• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့မုန့်ပဲသရေစာများဖြင့် တရုတ်ဈေးကွက်သို့ ထိုးဖောက်ရန် စီစဉ်နေ

by မျိုးပပစန်း
19 August 2020
in သတင်း
A A
အဆင့်မီ ထုတ်ပိုးပြုလုပ်ထားသည့် Good Taste အမှတ်တံဆိပ် မြေပဲယိုနှင့် ရွှေညာမြေ ဒေသထွက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် မြန်မာ့ မုန့်ပဲသရေစာများ(9asiangrocery နှင့် ရွှေညာမြေဒေသထွက်ကုန်လုပ်ငန်းမှ ကူးယူဖော်ပြသည်။)

အဆင့်မီ ထုတ်ပိုးပြုလုပ်ထားသည့် Good Taste အမှတ်တံဆိပ် မြေပဲယိုနှင့် ရွှေညာမြေ ဒေသထွက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် မြန်မာ့ မုန့်ပဲသရေစာများ(9asiangrocery နှင့် ရွှေညာမြေဒေသထွက်ကုန်လုပ်ငန်းမှ ကူးယူဖော်ပြသည်။)

7.7k
VIEWS
Share on FacebookShare on Twitter

နှစ်နိုင်ငံ သဘောတူညီချက်အရ ပို့ကုန် အမယ်သစ်များအဖြစ် မြန်မာနိုင်ငံထွက် မုန့်ပဲသရေစာ (သွားရည်စာ) များကို တရုတ်ဈေးကွက်သို့ ထိုးဖောက် တင်ပို့သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သံရုံး (ပေကျင်းမြို့) က သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ သံရုံး၊ ပေကျင်းမြို့ တာဝန်ရှိသူ တဦးက “အသင့်စား စားသောက်ကုန်တွေ တရုတ် ဈေးကွက်ကို ဝင်ရောက်နိုင် ရေးအတွက် ဟိုဘက်ဒီဘက် ဆက်သွယ်ပေးမယ်ပေ့ါ။ ပေကျင်း၊ စန်းယမြို့၊ ချန်ဒူးမြို့တို့ စတဲ့ နေရာတွေမှာလည်း ခင်း ကျင်းလို့ ရတယ်။ ဒါတွေကို ဆက်သွယ်ပေးမယ်ဆိုပြီး လုပ်ငန်းရှင်တွေ သိအောင် ထုတ်ပြန်ပေးလိုက်တာပါ” ဟု ဧရာဝတီ သို့ ပြောသည်။

ပို့ကုန်အမယ်သစ်များအဖြစ် တင်ပို့ရန် အဆင့်မီ ထုတ်ပိုးထားသော သီဟိုဋ်စေ့အမျိုးမျိုး၊ ထန်းလျက်အမျိုးမျိုး၊ မြေပဲယို၊ မြေ ပဲလိပ်၊ နှမ်းပျစ်၊ ဇီးယို၊ ဇီးသီးနှင့် ပြုလုပ်ထား သည့် သရေစာများ၊ ယိုအမျိုးမျိုး၊ ဘီစကစ် အမျိုးမျိုး၊ မန်ကျည်းတော်ဖီ၊ မန် ကျည်းသီးနှင့် ပြုလုပ်ထားသည့် အစားအစာများ၊ ကြာရှည်ခံ၍ ကောင်းစွာ ထုတ်ပိုးထားသည့် မြန်မာ့ အစားအစာများကို လုပ်ကိုင်ဆောင်ရွက်နေသော ပြည်တွင်း လုပ်ငန်းရှင်များကို သံရုံးက ဖိတ်ခေါ်ထားကြောင်း ၎င်းက ပြောဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ထို့ပြင် ကော်ဖီစေ့၊ ကော်ဖီမှုန့်အမျိုးမျိုး၊ အသင့်ဖျော်လက်ဖက်ရည်ထုပ်၊ အသင့်ဖျော်ကော်ဖီထုပ်၊ လက်ဖက်ခြောက်အမျိုး မျိုး၊ အဆင့်မီ ပုလင်း၊ ဗူးတို့ဖြင့် ထည့်သွင်းထားသော မန်ကျည်း၊ သရက်နှင့် ဇီးဖျော်ရည် အမျိုးမျိုး ထုတ်လုပ်သည့် လုပ် ငန်းများလည်း ပါဝင်သည်။

အဖျော်ရည် ယမကာများ ဖြစ်သော ရမ်၊ ဝီစကီ၊ ဝိုင်၊ ဘီယာတို့နှင့် ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သော ငြုပ်ကောင်း၊ နနွင်းမှုန့်၊ ဖာလာနှင့် ကရဝေး စသည့် တို့ကို လုပ်ကိုင်သော လုပ်ငန်းရှင်များလည်း တရုတ်ဈေးကွက် ထိုးဖောက်ရန် အတွက် နမူနာများကို သံရုံးသို့ ပေးပို့နိုင်ပြီး တရုတ်ဘက်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးမည် ဖြစ်ကြောင်း သြဂုတ်လ ၁၈ ရက်တွင် သံရုံးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး ထွက်ကုန်များ၊ သစ်သီးဝလံအချို့၊ ရေထွက်ကုန် ပစ္စည်းများ နှင့် သယံဇာတ ကုန်ကြမ်း ပစ္စည်းများကိုသာ အဓိကထား တင်ပို့လျက်ရှိသည်။

အဆိုပါ မြန်မာ စားသောက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ ပေကျင်းမြို့၊ စန်းယမြို့၊ ချန်ဒူးမြို့၊ ထရန်ကျင်းမြို့၊ ကူမင်းမြို့ နှင့် ကျန်းရှမြို့များတွင် မိတ်ဆက် ခင်းကျင်းပြသမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ ပြသရန်အတွက်လည်း နေရာနှင့် အဖွဲ့ အစည်းအချို့ကို သံရုံးဘက်မှ ဆက်သွယ်ထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

ပေကျင်းမြို့ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက “လောလောဆယ် မြန်မာသံရုံး ပေကျင်းက သံရုံး အီးမေးလ်ကို ဖော်ပြထား တယ်။ အဲဒီ Email ကို လုပ်ငန်းရှင်တွေက စိတ် ဝင်စားရင် ဆက်သွယ်ပေးပေါ့။ အဲဒီတော့ သံရုံးအကြီးအကဲ ညွှန်ကြား ချက်နဲ့ ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ရှင်းပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ စားသောက်ဖွယ်ရာများ တရုတ်နိုင်ငံသို့ တင်သွင်းလိုသော စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သြဂုတ်လ တတိယပတ်မှ စတင်၍ ပေကျင်းမြို့ မြန်မာနိုင်ငံ သံရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောဆို သည်။

ယင်းပြင် တရုတ်နိုင်ငံရှိ ကုန်တိုက်များ၊ ဈေးဝယ် စင်တာများ၊ Super Market များနှင့် လက်လီအရောင်းဆိုင် အမျိုးမျိုးတို့ အား သွားရောက် လေ့လာခဲ့ရာတွင် အရှေ့တောင် အာရှနိုင်ငံများ အပါအဝင် အခြားနိုင်ငံများ၏ အသင့်ထုတ်ပိုးပြီး စား သောက်ကုန်များစွာ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံထွက် အဆင့်မီ ထုတ်ပိုးပြီး စားသောက်ကုန်များ တင်ပို့နိုင်မည့် အလား အလာ မြင့်မားသည်ကို တွေ့ရှိရကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စားသောက်ကုန်များကို သံရုံးနှင့် ဆက်သွယ် နမူနာပေးပို့ ပြသရာတွင်လည်း အခကြေးငွေ ပေးရန်မလိုကြောင်း၊ ကိုဗစ်ရောဂါ ဖြစ်ပွားနေသည့် ယခုအချိန်တွင် တရုတ်နိုင်ငံမှ တင်သွင်းမည့်သူနှင့် မြန်မာနိုင်ငံမှ တင်ပို့လိုသူများကြား အွန် လိုင်းဖြင့် စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲများကို လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးရဲမြင့်မောင်က “တရုတ်ဈေးကွက် အခြေအနေက ကောင်းပါတယ်။ တရုတ်နိုင်ငံထဲကို ကျနော်တို့ နိုင်ငံရဲ့ ပစ္စည်းဝင်မယ်ဆိုရင် အရင်ဆုံးကတော့ အရည် အသွေးမီ နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ တိုင်းပြည်က ထုတ်တဲ့ပစ္စည်းကိုတောင် စိတ်ချလက်ချ မစား ရဲတဲ့သူတွေ ဖြစ်တယ်။ သူတို့က ပိုက်ဆံချမ်းသာလာပြီ ဖြစ်တဲ့အတွက် အစားအသောက်တွေက အစ ဂျပန်တို့ ကိုရီးယား တို့က မှာစားတာ ရှိတယ်။ ဒါကြောင့် ဈေးက ဒုတိယ နေရာမှာထားပြီး၊ အရည်အသွေးကောင်းအောင် သူတို့ ယုံကြည်စိတ် ချရတဲ့ ကုန်ပစ္စည်းမျိုးဖြစ်ဖို့ အတွက် ထုတ်လုပ်စေချင်တယ်” ဟု ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အဆင့်မီ ထုတ်ပိုးထားသည့် သရေစာနှင့် အဆာပြေ အစားအစာများ ထုတ်လုပ်နိုင်သည့် စက်ရုံ အလုပ်ရုံမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိသာ ရှိကြောင်း၊ ကျန်လုပ်ငန်းများမှာ အိမ်တွင်း ထုတ်လုပ်မှု လုပ်ငန်း အဆင့်တွင်သာ ရှိနေသေးဖြင့် အဆင့်မြှင့်တင် လုပ်ဆောင်ရန် လိုအပ်နေကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

You may also like these stories:

နယ်စပ် ကုန်သွယ်ရေး စည်းကမ်းတချို့ တရုတ် ပြန်လည် ဖြေလျှော့ရန်ရှိ

Your Thoughts …
Tags: တရုတ်ဈေးကွက်မြန်မာ မုန့်ပဲသရေစာ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ပြည်တွင်း ဖရဲ၊ သခွား စိုက်ပျိုးရေးလုပ်ငန်းများ လာအို ရွှေ့

ပြည်တွင်း ဖရဲ၊ သခွား စိုက်ပျိုးရေးလုပ်ငန်းများ လာအို ရွှေ့

by ဧရာဝတီ
11 November 2024
1.4k

စီးပွားရေး ဈေးကွက်အနေဖြင့်လည်း လာအိုနိုင်ငံသည် လွတ်လွတ်လပ်လပ်နှင့် လုပ်ကိုင်နိုင်သလို သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲမရှိသဖြင့် ကုန်သည်၊ လုပ်ငန်းရှင်များအနေဖြင့် စိတ်အေးအေးနှင့် လုပ်ကိုင်၍ ရသဖြင့် ပြောင်းရွှေ့သွား ခြင်းဖြစ်ကြောင်း

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယုမြို့နယ်မှ တောင်သူများ၏ အစေ့ထုတ်ပြောင်းများ / ကိုကိုနိုင်/ပြန်ဆက်

တရုတ်ဈေးကွက်ပြန်ရလာသည့် မြန်မာ့ပြောင်း အခြေအနေကောင်းများရှိလာနိုင်

by ဧရာဝတီ
19 December 2022
2.9k

ယခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြောင်းတင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်ပြီး ထိုပမာဏသည် ပင်လယ်ရေကြောင်းတင်ပို့မှုဘက်သို့ ပြောင်းလဲသွားနိုင်ကြောင်း

ခရမ့်ခ် ရာဘာ ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်အား မြင်တွေ့ရစဉ် / ဇော်မင်း

မွန်ပြည်နယ်တွင် ရာဘာကြမ်းများ တရုတ်ဈေးကွက်သို့ မှီခိုတင်ပို့နေရ၍ ကျပ်သန်း ၄၀၀ ခန့် ဆုံးရှုံးနေ

by ဟင်္သာနီ (မွန်မြေ)
8 August 2017
7.1k

ရာဘာကြမ်းကို စက်ရုံများမှ တဆင့် ပြန်လည် သန့်စင်ပြီး ခရမ့်ခ်ရာဘာခေါ် TSR – Technically Standard Rubber အဖြစ် ပြန်လည် သန့်စင်၍ တရုတ် ဈေးကွက်သို့ တင်ပို့နေသည်။

“Wonder Woman 1984” ရုပ်ရှင်

တရုတ်ဈေးကွက်မှာ အဖွင့်ဝင်ငွေ မလှတဲ့ “Wonder Woman 1984”

by မစ်ကီ
21 December 2020
3k

"Wonder Woman" ရုပ်ရှင်ဟာ အဖွင့် သီတင်းပတ် ဝင်ငွေ ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့ဖူးတာကြောင့် အခုဒုတိယမြောက် နောက်ဆက်တွဲ ရုပ်ရှင် အဖွင့်မလှခဲ့ဘူးလို့ ဆိုရမှာပါ။

Samsung Galaxy Fold စမတ်ဖုန်း

Samsung Galaxy Fold စမတ်ဖုန်းကို တရုတ်ဈေးကွက်တွင် ရောင်းချရန် ခွင့်ပြုချက် ရရှိ

by Nigma
18 January 2019
6.1k

မကြာမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာလည်း Galaxy Fold စမတ်ဖုန်းကို SM-F900U ၊ SM-F900F နဲ့ SM-F900A မော်ဒယ်တွေနဲ့ ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

Next Post
စစ်တွေကျန်းမာရေးဦးစီးဌာန / မင်းအောင်ခိုင် / ဧရာဝတီ

စစ်တွေပိုးတွေ့သူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်

ရန်ကုန်မြို့လယ် ညရှုခင်း / ဧရာဝတီ

မြန်မာနိုင်ငံ စီမံကိန်းဘဏ်မှာ ဘာတွေ အသစ်ဖြည့်လဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved