• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ပရောက်နေသူများ မဲပေးခွင့် မဆုံးရှုံးရေး စနစ် ပြောင်းဖို့လိုဟုဆို

by ထွန်းထွန်း
9 July 2020
in သတင်း
A A
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနေသူများ / ဧရာဝတီ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနေသူများ / ဧရာဝတီ

10.1k
VIEWS
Share on FacebookShare on Twitter

ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် လက်ရှိမဲပေးပုံ စနစ် အစား ပိုမိုအဆင်ပြေစေသည့် နည်းလမ်းပြောင်းလဲစဉ်းစားသင့်ကြောင်း လေ့လာစောင့်ကြည့်သူတချို့က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင်သာ မဲပေးရန် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံသား အများဆုံးရှိနေသည့် ထိုင်းနိုင်ငံတွင် ဦးရေ ၆၀၀ ခန့်နှင့် မလေးရှားနိုင်ငံတွင် ဦးရေ ၅၀၀ ခန့်သာ မဲပေးနိုင်ခဲ့ကြပြီး အများစုမှာ မဲပေးခွင့်ဆုံးရှုံးခဲ့သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
38
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
27
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
49

ပြည်ပရောက် မဲဆန္ဒရှင်များအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်တောင်းခံခဲ့သူမှာ စုစုပေါင်း သုံးသောင်းကျော်သာရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရ သိရသည်။

ယခု ၂၀၂၀ခုနှစ် တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို လာမည် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး(PACE) အဖွဲ့၊ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က “သံရုံးနဲ့ ကောင်စစ် ဝန်ရုံးမှာပဲ မဲပေးရတော့ အဲ့ဒီစနစ်ကို မပြင်မချင်းကတော့ ဖြစ်နေဦးမှာပဲ၊ လက်ရှိစနစ်ကတော့ အဆင်မပြေဘူး။ သံရုံးရှိတဲ့ မြို့မှာပဲ မြန်မာတွေ ရှိတာမဟုတ်ဘူးလေ။ တခြားနည်းနဲ့ မဲပေးလို့ရအောင် တီထွင်ဖို့လိုတယ်။ ဒီရွေးကောက်ပွဲတောင် မှီပါ့မလားမသိဘူး၊ ကျနော့်အထင်ပေါ့”ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတကာရှိ မြန်မာသံရုံးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပြန်ပရောက်မဲဆန္ဒရှင် များ ကြိုတင်မဲပေးနိုင်ရန်အတွက် အချက်အလက် ဖြည့်သွင်းရမည့် ပုံစံ-၁၅ ဖောင်များအား ထုတ်ယူနိုင်ပြီဖြစ် ကြောင်း ကြေညာထားပြီး ဖြည့်သွင်းပြီးသည့်ဖောင်များအား ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၅ ရက်နေ့အတွင်း သံရုံး များသို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် တရားဝင် ရွေ့ပြောင်း အလုပ်သမားများနှင့် အထောက်အထားတစုံတရာ ကိုင်ဆောင်ထားသူဦးရေမှာ ၄ သန်းဝန်းကျင်ရှိနိုင်ပြီး မလေး ရှားနိုင်ငံတွင်လည်း ရွေ့ပြောင်းလုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၃ သိန်းမှ ၅ သိန်းခန့်အထိရှိနိုင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး အခက်အခဲကြုံတွေ့နေရသူများထဲမှ မြန်မာနိုင်ငံသား စိစစ်ပြီးသူများအား မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity, C Of I) များ ထုတ်ပေးနိုင်ရေးအတွက် လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားသံအမတ်ကြီးအား ခေါ်ယူဆွေးနွေးထားသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံမှ သံရုံးအုပ် ဦးနိုင်မင်းက “ အခုမှ ပုံစံ ၁၅ ထုတ်ဖို့ကြေညာထားတာဆိုတော့ စာရင်းတွေကတော့ ပြောလို့မရသေးဘူး၊ ဒီအတွက် အဖွဲ့တဖွဲ့ သီးသန့်ဖွဲ့ပြီး စနစ်တကျနဲ့ ဆောင်ရွက်သွားမှာပါ၊ အခုလောလောဆယ်တော့ သံရုံမှာပဲ မဲလာပေးခိုင်းဖို့ လျာထားပါတယ်”ဟု ပြောသည်။

ပြည်ပရောက် ရွေ့ပြောင်းအလုပ်သမား မဲပေးခွင့်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း(FED)နှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး(PACE) အဖွဲ့ပူးပေါင်းကာ ထိုင်းနိုင်ငံအ တွင်း နယ်မြေ ၁၈ ရှိခုတွင် ကောက်ယူခဲ့သည့် စစ်တမ်းအရ မြန်မာအလုပ်သမား ၉၀ ရာခိုင်နှုန်းက မဲပေးရန် ဆန္ဒရှိကြကြောင်း သိရသည်။

FED အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ ရွေ့ပြောင်းအလုပ်သမား အများစု ၉၀ ရာခိုင်းနှုန်းလောက်က မဲထည့် ချင်ကြတယ်။ သူတို့နဲ့ နီးနီးနားနားဆိုရင် ပိုပြီးမဲထည့်ချင်ကြတယ်။ ဥပမာ-စက်မှုဇုန်တွေလို့ လူဦးရေး သောင်း ဂဏန်းရှိတဲ့နေရာတွေမှာ မဲထည့်လို့ရအောင် လုပ်ပေးရင် ပိုအဆင်ပြေတာပေါ့။ ဘန်ကောက်မှာပဲ သွားထည့်ရမယ် ဆိုရင် တော်တော်လေး အခက်အခဲရှိကြတယ်။ အစိုးရကတော့ လက်ရှိက ဒါမျိုးတွေလုပ်ပေးမယ့်ပုံမပေါ်ဘူး။ ၂၀၁၅ တုန်းကလိုပဲလုပ်မယ့်သဘောရှိတယ်”ဟု သုံးသပ်သည်။

ရွေးပြောင်းအလုပ်သမားများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် လွယ်ကူစွာ မဲပေးနိုင်ရေး အစိုး ရမှ စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး လတ်တလောတွင်လည်း မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ဖို့ လိုအပ်နေကြောင်း ၎င်းက ပြောသည်။

အလားတူ ဘန်ကောက်မြိုရှိ စက်ရုံတရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမျိုးဆက်က ရွေးကောက်ပွဲ ကြိုတင်မဲပေးရေးနှင့် ပတ်သက်ပြီး မဲပေးမည် မပေးမည်ကို မသေချာသေးကြောင်းနှင့် ရွေးကောက်ပွဲသတင်းအချက်အလက်များအား အင်တာနက်မှတဆင့် တွေ့နေရသော်လည်း ရှင်းလင်းစွာမသိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

ကိုမျိုးဆက်က “ဒီကိုရောက်တာ ၆ နှစ်လောက်ရှိပြီ၊ ၂၀၁၅ တုန်းကလည်း မဲမပေးဖြစ်ဘူး၊ စက်ရုံမှာ နေ့ည ဂျူတီနဲ့ ဆင်းနေရတော့ မပေးဖြစ်တာ၊ အခုလည်း ပေးဖြစ်/မပေးဖြစ်က မသိသေးဘူး၊ သံရုံးကို သွားဖို့က သိပ်မခက်ပါဘူး၊ နာရီဝက်လောက်ဆို ရောက်တယ်၊ ကျနော်တို့ကို မဲဆွယ်တာ၊ အသိပညာပေးတာတို့ ဘာမှတော့မရှိဘူး၊ ပေးဖြစ် မယ်ဆိုရင်တော့ လက်ရှိအစိုးရကိုပဲ ပေးမှာပါ” ဟု ပြောသည်။

FED နှင့် PACE တို့ ပူးပေါင်းကောက်ယူခဲ့သည့် ရွေးပြောင်းအလုပ်သမားများ၏ အသေးစိတ်အချက်အလက်များ ပါဝင်သည့် စစ်တမ်းတစောင်ကိုလည် လာမည့်အပတ် အတွင်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း PACE အဖွဲ့ထံက သိရသည်။

လက်ရှိတွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် နိုင်ငံအသီးသီးတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများ အား နယ်စပ်ဂိတ်ပေါက်များ၊ ကယ်ဆယ်ရေးလေယာဉ်အစီအစဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျှက်ရှိရာ ရွေး ပြောင်းလုပ်သားများအပါအဝင် လူဦးရေး တသိန်းခွဲခန့်ရှိပြီဖြစ်သည်။
မဲပေးခွင့်နှင့် ပတ်သက်၍ တရားဝင် အထောက်အထား တစုံတရာမရှိသူများအနေဖြင့် နေရပ်သို့ပြန်လည် မဲပေးမှ သာ မဲပေးခွင့်ရမည့် အခြေအနေဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

အလှမ်းဝေးနေဆဲ ရွှေ့ပြောင်းလုပ်သားများရဲ့ မဲပေးနိုင်ခွင့် အိပ်မက်များ

Your Thoughts …
Tags: စနစ်မဲရွေးကောက်ပွဲ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
17.2k

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။

Next Post
ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်ခန်းမ / အောင်ကျော်ထက် / ဧရာဝတီ

မြေပိုင်ဆိုင်မှုကိစ္စကြောင့် ကရဝိတ်တင်ဒါ ရွေးချယ်ရေး ခေတ္တဆိုင်းငံ့

ဦးမောင်ကျော်သန်း၏ ရုပ်အလောင်းအား စစ်တွေမှ ရသေ့တောင်သို့ ယူဆောင်စဉ်  / ရွှေရောင် မေတ္တာဖောင်ဒေးရှင်း

ရသေ့တောင် မိုင်းထိလူနာ ဒဏ်ရာပြင်းထန်၍ သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate