• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟောင်ကောင်တွင် ဆန္ဒပြသူ အများအပြား အဖမ်းခံရ

by ဧရာဝတီ
2 October 2020
in သတင်း
A A
အောက်တိုဘာလ ၁ ရက်နေ့ ချီတက်ပွဲတခု ဆင်နွှဲရန် ကြိုးစားသည့် ဆန္ဒပြသူများကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖြိုခွဲနှိမ်နင်းခဲ့သည်/South China Morning Post

အောက်တိုဘာလ ၁ ရက်နေ့ ချီတက်ပွဲတခု ဆင်နွှဲရန် ကြိုးစားသည့် ဆန္ဒပြသူများကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖြိုခွဲနှိမ်နင်းခဲ့သည်/South China Morning Post

10.3k
VIEWS
Share on FacebookShare on Twitter

အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ရန် အောက်တိုဘာလ ၁ ရက်နေ့ (တရုတ်နိုင်ငံ၏ အမျိုးသားနေ့) တွင် ချီတက်ပွဲတခု ဆင်နွှဲရန် ကြိုးစားသည့် ဆန္ဒပြသူများကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖြိုခွဲနှိမ်နင်းခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ခွင့်ပြုချက်မရှိဘဲ စုဝေးခြင်းများနှင့် အခြားပြစ်မှုများတွင် ပါဝင်ခြင်း အတွက် ဖမ်းဆီးခံရသူ ၆၀ ကျော် ရှိကြောင်း သိရသည်။

ဟောင်ကောင်ကျွန်း မှ လူသိများသည့် ဈေးဝယ်ခရိုင်ဖြစ်သော Causeway Bay ရှိ လမ်းများပေါ်တွင် ဟိုတစု သည်တစု ရှိနေသည့် သူများက လူစုလူဝေးများ စတင်ပြုလုပ်သည့် အချိန် အဓိကရုဏ်း နှိမ်နင်းရေး ရဲအဖွဲ့က လျင်မြန်စွာ လူစုခွဲ ပစ်ခဲ့သည်။

ရဲတပ်ဖွဲ့က သတိပေးအလံများကို ကိုင်မြှောက်ထားပြီး ကြွေးကြော်သံများ စတင်ကြွေးကြော်ရန် ရည်ရွယ်ချက်ရှိသည်ဟု ယူဆရသည့် ဆန္ဒပြသူ အချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

တရုတ်နိုင်ငံက ဟောင်ကောင်ကို ၂၀၄၇ မှာ ဝါးမျိုလိမ့်မယ်ဆိုတာကို ဟောင်ကောင် ပြည်သူတွေက သိပါတယ်၊ ဒါပေမယ့် အခု ၂၀၂၀ ပဲ ရှိပါသေးတယ်။ ကျမတို့မှာ လွတ်လပ်ခွင့် နှစ် ၂၀ လောက် ကျန်နေသေးသင့်ပါတယ်။ ကျမတို့ တိုက်ပွဲဝင်နေတာ အဲဒီအတွက်ပါ”

တရုတ်နိုင်ငံက ဟောင်ကောင်ကို ၂၀၄၇ မှာ ဝါးမျိုလိမ့်မယ်ဆိုတာကို ဟောင်ကောင် ပြည်သူတွေက သိပါတယ်၊ ဒါပေမယ့် အခု ၂၀၂၀ ပဲ ရှိပါသေးတယ်။ ကျမတို့မှာ လွတ်လပ်ခွင့် နှစ် ၂၀ လောက် ကျန်နေသေးသင့်ပါတယ်။ ကျမတို့ တိုက်ပွဲဝင်နေတာ အဲဒီအတွက်ပါ”ဟု မျိုးရိုးအမည် Man ဟု သူ့ကိုယ်သူ ပြောသော အသက် ၆၀ အရွယ် ကျန်းမာရေးပစ္စည်း အရောင်းဝန်ထမ်း အမျိုးသမီးတဦးက ပြောသည်။

၁၉၈၄ ခုနှစ် တရုတ်-ဗြိတိန် ပူးတွဲကြေငြာချက်တွင် တရုတ်အစိုးရက ပေးခဲ့သည့် ကတိကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။ အဆိုပါကြေငြာချက်တွင် ၁၉၉၇ ခုနှစ်၌ ဟောင်ကောင်ကို လွှဲပြောင်းပေးရေး စည်းမျဉ်းများကို ဖော်ပြထားသည်၊ ထိုကတိအရ ဟောင်ကောင်သည် (လွှဲပြောင်းပေးပြီးနောက်ပိုင်း) နှစ် ၅၀ အထိ မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမည်ဖြစ်သည်။

“သန်းနဲ့ချီတဲ့ပြည်သူတွေ လမ်းပေါ်ထွက်လာတဲ့အခါမှာတောင် အစိုးရက နားမထောင်ပါဘူး။ ဒီလူတွေ အားလုံးက မှားနေလို့လား။ တကယ်လို့ တရုတ်အစိုးရက နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဖိအားပေးမှုကြောင့် မရွေ့ဘူးဆိုရင်၊ လိုက်လျောမှု မလုပ်ဘူး ဆိုရင် အဲဒါက ဟောင်ကောင်အဆုံးသတ်ပဲ” ဟု သူက ပြောသည်။ ပြီးခဲ့သည့်နှစ်က အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကို စတင်ခဲ့သည့် လူသန်းပေါင်းများစွာ ပါဝင်သော ချီတက်ပွဲများကို ရည်ညွှန်းခြင်းဖြစ်သည်။

အချိန်ကြာမြင့်လာပြီး တခါတရံတွင် အကြမ်းဖက် ဆန္ဒပြမှုများနှင့် ပတ်သက်၍ ပြန်လည်သင့်မြတ်ရေး အားထုတ်မှုများ ပြုလုပ်ရမည့်အစား တရုတ်အစိုးရက “နိုင်ငံခြားအင်အားစုများ ဖန်တီးသည့် အရောင်တော်လှန်ရေး၏ ဟောင်ကောင်ပုံစံ” ဟု ၎င်းတို့က ခေါ်သည့် ဆန္ဒပြပွဲများကို နှိမ်နင်းရန် ဇွန်လတွင် ဟောင်ကောင် ဒေသအတွင်း၌ ကျယ်ပြန့်သည့် “သွေးထိုးလှုံ့ဆော်မှု ဆန့်ကျင်တိုက်ဖျက်ရေး ဥပဒေ” တခုကို ပြဌာန်းခဲ့သည်။

သြစတြေးလျ၊ ဗြိတိန်နှင့် ကနေဒါ အပါအဝင် နိုင်ငံခြားတိုင်းပြည်များက အမျိုးသားလုံခြုံရေးဥပဒေကို ဆန့်ကျင်ခဲ့ကြပြီး  ဟောင်ကောင်နှင့် ပြုလုပ်ထားသည့် ရာဇဝတ်သား ပြန်လည်လွှဲပြောင်းပေးရေး သဘောတူညီချက်များကို ဆိုင်းငံ့ထားခဲ့ကြသည်။ အမေရိကန်က ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထိခိုက်ပျက်ပြားအောင် ပြုလုပ်ခြင်းနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သို့မဟုတ် စုဝေးခွင့်ကို ပိတ်ပင်ကန့်သတ်ခြင်းအတွက် တာဝန်ရှိသည်ဟု ယူဆရသော ဟောင်ကောင်နှင့် တရုတ်မှ အာဏာပိုင်များအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းအားဖြင့် နောက်တဆင့်တက် အရေးယူဆောင်ရွက် ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့်ပိတ်ပင်ခံထားရပြီး အမေရိကန်နှင့် ဆက်နွယ်သော သူ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးခြင်းခံနေရသည့် အရေးယူပိတ်ဆို့ခံ တဦးဖြစ်သော ဟောင်ကောင် အစိုးရ အကြီးအကဲ Carrie Lam က အောက်တိုဘာလ ၁ နေ့က ပြောကြားခဲ့သော ဂုဏ်ပြုမိန့်ခွန်းတွင် တရုတ်အစိုးရအပေါ် သူ၏ သစ္စာစောင့်သိမှုကို ကတိပြုလိုက်ပြီး ပိတ်ဆို့အရေးယူမှုများကို ပယ်ချခဲ့သည်။

“ပြီးခဲ့တဲ့ ၃ လ အတွင်း၊ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ အမှန်တရားကတော့ အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ လူ့အဖွဲ့အစည်းအတွက် တည်ငြိမ်မှုကို ပြန်လည်ရယူနိုင်ခဲ့တယ် ဆိုတာပါပဲ” ဟု Carrie Lam က အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲတွင် ပြောကြားခဲ့သည်။

ကိုးကား။            ။ Kyodo

You may also like these stories:

တရုတ်တွင် စစ်မှန်သော မဟာမိတ်မရှိဟု အမေရိကန် နိုင်ငံခြားရေး အကြံပေးက ပြော

အနောက်အုပ်စုက မြန်မာ NGO များကို ငွေပေး ဆန့်ကျင်ခိုင်းနေကြောင်း တရုတ်မီဒီယာ စွပ်စွဲ

တရုတ်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့သည့် လေယာဉ်မှူးများကို ထိုင်ဝမ်သမ္မတချီးကျူး

Your Thoughts …
Tags: ဆန္ဒပြသူတရုတ်နိုင်ငံရဲတပ်ဖွဲ့ဟောင်ကောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

by စွယ်တော်
22 December 2025
5.3k

ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲလုပ်သည်။ ထိုင်းနှင့် တရုတ် အရာရှိကြီးများကိုလည်း ဖိတ်ကြားပြီး ဖြိုချဖျက်ဆီးထားသော KK Park သို့ ခေါ်ပြခဲ့သည်။

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

by အောင်ဇော်
7 January 2026
3.1k

ခြုံငုံပြောရလျှင် မြန်မာပြည်သူများသည် မှောင်မိုက်သော ငါးနှစ်တာကို ဖြတ်သန်းပြီးနောက် ယခုထက် ပိုမိုကောင်းမွန်သော အခြေအနေနှင့် ထိုက်တန်ပါသည်။

Next Post
ဖေဖေါ်ဝါရီလက လက်ပံတောင်းရှိ မြန်မာ – ယန်စီကြေးနီစီမံကိန်း လုပ်ငန်းခွင်မှ တရုတ်နိုင်ငံသားအချို့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသည်ဆိုသည့် သတင်းကြောင့် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ လာရောက် စစ်ဆေးစဉ်  /  ကိုနိုင်ဖြိုး  /  မုံရွာ

လက်ပံတောင်းသို့ ပစ္စည်းပို့သည့် ကားသမား ၇ ဦး၌ ကိုဗစ်ပိုးတွေ့

ပလက်၀မြို့နယ်ရှိ ကျေးရွာ ၃၀၀ ခန့် ဆန်ပြတ်လပ်နေ (ရုပ်/သံ)

ပလက်၀မြို့နယ်ရှိ ကျေးရွာ ၃၀၀ ခန့် ဆန်ပြတ်လပ်နေ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved