• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြရိပ်ညို စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ ဇေကမ္ဘာကုမ္ပဏီ အယူခံတင်ဟုဆို

by အောင်သီဟ
3 December 2019
in စီးပွားရေး
A A
ယခုအခါ ရပ်ဆိုင်းလိုက်ပြီဖြစ်သည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းကို ၂၀၁၈ခု မတ်လက ဤသို့ တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

ယခုအခါ ရပ်ဆိုင်းလိုက်ပြီဖြစ်သည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းကို ၂၀၁၈ခု မတ်လက ဤသို့ တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

54.9k
VIEWS
Share on FacebookShare on Twitter

တပ်မတော်မှနေ၍ ဖယ်ရှားပေးရန် သတိပေးစာပို့ခံထားသော ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို အထပ်မြင့် စီမံကိန်း အတွက် ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်ရေးဝန်ကြီးဌာနထံ အယူခံတင်ထားကြောင်း သိရသည်။

ဇေကမ္ဘာကုမ္ပဏီသည် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အယူခံဘုတ်အဖွဲ့ ထံသို့ နိုဝင်ဘာလ အတွင်းကတည်းပင် လာရောက်အယူခံတင်ထားပြီး ဖြစ်ကြောင်း၊ ယင်းအယူခံနှင့် ပတ်သက်ပြီး ယခုလအတွင်း တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့ကို ဝန်ကြီးဌာန ဘုတ်အဖွဲ့က ကြားနာသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“အခုကတော့ အယူခံတင်ထားတဲ့အတွက် နို့တစ်စာ သတ်မှတ်ရက်ကျော်နေပေမယ့် မဖယ်ရဘူးပေါ့။ အယူခံ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကျပြီးမှပဲ ဆက်ဆောင်ရွက်ကြမှာပေါ့” အဆိုပါ အကြီးတန်းအရာရှိက ဆိုသည်။

လာမည့် အယူခံကြားနာမှုတွင် အဆိုပါ မြေနေရာသည် အစိုးရအိမ်ဥပစာ ဖြစ်ခြင်း၊ မဖြစ်ခြင်း နှင့် အခွင့်ရအာဏာပိုင် ၏ ဆောင်ရွက်မှုများသည် နည်းလမ်းတကျ ဆောင်ရွက်ခြင်း ရှိ၊ မရှိကို ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရအိမ်ဥပစာ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၊ စည်ပင်သာယာရေး ကော်မတီများ၊ စည်ပင်သာယာရေးအဖွဲ့များက ပိုင်ဆိုင်သော၊ ငှားရမ်းယူထားသော သို့မဟုတ် ခေတ္တသိမ်းယူထားသော အဆောက်အဦးများ၊ ပန်းခြံ၊ မြေ နှင့် အိမ်ရာအဆောက်အဦးများ ဖြစ်သည်။

အဆိုပါ ဥပဒေအရ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ၎င်း၏အယူခံတင်မှုကို ဘုတ်အဖွဲ့က ပယ်ဖျက်လိုက်ပါက စာခွျှန်လွှာ တင်သည့် အခွင့်အရေး တခုထပ်ရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှသိရသည်။

မြရိပ်ညို စီမံကိန်းမှ ဇေကမ္ဘာကုမ္ပဏီကို ဖယ်ရှားခိုင်းသည့် နောက်ဆုံးရက်ကျော်လွန်သွား ပြီဖြစ်၍ ဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော်က ဧရာဝတီ သို့ ပြောသည်။

၎င်းက “ သူတို့ မဖယ်ရင် ကျနော်တို့က ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျန်တဲ့ ကိစ္စတွေက  ပြောလို့မရသေးဘူး ဥပဒေအရ ဆက်ဆောင်ရွက်မယ်လို့ပဲ ဖြေလို့ရတယ်” ဟု ဆိုသည်။

မြရိပ်ညို အထပ်မြင့် အိမ်ယာစီမံကိန်း ဆောက်လုပ်ရန် တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား သဘောတူထား ခြင်း  ဖြစ်သော်လည်း ကုမ္ပဏီဘက်မှ နားလည်မှုစာချွန်လွှာ ပါသဘောတူညီချက်များကို ချိုးဖောက်သည်ဟုဆိုကာ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် တပ်မတော်က သတိပေးထားခြင်းဖြစ်သည်။

မြရိပ်ညို အိမ်ရာစီမံကိန်းသည် တပ်ပိုင် မြေဧက ၁၃ ဧက ကျော်ပေါ်တွင် အကောင်အထည်ဖော်မည့် ၁၂ ထပ်ပါ အထပ် မြင့် အဆောက်အဦး စီမံကိန်း တခုဖြစ်သည်။

ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် တပ်မတော်နှင့် နှစ်ဘက်သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ချိုးဖောက်ခြင်း၊ မြေ အသုံးပြု ငှားရမ်းခ များကို ပေးသွင်းရန် ပျက်ကွက်ခြင်း၊ ဇေကမ္ဘာကုမ္ပဏီသည် တရုတ်ကုမ္ပဏီ တခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက် တစုံတရာ မယူဘဲ လုပ်ကိုင်ခြင်း၊ ယင်းအပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ် ဆိုနိုင် ခြင်း မရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်း မရှိဘဲ ရှေးဟောင်းသမိုင်းဝင်  မြို့တော်ဝန်အိမ်အပါအဝင် အခြား အဆောက်အဦး ၂ လုံးကို ဖြိုဖျက်ခြင်း စသည့် အကြောင်းပြချက်များဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်ထဲတွင် အဆိုပါ စီမံကိန်းကို ပိတ်ပင် ရပ်ဆိုင်းခဲ့သည်။

ယင်းအပြင် အဆိုပါစီမံကိန်းသည် မြို့နယ် ၈ မြို့နယ် ရေပေးဝေနေသည့် ကုက္ကိုင်းရေလှောင်ကန် မြေနေရာကို ထိခိုက် နိုင်သည် ဆိုသော ကန့်ကွက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ၂၀၁၈ ခုနှစ်အတွင်း၌ စီမံကိန်းကို ရပ်ဆိုင်းထားရန် တားမြစ်ထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူတဦးက “အခုချိန်မှာ ကျနော်တို့ ဘာမှတ်ချက်မှ မပေးလိုပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်စပ်ဖတ်ရှု့ရန် – 

ဇေကမ္ဘာကုမ္ပဏီ၏ မြရိပ်ညိုအထပ်မြင့် စီမံကိန်း ဖယ်ရှားရန် တပ်မတော် သတိပေး

တရုတ်နှင့် ကန်ထရိုက် စာချုပ်ချုပ်ထားသော မြရိပ်ညို အထပ်မြင့်စီမံကိန်းကို တပ်မတော်က ပိတ်သိမ်း

ဖြိုချပြီး မြို့တော်ဝန်အိမ် ပြန်ဆောက်ရန် ဦးခင်ရွှေကို တပ်မတော် ညွှန်ကြား

တားမြစ်ထားသည့် မြရိပ်ညို စီမံကိန်း ၂၀၂၀ တွင် အပြီးဆောက်မည် ဟုဆို

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ရန်ကုန် အမွေအနှစ် မြို့တော်ဝန်အိမ်ကို မြရိပ်ညိုစီမံကိန်းက ဖြိုလိုက်ပြီ

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

Your Thoughts …
Tags: ဆောက်လုပ်ရေးဝန်ကြီးဌာနဇေကမ္ဘာတပ်မတော်မြရိပ်ညို စီမံကိန်း
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Next Post
ထိုင်းနိုင်ငံက Non Han ကန်

ထိုင်းမှာရှိတဲ့ ကြာနီကန်ကို ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက် လည်ပတ်

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာရှိ ပင်မလျှပ်စစ်ဓာတ်အားပေးရုံခွဲ / ဧရာဝတီ

လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ဖိတ်ခေါ်မည်ဟု MIC ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved