• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တရုတ်နှင့် အမေရိကန် တင်းမာမှုက နေရာယူ

by ဧရာဝတီ
23 September 2020
in သတင်း
A A
ကိုဗစ်ကပ်ရောဂါကာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဗီဒီယိုမိန့်ခွန်းကို ထုတ်လွှင့်စဉ် / The New York Times

ကိုဗစ်ကပ်ရောဂါကာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဗီဒီယိုမိန့်ခွန်းကို ထုတ်လွှင့်စဉ် / The New York Times

26k
VIEWS
Share on FacebookShare on Twitter

တရုတ်နှင့် အမေရိကန်အကြား တင်းမာမှုသည် နယူးယောက်တွင် နှစ်စဉ်ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရှေ့တန်းရောက်လာပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းအတွက် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို အပြစ်တင်သည်။

ကမ္ဘာတဝန်း ကူးစက်ရောဂါအတွက် တာဝန်ယူရန် တရုတ်နိုင်ငံကို သူတောင်းဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကမူ သူ၏နိုင်ငံသည် မည်သည့်နိုင်ငံနှင့်မျှ စစ်အေးတိုက်ပွဲပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း သူ၏ မိန့်ခွန်းတွင်ပြောသည်။

ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကို အဓိကအားဖြင့် ဗီဒီယိုဖြင့် ကျင်းပပြီး ကမ္ဘာ့ခေါင်းဆောင်များသည် ကြိုတင်ရိုက်ကူးထားသည့် မိန့်ခွန်းများကို ထုတ်လွှင့်ကြသည်။

အစည်းအဝေးပုံစံသစ်ကြောင့် ယခင် ကုလသမဂ္ဂ အဓိကအစည်းအဝေးများတွင် တွေ့ရတတ်သည့် ပထဝီနိုင်ငံရေး အခင်းအကျင်းအချို့ မတွေ့ရတော့ပေ။ နိုင်ငံတနိုင်ငံစီကို ကိုယ်စားလှယ်တဦးစီက သာ ကိုယ်စားပြုတက်ရောက်ပြီး တနိုင်ငံနှင့် တနိုင်ငံ ဝေဖန် ငြင်းခုံရန် အခွင့်အလမ်းလည်း မရှိသလောက်ဖြစ်သည်။

သို့သော် ကုလသမဂ္ဂ အထွေထွေညီလာခံများတွင် ဖြစ်တတ်သည့်အတိုင်း သမ္မတထရမ့်သည် သူ၏ အောင်မြင်မှုများကို ကြွားဝါပြီး ပြိုင်ဖက်ကို ထိုးနှက်သည်။

“ဒီကူးစက်ရောဂါကို ဖြစ်စေတဲ့ တရုတ်နိုင်ငံကို တာဝန်ယူခိုင်းရမယ်” ဟု ထရမ့်ပြောသည်။

“ဗိုင်းရပ်စ်ကူးစက်မှု အစောပိုင်းမှာ တရုတ်နိုင်ငံဟာ ပြည်တွင်းခရီးသွားလာမှုကို ပိတ်ပင်ပေမယ့် လေကြောင်းခရီးစဉ်တွေ တရုတ်ကနေ ထွက်ခွင့်ပေးတော့ တကမ္ဘာလုံးကို ပိုးကူးစက်စေတယ်။ သူတို့ပြည်တွင်းလေကြောင်းခရီးတွေ ပိတ်ပြီး နိုင်ငံသားတွေကို အိမ်တွင်းမှာ ပိတ်ထားတဲ့အချိန် တရုတ်နိုင်ငံက လေကြောင်းခရီးစဉ်တွေကို ကျနော် ပိတ်ပင်တော့ ကျနော့်ကို တရုတ်က ရှုတ်ချတယ်” ဟု သူပြောသည်။

အမေရိကန် ရွေးကောက်ပွဲနီးလာချိန်တွင် သူ၏ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ကိုင်တွယ်မှုများအား ဝေဖန်ခံနေရသော သမ္မတထရမ့်က ဘေ့ဂျင်းသည် ဗိုင်းရပ်စ်ကူးစက်မှုကို ဖုံးကွယ်ထားသည်ဟု မကြာခဏ စွပ်စွဲလေ့ရှိပြီး တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားနိုင်ခဲ့သင့်သည်ဟု ပြောဆိုလေ့ရှိသည်။ တရုတ်နိုင်ငံကမူ ထိုသို့သော တိုက်ခိုက်ပြောဆိုမှုသည် အာရုံလွှဲခြင်းသာဖြစ်ကြောင်း ပြောသည်။

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူအရေအတွက်မှာ ၂ သိန်းကျော်ပြီး ကမ္ဘာတွင် အမြင့်မားဆုံးဖြစ်နေပြီး သမ္မတထရမ့်က ထိုရောဂါကို အလေးအနက်ထားပုံ မပေါ်ပေ။

ကုန်သွယ်ရေး၊ နည်းပညာ၊ ဟောင်ကောင်နှင့် ဇင်ကျန်းပြည်နယ်မှ မွတ်ဆလင်များအပေါ် တရုတ်နိုင်ငံ၏ ဆက်ဆံမှုအပါအဝင် နယ်ပယ်အများအပြားတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား တင်းမာမှု မြင့်မားနေသည်။

ထရမ့်မိန့်ခွန်းပြောကြာပြီး မကြာမီ တရုတ်သမ္မတ ရှီကျင့်ဖျင်က “လူ့ယဉ်ကျေးမှုများအကြား ပွတ်တိုက်မှု” ဖြစ်ပွားမည်ကို သတိပေးခဲ့သည်။

“ကွဲလွဲမှုတွေကို ကျဉ်းမြောင်းအောင်နဲ့ အခြားနိုင်ငံတွေနဲ့ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနဲ့ ဖြေရှင်းနိုင်အောင် ကျနော်တို့ ဆက်လက်လုပ်ဆောင်မယ်။ ကျနော်တို့ပဲ တိုးတက်အောင်၊ တဖက်ကအနိုင်ရပြီး တဖက်ကရှုံးတဲ့ ကစားပွဲများကို ကျနော်တို့ကစားမှာ မဟုတ်ဘူး” ဟု သူပြောသည်။

အင်္ဂါနေ့က အထွေထွေညီလာခံမိန့်ခွန်းမတိုင်မီ ပြောကြားသောမိန့်ခွန်းတခုတွင်မူ သမ္မတရှီက အမေရကန်ပြည်ထောင်စုကို ပိုမိုဗြောင်ကျကျတိုက်ခိုက်ပြီး “ကမ္ဘာ့ရေးရာတွေကို ဘယ်နိုင်ငံကမှ လွှမ်းမိုးချုပ်ကိုင်လို့မရဘူး။ အခြားသူတွေရဲ့ ကြမ္မာကို ချုပ်ကိုင်လို့မရဘူး။ တိုးတက်မှု အကျိုးကျေးဇူတွေကို တနိုင်ငံထဲ ခံစားလို့မရဘူး” ဟု ပြောသည်။ ထိုအချက်များသည် တရုတ်နိုင်ငံကလည်း လုပ်နေသောအချက်များဖြစ်ကြောင်း ဝေဖန်သူအချို့ကပြောသည်။

ယခု ၂၀၂၀ နှစ် ကုလသမဂ္ဂအထွေထွေညီလာခံကို အဓိကအားဖြင့် ဗီဒီယိုဖြင့် ကျင်းပပြီး ကမ္ဘာ့ခေါင်းဆောင်များသည် ကြိုတင်ရိုက်ကူးထားသည့် မိန့်ခွန်းများကို ထုတ်လွှင့်ကြသည်/ The New York Times

ကမ္ဘာတွင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု အများဆုံးဖြစ်သော တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ထုတ်လွှတ်မှု အထွဋ်အထိပ်ရောက်ပြီးနောက် ၂၀၆၀ ခုနှစ်တွင် ကာဗွန်မျှခြေအနေအထားသို့ရောက်မည်ဖြစ်ကြောင်းလည်း ရှီက သူ၏မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

ထရမ့်က မဲဆန္ဒရှင်များကို ပစ်မှတ်ထား

ထရမ့်ပြောကြားသောမိန့်ခွန်းသည် မဲဆွယ်သော မိန့်ခွန်းလည်းဖြစ်သည်။ သူသည်ရွေးကောက်ပွဲကို ရက်ပေါင်း ၄၀ အတွင်း ရင်ဆိုင်ရမည်ဖြစ်သည်။ သူသည် ဘေ့ဂျင်းကို မျက်ခြေမပြတ်စောင့်ကြည့်နေပြိး အသက်ပေါင်းများစွာ သေဆုံးရခြင်းအတွက် သူနှင့် သူ့၏ အရာရှိများက တရုတ်ဗိုင်းရပ်စ်ကို အပြစ်တင်ကြသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

ထရမ့်သည် သူ၏ ကူးစက်ရောဂါကိုင်တွယ်မှုမှ အာရုံလွှဲရန် ကြိုးစားနေပြီး တရုတ်နိုင်ငံကို အပြစ်တင်ကာ ကာကွယ်ကုသဆေးဖေါ်ထုတ်ရန် အမေရိကန်၏ အားထုတ်မှုများကို အလေးထားပြောဆိုသည်။

“ကျနော်တို့ဟာ ကမ္ဘာတဝန်း ကူးစက်ရောဂါကို အဆုံးသတ်ပစ်မယ်” ဟု သူ ကတိပေးပြီး အမေရိကန်နိုင်ငံ၏ အားထုတ်မှုကြောင့် ကာကွယ်ဆေးသုံးမျိုးသည် နောက်ဆုံးအဆင့်စမ်းသပ်မှုသို့ ရောက်နေပြီဖြစ်ကြောင်း သူပြောသည်။

ထရမ့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား တရုတ်နိုင်ငံပေါ်ဝေဖန်မှုဖြင့် ရောထွေးပြီး သူ ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းထားသည့် ထိုကမ္ဘာ့အဖွဲ့အစည်းကို တရုတ်နိုင်ငံက ထိန်းချုပ်ထားသည်ဟု ဆိုကာ ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သတင်းမှားများ ဖြန့်ချိကြောင်းလည်း ပြောသည်။

ထိုမိန့်ခွန်းသည် ထူးခြားသော မိန့်ခွန်းမဟုတ်ပေ။ အမေရိကန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲနီးလာချိန်တွင် အပြစ်ကို အခြားသူများထံ လွှဲပေးရန် အားထုတ်မှုဖြစ်ကြောင်း ထင်ရှားသည်။

အထွေထွေညီလာခံကို အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က ဖွင်လှစ်ပေးပြီး တရုတ်နှင့် အမေရိကန်တို့ကို အမည်တပ်ဘဲ “မိမိတို့သည် စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားရမည်” ဟု သတိပေးသည်။

“ကျနော်တို့ဟာ အရမ်းကို အန္တရာယ်များတဲ့ လမ်းကြောင်းကို ဦးတည်နေတယ်။ ကျနော်တို့ကမ္ဘာဟာ ကိုယ့်ကုန်သွယ်ရေးနဲ့ကိုယ်၊ ကိုယ့်ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုယ့်အင်တာနက်နဲ့ ကိုယ့်ဉာဏ်ရည်တု စွမ်းရည်တွေနဲ့ကိုယ် အကြီးမားဆုံးစီးပွားရေးနှစ်ခုက ကမ္ဘာကြီးကို တစစီကွဲသွားစေတဲ့ နေရာမှာ အနာဂတ်ကို မတည်ဆောက်နိုင်ဘူး” ဟုလည်းသူပြောသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင်ရချိန်တွင် ကိုယ်ကျိုးစီးပွားအတွက် နေရာမရှိကြောင်း သူပြောသည်။ “အများကြိုက်ဝါဒနဲ့ အမျိုးသားရေးဝါဒဟာ ကျဆုံးနေပြီ။ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ အဲဒီလိုအမြင်တွေဟာ အခြေအနေကို အထင်အရှား ပိုမိုဆိုးရွားစေတယ်” ဟု သူပြောသည်။

သမ္မတထရမ့်ကမူ သူ၏မိန့်ခွန်းတွင် လွန်စွာ ကွဲပြားခြားနားသော အမြင်ကို တင်ပြပြီး “ကိုယ့်နိုင်ငံသားတွေကို ကိုယ်စောင့်ရှောက်မှ ပူးပေါင်းဆောင်ရွက်မှုအတွက် မှန်ကန်တဲ့ အခြေခံကို တွေ့မှာဖြစ်တယ်””ဟု သူပြောသည်။

အခြားသော မိန့်ခွန်းများ

ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ကမ္ဘာ့အနာဂတ်ကို တရုတ်နှင့် အမေရိကန်အကြား အားပြိုင်မှုအဖြစ် သေးသိမ်အောင် မလုပ်သင့်ကြောင်းပြောပြီး ကမ္ဘာ့ပြဿနာများကို ကိုင်တွယ်ရာတွင် ခေတ်မီသော သဘောတူညီမှုသစ် ရှိသင့်ကြောင်း ပြောသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာကွယ်ဆေးဆိုင်ရာ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုနှင့် ဖြန့်ချိရေးအတွက် အွန်လိုင်းဆွေးနွေးပွဲတခု အမြန်ဆုံး ကျင်းပလိုကြောင်း ပြောသည်။

ဘရာဇီးလ် သမ္မတ ဂျဲယား ဘိုဆွန်နာရိုက သူ့နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်မူဝါဒများကို ဝေဖန်မှုများအား ပယ်ချပြီး ဘရာဇီးလ်သည် ကြမ်းကြုတ်ရက်စက်သော သတင်းမှား စစ်ဆင်ရေး၏ သားကောင်ဖြစ်နေကြောင်းပြောသည်။ အမေဇုန် မုတ်သုန်တောသည် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးတောမီးများကို လတ်တလော ရင်ဆိုင်နေရသည်။

တူရကီ သမ္မတ ရီဆက် တေးရစ် အာဒိုဂန်က မြေထဲပင်လယ်ရှိ စွမ်းအင်ရင်းမြစ်များနှင့် ပတ်သက်သည့် ဂရိနှင့် ကြီးထွားနေသော ပြဿနာတွင် ရိုးသားသော ဆွေးနွေးမှုများကို တောင်းဆိုသည်။

ကိုးကား။ ။ BBC ၏ UN General Assembly: US-China tensions flare over coronavirus

အမေရိကန် စစ်ဗိုလ်ချုပ်တွေနဲ့ သမ္မတ ထရမ့် အချင်းများ

တရုတ်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့သည့် လေယာဉ်မှူးများကို ထိုင်ဝမ်သမ္မတချီးကျူး

တရုတ်က လိုလားသော်လည်း ကရာတူးမြောင်းစီမံကိန်း အလှမ်းဝေးနေဆဲ

Your Thoughts …
Tags: COVID-19ကိုဗစ်ကပ်ရောဂါကာလကုလသမဂ္ဂ အထွေထွေညီလာခံဗီဒီယိုမိန့်ခွန်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည်

မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည်

by အောင်ဇော်
30 July 2025
3.4k

ထိုကိစ္စကြောင့် အမေရိကန် မူဝါဒတွင် အရေးပါသော အပြောင်းအလဲဖြစ်နေသည်ဆိုသည့် စိုးရိမ်မှုများ ဖြစ်စေသော်လည်း တစုံတရာ တိတိကျကျပြောရန် စောလွန်းနေသေးသည်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
ကိုဗစ် ဒုတိယလှိုင်းကြောင့် လူအသွားအလာကျဲသွားသည့် ရန်ကုန်အား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

Stay at Home ကာလ အပြင်ထွက်လျှင် အရေးယူမည်ဆိုသည်မှာ မမှန်ဟု တိုင်းအစိုးရ ထုတ်ပြန်

မဲ မပေးလို့ ငါအလုပ် မလုပ်ဘူး ဆိုတာမျိုးက နိုင်ငံရေးသမားတွေမှာ မရှိဘူး

မဲ မပေးလို့ ငါအလုပ် မလုပ်ဘူး ဆိုတာမျိုးက နိုင်ငံရေးသမားတွေမှာ မရှိဘူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved