• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်တွင် စစ်မှန်သော မဟာမိတ်မရှိဟု အမေရိကန် နိုင်ငံခြားရေး အကြံပေးက ပြော

by ဧရာဝတီ
1 October 2020
in သတင်း
A A
၂၀၁၉ ဩဂုတ်လအတွင်း လန်ဒန်မြို့တွင် တရုတ်ကျောင်းသားများ ဆန္ဒပြနေစဉ် / Getty Images

၂၀၁၉ ဩဂုတ်လအတွင်း လန်ဒန်မြို့တွင် တရုတ်ကျောင်းသားများ ဆန္ဒပြနေစဉ် / Getty Images

11.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို Mike Pompeo ရဲ့ အထူးအကြံပေးတဦးဖြစ်တဲ့ မိုင်းလ်စ်ယူ Miles Yu က အွန်လိုင်းကနေပြုလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ တရုတ်နိုင်ငံမှာ သူယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံဆိုတာ မရှိဘူးလို့ ခပ်ပြတ်ပြတ်ပဲ ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ ကျနော်တို့မှာ ဂျပန်၊ သြစတြေးလျှ၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပ သမဂ္ဂ၊ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့လို နိုင်ငံတွေရှိတယ်။ အားလုံးမှာ တူညီတဲ့ ဘုံတန်ဖိုးရှိတယ်” လို့ ပြောပါတယ်။

“တရုတ်နိုင်ငံအတွက် စစ်မှန်တဲ့ မဟာမိတ်အဖြစ် ယုံကြည်အားထားလို့ ရတဲ့နိုင်ငံတခုမှ မရှိဘူး။ မြောက်ကိုရီးယားဆိုတာလည်း များသောအားဖြင့်တော့ တရုတ်ကွန်မြူနစ်ပါတီအတွက် အသုံးမဝင်ဘူး။ ရုရှားဆိုတာကလည်း ဘေ့ဂျင်းနဲ့ဟန်ဆောင် ကစားနေတာ” လို့လည်း မိုင်းလ်စ်ယူက ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်မီယိုရဲ့ မူဝါဒဆိုင်ရာ အကြံပေး တရုတ်နိုင်ငံဖွား မိုင်းလ်စ်ယူဟာ ရှားရှားပါးပါး အများပြည်သူရှေ့ထွက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ “နိုင်ငံတကာဝါဒ” အကြောင်း မိန့်ခွန်းကို တုံ့ပြန်လိုက်တာပါ။

“ဘုံတန်ဖိုးတွေကသာ နိုင်ငံတကာဝါဒအတွက် အုတ်မြစ်ဖြစ်တယ်” လို့ ကနေဒါနိုင်ငံမူဝါဒသုတေသနလုပ်ငန်း Macdonald-Laurier Institute က ဟောင်ကောင်မှာ မကြာသေးခင်က ကျင်းပသွားတဲ့ အွန်လိုင်း ဆွေးနွေးပွဲတခုမှာ မိုင်းလ်စ်ယူက ပြောပါတယ်။

“ဒါဟာ ရယ်စရာကောင်းပါတယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုရင် မိမိကိုယ်ကို ဘာဖြစ်နေသလဲဆိုတာ မသိတာပဲ”

တရုတ်သမ္မတ ရှီကျင့်ဖျင်က မကြာခင်က ကမ္ဘာ့ကုလသမဂ္ဂမှာ တရုတ်ဟာ နိုင်ငံတကာဝါဒရဲ့ ချန်ပီယံလို့ ပြောခဲ့ပါတယ်။

“ဒါဟာ ရယ်စရာကောင်းပါတယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုရင် မိမိကိုယ်ကို ဘာဖြစ်နေသလဲဆိုတာ မသိတာပဲ”လို့ မိုင်းလ်စ်ယူက ဝေဖန်ပြောကြားလိုက်ပါတယ်။

မိုင်းလ်စ်ယူဟာ တရုတ်-အမေရိကန် ပညာရှင်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ပြည်ဆိုင်ရာ အထူးအကြံပေးလည်း ဖြစ်ပါတယ်။

သူဟာ ထရမ့်အစိုးရရဲ့ တရုတ်ပြည်ရေးရာမူဝါဒ ချမှတ်ရာမှာ အဓိက ခေါင်းဆောင်ဖြစ်ပြီး ဘေ့ဂျင်းအပေါ် သဘောထား တင်းမာပြီး ဘေ့ဂျင်းကလည်း ဒေါသထွက်ပါတယ်။

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က လုပ်တဲ့ ဗီဒီယိုကွန်ဖရင့်မှာ မိုင်းလ်စ်ယူက ဟောင်ကောင်မှာ ဖြစ်နေတဲ့ အခြေအနေကိုလည်း ဝေဖန်သုံးသပ်ပါတယ်။

၁၉၉၇ ခုနှစ် ဗြိတိန်က ဟောင်ကောင်ကို ပြန်လည်လွှဲပြောင်းပေးစဉ်က နှစ် ၅၀ ကြာ ထိန်းသိမ်းထားမယ်လို့ ဘေ့ဂျင်းက ကတိပေးခဲ့တဲ့ “တနိုင်ငံ စနစ်နှစ်မျိုး” ဟာ ထိုစနစ်ရဲ့ “အတွင်းပဋိပက္ခ”ကြောင့် “ချွတ်ခြုံကျနေတဲ့ အတွေးအခေါ်”လို့ မိုင်းလ်စ်ယူက ပြောပါတယ်။

“ဟောင်ကောင်ပြည်သူတွေက လွတ်လပ်မှုစနစ်နဲ့ တရားဥပဒေစိုးမိုးမှုကို ရွေးချယ်ပြီးပြီ။ ကွန်မြူနစ်စနစ်နဲ့ အာဏာရှင်စနစ်ကို မရွေးချယ်ဘူး။ အရှေ့ဂျာမဏီကို ကွန်မြူနစ်တွေက ဆက်လက်အုပ်ချုပ်နေရင် အနောက်ဂျာမဏီက အရှေ့ဂျာမဏီနဲ့ ညီညွတ်နိုင်ခဲ့မှာ မဟုတ်ဘူး”

တနိုင်ငံတည်းအဖြစ် နောက်ဆုံးမှာ အမှန်တကယ် ပေါင်းစည်းခြင်းဟာ အာဏာရှင်အစိုးရ မပေါ်ပေါက်မှသာ ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

“ဟောင်ကောင်ပြည်သူတွေက လွတ်လပ်မှုစနစ်နဲ့ တရားဥပဒေစိုးမိုးမှုကို ရွေးချယ်ပြီးပြီ။ ကွန်မြူနစ်စနစ်နဲ့ အာဏာရှင်စနစ်ကို မရွေးချယ်ဘူး။ အရှေ့ဂျာမဏီကို ကွန်မြူနစ်တွေက ဆက်လက်အုပ်ချုပ်နေရင် အနောက်ဂျာမဏီက အရှေ့ဂျာမဏီနဲ့ ညီညွတ်နိုင်ခဲ့မှာ မဟုတ်ဘူး”လို့ မိုင်းလ်စ်ယူက ဆိုပါတယ်။

ဟောင်ကောင်အပေါ်မှာ တရုတ်ပေးခဲ့တဲ့ ကတိတွေကို တရုတ်ကပဲ ပြန်ပြီးမတည်ခဲ့ဘူးလို့ အကြံပေးအရာရှိ မိုင်းလ်စ်ယူက ဝေဖန်လိုက်ပါတယ်။

အများက ယုံကြည်လက်ခံခြင်းမရှိ၊ ကြိုက်နှစ်သက်ခြင်း မရှိတဲ့နိုင်ငံဟာ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်လည်း မဖြစ်နိုင်ပါဘူးလို့ ဆွေးနွေးပွဲမှာ ပြတ်ပြတ်သားသားပဲ ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်မှာလည်း ဒီလိုအလားတူပဲ တရုတ်ရဲ့ ကျဆုံးမှု ဆုံးရှုံးမှု စံနမူနာကို တွေ့ရမှာဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုရဲ့ အထူးအကြံပေးတဦးဖြစ်တဲ့ မိုင်းလ်စ်ယူ

လတ်တလော ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှု အမှတ်အသားအနေနဲ့ တရုတ် ဗုံးကျဲလေယာဉ်နဲ့ တိုက်လေယာဉ်တွေ ပျံပြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကလည်း စစ်ရေးလေ့ကျင့်မှုနဲ့ စစ်အင်အားပြတာတွေ လုပ်နေပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုဟာ ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရှေ့တန်းရောက်လာပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းအတွက် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို အပြစ်တင်ပါတယ်။

တချိန်တည်းမှာ တရုတ်နဲ့ နယ်စပ်ပဋိပက္ခတွေဖြစ်ပြီး တင်းမာတဲ့ဆက်ဆံရေးကို ဖြေရှင်းနေရတဲ့ အိန္ဒိယအစိုးရကလည်း UN မှာ တရုတ်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒြာမိုဒီရဲ့ မိန့်ခွန်းမှာတော့ ပီကင်းရဲ့ အကြွေးထောင်ချောက် သံတမန်ဆက်ဆံရေး Debt-trap diplomacy ကို ဝေဖန်လိုက်ပြီး မကောင်းတဲ့ အကြံအစည်နဲ့ ဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို တရုတ်အပေါ် မှီခို အားကိုးအောင် လုပ်ဆောင်နေတယ်လို့ ဒဲ့ဒိုးဝေဖန်ပြောဆိုခဲ့ပါတယ်။

ကိုးကား။ ။ Nikkei Asian Review

You may also like these stories:

တရုတ်စစ်ရေးလေ့ကျင့်မှုများက ထိုင်ဝမ်လုံခြုံရေးကို ခြိမ်းခြောက်နေ

တရုတ်စီးပွားရေး ကောင်းကင်မှာ မိုးတိမ်တိုက်များ ဖွဲ့စည်းနေ

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
192
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
147
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

အနောက်အုပ်စုက မြန်မာ NGO များကို ငွေပေး ဆန့်ကျင်ခိုင်းနေကြောင်း တရုတ်မီဒီယာ စွပ်စွဲ

ကိုဗစ်ကာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တရုတ်နှင့် အမေရိကန် တင်းမာမှုက နေရာယူ

Your Thoughts …
Tags: စစ်မှန်သော မဟာမိတ်တရုတ်မိုင်းလ်စ်ယူအမေရိကန် နိုင်ငံခြားရေး ဝန်ကြီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီဖြစ်လို့ ခရီးသွားလာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံအားလုံးက ခရီးသွားတွေကို ဂျပန်သို့ ဝင်ရောက်ခွင့်ပြုမည်

စင်္ကာပူရောက် မြန်မာများ ရွေးကောက်ပွဲအတွက် ကြိုတင်မဲစပေး (ရုပ်/သံ)

စင်္ကာပူရောက် မြန်မာများ ရွေးကောက်ပွဲအတွက် ကြိုတင်မဲစပေး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved