• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြေပိုင်ဆိုင်မှုကိစ္စကြောင့် ကရဝိတ်တင်ဒါ ရွေးချယ်ရေး ခေတ္တဆိုင်းငံ့

by မျိုးပပစန်း
9 July 2020
in သတင်း
A A
ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်ခန်းမ / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်ခန်းမ / အောင်ကျော်ထက် / ဧရာဝတီ

13.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်ဝင်းအတွင်းရှိ ကရဝိတ်ခန်းမနှင့် မြေနေရာငှားရမ်းမှု လုပ်ငန်းရှင် ရွေးချယ်ရေး အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်က ပြောသည်။

ကရဝိတ်ခန်းမနှင့် ယာဉ်ရပ်နား နေရာ အပါအဝင် စုစုပေါင်းမြေ ၃ ဒသမ ၄၅ ဧကကို ပြည်တွင်း လုပ်ငန်းရှင်များအား ဇွန်လ ၈ ရက်မှ စတင်၍ တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင်လ ၇ ရက်တွင် တင်ဒါ ပိတ်ခဲ့ခြင်း ဖြစ်သည်။

“တင်ဒါ ရွေးချယ်ရာမှာ ဆိုင်းငံ့လိုက်တာက မြေကိစ္စတွေ ပြန်ပြီး ညှိနှိုင်းဖို့ ရှိလို့ပါ။ မြေမူလပိုင်ရှင်က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့နဲ့ YCDC နဲ့ ပြန်ပြီးတော့ အသေးစိတ်ညှိဖို့ ရှိပါတယ်။ အသေးစိတ်ကို ကျနော် ပြောလို့ မရပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါ လျှောက်ထားလာသည့် တင်ဒါများ၏ လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီကို ဇူလိုင်လ ၈ ရက်တွင် နေပြည်တော်ရှိ ဟို တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရုံးတွင် ဖွင့်ဖောက်ကြေညာမည်ဟု နိုင်ငံပိုင် သတင်းစာများမှ တဆင့်ထုတ်ပြန်ထား ပြီးနောက် ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် လျှောက်လွှာလာရောက် တင်ပြသည့် ကုမ္ပဏီအရေအတွက်ကိုမူ ပြောဆို၍ မရကြောင်း ဦးကောင်းထွဋ်က ပြောသည်။

အဆိုပါ မြေကိစ္စကို အမြန်ဆုံး ဆွေးနွေးပြီး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီကို အမြန်ဆုံးရွေးချယ် ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

“ကျနော်တို့ ရက်ပိုင်းအတွင်း ရွေးချယ်နိုင်အောင် လုပ်မယ်။ ဇေကမ္ဘာနဲ့ ကျနော်တို့နဲ့ ဘာမှမရှိပါဘူး။ ဇေကမ္ဘာဆီကနေ သိမ်းပြီးထားတာ ဖြစ်ပါတယ်။ တင်ဒါမှာလည်း ဇေကမ္ဘာက ပြန်ပြီး ဝင်ပြိုင်ဖို့ ရှိပါတယ်” ဟု ဦးကောင်းထွဋ်က ပြောဆို သည်။

အဆိုပါ ခန်းမနှင့် မြေနေရာကို ယခင်စစ်အစိုးရ လက်ထက် ၁၉၉၉ ခုနှစ်မှ စတင်၍ ငှားရမ်းထားသော ဇေကမ္ဘာကုမ္ပဏီက ပြီးခဲ့သည့်၂၀၁၉ ခုနှစ်တွင် ငှားရမ်းနှစ် သက်တမ်းနှစ် ၂၀ ပြည့်ခဲ့ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် ယင်းမြေနေရာကို ပြည်တွင်း လုပ် ငန်းရှင်များအား ငှားရမ်း လုပ်ကိုင်နိုင်ရန်အတွက် တင်ဒါ ခေါ်ယူခြင်း ဖြစ်သည်။

ဝန်ကြီးဌာနပိုင် ဟိုတယ်များကို ငှားရမ်းပြီးမှ ငှားရမ်းခ ပုံမှန် မသွင်းသည့် ကုမ္ပဏီများ ယခင်က ရှိခြင်းကြောင့် ရွေးချယ်ရာတွင် သေချာစွာ စိစစ်မည် ဖြစ်သည့်အပြင် စိတ်ချရသည့် ကုမ္ပဏီကို ငှားရမ်းခြင်း၊ လုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်နိုင် ခြင်း ရှိ၊ မရှိဆိုသည့် အချက်ကို ကြည့်ခြင်း၊ ကုမ္ပဏီ၏ အတွေ့အကြုံ၊ ၎င်း၏ အရင်းကြေကာလ တွက်ချက်ခြင်း စသည့် အချက်တို့ကို ကြည့်ကာ တင်ဒါ ရွေးချယ်မှုကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သိ ရသည်။

ထို့ပြင် အစိုးရနှင့် လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် လုပ်ကိုင်နိုင်သော အနေအထားရှိပြီး ငှားရမ်းခဈေးမှာလည်း သင့်တင့်သော နှုန်းထားနှင့် တိကျစွာ ဆောင်ရွက်နိုင်သော ကုမ္ပဏီကိုသာ ရွေးချယ်မည်လည်း ဖြစ်သည်။

ဇေကမ္ဘာကုမ္ပဏီက ကရဝိတ် ၁၉၉၉ ခုနှစ် မေလ ၁ ရက်တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ငှား ရမ်းနှစ်၂၀ ပြည့်သွားသော်လည်း စာချုပ်ပါ စည်းကမ်းအရ ၅ နှစ်စီ၂ ကြိမ် ငှားရမ်းခွင့် သက်တမ်း တိုးခွင့်ရှိသောကြောင့် ဟို တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေခြင်း ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီ စီမံကိန်း ဒါရိုက်တာ ဦးရဲဝင်းရှိန် က ဧရာဝတီသို့ ပြောကြားထားသည်။

လက်ရှိတွင် ဇေကမ္ဘာ ကုမ္ပဏီအနေဖြင့် ဝန်ကြီးဌာနသို့ စာချုပ်ပါ စည်းကမ်းများအတိုင်း တင်ပြထားပြီးဖြစ်သလို၊ ကုမ္ပဏီ တင်ဒါလည်း ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ထားကာ ယင်းတင်ဒါ မရရှိပါက လျော်ကြးငွေအဖြစ် အမေရိကန် ဒေါ်လာသန်း ၃၀ ကို နစ်နာကြေး တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းက မီဒီယာများကို ဖြေကြားထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
28
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
79

ဆက်စပ်ဖတ်ရှုရန်

ကရဝိတ်ခန်းမနှင့် မြေနေရာ ငှားရမ်းရန် တင်ဒါများ ရောင်းချ

Your Thoughts …
Tags: ကန်တော်ကြီးကရဝိတ်တင်ဒါဇေကမ္ဘာဟိုတယ်/ခရီး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

ကန်တော်ကြီး ဥယျာဉ်တွင် တည်ဆောက်နေသည့် ပထမဆုံး ရေအောက် ငါးပြတိုက် / အောင်သီဟထွန်း / ဧရာဝတီ

ရေအောက် ငါးပြတိုက် ဝင်ကြေး အများတတ်နိုင်သည့် နှုန်းထားသာ သတ်မှတ်မည် ဟုဆို

by အောင်သီဟ
15 July 2019
12.6k

ပညာရေးဝန်ကြီး ဌာနနှင့်လည်း ပူးပေါင်းပြီး ကျောင်းသူကျောင်းသားများ လာရောက် လေ့လာနိုင်မည့် အစီအစဉ်များလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြရိပ်ညို အထပ်မြင့် စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်  / ဧရာဝတီ

မြရိပ်ညို စီမံကိန်းဝင်း အတွင်းမှ ဇေကမ္ဘာ ကုမ္ပဏီ ထွက်ခွာ

by အောင်သီဟ
20 December 2019
37.4k

တပ်မတော်နှင့် အငြင်းပွားမှု ဖြစ်ပွားနေသော ရန်ကုန်မြို့ ဗဟန်းမြို့ရှိ မြရိပ်ညို ဟိုတယ်ဝင်းအတွင်း၌ တည်ဆောက်မည့် အထပ်မြင့် စီမံကိန်းအတွင်းမှ ဇေကမ္ဘာကုမ္ပဏီသည် ဒီဇင်ဘာလ ၁၉ ရက်က ထွက်ခွာပေးလိုက် ရကြောင်း သိရသည်။

လုပ်ငန်းများ စတင်စပြုနေသော မြရိပ်ညိုစီမံကိန်း / မျိုးမင်းစိုး

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

by ကျော်ဖြိုးသာ
6 April 2018
14.5k

စီမံကိန်းကို ဗဟန်းမြို့နယ်ရှိ ယခင်မြရိပ်ညိုဟိုတယ်ရှိရာ ၁၃ ဧက ကျယ်သောမြေတွင် ဦးခင်ရွှေ ပိုင်ဆိုင်သည့် ဇေကမ္ဘာ ကုမ္မဏီက အကောင်အထည်ဖေါ်နေသည်။

မြရိပ်ညို အထပ်မြင့် စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင် / ဧရာဝတီ

တရုတ်နှင့် ကန်ထရိုက် စာချုပ်ချုပ်ထားသော မြရိပ်ညို အထပ်မြင့်စီမံကိန်းကို တပ်မတော်က ပိတ်သိမ်း

by ကျော်ဖြိုးသာ
4 October 2018
26.8k

တပ်မတော်ပိုင် မြေပေါ်တွင် ဆောက်လုပ်မည့် အမေရိကန်ဒေါ်လာသန်း ၅၀၀ တန် မြရိပ်ညို အထပ်မြင့်အဆောက်အဦ စီမံကိန်း အစီအစဉ်ကို တပ်ဘက်က ပိတ်ပင် ရပ်ဆိုင်းလိုက်သည်။

ယခုအခါ ရပ်ဆိုင်းလိုက်ပြီဖြစ်သည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းကို ၂၀၁၈ခု မတ်လက ဤသို့ တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

မြရိပ်ညို စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ ဇေကမ္ဘာကုမ္ပဏီ အယူခံတင်ဟုဆို

by အောင်သီဟ
3 December 2019
54.9k

ဇေကမ္ဘာကုမ္ပဏီသည် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အယူခံဘုတ်အဖွဲ့ ထံသို့ နိုဝင်ဘာလ အတွင်းကတည်းပင် လာရောက်အယူခံတင်ထားပြီး ဖြစ်ကြောင်း၊ ယင်းအယူခံနှင့် ပတ်သက်ပြီး ယခုလအတွင်း တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့ကို ဝန်ကြီးဌာန...

Next Post
ဦးမောင်ကျော်သန်း၏ ရုပ်အလောင်းအား စစ်တွေမှ ရသေ့တောင်သို့ ယူဆောင်စဉ်  / ရွှေရောင် မေတ္တာဖောင်ဒေးရှင်း

ရသေ့တောင် မိုင်းထိလူနာ ဒဏ်ရာပြင်းထန်၍ သေဆုံး

၂၀၁၉ ဧပြီလ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် မြင်တွေ့ခဲ့ရသော AA ၏ စစ်သင်တန်းတခု  / ဧရာဝတီ

ရေနံနှင့် ဓာတ်ငွေ့ကြောင့် စစ်ပွဲအရှိန်မြင့်တက်ဟု ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ပြော

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved