• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လျှော့ချပြေးဆွဲ

by မျိုးပပစန်း
21 September 2020
in သတင်း
A A
ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းတချို့ကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းတချို့ကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

30.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှုနှုန်း မြင့်လာသောကြောင့် ရန်ကုန်မြို့တွင်းရှိ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများနှင့် အဝေးပြေး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လျှော့ချပြေးဆွဲ လာကြကြောင်း သိရသည်။

ခရီးသည် စီးနင်းမှု လျော့ကျလာသည့်အပြင် တိုင်းနှင့် ပြည်နယ်များ၏ ကန့်သတ်ချက်များ၊ ရန်ကုန်တိုင်းအတွင်း ထုတ်ပြန် ထားသည့် Stay at Home အမိန့် ညွှန်ကြားချက်များကြောင့် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဖြစ် သော ရန်ကုန်ဘတ်(စ်)ကား သယ်ယူ ပို့ဆောင်ရေး (YBS)၊ ရထား ခရီးစဉ်များနှင့် ပန်းဆိုးတန်း- ဒလ ပြေးဆွဲသည့် ရေ ယာဉ်များ ကို လျှော့ချ ပြေးဆွဲလာရကြောင်း တာဝန်ရှိသူများက ပြောသည်။

အောင်မင်္ဂလာ အဝေးပြေး လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်ငြိမ်းချမ်းက “အဝေးပြေး ယာဉ်လိုင်းတွေက ပြေးဆွဲတာ မရှိတော့ဘူး။ ခရီးစဉ်တွေကို ရပ်တန့်ထားတယ်။ ကုန်စည် သယ်ယူပို့ဆောင်တဲ့ ယာဉ်တွေကတော့ တရက်ကို အစီးရေ ၄၀ ကနေ ၅၀ လောက် သွားနေတယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
42
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
21
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
55

ယခုလ အတွင်းမှ စတင်ကာ တိုင်းနှင့် ပြည်နယ်များ၏ ကန့်သတ်ချက်များကြောင့် ရန်ကုန် အခြေစိုက် ပြေးဆွဲသော အဝေး ပြေး ယာဉ်လိုင်းများက ခရီးသည်တင် ပြေးဆွဲမှုများ ရပ်တန့်ခဲ့ပြီး ကုန်စည် တင်ဆောင်သည့် ယာဉ်များသာ ပြေးဆွဲမှု ရှိ ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မှ တခြားဒေသများသို့ ပြေးဆွဲသည့် အမြန်ရထား ခရီးစဉ်တွင်လည်း ကုန်ရထား ပြေးဆွဲပေးခြင်းမှ လွဲ၍ ယခင်က ရန်ကုန်-မန္တလေး ခရီးစဉ်ကို ရထား၂ စင်း ပြေးဆွဲရာမှ ယခု ၁ စင်းသာ ပြေးဆွဲပေးခြင်း၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကို ယာယီ ရပ် ဆိုင်းပြီး ပြည် ခရီးစဉ်ကိုလည်း ရထား ၁ စင်းသာ ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထား တိုင်း ၇ မန်နေဂျာ ဦးဇော်လွင် က ပြောပြသည်။

ဆက်လက်၍ ၎င်းက “အခု ရန်ကုန်မြို့တွင်း မြို့ပတ်ရထားကိုလည်း ရုံးချိန်ကိုတော့ မဖြစ်မနေ ပြေးဆွဲဖို့ စီစဉ်ပေးထား တယ်။ ကျန်တဲ့ အချိန်မှာတော့ ခရီးသွားလာမှုကို မသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လျှော့ချပြေးဆွဲခြင်း ဖြစ်ပါတယ်။ ဒါ ကြောင့် ရုံးချိန် မဟုတ်ဘဲနဲ့ မြို့ပတ်နေတဲ့ လက်ဝဲရစ်၂ စီး၊ လက်ယာရစ်၂ စီးကိုတော့ စက်တင်ဘာလ ၂၁ ရက်က စတင် ပြီးတော့ ယာယီ ရပ်နားမှာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ ရထားအစီးရေ လျှော့ချခြင်းကို ရက်အကန့်အသတ် သတ်မှတ်ထားခြင်း မရှိဘဲ ခရီးသည် ပြန်များလာမှသာ ယခင် အတိုင်း ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဦးဇော်လွင် က ဆိုသည်။

ရထား ခရီးစဉ်များကို ယခင်က ရန်ကုန်မြို့တွင်း လူဦးရေ ၅ သောင်း ဝန်းကျင် စီးနင်းရာမှ ယခု ကိုဗစ်ကာလတွင် လူဦးရေ ၆ ထောင်ကျော်သာ စီးနင်းမှု ရှိသောကြောင့် ခရီးသည် ဦးရေ လျော့ကျကာ၊ မြို့ပတ်ရထား ပြေးဆွဲမှုကိုလည်း ယခင်က တရက်လျှင် ရထားအစီးရေ ၃၀ ပြေးဆွဲရာမှ ယခု ၄ စီးကို လျှော့ချလိုက်ပြီ ဖြစ်ကြောင်း ဦးဇော်လွင်က ရှင်းပြသည်။

နောက်ပိုင်းတွင်လည်း ထပ်မံ၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ရထား ပြေးဆွဲမှုများကို ချိန်ဆ၍ စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသည့် YBS ယာဉ်လိုင်းများကိုလည်း အသုံးပြုသူ နည်းလာသည့်အတွက် လျှော့ချ ခြင်း၊ ရပ်နားထားခြင်းတို့ ပြုလုပ်လာကြကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

Power Eleven ကုမ္ပဏီ ဒါရိုက်တာ ကိုတရုတ်လေးက “လတ်တလော အခြေအနေအရ ယာဉ်အစီးရေ ပြေးဆွဲမှုက လျှော့ ထားပါတယ်။ ကျနော်တို့ ကိုဗစ်မတိုင်ခင်က ဘတ်စ်ကား စီးနင်းတဲ့ နှုန်းက ကားတစီးကို ပျမ်းမျှ ခရီးသည်ဦးရေ ၅၅၀ လောက် ရှိတယ်။ မတ်လကနေ စပြီး စီးနင်းနှုန်းက ကျလာတယ်။ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လမှာ ပြန်တက်ပြီးတော့ သြဂုတ် လကုန်ပိုင်းနဲ့ အခုစက်တင်ဘာမှာ ကျသွားတယ်။ အခုဆိုရင် ခရီးသည် ၁၅၀ လောက်ပဲ စီးနင်းတာ ရှိတော့တယ်” ဟု ခရီးသည် စီးနင်းမှု အခြေအနေကို ရှင်းပြသည်။

ထိုအခြေအနေများကြောင့် လက်ရှိ ကားပြေးဆွဲမှုမှာလည်း ယခင်ကားအစီးရေ ပြေးဆွဲမှုထက် ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားသည့် မတ်လတွင် YBS သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအနေနှင့် ယာဉ်ပြင် ဆင်စရိတ် ယာဉ်လိုင်း ၁ ခုကို ၁ လလျှင် ကျပ်သိန်း ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ကြား အရှုံးရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ပထမတုန်းကတော့ ကျနော်တို့ ပြင်ဆင်စရိတ်တွေ ရှုံးတယ်။ မဖြစ်မနေ ခရီးသွားရတဲ့ သူတွေရှိတယ်။ ယာဉ်မောင်းတွေ ရှိတယ်။ ဒါကြောင့် ပြင်ဆင်စရိတ် အရှုံးခံပြီး ဆွဲတာ။ အခု အခြေအနေကတော့ ပိုဆိုးတယ်။ ပြင်ဆင်စရိတ်နဲ့ ဝန်ထမ်း စရိတ် ကာဗာ မဖြစ်ဘူး။ လုပ်ငန်း လည်ပတ်စရိတ် မရဘဲ အခုက ပိုကြပ်တည်းတယ်”ဟု ကိုတရုတ်လေးက ဆိုသည်။

Power Eleven ကုမ္ပဏီအနေဖြင့် ကိုဗစ်ကာလ မတိုင်မီက ရန်ကုန်မြို့တွင်းသို့ နေ့စဉ် ကားအစီးရေ ၂၀၀ ဝန်းကျင်ပြေးဆွဲ သော်လည်း လက်ရှိ အချိန်တွင် အစီးရေ ၆၀နှင့် ၇၀ ကြားသာ ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

Omini Focus ကုမ္ပဏီကလည်း လက်ရှိ အခြေအနေများကြောင့် ယာဉ်ပြေးဆွဲမှုကို ၇၀ ရာခိုင်နှုန်း လျှော့ချပြီး ၃၀ ရာခိုင် နှုန်းသာ ပြေးဆွဲပေးနေကြောင်း ယင်းကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဧရာဝတီသို့ အတည်ပြုသည်။

ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)က ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အနေနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက် မှလွဲ၍ ယာဉ်ပြေးဆွဲခြင်းနှင့် ပတ်သက်ပြီး တစုံတရာ သီးခြား ညွှန်ကြားထားခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဦးလှ အောင်က “ယာဉ်အစီးရေ လျှော့ခြင်းအစား သွားလာမှု အဆင်ပြေအောင်ပဲ ကြည့်ပြီးတော့ ကျနော်တို့ လက်ရှိ ပြေးဆွဲနေ ပါတယ်။ ကိုဗစ်ကာလ မတိုင်ခင်က ကျနော်တို့ ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းက ယာဉ်အစီးရေ ၄၂၀၀နဲ့ ၄၅၀၀ ကြား ထွက် တယ်။ ခရီးသွားပြည်သူ ၁၈ သိန်းနဲ့ ၁၉ သိန်းလောက်ကို ဝန်ဆောင်မှု ပေးတယ်။ ကိုဗစ် စဖြစ်ကာစမှာ ကျဆင်းမှုတွေ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဇွန်နှင့် ဇူလိုင်လတွင်ခရီးသည် စီးနင်းမှု ပြန်လည် မြင့်တက်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည့် ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကူးစက်မှု ဖြစ်ပွားသည့် သြဂုတ်လ ၁၆ ရက်မှ စ၍ YBS ခရီးသည် စီးနင်းမှု လျှော့ကျခဲ့ပြီး စတင်ဘာလ ၂၀ ရက်တွင် ခရီးသည် ၂ သိန်းကျော်သာ စီးနင်းမှု ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် YBS ယာဉ်များ အနေနှင့် လက်ရှိတွင် ၄၀ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲပြီး ခရီးသည် စီးနင်းမှုမှာလည်း ၂၀ ရာခိုင် နှုန်း လျော့ကျခဲ့ကြောင်း ၎င်းက ပြောသည်။

ယခု စက်တင်ဘာလ ၂၀ ရက်တွင် ရန်ကုန်မြို့တွင်း YBS ပြေးဆွဲ လမ်းကြောင်း ၁၀၂ လိုင်းမှ မော်တော်ယာဉ်စီးရေ ၁၇၀၀ ကျော်ဖြင့် ခရီးသည် ၂ သိန်း ၈ သောင်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။

ရန်ကုန်မြို့၏ နောက်ထပ် ခရီးစဉ် တခု ဖြစ်သည့် ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ရေယာဉ် ပြေးဆွဲမှုကိုလည်း ယခင်က တရက်လျှင် ၄၆ စီးနှုန်း ပြေးဆွဲပေးရာမှ ယခု ၁၆ ခေါက် လျှော့ချ၍ အခေါက်ရေ ၃၀ သာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပြည် တွင်းရေကြောင်း ဦးစီးဌာနက ယခုလအတွင်းက ထုတ်ပြန်ခဲ့သည်။

လက်ရှိ ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု မြင့်မားနေသဖြင့် လိုအပ်မှသာ အပြင်ထွက်ကြရန်၊ အိမ်တွင်း၌ နေထိုင် ကြရန် ကျန်းမာရေး ဝန်ကြီးဌာနကလည်း ညွှန်ကြားထားပြီး ကုမ္ပဏီများမှ ဝန်ထမ်းများအား အိမ်မှနေ၍ အလုပ် လုပ်စေသော စနစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် စက်ရုံ အလုပ်ရုံများကို စက်တင်ဘာလ ၂၄ ရက်မှ စတင်၍ အောက်တိုဘာလ ၇ ရက်အထိ ပိတ်ထားရန် ညွှန်ကြားချက်များကြောင့် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသူ ဦးရေမှာ သိသိသာသာ လျော့ကျသွားကြောင်း သိရသည်။

You may also like these stories:

ကိုဗစ် ကာလအတွင်း ကုန်ပစ္စည်းများ ဈေးတင်မရောင်းရန် အစိုးရ ထပ်မံသတိပေး

Your Thoughts …
Tags: YBSကိုဗစ်သယ်ယူပို့ဆောင်ရေး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်

ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်

by Dominic Faulder
10 July 2024
5.6k

ယနေ့ လောင်စာဆီ ရှားပါးမှုသည် တပ်များ အလျင်အမြန် ဖြန့်ကြက်ခြင်းကို ပိုမို အနှောင့်အယှက် ဖြစ်လာသည်။

ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား

ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား

by Ian Storey
29 January 2024
3k

၁၇ ရာစုမှစတင်ပြီး ထိုင်းတို့သည် နိုင်ငံတောင်ပိုင်းမှ ကျဉ်းမြောင်းသော ကုန်းရိုးတန်းကို ဖြတ်ကာ တူးမြောင်းဖောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။

အခွန်ထမ်းငွေဖြင့် ဗုံးမိုးပြန်ရွာခံရသည့် ပြည်သူများ

အခွန်ထမ်းငွေဖြင့် ဗုံးမိုးပြန်ရွာခံရသည့် ပြည်သူများ

by စွယ်တော်
21 October 2024
2.4k

လေယာဉ်၊ ရဟတ်ယာဉ် တက်ရလေ လေတပ်အသိုင်းအဝိုင်းက ပိုက်ဆံရလေ ဖြစ်သည်။

ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

by ဧရာဝတီ
22 May 2025
1.2k

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သော အာရက္ခတပ်တော် (AA) နှင့် အလွတ်သဘော အဆက်အသွယ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

Next Post
လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံ လုပ်ငန်းခွင်တခု / ဧရာဝတီ

CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို

AA ထံတွင် ဖမ်းဆီးခံထားရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့

လွတ်မြောက်ရေးကူညီပေးရန် AA ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်အချို့ တောင်းဆို

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved