• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ပြည်ပရောက် ကြိုတင်မဲ ပေးလိုသူ ၃ ဆခန့်များလာ

by ထွန်းထွန်း
20 August 2020
in Election 2020
A A
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးရန်လျှောက်ထားသည့် ပုံစံ ၁၅ ဖောင်များအား စိစစ်နေစဉ်  / ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြု ကော်မတီ-ကိုရီးယား

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးရန်လျှောက်ထားသည့် ပုံစံ ၁၅ ဖောင်များအား စိစစ်နေစဉ် / ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြု ကော်မတီ-ကိုရီးယား

7.7k
VIEWS
Share on FacebookShare on Twitter

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံများ ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ ၁၅ ဖြင့် လျှောက် ထားလာသူ ၁၀၉၄၇၀ ဦးရှိခဲ့ရာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲထက် ၃ ဆခန့်များပြားလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံအသီးသီးမှ ပုံစံ ၁၅ လျှောက်ထားသူ ၃၀၁၅၂ ဦးသာ ရှိခဲ့ပြီး ရွေးကောက်ပွဲ နေ့တွင် အမှန်တကယ် မဲလာပေးခဲ့သူမှာ ၂၂၆၅၁ ဦးရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
498
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
81

နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက “ပုံစံ ၁၅ တွေကို လက်ခံ ကတည်းက သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ခဲ့တာပါ၊ ထပ်ပို့စရာတော့ မရှိတော့ပါဘူး။ မဲစာရင်းမှာ မပါလို့ လျှောက်တဲ့ ပုံစံ ၃ ကတော့ သောကြာ(ဩဂုတ် ၂၁)နေ့ ရုံးချိန် မကုန်ဆုံးခင်အထိ ရရှိလာတာတွေကို ထပ်ပြီးတော့ လွှဲပေး မှာပါ၊ အခုလည်း လက်ခံရရှိနေတာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပုံစံ ၁၅ များ လျှောက်ထားသော်လည်း မူလမဲစာရင်းတွင် အမည်ပါဝင်မှသာ မဲပေးခွင့် ရရှိနိုင်မည်ဖြစ်ပြီး ဩဂုတ် ၁၉ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်ထံ လွှဲပြောင်းပေးမှုအရ မဲစာရင်းတွင် မပါသည့် အတွက် ပုံစံ ၃ ဖြင့် လျှောက်ထားသူ ၃၇၅၉ ဦးရှိပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ လူဦးရေ ၆၀၀ ကျော်သာ မဲပေးခဲ့ကြပြီး လာမည့် ရွေးကောက်ပွဲ အတွက် ထိုင်းနိုင်ငံအတွင်းမှ ပုံစံ ၁၅ လျှောက်ထားသူ ၄ သောင်းနီးပါး ရှိသဖြင့် အရေအတွက် တိုးလာသည်ဟု ဆိုသော်လည်း တရားဝင် အထောက် အထား ရှိကြသည့် ဦးရေ ၁ သန်းကျော်နှင့် နှိုင်းယှဉ်ပါက လျှောက်ထားမှုသည် များစွာ နည်းပါးနေသေးကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်(MWN) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်က ထောက်ပြသည်။

ဦးအောင်ကျော်က “အလုပ်သမားတွေ ကိုယ်တိုင် သတင်းအချက်အလက်တွေ မရရှိတာ၊ ကော်မရှင်ဘက်ကလည်း လပေါင်းများစွာ အသိပညာပေးမှုတွေ မလုပ်နိုင်ခဲ့တာ။ ပေးထားတဲ့အချိန် တိုတောင်းတဲ့အတွက်လည်း ပုံစံ ၁၅ ဖောင် လျှောက်တာ အင်မတန် နည်းသွားတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။ အလုပ်သမားတွေ အများစုရှိတဲ့နေရာတွေမှာ မဲရုံခွဲတွေ ထားပေးဖို့ ကြိမ်ဖန်များစွာ ပြောခဲ့ပြီးပါပြီ။ ခုထိတော့ ဘာမှအကြောင်းမပြန်သေးပါဘူး”ဟု ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အလုပ်သမား အများစုရှိသည့် နေရာများတွင် မဲရုံထားပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး မဲရုံ မရရှိဘဲ သံရုံးတွင်သာ ပေးရမည်ဆိုပါကလည်း မဲပေးမည့်နေ့တွင် သွားရောက်ကာ မဲပေးနိုင်ရန် ကားများ စီစဉ်သွားမည်ဖြစ်ကြောင်းလည်း  မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့နယ် အခြေစိုက် ရတနာ့စက္က အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။

ဦးအောင်အောင်က “ခုနှစ်ရာကျော် လျှောက်လိုက်တာ သုံးရာကျော်လောက်ပဲရတယ်။ လေးရာကျော်က ပယ်တဲ့ အထဲ ပါသွားတယ်၊ ပတ်စပို့စ် မိတ္တူ မဟုတ်ဘဲ ဒီကထုတ်ပေးထားတဲ့ ကဒ်နဲ့ပဲလျှောက်တော့ လက်မခံဘူးဖြစ်တယ်၊ တချို့က ပတ်စ်ပို့ ရှိပေမယ့် အလုပ်ရှင်က သိမ်းထားတာမျိုးပေါ့၊ ဒီအတွက် ပြန်တောင်းတော့ မရတာမျိုးတွေလည်း ရှိကြတယ်။ ဒီအတွက် သံရုံးနဲ့ညှိနှိုင်းခဲ့ပေမယ့် ဘာမှ မထူးခဲ့ပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံပေါင်း ၄၆ နိုင်ငံတွင် သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားပြီး ၎င်းရုံးများမှ ပူးပေါင်းကိုင်တွယ်လျှက်ရှိသည့် နိုင်ငံများမှလည်း ပုံစံ ၁၅ ပေးပို့ လျှောက်ထားခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။

ပုံစံ ၁၅ အများဆုံး လျှောက်ထားမှုအနေဖြင့် ထိုင်းနိုင်ငံမှ ၄ သောင်းနီးပါး၊ စင်္ကာပူနိုင်ငံမှ သုံးသောင်းခွဲဝန်းကျင်၊ တောင် ကိုရီးယား နိုင်ငံမှ ၁ သောင်းကျော်၊ ဂျပန်နိုင်ငံမှ ၈၆၀၀ ကျော်နှင့် မလေးရှားနိုင်ငံမှ ၆၄၀၀ ကျော်အသီးသီး ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် လုံခြုံလွယ်ကူစွာ မဲပေးနိုင်ရေးအတွက် မဲရုံခွဲများ တိုးချဲ့ဖွင့်လှစ်ပေးရန် တောင်းဆိုမှုများ ရှိထားသော်လည်း သက်ဆိုင်ရာနိုင်ငံများ၏ ခွင့်ပြုချက်ရရှိမှသာ မဲရုံတိုးချဲ့ဖွင့်လှစ်ပေးနိုင် အခြေအနေ ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက “အဓိကတော့ သူများရဲ့ နိုင်ငံအတွင်းမှာ ကိုယ့်ရဲ့နိုင်ငံရေးအရ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်လို့ ခွင့်ပြုချက်ရတဲ့ နေရာတွေမှာဘဲ ဆောင်ရွက်ပေးနိုင်ပါတယ်၊ ခွင့်ပြုချက်မရတဲ့ နေရာတွေမှာတော့ ဆောင်ရွက် ပေးခြင်း မရှိပါဘူး၊ ဒါကလည်း အရေအတွက် သိပ်မများပါဘူး။ သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ ဆောင်ရွက်တယ်ဆိုတာ တောင် ခွင့်ပြုချက်တောင်းပြီးမှ ဆောင်ရွက်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

You may also like these stories:

ပြည်ပမှ ကြိုတင်မဲပေးရန် ကနဦး လျှောက်ထားသူ ၅ သောင်းကျော်ရှိ

ပြည်ပရောက်နေသူများ မဲပေးခွင့် မဆုံးရှုံးရေး စနစ် ပြောင်းဖို့လိုဟုဆို

မဲပေးခွင့် မဆုံးရှုံးစေရေး စီမံချက်ချပြီး ဆောင်ရွက်နေတယ်

Your Thoughts …
Tags: ကြိုတင်မဲပြည်ပ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.4k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

မက်ကေးအခြေစိုက် ဆေးရုံရှေ့တွင် ဆန္ဒပြနေသော မစုစုစံ 

စစ်ကောင်စီဝင် သားသမီးများ ပြည်ပတွင် ဆန္ဒပြခံနေရ

by ဧရာဝတီ
23 March 2021
19.3k

အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ဆန္ဒပြသူများသည် မြန်မာနိုင်ငံမှ စစ်ကောင်စီ၏ မိသားစုဝင်များနှင့် အပေါင်းပါများကို ရှုတ်ချရန် အွန်လိုင်းလှုပ်ရှားမှုကို လုပ်ဆောင်နေသည်။

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

by ဧရာဝတီ
2 November 2024
2k

မစ္စတာ ထရမ့်သည် စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများတွင် ဦးဆောင်နေပြီး မစ္စ ဟဲရစ်သည် နိုင်ငံရေး အစွန်းရောက်ဝါဒအပေါ် အားသာချက် လျှော့နည်းလာနေသည်။

ကျရှုံးမှုတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံ (ရုပ်/သံ)

ကျရှုံးမှုတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံ (ရုပ်/သံ)

by ဘုန်းအောင်
6 August 2024
985

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ပြန်ခန့်ပြီးနောက် ဩဂုတ်လ ၅ ရက်နေ့က ပထမဦးဆုံး ထွက်ပြောတဲ့ မိန့်ခွန်းမှာ လက်ရှိ စစ်တပ်ရဲ့ အရှုံးတွေကို ဝန်ခံသွားခဲ့ပါတယ်။

ဖိအားပေးမှုအောက် တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲစပေး

ဖိအားပေးမှုအောက် တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲစပေး

by ဧရာဝတီ
18 November 2025
739

မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ယနေ့ ကြိုတင်မဲ စတင်ပေးကြရပြီး မဲမပေးပါက ကျောင်းအပ်လက်မခံသည့် အခြေအနေ ရင်ဆိုင်နေကြရသည်။

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

by ဧရာဝတီ
28 November 2024
688

နိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေအနေနဲ့ ပြည်တွင်းကို ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဖိတ်ခေါ်လိုက်ပါတယ်။

Next Post
“မာမီကွတ် ဖောင်ဒေရှင်း” တည်ထောင်သူ မရှင်ငြိမ်းမယ်  /  ဝေဝေနှင်း / ဧရာဝတီ

ကျောက်ကပ် ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးအတွက် ကြိုးပမ်းနေတဲ့ မရှင်ငြိမ်းမယ်

ရန်ကုန်မြို့တွင်း၌ ဖွင့်လှစ်ထားသည့် ဘားတခုကို ၂၀၁၉ တွေ့ရစဉ်  / ထက်ဝေ / ဧရာဝတီ

KTV နှင့် နိုက်ကလပ်၊ ဘားများ ဖွင့်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved