• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စနစ်တကျ မဲပေးခွင့်ရလာတဲ့ စင်ကာပူရောက် မြန်မာတွေရဲ့ ကြိုတင်မဲ

by ထွန်းထွန်း
1 October 2020
in သတင်း
A A
ကြိုတင်မဲပေးနေကြသည့် စင်္ကာပူရောက်မြန်မာနိုင်ငံသားများ / Khin Hnin Swe

ကြိုတင်မဲပေးနေကြသည့် စင်္ကာပူရောက်မြန်မာနိုင်ငံသားများ / Khin Hnin Swe

6.1k
VIEWS
Share on FacebookShare on Twitter

တိုင်းပြည်ရဲ့ အရေးပါတဲ့ ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးဖို့ တက်ကြွတဲ့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ COVID-19 ကပ်ရောဂါကာလ အကျပ်အတည်းကြားက မဲပေးမှုကို ယနေ့မနက်မှာ စနစ်တကျ စတင်လာကြပါတယ်။

မဲပေးခွင့်ရသူတွေဟာ မနက်ပိုင်း မဲရုံးမဖွင့်မီမှာ St. Martin’s Drive လမ်းမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးရှေ့ကို တဖွဲဖွဲ ရောက်ရှိ လာခဲ့ကာ Social Distancing အရ ၁ ဦးနဲ့ ၁ ဦးဟာ ၃ ပေခန့်ခြားပြီး တန်းစီ နေရာယူနေကြတာကိုလည်း တွေ့ရပါ တယ်။

ကိုဗစ်ကာလ သတ်မှတ်ချက်နဲ့အညီ တန်းစီတဲ့နေရာမှာလည်း လူဦးရေများတဲ့ ရန်ကုန်တိုင်းဒေသကြီးက သူတွေကို သံရုံး ရှေ့လမ်းရဲ့ တဖက်ခြမ်းမှာ တန်းစီစေပြီး ကျန်သူတွေကိုတော့ တဖက်ခြမ်းမှာ တန်းစီစေတာကိုလည်း တွေ့ရပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

မဲပေးမယ့်သူတွေ ရောက်လာတဲ့အခါမှာတော့ သံရုံးရှေ့မှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ သံရုံးကို ကူညီဖို့ ရောက်နေကြတဲ့ စေတ နာ့ ဝန်ထမ်းလုပ်အားပေးသူတွေ ပိုပြီး သွက်သွက် လှုပ်ရှားနေကြပါပြီ။ သူတို့ဟာ ရောက်လာသူတွေရဲ့ ကြိုတင် ရယူထား တဲ့ မဲပေးရက်နဲ့ ကိုက်ညီမှုရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးပေးကြလို လိုအပ်တဲ့ အကူအညီကိုလည်း ပေးနေကြတာပါ။

“ သံရုံးက ကိုဗစ်စနစ်မှာ အကုန်လုံးအဆင်ပြေအောင် QR ကုဒ် စနစ်နဲ့လုပ်ထားတယ်။ အချိန် ၄ ချိန်ခွဲထားတယ်၊ မနက် ပိုင်း ၂ ချိန်နဲ့ ညနေပိုင်း ၂ ချိန်ခွဲထားတယ်။ အချိန်လေးလည်း ခွဲခြားထားတဲ့အတွက် ကျနော်တို့ လာရတာ သက်တောင့် သက်သာ ရှိပါတယ်။ လူလည်း အရမ်းမများဘူး။ သံရုံးထဲမှာလည်း သေချာ သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ စီစဉ်ထား ပါ တယ်။ ရန်ကုန်တိုင်းဒေသကြီးအဖွဲ့က လူများတဲ့အတွက် မဲပုံးတွေကို သီးသန့်ကောင်တာတွေနဲ့ ထားပေးထားတဲ့အတွက် ပိုလို့အဆင်ပြေပါတယ်” လို့ အင်းစိန်မြို့နယ်အတွက် မဲပေးခဲ့တဲ့ စင်္ကာပူရောက် ကိုကျော်စွာဝင်းက ပြောပါတယ်။

တကယ်တော့ ဒီအချိန်ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံနေတာဖြစ်လို့ စင်ကာပူ နိုင်ငံဟာလည်း ကန့်သတ်ချက်တွေချမှတ်ထားတဲ့ အချိန်ဖြစ်ပါတယ်။ ယနေ့မနက်ပိုင်းမှာလည်း ထပ်တိုးပြီး ပိုးတွေ့ရှိတဲ့သူ တွေ ရှိနေပြီး စုစုပေါင်းအနေနဲ့ ပိုးတွေ့ရှိသူဟာ ၅၇၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

လူအများစုကတော့ Q နံပါတ်ရယူပြီး မဲပေးဖို့ စီစဉ်ထားတဲ့အပေါ် အကောင်းဘက်က ရှုမြင်ကြသလို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက် ပိုမိုစနစ်ကျပြီး ကောင်းမွန်တယ်လို့ ပြောဆိုကြပါတယ်။

ဒီအတွက် သံရုံးအနေနဲ့ကတော့ မဲပေးမယ့်သူတွေကို သက်မှတ်ရက်၊ အချိန်အလိုက် ကြိုတင်ပြီးတော့ Queue Appointment (Q နံပါတ်) ရယူစေပြီး ကိုယ့်ရရှိတဲ့ ရက်အလိုက်ပဲ မဲပေးစေဖို့ စီမံဆောင်ရွက်ထားတာလို့လည်း သိရပါ တယ်။

မဲပေးဖို့ကိုလည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အချိန် ၈ ရက်သက်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၈ ရက် အထိ တိုးမြှင့်ပေးထားပြီး နေ့စဉ်မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအတွင်း အချိန် ၄ ချိန် ခွဲခြားသတ်မှတ် ပေးထားတာပါ။

အချို့ကတော့ အွန်လိုင်းကတဆင့် သံရုံးကို အချက်အလက်ပေးပို့ပြီး Q နံပါတ်ရယူရာမှာ အဆင်မပြေမှုတွေ ရှိတယ်လို့ တင်ပြကြတာတွေကိုလည်း တွေ့ရပြီး သံရုံးဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးနေကြောင်း အသိပေး ကြေညာချက်တွေက ဖော်ပြနေပါတယ်။

လတ်တလော Q နံပါတ်ရယူရာမှာ အဆင်မပြေတဲ့ သူတွေအနေနဲ့လည်း ရက်ချိန်းရယူတာကို အောက်တိုဘာ ၈ ရက်နေ့ နောက်ဆုံးထား ပြန်လည်ရယူပေးကြဖို့ သံရုံးက တိုက်တွန်းထားပါတယ်။

လူအများစုကတော့ Q နံပါတ်ရယူပြီး မဲပေးဖို့ စီစဉ်ထားတဲ့အပေါ် အကောင်းဘက်က ရှုမြင်ကြသလို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက် ပိုမိုစနစ်ကျပြီး ကောင်းမွန်တယ်လို့ ပြောဆိုကြပါတယ်။

သံရုံးက စီစဉ်ပေးထားတဲ့ တိုင်းနှင့်ပြည်နယ်အလိုက် မဲပေးခွင့်စနစ်ပုံစံ/Khin Hnin Swe

“ ကွာခြားမှုကတော့ရှိတယ်။ အရင်က QR ကုဒ်စနစ် မဟုတ်ဘဲ အရင်လာတဲ့သူ တန်းစီတဲ့စနစ်နဲ့ဖြစ်တဲ့အတွက် အချိန် တခုတည်းမှာ လူကအများကြီး ဖြစ်သွားတယ်။ အချိန်ကလည်း တိုတယ်။ ရက်လည်းပိုများလာတယ်။ အချိန် ကလည်း ခွဲထားတဲ့အတွက် လူစုပြုံမနေတော့ဘူး။ ပိုကောင်းပါတယ်”လို့ ကိုကျော်စွာဝင်းက မဲပေးခဲ့တဲ့ အတွေ့အကြုံကို ပြောပါ တယ်။

အမှန်တကယ်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြသူတွေဟာ အခက်အခဲတွေအမျိုးမျိုး ကြုံတွေ့ခဲ့ကြ ရပါ တယ်။ လူများစွာ သံရုံးရှေ့ လူစုလူဝေးနဲ့ တန်းစီခဲ့ကြရသလို့ မဲပေးခွင့်မရတော့မှာ စိုးရိမ်ကြသူတွေကလည်း ညအိပ် စောင့်တဲ့ အထိ ဖြစ်ပျက်ခဲ့ကြတာ ဖြစ်ပါတယ်။

“ ၂၀၁၅ တုန်းကတော့ အုန်းအုန်းကျွက်ကျွက်ဖြစ်ကြတယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲကတော့ ပိုပြီးတော့ စနစ်ကျလာတယ် လို့ မြင်တယ်။ ခုချိန်မှာ ကိုဗစ်-၁၉ ဖြစ်နေတဲ့အချိန်မှာ Social Distancing တွေ၊ နှာခေါင်းစည်းတွေ၊ ဒီမှာ ရုတ်ရုတ်သဲသဲ မဖြစ်ဖို့ စင်္ကာပူအစိုးရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းပေါ့” လို့ လှိုင်မြို့နယ်အတွက် မဲပေးခဲ့တဲ့ စင်္ကာပူနိုင်ငံ ရောက် ဦးတင်ထွဋ်အောင်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွက် ဆန္ဒမဲပေးခဲ့တဲ့ မမာမာကြည်ကလည်း “ အရမ်းကို အဆင်ပြေပါတယ်။ အခုက ပိုပြီး လွယ်ကူပါတယ်။ ကိုဗစ်ကာလနဲ့ အဆင်ပြေအောင်လည်း လုပ်ပေးထားတာတွေ့ရပါတယ်” လို့ ယနေ့ မဲပေးခဲ့တဲ့ အတွေ့အကြုံကို ပြောပါတယ်။

သံရုံး ပရဝဏ်အတွင်း စီမံထားမှုအနေနဲ့လည်း မဲလက်မှတ်ထုတ်ယူဖို့ အဝင်မှာ လိုင်း ၃ လိုင်းခွဲခြားထားသလို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေအလိုက် ခွဲခြားပြီး မဲလက်မှတ်ထုတ်ယူဖို့ ကောင်တာ ၉ ခုစီစဉ်ပေးထားတာလည်း ဖြစ်ပါတယ်။

သက်ဆိုင်တဲ့ မဲလက်မှတ်ထုတ်ယူပြီးရင်တော့ လျှို့ဝှက်မဲပေးဖို့ ပြုလုပ်ပေးထားတဲ့နေရာမှ ဆန္ဒပြုပြီး မဲလက်မှတ်တွေကို မဲပုံးထဲ ထည့်ပေးရတာပဲဖြစ်ပါတယ်။

ဆန္ဒမဲပေးရာမှာ မဲလက်မှတ်နောက်ကျောပါ ရွေးကောက်ပွဲကော်မရှင် တံဆိပ်တုံး ထုထားခြင်းရှိ၊ မရှိ၊ မဲလက်မှတ် ထုတ် ပေးသူ လက်မှတ်ထိုးထားခြင်း ရှိ၊ မရှိနဲ့ ပတ်သက်လို့တော့ အငြင်းပွားဖွယ် ပြောဆိုမှုတချို့ကို တွေ့လာရပါတယ်။

ဒီအတွက် ယနေ့မဲပေးခဲ့သူတွေအချို့ဟာ သူတို့ရဲ့ ဆန္ဒမဲ ပယ်မဲဖြစ်သွားမှာကို စိုးရိမ်နေကြသလို ဒီအပေါ်မှာ သံရုံး ဘက်က တာဝန်ယူဖြေရှင်းဖို့ကိုလည်း ပြောဆိုနေကြပါတယ်။

ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အငြင်းပွားမှုတွေ၊ မသမာမှုတွေ ရှိခဲ့တဲ့ မှတ်တမ်းတွေ ကြောင့်လည်း ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အငြင်းပွားစရာ နောက်ထပ် အချက်တခုကလည်း ကြိုတင် မဲပေးဖို့ ပုံစံ ၁၅ နဲ့ လျှောက်ထားခဲ့သူတွေထဲက ဦးရေ ၂၀၀၀ ဝန်းကျင် လောက်ဟာ မဲပေးခွင့်ရတဲ့ ပါဝင်လာခြင်း မရှိတော့ တာပဲ ဖြစ်ပါတယ်။

ဒီအတွက် မဲဆန္ဒရှင်တွေကတော့ သံရုံးတာဝန်ရှိသူတွေကို တင်ပြပြောဆိုမှုတွေ ပြုလုပ်နေကြပြီး မဲပေးခွင့်ရရေး တစုံတရာ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။

သံရုံးအနေနဲ့ကတော့ မဲပေးခွင့်စာရင်းမှာ ပါမလာသူတွေအတွက် အချက်အလက်တွေဖြည့်သွင်းပြီး ပြန်လည်တင်ပြနိုင်ဖို့ သတ်မှတ်လျှောက်လွှာ(Google Form) ပုံစံတခုကို ထုတ်ပြန်ပေးထားသလို အောက်တိုဘာ ၄ ရက်နေ့ထက် နောက်မကျ စေဘဲ သံရုံးလိပ်စာကို ပို့ပေးဖို့ တိုက်တွန်းထားပါတယ်။

ရရှိလာတဲ့ လျှောက်လွှာတွေကိုတော့ သံရုံးအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) ထံ ပြန်လည် ပေးပို့ကာ တင်ပြဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေလိုပဲ တချို့သောနိုင်ငံတွေမှာ မနက်ဖြန်က စပြီး ကြိုတင်မဲပေးကြတော့မယ့် သူတွေလည်း အများအပြား ရှိနေကြတယ်လို့ သိရပါတယ်။

တကမ္ဘာလုံး ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ကန်သတ်ချက် အကျပ်အတည်းတွေကို အခြားသောနိုင်ငံတွေလည်း ရင်ဆိုင်ဖြေရှင်းရမှာဖြစ်သလို တချို့သောသံရုံး၊ ကောင်စစ်ဝန်ရုံးတွေကတော့ စင်ကာပူနိုင်ငံကဲ့သို့ တိုင်းနဲ့ ပြည်နယ် အလိုက် ရက်ခွဲခြားပြီး မဲလာပေးစေဖို့ စီမံနေကြတာလည်းရှိပါတယ်။

မဲပေးခဲ့တဲ့ ပါတီရဲ့ အမတ်လောင်းတွေက မဲနိုင်ခဲ့လို့ လွှတ်တော်ထဲရောက်တဲ့အခါ နိုင်ငံတော်ရဲ့ ကောင်းတဲ့ အနာဂတ်ကို ပုံဖော်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ မဲပေးခဲ့တာပါ

ထိုနည်းတူပဲ ပြည်တွင်းမှာရှိကြတဲ့သူတွေ အနေနဲ့လည်း နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပတော့မယ့် အထွေထွေရွေး ကောက်ပွဲမှာ ပါဝင်မဲပေးဖို့ကို ဆန္ဒရှိကြပေမယ့် ကပ်ရောဂါ အကျပ်အတည်းကြားမှာ စိုးရိမ်နေသူတွေလည်း ဒုနဲ့ ဒေးပါပဲ။

လက်ရှိမှာလည်း ပြည်တွင်းမှာ ရောဂါကူးစက်မှုတွေ မြှင့်တက်နေသလို အထူးသဖြင့် လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာ ကူးစက်မှုပျံ့နှံ့နေတဲ့အတွက် မဲပေးရာကတဆင့် ရောဂါကူးစက်ခံရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုစိုးရိမ်မှုအတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စနစ်ကျတဲ့ နည်းလမ်းတွေကို တာဝန်ယူဆောင်ရွက်ရမှာပေမယ့် မဲပေးဖို့ ၁ လခန့်သာ လိုတော့တဲ့အထိ မဲပေးဖို့ အစီအမံတွေကို လူထုထံ ချပြရှင်းလင်းတာကို မတွေ့ရသေးပါဘူး။

စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ ကျန်းမာရေးနည်းလမ်းတွေနဲ့ ကိုက်ညီတဲ့ စနစ်ကောင်းတခု ကို ရှေ့ဆောင်ကျင့်သုံးပြခဲ့တာ ဖြစ်သလို အတုယူစရာကောင်းတဲ့ နမူနာတခုလည်းဖြစ်တယ်လို့ အချို့က မှတ်ချက်ပြုကြ ပါတယ်။

တနိုင်ငံလုံး အနေနဲ့တော့ လူဦးရေ ၃ သောင်းကျော်ဟာ စင်ကာပူနိုင်ငံကတဆင့် မဲပေးခွင့် ရရှိထားတာဖြစ်ပြီး ယနေ့မဲပေး ခွင့်ရခဲ့သူတွေကတော့ တိုင်းပြည်အနာဂတ်အတွက် နိုင်ငံသားတယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ရခဲ့တာလို့လည်း ပြောကြပါတယ်။

စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကြိုတင်မဲပေးခဲ့သူ ၁ ဦး/စလုံး/facebook

“ ကျမတို့ တိုင်းပြည် ပြောင်းလဲတိုးတက်ဖို့ တတတ်တအားပါဝင်တဲ့အနေနဲ့ လာပြီးမဲပေးတာပါ။ နောင်လာမယ့် အနာဂတ် အတွက် ပြုပြင်ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်တဲ့ ပါတီအတွက် မဲပေးခဲ့ပါတယ်” လို့ မရမ်းကုန်းမြို့နယ်အတွက် မဲပေးခဲ့တဲ့ မအေးအေးဝင်းက ဆိုပါတယ်။

လှိုင်မြို့နယ်အတွက် မဲပေးခဲ့တဲ့ မခင်နှင်းဆွေကတော့ “ အရင်တုန်းကတော့ လူတွေက အကြောက်တရားတွေ ရှိကြ တယ်။ ကိုယ်မဲပေးချင်တဲ့ ဆန္ဒကိုလည်း သိပ်မဖော်ရဲတဲ့အတွက် စည်းရုံးရေးတွေ လုပ်ရတယ်။ အခုကတော့ လူတွေက ထင်သာမြင်သာနဲ့ ပွင့်လင်းမြင်သာမှုတွေလည်း ရှိလာတယ်။ သိပ်မစည်းရုံးရဘူး။ ကိုယ့်ရဲ့ဆန္ဒတွေနဲ့ လာပေးကြတာပေါ့။ ပြည်သူတယောက်အနေနဲ့ ကိုယ့်ရဲ့ဆန္ဒကို ဖော်ထုတ်ခွင့်ရတာ ကျေနပ်မိတယ်။ နိုင်ငံသား တယောက်အနေနဲ့လည်း တာဝန်ကျေတယ်လို့ ခံစားရတယ်”လို့ ပြောပါတယ်။

“ မဲပေးခဲ့တဲ့ ပါတီရဲ့ အမတ်လောင်းတွေက မဲနိုင်ခဲ့လို့ လွှတ်တော်ထဲရောက်တဲ့အခါ နိုင်ငံတော်ရဲ့ ကောင်းတဲ့ အနာဂတ်ကို ပုံဖော်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ မဲပေးခဲ့တာပါ” လို့ မခင်နှင်းဆွေက သူ့ရဲ့ ယုံကြည်ခံယူချက်ကို ပြောပြခဲ့ပါတယ်။

ဒီလိုမဲပေးခဲ့သူတွေထဲမှာ ကိုကျော်စွာဝင်းတယောက်ကတော့ သူ့အနေနဲ့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(NLD) ပါတီ ကိုသာ မဲပေးကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး တနိုင်ငံလုံးစာ အပြောင်းအလဲအတွက် ပါတီကိုသာ ကြည့်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။

မဲပေးခဲ့တဲ့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြပေမယ့် ကိုယ်မဲပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ယုံကြည်မှု အပြည့်ရှိကြပြီး ပါတီခေါင်းဆောင်ရဲ့ ပုံရိပ်ကြောင့်လည်းဖြစ်တယ်လို့ ပဲခူးမြို့နယ်အတွက် မဲပေးခဲ့တဲ့ ကိုကျော်ဇင်ဦးက ပြောပါတယ်။

You may also like these stories:

မဲပေးပိုင်ခွင့် ရှိသူတွေ မဲပေးနိုင်အောင် သံရုံးက စောင့်နေမှာပါ

ပြည်ပရောက် ကြိုတင်မဲ ပေးလိုသူ ၃ ဆခန့်များလာ

ပြည်ပမှ ကြိုတင်မဲပေးရန် ကနဦး လျှောက်ထားသူ ၅ သောင်းကျော်ရှိ

Your Thoughts …
Tags: ကြိုတင်မဲစင်္ကာပူ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

by ဧရာဝတီ
7 May 2025
3.2k

ဝန်ကြီးချုပ်ရုံးနှင့် PAP က အဆိုပါ ဓာတ်ပုံများနှင့် ပတ်သက်ပြီး လတ်တလော မှတ်ချက်မပေးသေးပေ။

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

by ဧရာဝတီ
15 December 2023
2.2k

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးမြှင့်ခြင်းနှင့် သံရုံးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စင်္ကာပူရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

by ဧရာဝတီ
2 November 2024
2k

မစ္စတာ ထရမ့်သည် စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများတွင် ဦးဆောင်နေပြီး မစ္စ ဟဲရစ်သည် နိုင်ငံရေး အစွန်းရောက်ဝါဒအပေါ် အားသာချက် လျှော့နည်းလာနေသည်။

ဖိအားပေးမှုအောက် တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲစပေး

ဖိအားပေးမှုအောက် တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲစပေး

by ဧရာဝတီ
18 November 2025
739

မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ယနေ့ ကြိုတင်မဲ စတင်ပေးကြရပြီး မဲမပေးပါက ကျောင်းအပ်လက်မခံသည့် အခြေအနေ ရင်ဆိုင်နေကြရသည်။

ပြည်ပရောက်မြန်မာအများစု ကြိုတင်မဲမပေးကြ

ပြည်ပရောက်မြန်မာအများစု ကြိုတင်မဲမပေးကြ

by ဧရာဝတီ
12 December 2025
677

စစ်ကော်မရှင် ပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာ နိုင်ငံအလိုက် သံရုံးများတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ မဲရုံများဖွင့်လှစ်ပေးခဲ့သော်လည်း မဲလာပေးသူ မရှိသလောက်နည်းပါးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ပြည်ပရောက်မြန်မာတွေ ရွေးကောက်ပွဲ မဲပေးကြမှာလား

ပြည်ပရောက်မြန်မာတွေ ရွေးကောက်ပွဲ မဲပေးကြမှာလား

by ဧရာဝတီ
23 August 2025
537

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာများအနေဖြင့် ကြိုတင်မဲမပေးပါက လက်ရှိ နေထိုင်ခွင့်ကိစ္စများနှင့် ဆက်နွယ်၍ သက်တမ်းတိုးများ လုပ်ဆောင်မပေးမည့်အရေးကိုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

Next Post
ဇွန်လအတွင်းက ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန် swab Test ယူနေစဉ် / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ရောဂါပြင်းထန်လူနာများကို ကုသရန် သွေးရည်ကြည် ရှာရခက်နေ

အဆိုတော် ယုန်လေးရဲ့ ဖိနပ်ကြော်ငြာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုမြောက်တယ်လို့ ဝေဖန်ခံရ

အဆိုတော် ယုန်လေးရဲ့ ဖိနပ်ကြော်ငြာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုမြောက်တယ်လို့ ဝေဖန်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved