• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

နိုင်ငံအားလုံးက ခရီးသွားတွေကို ဂျပန်သို့ ဝင်ရောက်ခွင့်ပြုမည်

by Aurora
1 October 2020
in Travel
A A
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီဖြစ်လို့ ခရီးသွားလာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီဖြစ်လို့ ခရီးသွားလာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

13k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံဟာ အောက်တိုဘာလကစတင်ပြီး ကန့်သတ်ထားတဲ့ ခရီးသွားလာခွင့်တွေကို ပြန်လည် ခွင့်ပြုသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ် Yoshihide Suga က ပြောကြားလိုက်ပါတယ်။ ရက်တို အလည်အပတ် လာရောက်မယ့် ဧည့်သည်တွေကလွဲလို့ နိုင်ငံအားလုံးက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသားတွေအပါအဝင် အားလုံးကို ခွင့်ပြုပေးသွားမှာပါ။

ဂျပန်ဝန်ကြီးချုပ်သစ် Yoshihide Suga

“စီးပွားရေးကဏ္ဍ ပြန်လည် နာလန်ထူနိုင်ဖို့အတွက် နိုင်ငံတကာ ခရီးသွာလာခွင့်တွေက မရှိမဖြစ် အရေးပါတယ်” လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် Suga က ပြောကြားလိုက်တာပါ။ ဂျပန်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကို ထိန်းချုပ်လာနိုင်ပြီဖြစ်လို့ ခရီးသွားခွင့်ပြုအမိန့်ကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကူးစက်မှုနှုန်း လျော့ကျလာတာကြောင့် အစိုးရအဖွဲ့က ခရီးသွားလာရေးနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးလာပါတယ်။ ဒါ့အပြင် ပြည်တွင်းခရီးသွာလာခွင့်တွေမှာလည်း ကူးစက်မှုနှုန်း မြင့်တက်ခဲ့တဲ့ တိုကျိုမြို့ကို ကန့်သတ်ထားရာက ပြန်ဖွင့်ပေးလိုက်ပါတယ်။

နောက်နှစ်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက်လည်း ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကနေ ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေတာကြောင့် နိုင်ငံတွင်း ၃ လကနေ ရက်ရှည် နေထိုင်မယ့် ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ အားကစားပြိုင်ပွဲတွေနဲ့ ဆက်စပ်နေသူတွေကို ခရီးသွားလာခွင့်ပြုလိုက်တဲ့အပြင် ၃ လကြာ မနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ခွင့်ပြုသွားဖို့ ရှိပါတယ်။

အဆိုပါ ၃ လအောက် နေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းကနေ COVID-19 ကင်းစင်ကြောင်း အထောက်အထားကို ပြသရမယ့်အပြင် တဦးတည်း Self-isolation ၁၄ ရက်ကြာ သီးသန့်ခွဲ နေထိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း အများပြည်သူသွားလာရေး ယာဉ်တွေ စီးနင်းခွင့် မပြုပါဘူး။

နိုင်ငံအားလုံးကို ခရီးသွားလာခွင့်ပြုလိုက်ပြီ ဆိုပေမယ့် အစိုးရအဖွဲ့ကတော့ နေ့စဉ် ခရီးသွား အယောက် ၁,၀၀၀ နီးပါးသာ ခွင့်ပြုပေးမယ်လို့ စိစစ်ထားပါတယ်။ ဒါ့ပြင် လေဆိပ်မှာလည်း ဗိုင်းရပ်စ် စစ်ဆေးရေး အစီအစဉ်တွေကို တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ အာဆီယံနိုင်ငံတွေနဲ့လည်း အပြန်အလှန် ခရီးသွားလာခွင့်တွေကို သဘောတူညီထားတဲ့အပြင် အဆိုပါနိုင်ငံတွေကနေ လာမယ့် ခရီးသွားတွေဟာ ဂျပန်နိုင်ငံအတွင်းမှာ ၁၄ ရက်ကြာ Self-isolation သီးသန့် ခွဲနေထိုင်ရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်ခံလူနာ ၈၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၅၀၀ ကျော် ရှိပေမယ့် လက်ရှိ အချိန်မှာတော့ ကူးစက်မှုတွေကို ထိန်းချုပ်လာနိုင်တာကြောင့် ကူးစက်မှုနှုန်း လျော့ကျနေတယ်လို့ ဆိုပါတယ်။

Ref: Kyodo News

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဇင်ဘာဘွေ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်

ထိုင်းမှာ နိုင်ငံခြားသား ခရီးသွားတွေကို Spa နဲ့ မာဆတ် သွားခွင့် ပြုမည်

အိန္ဒိယမှာ ကိုဗစ် ကူးစက်သူ အရေအတွက် ပိုများလာ

Your Thoughts …
Tags: COVID-19ခရီးသွားလာခွင့်ဂျပန်နိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူတွေကို ခရီးသွားခွင့်ကန့်သတ် (ရုပ်/သံ)

ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူတွေကို ခရီးသွားခွင့်ကန့်သတ် (ရုပ်/သံ)

by ဧရာဝတီ
20 March 2024
374

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ရဲ့ မှတ်ပုံတင်အမှတ် ၁၁/ ကိုင်ဆောင်ဆောင်ထားသူတွေကို နိုင်ငံတွင်းခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားတယ်လို့ ခရီးသွားလုပ်ငန်း တွေထံကနေ သိရပါတယ်။

ချယ်ရီပန်းတွေဟာ ဂျပန်ကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကို အဓိကဆွဲဆောင်ရာ တခုလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ချယ်ရီပန်းကြည့်ဖို့ အကောင်းဆုံး နေရာများ

by Aurora
6 January 2020
6.9k

ချယ်ရီပွင့်ချိန်မှာ ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင်တော့ မြို့တော် တိုကျိုမှာပဲ အကောင်းဆုံးနေရာတွေ ရှိပါတယ်။

ဂျပန်နိုင်ငံက ဖူဂျီတောင်

ဖူဂျီတောင်ရဲ့လူသိနည်းသေးတဲ့ အကြောင်းအရာများ

by Aurora
31 October 2018
13.5k

ဒုတိယကမ္ဘာစစ်တုန်းက CIA အဖွဲ့ဟာ ဖူဂျီတောင်ကို အနီရောင်အဖြစ် ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံတိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့  နည်းစနစ်ကျမှုနဲ့ စည်းကမ်းရှိမှုတွေကြောင့်ဖြစ်ပါတယ်

စံပြုသင့်တဲ့ ဂျပန်နိုင်ငံသားများအကြောင်း

by ရေဗန်
27 August 2018
18.9k

မြန်မာနိုင်ငံမှာ သင်္ကြန်မတိုင် ခင်ပွင့်တဲ့ ပိတောက်ပန်းတွေကိုသူ့ထက်ငါ ဦးအောင် ခူးပြီးပန်တတ်ကြပေမယ့် ဂျပန်တွေကတော့ သူတို့ဆီမှာ ပွင့်တဲ့ပန်းတွေကို မခူးဘဲ အပင်ပေါ်မှာ လှပစွာပွင့်နေတာကို ဂုဏ်ယူစရာတခုအဖြစ် သတ်မှတ်ထားကြပါတယ်။

Next Post
စင်္ကာပူရောက် မြန်မာများ ရွေးကောက်ပွဲအတွက် ကြိုတင်မဲစပေး (ရုပ်/သံ)

စင်္ကာပူရောက် မြန်မာများ ရွေးကောက်ပွဲအတွက် ကြိုတင်မဲစပေး (ရုပ်/သံ)

သရုပ်ဆောင် မြတ်နိုးအေး / Myat Noe Aye's Facebook

“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ ရုပ်ပိုင်းဆိုင်ရာ ဝေဖန်ခံခဲ့ရတဲ့ မြတ်နိုးအေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved