလဲဆိုတာကတော့ ကြိုပြော ဖို့က ခက်တယ်” ဟု ပြောဆိုသည်။

လက်ရှိအချိန်မှာ မိုးတွင်းကာလဖြစ်၍ နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ် အခြေအနေမှာ အေးနေပြီး လာမည့် ပွင့်လင်းရာသီအမှီ ဖြေလျှော့မှုများ ရရှိပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြည်တွင်း ကုန်သည်များက ဆိုသည်။

သကြား ကုန်သည် ဦးဝင်းဌေးက “အခုက မိုးရာသီလည်း ဖြစ်နေတော့ နယ်စပ် ကုန်သွယ်ရေးက ခပ်အေးအေးပဲပေါ့။ ဒါပေမဲ့ ရှေ့လ ပွင့်လင်းရာသီအချိန်မှာ အဝင်အထွက် များများ လုပ်ရမယ့် အခြေအနေရှိတော့ ဒီဘက်က ယာဉ်မောင်း တွေကို အဆင်သင့်ဖြစ်နေအောင် လုပ်ခိုင်းထားတဲ့ သဘောမျိုးပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ အခြေအနေများ ရှိပါက ရှေ့လပိုင်းတွင် ပြန်လည်တင်ပို့ချိန် ရောက်ရှိလာမည့် သစ်သီးပို့ကုန်များအတွက် အဆင် ပြေလာနိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် တနေ့လျှင် ကုန်တင်ယာဉ် ၂၀၀ နီးပါး အဝင်အထွက် လုပ်ဆောင် လျက်ရှိကာ မြန်မာနိုင်ငံဘက်မှ ဆန်၊ ပဲ၊ ရေထွက်နှင့် ပို့ကုန်တချို့ကို တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်ကမူ လူသုံးကုန် နှင့် လုပ်ငန်းသုံး ပစ္စည်းများ၊ စိုက်ပျိုးလုပ်ငန်းသုံး သွင်းအားစု အစရှိသည့် သွင်းကုန်များကို တင်သွင်းလျက် ရှိကြောင်း သိရ သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းသော ကုန်ပစ္စည်းများသည် မြန်မာက တင်ပို့သည့် ပမာဏထက် ပိုများလျက် ရှိကြောင်း ကုန်သည်များထံမှ သိရသည်။

နယ်စပ် ကုန်သွယ်ရေး ရပ်တန့်နေမှုသည် နှစ်နိုင်ငံစလုံးဘက်တွင် သက်ရောက်မှု ရှိနေပြီး ယခုလို တရုတ်နိုင်ငံဘက်မှ တင် ပို့မှု ပိုများနေသော ကာလတွင် တရုတ်နိုင်ငံဘက်တွင် ထိခိုက်မှု ပိုများလျက် ရှိနေကြောင်း မူဆယ်အခြေစိုက် ဆန်ကုန် သည် တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ယူနန်မှာက အခုဆိုရင် စက်ရုံ အလုပ်ရုံတွေက ပြန်လည်နေပြီ ဒါပေမယ့် လုပ်သား မရှိဘူး ဖြစ်နေတယ်။ ဒီဘက် က လုပ်သားတွေကို ပြန်ဝင်စေချင်နေပြီ။ ဟိုရက်ပိုင်းကဆိုရင် ခိုးဝင်ပေါက်က ဝင်လာခိုင်းပြီး ဟိုဘက်မှာ အသင့်စောင့် လာ ခေါ်သွားတာမျိုးတွေတောင် ရှိတယ်။ သူတို့ဘက်ကလည်း ဗဟိုအစိုးရရဲ့ အမိန့်ကို စောင့်နေရတဲ့ အခြေအနေ ဖြစ်နေ တယ်” ဆိုသည်။

လာမည့် လပိုင်းတွင် ဖြေလျှော့မှုများ ရှိလာနိုင်မည် ဖြစ်သော်လည်း ပုံမှန်အချိန်ကာလကဲ့သို့ နယ်စပ်ကုန်သွယ်ရေးမျိုး ဖြစ်နိုင်ရန်အတွက် အချိန်တခု ကြာနိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

ယခု ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇူလိုင်လကုန်အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၀၁၃ ကျော်ရှိပြီး ပို့ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၄၆၉ သန်းကျော်ရှိကာ သွင်းကုန် ပမာဏသည် အမေရိကန်ဒေါ်လာ ၁၅၄၃ သန်း အထိ ရှိသည်။

ယင်းပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှှုဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် လျှော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

ဆက်စပ်ဖတ်ရှုရန်

အာရှရဲ့ မီးဖိုချောင်ဖြစ်ဖို့ မြန်မာအတွက် အချိန်ရောက်နေပြီလား

တရုတ်အစိုးရ အထောက်အပံ့ဖြင့် ကျင်စန်းကျော့ဂိတ် တိုးချဲ့ရန် အဆိုပြုထား

ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော

Your Thoughts …
Tags: စီးပွား/ ကူးသန်းတရုတ်နယ်စပ်ကုန်သွယ်ရေးဖြေလျော့
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်ကနေ  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ် ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို တင်သွင်းနေစဉ် / အောင်ကျော်ထက် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာတင်

ချစ်သုဝေတို့ အမှုအား ပလပ်ခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး

ချစ်သုဝေတို့ သားအဖ အမှုအား ပလပ်ခဲ့ပေမယ့် ဆက်လက် ဆောင်ရွက်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved